ချောက်မြို့နယ်တွင် လမ်းဦးစီးဌာနမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၂)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

365
Pearl (NP News) -အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်တွင် လမ်းဦးစီးဌာနမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၂)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁ရက်) ၊ ညနေ (၅)နာရီခန့်က တိုင်းအစည်းအဝေးမှ ပြန်လာသည့် အသက် (၅၀)နှစ်အရွယ် လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီး အပါအဝင် (၂)ဦးကို ချောက်မြို့နယ်၊ ကြေးနီလမ်းခွဲအနီးတွင် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
"တိုင်းအစည်းအဝေးက အပြန် ပါသွားတာ။ သူ့ကားနဲ့ပြန်လာတာကို ချောက်ရောက်ခါနီး (၆) မိုင်လောက်အလိုမှာ ပါသွားတာ။ သူနဲ့ပါလာတဲ့တပည့်တစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်ကတော့ သူနဲ့ပါသွားတယ်။ ကားလည်း ပါသွားတယ်။ PDFက အဲဒီလမ်းမှာ ခနခန ထွက်ထွက်စစ်တယ်။ အခုလည်း ထွက်စစ်ပြီး ဝန်ထမ်းဆိုတာ သိလို့ခေါ်သွားတာ ထင်တယ်။ လွတ်လာတဲ့တစ်ယောက်ကိုတော့ စစ်ဆေးတာတွေ လုပ်နေတယ်" ဟု ဒေသခံ တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ေခ်ာက္ၿမိဳ႕နယ္တြင္ လမ္းဦးစီးဌာနမွ ခ႐ိုင္ လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ (၂)ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
Pearl (NP News) -ေအာက္တိုဘာ ၂
မေကြးတိုင္းေဒသႀကီး ၊ ေခ်ာက္ၿမိဳ႕နယ္တြင္ လမ္းဦးစီးဌာနမွ ခ႐ိုင္ လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ (၂)ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၁ရက္) ၊ ညေန (၅)နာရီခန႔္က တိုင္းအစည္းအေဝးမွ ျပန္လာသည့္ အသက္ (၅၀)ႏွစ္အ႐ြယ္ လက္ေထာက္ၫႊန္ၾကားေရးမႉး အမ်ိဳးသမီး အပါအဝင္ (၂)ဦးကို ေခ်ာက္ၿမိဳ႕နယ္၊ ေၾကးနီလမ္းခြဲအနီးတြင္ အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း သိရသည္။
"တိုင္းအစည္းအေဝးက အျပန္ ပါသြားတာ။ သူ႔ကားနဲ႔ျပန္လာတာကို ေခ်ာက္ေရာက္ခါနီး (၆) မိုင္ေလာက္အလိုမွာ ပါသြားတာ။ သူနဲ႔ပါလာတဲ့တပည့္တစ္ေယာက္က လြတ္သြားတယ္။ တစ္ေယာက္ကေတာ့ သူနဲ႔ပါသြားတယ္။ ကားလည္း ပါသြားတယ္။ PDFက အဲဒီလမ္းမွာ ခနခန ထြက္ထြက္စစ္တယ္။ အခုလည္း ထြက္စစ္ၿပီး ဝန္ထမ္းဆိုတာ သိလို႔ေခၚသြားတာ ထင္တယ္။ လြတ္လာတဲ့တစ္ေယာက္ကိုေတာ့ စစ္ေဆးတာေတြ လုပ္ေနတယ္" ဟု ေဒသခံ တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။