ယခုဘဏ္ဍာနှစ်ခြောက်လအတွင်းဆန်တန်ချိန်(၁.၂)သန်းကျော်တင်ပို့နိုင်ခဲ့

83

ပြည့်ဖြိုး(NP News) အောက်တိုဘာ ၂
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၁၅-၂၀၂၆ ဘဏ္ဍာနှစ် ခြောက်လအတွင်း ဆန်/ဆန်ကွဲတန်ချိန် (၁၂၀၆၄၀၈) တန်ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေဒေါ်လာ (၄၀၈)သန်းဝန်းကျင်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဆက်လက်ပြီး ကျန်ရှိနေသော ဘဏ္ဍာနှစ် ခြောက်လအတွင်း ဆန်တန်ချိန် (၁.၈)သန်း ခန့်တင်ပို့နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်နေကြောင်းသိရသည်။
ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း၌ဆန်နှင့်ဆန်ကွဲတန်ချိန် (၂.၄၈)သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
နိုင်ငံတကာဈေးကွက်အတွင်း ဆန်ဈေးနှုန်းများမှာ ကျဆင်းနေရာ ယခုထက်ဆက်လက်ကျဆင်းနိုင်ချေမရှိ သောကြောင့် ဆန်တင်ပို့မှုမြင့်တင်နိုင်ရန်ဆန်စပါးအဖွဲ့ချုပ်ကကြိုးပမ်းနေခြင်းဖြစ်သည်။
ပြည်တွင်းဆန်စပါးဈေးနှုန်းများကိုလည်း ထိုက်သင့်သောဈေးနှုန်းများဖြင့်တောင်သူလယ်သမားများ နစ်နာမှုမရှိစေရန် ဆန်စက်ပိုင်ရှင်များနှင့်အသင်းအဖွဲ့များက ဝယ်ယူနိုင်စေရန်ဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲနေကြောင်းသိရသည်။
ကောက်စောဧည့်မထစပါးမျိုး တင်း(၁၀၀)လျှင် ငွေကျပ် (၁၁)သိန်းမှ(၁၂)သိန်းအတွင်း၊အထူးဧည့်မထ စပါးမျိုးကို ငွေကျပ် (၁၄)သိန်းမှ (၁၅)သိန်းအတွင်း၊ ရက်၉၀/မနောသုခ/ဧရာမင်း/ဧရာပဒေသာ စပါးမျိုးများကို ငွေကျပ်(၂၂)သိန်းမှ (၂၃)သိန်းအတွင်း၊ဆင်းသုခ မျိုးစပါးကို ငွေကျပ် (၁၃)သိန်း တို့ဖြင့် ဈေးကွက်ပေါက်ဈေး ရှိကြောင်းသိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္ေျခာက္လအတြင္းဆန္တန္ခ်ိန္(၁.၂)သန္းေက်ာ္တင္ပို႔ႏိုင္ခဲ့
ျပည့္ၿဖိဳး(NP News) ေအာက္တိုဘာ ၂
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ၂၀၁၅-၂၀၂၆ ဘ႑ာႏွစ္ ေျခာက္လအတြင္း ဆန္/ဆန္ကြဲတန္ခ်ိန္ (၁၂၀၆၄၀၈) တန္ျပည္ပသို႔တင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္ဝင္ေငြေဒၚလာ (၄၀၈)သန္းဝန္းက်င္ရရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။
ဆက္လက္ၿပီး က်န္ရွိေနေသာ ဘ႑ာႏွစ္ ေျခာက္လအတြင္း ဆန္တန္ခ်ိန္ (၁.၈)သန္း ခန႔္တင္ပို႔ႏိုင္ရန္ ရည္မွန္းခ်က္ထားေဆာင္႐ြက္ေနေၾကာင္းသိရသည္။
ယခင္ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ အတြင္း၌ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၂.၄၈)သန္းတင္ပို႔ႏိုင္ခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံတကာေဈးကြက္အတြင္း ဆန္ေဈးႏႈန္းမ်ားမွာ က်ဆင္းေနရာ ယခုထက္ဆက္လက္က်ဆင္းႏိုင္ေခ်မရွိ ေသာေၾကာင့္ ဆန္တင္ပို႔မႈျမင့္တင္ႏိုင္ရန္ဆန္စပါးအဖြဲ႕ခ်ဳပ္ကႀကိဳးပမ္းေနျခင္းျဖစ္သည္။
ျပည္တြင္းဆန္စပါးေဈးႏႈန္းမ်ားကိုလည္း ထိုက္သင့္ေသာေဈးႏႈန္းမ်ားျဖင့္ေတာင္သူလယ္သမားမ်ား နစ္နာမႈမရွိေစရန္ ဆန္စက္ပိုင္ရွင္မ်ားႏွင့္အသင္းအဖြဲ႕မ်ားက ဝယ္ယူႏိုင္ေစရန္ဆန္စပါးအသင္းခ်ဳပ္မွ စီမံခန႔္ခြဲေနေၾကာင္းသိရသည္။
ေကာက္ေစာဧည့္မထစပါးမ်ိဳး တင္း(၁၀၀)လွ်င္ ေငြက်ပ္ (၁၁)သိန္းမွ(၁၂)သိန္းအတြင္း၊အထူးဧည့္မထ စပါးမ်ိဳးကို ေငြက်ပ္ (၁၄)သိန္းမွ (၁၅)သိန္းအတြင္း၊ ရက္၉၀/မေနာသုခ/ဧရာမင္း/ဧရာပေဒသာ စပါးမ်ိဳးမ်ားကို ေငြက်ပ္(၂၂)သိန္းမွ (၂၃)သိန္းအတြင္း၊ဆင္းသုခ မ်ိဳးစပါးကို ေငြက်ပ္ (၁၃)သိန္း တို႔ျဖင့္ ေဈးကြက္ေပါက္ေဈး ရွိေၾကာင္းသိရသည္။