Industri ALL အနေဖြင့် ပြည်သူများ အတွက် တရားမျှတသော လုပ်ငန်းခွင်များ ဖန်တီး ပေးနိုင်ရေးကို အဓိကထား ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာနတိုက်တွန်း

114

Pearl (NP News) - အောက်တိုဘာလ ၂
Industri ALL အနေဖြင့် ပြည်သူများ အတွက် တရားမျှတသော လုပ်ငန်းခွင်များ ဖန်တီး ပေးနိုင်ရေးကို အဓိကထား ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၄)ရက်က Bestseller ၊ Next နှင့် Hunke Moller အပါအဝင် ပြည်ပ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအားလုံး မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန်နှင့် ပတ်သက်၍ Industri All ခေါ် Industri All Global Union က ထပ်မံတိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၎င်းထုတ်ပြန်ချက်သည် မြန်မာနိုင်ငံရှိ အထည်ချုပ်နှင့် အဝတ်အထည်လုပ်ငန်းများ ရပ်ဆိုင်းကာ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန်အတွက် ရည်ရွယ်ချက်ဖြင့် လွတ်လပ်စွာသင်းပင်း ဖွဲ့စည်းမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်-၈၇ နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာကွန်ဗင်းရှင်းအမှတ်-၂၉ တို့ကို လိုက်နာမှုမရှိဟု တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ကြေညာခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ပြည်ပတွင် ရောက်ရှိနေသည့် တရားမဝင်အလုပ်သမားအဖွဲ့အစည်းများနှင့် ပြည်တွင်း၌ နေထိုင်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားမှုမရှိသည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများသည် Industri All Global Union ကဲ့သို့သော နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် နိုင်ငံအတွင်းရှိ အခြေခံ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝရပ်တည်မှုအပေါ် ထိခိုက်စေရန်တို့ အတွက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရကြောင်း မဟုတ် မမှန်သတင်းများ ဖြန့်ဝေနေခြင်းဖြစ်သည်ကို လုပ်သားပြည်သူများသိရှိရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် Industri All Global Union သည် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ ဖြစ်သော်လည်း အလုပ်သမားများ၏ အလုပ်အကိုင်တည်မြဲရေးနှင့် မှီခိုသူမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲများကို ကြည့်ရှုခြင်းမပြုဘဲ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေ ရန်နှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုကို ဆိုးရွားစွာထိခိုက်စေရန် ရည်ရွယ်၍ အလုပ်သမားအများစု မှီခိုအားထားလုပ်ကိုင်နေရသည့် ကုန်အမှတ်တံဆိပ်များ ထွက်ခွာစေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
Industri ALL Global Union ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအနေဖြင့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းဖြစ်သဖြင့် ဘက်လိုက်မှုမရှိဘဲ မျှတစွာဖြင့် မြေပြင်တွင် အမှန် တကယ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ အကျိုးကို ရှေးရှုဆောင်ရွက်ပေးရန် လိုအပ် သော်လည်း မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုကို လိုလားမှုမရှိသည့် ဆန့်ကျင်ဘက်အဖွဲ့အစည်း များ၏ အကျိုးကိုကြည့်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တွင် ၁၉၄၈ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှစ၍ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်နှင့်အညီ ILO ၏ အခြေခံမူဝါဒ များနှင့် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ Article-33 ဆုံးဖြတ်ချက် ချမှတ် ခံရသော်လည်း ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry- Col)အကြံပြုချက်များကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အညီ အလေးအနက်ထား လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေး များကို ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ မှီခိုသူ မိသားစုဘဝများ ကောင်းမွန်စွာ ရပ်တည် နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးပေးရေးတို့အတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Industri ALL ကဲ့သို့သော ကမ္ဘာ့အဆင့်မီ အဖွဲ့အစည်းအနေဖြင့်လည်း ပြည်တွင်းရှိ အလုပ် သမားများကို အလုပ်လက်မဲ့ဖြစ်စေပြီး ၎င်းတို့ကို မှီခိုနေသူမိသားစုဝင်များ၏ စားဝတ်နေရေး အခက်အခဲများ၊ ကုန်ထုတ်လုပ်မှုမှ ရရှိသည့် အကျိုးအမြတ်ကို ခံစားနေရသည့် ပြည်သူများ၏ အကျိုးစီးပွားများကို ပျက်စီးစေရန် တိုက်တွန်းဆောင်ရွက်ခြင်းထက် အလုပ်သမားအများစုက ယုံကြည်ကိုးစားရသည့် အဖွဲ့အစည်းဖြစ်စေရေး၊ မြန်မာအလုပ်သမားများ အပါအဝင် ပြည်သူများ အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများနှင့် တရားမျှတသော လုပ်ငန်းခွင်များ ဖန်တီး ပေးနိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်ပေးနိုင်ပါရန် အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Zawgyi Version:
Industri ALL အေနျဖင့္ ျပည္သူမ်ား အတြက္ တရားမွ်တေသာ လုပ္ငန္းခြင္မ်ား ဖန္တီး ေပးႏိုင္ေရးကို အဓိကထား ေဆာင္႐ြက္ရန္ အလုပ္သမားဝန္ႀကီးဌာနတိုက္တြန္း
Pearl (NP News) - ေအာက္တိုဘာ ၂
Industri ALL အေနျဖင့္ ျပည္သူမ်ား အတြက္ တရားမွ်တေသာ လုပ္ငန္းခြင္မ်ား ဖန္တီး ေပးႏိုင္ေရးကို အဓိကထား ေဆာင္႐ြက္ရန္ အလုပ္သမားဝန္ႀကီးဌာနက တိုက္တြန္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ (၄)ရက္က Bestseller ၊ Next ႏွင့္ Hunke Moller အပါအဝင္ ျပည္ပ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားအားလုံး ျမန္မာႏိုင္ငံအတြင္းမွ ထြက္ခြာရန္ႏွင့္ ပတ္သက္၍ Industri All ေခၚ Industri All Global Union က ထပ္မံတိုက္တြန္းေၾကာင္း ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
၎ထုတ္ျပန္ခ်က္သည္ ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္ႏွင့္ အဝတ္အထည္လုပ္ငန္းမ်ား ရပ္ဆိုင္းကာ ႏိုင္ငံအတြင္းမွ ထြက္ခြာသြားရန္အတြက္ ရည္႐ြယ္ခ်က္ျဖင့္ လြတ္လပ္စြာသင္းပင္း ဖြဲ႕စည္းမႈဆိုင္ရာ ကြန္ဗင္းရွင္းအမွတ္-၈၇ ႏွင့္ အဓမၼခိုင္းေစမႈဆိုင္ရာကြန္ဗင္းရွင္းအမွတ္-၂၉ တို႔ကို လိုက္နာမႈမရွိဟု တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ ေၾကညာခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။
ျပည္ပတြင္ ေရာက္ရွိေနသည့္ တရားမဝင္အလုပ္သမားအဖြဲ႕အစည္းမ်ားႏွင့္ ျပည္တြင္း၌ ေနထိုင္ၿပီး ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို လိုလားမႈမရွိသည့္ လူပုဂၢိဳလ္/ အဖြဲ႕အစည္းမ်ားသည္ Industri All Global Union ကဲ့သို႔ေသာ ႏိုင္ငံတကာ အလုပ္သမားအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္၍ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစရန္ႏွင့္ ႏိုင္ငံအတြင္းရွိ အေျခခံ အလုပ္သမားမ်ား၏ အလုပ္အကိုင္အခြင့္အလမ္းႏွင့္ ဘဝရပ္တည္မႈအေပၚ ထိခိုက္ေစရန္တို႔ အတြက္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ အလုပ္သမားအခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရေၾကာင္း မဟုတ္ မမွန္သတင္းမ်ား ျဖန႔္ေဝေနျခင္းျဖစ္သည္ကို လုပ္သားျပည္သူမ်ားသိရွိရန္ လိုအပ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။
ထို႔အျပင္ Industri All Global Union သည္ ကမာၻလုံးဆိုင္ရာ အလုပ္သမားသမဂၢအဖြဲ႕ ျဖစ္ေသာ္လည္း အလုပ္သမားမ်ား၏ အလုပ္အကိုင္တည္ၿမဲေရးႏွင့္ မွီခိုသူမိသားစုဝင္မ်ား၏ စားဝတ္ေနေရးအခက္အခဲမ်ားကို ၾကည့္ရႈျခင္းမျပဳဘဲ အလုပ္သမားမ်ား အလုပ္လက္မဲ့ျဖစ္ေစ ရန္ႏွင့္ လုပ္ငန္းခြင္တည္ၿငိမ္ေအးခ်မ္းမႈကို ဆိုး႐ြားစြာထိခိုက္ေစရန္ ရည္႐ြယ္၍ အလုပ္သမားအမ်ားစု မွီခိုအားထားလုပ္ကိုင္ေနရသည့္ ကုန္အမွတ္တံဆိပ္မ်ား ထြက္ခြာေစရန္ ေဆာင္႐ြက္ ခဲ့ျခင္းျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။
Industri ALL Global Union ကဲ့သို႔ေသာ ကမာၻလုံးဆိုင္ရာ အလုပ္သမားသမဂၢအေနျဖင့္ ဂုဏ္သိကၡာရွိေသာ အဖြဲ႕အစည္းျဖစ္သျဖင့္ ဘက္လိုက္မႈမရွိဘဲ မွ်တစြာျဖင့္ ေျမျပင္တြင္ အမွန္ တကယ္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ား၏ အက်ိဳးကို ေရွးရႈေဆာင္႐ြက္ေပးရန္ လိုအပ္ ေသာ္လည္း ျမန္မာႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈကို လိုလားမႈမရွိသည့္ ဆန႔္က်င္ဘက္အဖြဲ႕အစည္း မ်ား၏ အက်ိဳးကိုၾကည့္၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္မွာ ထင္ရွားလွသည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံသည္ အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕ (ILO) တြင္ ၁၉၄၈ ခုႏွစ္၊ ေမလ (၁၈) ရက္ေန႔မွစ၍ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လာသည္ႏွင့္အညီ ILO ၏ အေျခခံမူဝါဒ မ်ားႏွင့္ ျပ႒ာန္းခ်က္မ်ားကို ေလးစားလိုက္နာလ်က္ရွိၿပီး အလုပ္သမားမ်ား၏ အခြင့္အေရးကို ကာကြယ္ျမႇင့္တင္ရန္ အေလးထားေဆာင္႐ြက္လ်က္ရွိပါသည္။ Article-33 ဆုံးျဖတ္ခ်က္ ခ်မွတ္ ခံရေသာ္လည္း ILO ၏ ျမန္မာႏိုင္ငံဆိုင္ရာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (Commission of Inquiry- Col)အႀကံျပဳခ်က္မ်ားကို ျမန္မာႏိုင္ငံ၏ တည္ဆဲဥပေဒမ်ားႏွင့္ အညီ အေလးအနက္ထား လိုက္နာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးႀကီးေသာ အလုပ္သမားထု၏ အခြင့္အေရး မ်ားကို ဥပေဒႏွင့္အညီ တိုးတက္မႈရရွိေရး၊ မွီခိုသူ မိသားစုဘဝမ်ား ေကာင္းမြန္စြာ ရပ္တည္ ႏိုင္ေရး၊ အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ား ဖန္တီးေပးေရးတို႔အတြက္ ILO အပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းႏွင့္ ဆက္လက္ထိေတြ႕ဆက္ဆံသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
Industri ALL ကဲ့သို႔ေသာ ကမာၻ႔အဆင့္မီ အဖြဲ႕အစည္းအေနျဖင့္လည္း ျပည္တြင္းရွိ အလုပ္ သမားမ်ားကို အလုပ္လက္မဲ့ျဖစ္ေစၿပီး ၎တို႔ကို မွီခိုေနသူမိသားစုဝင္မ်ား၏ စားဝတ္ေနေရး အခက္အခဲမ်ား၊ ကုန္ထုတ္လုပ္မႈမွ ရရွိသည့္ အက်ိဳးအျမတ္ကို ခံစားေနရသည့္ ျပည္သူမ်ား၏ အက်ိဳးစီးပြားမ်ားကို ပ်က္စီးေစရန္ တိုက္တြန္းေဆာင္႐ြက္ျခင္းထက္ အလုပ္သမားအမ်ားစုက ယုံၾကည္ကိုးစားရသည့္ အဖြဲ႕အစည္းျဖစ္ေစေရး၊ ျမန္မာအလုပ္သမားမ်ား အပါအဝင္ ျပည္သူမ်ား အတြက္ ပိုမိုေကာင္းမြန္ေသာ အခြင့္အလမ္းမ်ားႏွင့္ တရားမွ်တေသာ လုပ္ငန္းခြင္မ်ား ဖန္တီး ေပးႏိုင္ေရးတို႔ကို အဓိကထား ေဆာင္႐ြက္ေပးႏိုင္ပါရန္ အလုပ္သမားဝန္ႀကီးဌာနက တိုက္တြန္းထားသည္။