သီတင်းကျွတ်ကာလတွင်အထူးရထား(၃)စီးထပ်တိုးပြေးဆွဲပေးမည်

 268

သက်ပိုင်(NP News) - အောက်တိုဘာလ ၂
၂၀၂၅ ခုနှစ်သီတင်းကျွတ် ပိတ်ရက်ကာလတွင် အထူးရထား (၃)စီး ထပ်တိုးပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သီတင်းကျွတ်ပိတ်ရက်ကာလအထူးရထား အဖြစ် ရန်ကုန် - ပြည် သို့ အထူးရထားတစ်စီးနှင့် ရန်ကုန်-မော်လမြိုင် အစုံ၊အဆန် သွားလာမည့် အထူးရထား နှစ်စီး ၊စုစုပေါင်း အထူးရထား (၃) စီးပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုဝင်ဘာလ (၄) ရက်နေ့ကို ရန်ကုန်- ပြည်အထူးရထား တစ်စီးပြေးပါမယ်။ အဲဒီနေ့မှာပဲ ရန်ကုန် -မော်လမြိုင်၊မော်လမြိုင်- ရန်ကုန် အစုံ၊အဆန်ရထား နှစ်စီး ထပ်ပြေးပါမယ်။ အားလုံးစုစုပေါင်း (၃)စီး ပြေးပေးသွားမှာပါ။ ကျန်တဲ့ခရီးစဉ်တွေကတော့ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာပါ ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ရထားလက်မှတ်ကြိုတင်ဝယ်ယူလိုသူများအတွက် အထက်တန်း(ပထမတန်း) လက်မှတ်များကို ခရီးသွားမည့်နေ့မတိုင်မှီ သုံးရက်အလိုမှ စတင်ဝယ်ယူနိုင်ပြီးရိုးရိုးတန်းလက်မှတ်များအတွက် ကြိုတင်ဝယ်ယူလိုပါက ခရီးသွားမည့်နေ့မတိုင်ခင် တရက်အလိုတွင် ကြိုတင်ဝယ်ယူထားနိုင်ကြောင်းသိရသည်။
ကြိုတင်လက်မှတ်များကို နေ့စဉ် နံနက် (၇)နာရီမှ မွန်းလွဲ (၃) နာရီအထိ ရန်ကုန်ဘူတာကြီးနှင့် ကျောခြင်းကပ် ဗိုလ်ချုပ်လမ်းမကြီးပေါ် Sakura Tower နှင့် ဝဇီရာရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးတွင် ရှိသော မြန်မာ့မီးရထားကြိုတင်လက်မှတ် အရောင်းဌာနများတွင် ဖြစ်စေ၊ နယ်မြို့များအနေဖြင့် သက်ဆိုင်ရာ ဘူတာများ၌ဖြစ်စေ မှတ်ပုံတင်မူရင်းဖြင့် လူကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင် ရထားလက်မှတ်များဝယ်ယူရာတွင် ခရီးသွားမည့် ခရီးသည်တဦးကိုယ်တိုင် မှတ်ပုံတင်မူရင်းသုံးခုယူဆောင်လာ၍ လက်မှတ်သုံးစောင်ကို တခါတည်းဝယ်ယူနိုင်ကြောင်းနှင့် လက်ရှိတွင် Online System ဖြင့် လက်မှတ်ရောင်းချခြင်းစနစ်နှင့် ဖုန်းဖြင့် Booking ကြိုယူထားခြင်းစနစ်များ မရှိသေးကြောင်း သိရသည်။

Zawgyi Version:
သီတင္းကြၽတ္ကာလတြင္အထူးရထား(၃)စီးထပ္တိုးေျပးဆြဲေပးမည္
သက္ပိုင္(NP News) - ႏိုဝင္ဘာ ၂
၂၀၂၅ ခုႏွစ္သီတင္းကြၽတ္ ပိတ္ရက္ကာလတြင္ အထူးရထား (၃)စီး ထပ္တိုးေျပးဆြဲေပးသြားမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထားတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
သီတင္းကြၽတ္ပိတ္ရက္ကာလအထူးရထား အျဖစ္ ရန္ကုန္ - ျပည္ သို႔ အထူးရထားတစ္စီးႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္ အစုံ၊အဆန္ သြားလာမည့္ အထူးရထား ႏွစ္စီး ၊စုစုေပါင္း အထူးရထား (၃) စီးေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ႏိုဝင္ဘာလ (၄) ရက္ေန႔ကို ရန္ကုန္- ျပည္အထူးရထား တစ္စီးေျပးပါမယ္။ အဲဒီေန႔မွာပဲ ရန္ကုန္ -ေမာ္လၿမိဳင္၊ေမာ္လၿမိဳင္- ရန္ကုန္ အစုံ၊အဆန္ရထား ႏွစ္စီး ထပ္ေျပးပါမယ္။ အားလုံးစုစုေပါင္း (၃)စီး ေျပးေပးသြားမွာပါ။ က်န္တဲ့ခရီးစဥ္ေတြကေတာ့ ပုံမွန္အတိုင္း ေျပးဆြဲေပးသြားမွာပါ ” ဟု အဆိုပါတာဝန္ရွိသူက ေျပာသည္။
ရထားလက္မွတ္ႀကိဳတင္ဝယ္ယူလိုသူမ်ားအတြက္ အထက္တန္း(ပထမတန္း) လက္မွတ္မ်ားကို ခရီးသြားမည့္ေန႔မတိုင္မွီ သုံးရက္အလိုမွ စတင္ဝယ္ယူႏိုင္ၿပီး႐ိုး႐ိုးတန္းလက္မွတ္မ်ားအတြက္ ႀကိဳတင္ဝယ္ယူလိုပါက ခရီးသြားမည့္ေန႔မတိုင္ခင္ တရက္အလိုတြင္ ႀကိဳတင္ဝယ္ယူထားႏိုင္ေၾကာင္းသိရသည္။
ႀကိဳတင္လက္မွတ္မ်ားကို ေန႔စဥ္ နံနက္ (၇)နာရီမွ မြန္းလြဲ (၃) နာရီအထိ ရန္ကုန္ဘူတာႀကီးႏွင့္ ေက်ာျခင္းကပ္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေပၚ Sakura Tower ႏွင့္ ဝဇီရာ႐ုပ္ရွင္႐ုံေရွ႕ မ်က္ေစာင္းထိုးတြင္ ရွိေသာ ျမန္မာ့မီးရထားႀကိဳတင္လက္မွတ္ အေရာင္းဌာနမ်ားတြင္ ျဖစ္ေစ၊ နယ္ၿမိဳ႕မ်ားအေနျဖင့္ သက္ဆိုင္ရာ ဘူတာမ်ား၌ျဖစ္ေစ မွတ္ပုံတင္မူရင္းျဖင့္ လူကိုယ္တိုင္လာေရာက္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
ထို႔အျပင္ ရထားလက္မွတ္မ်ားဝယ္ယူရာတြင္ ခရီးသြားမည့္ ခရီးသည္တဦးကိုယ္တိုင္ မွတ္ပုံတင္မူရင္းသုံးခုယူေဆာင္လာ၍ လက္မွတ္သုံးေစာင္ကို တခါတည္းဝယ္ယူႏိုင္ေၾကာင္းႏွင့္ လက္ရွိတြင္ Online System ျဖင့္ လက္မွတ္ေရာင္းခ်ျခင္းစနစ္ႏွင့္ ဖုန္းျဖင့္ Booking ႀကိဳယူထားျခင္းစနစ္မ်ား မရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.