တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 105

ပြည့်ဖြိုး (NP News) - အောက်တိုဘာလ ၂

(စက်တင်ဘာလ ၁၇ ရက်မှ ၂၃ ရက် အထိ)

ပြည်တွင်းဈေးကွက်အတွင်း လှုပ်ခတ်နေ သည့်ရွှေဈေးမှာ တည်ငြိမ်မှုမရှိသေးဘဲ ဆက်လက်ပြီး အတက်အကျ မြန်ဆန်နေကြောင်းသိရသည်။ အမေ ရိကန်နိုင်ငံဗဟိုဘဏ်၏ အတိုးနှုန်းအပြောင်းအလဲ ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းများစံချိန်တင်မြင့်တက်ခဲ့ရာ လက်ရှိကာလတွင်လည်း ကမ္ဘာ့ရွှေဈေးများမှာ အမြင့် ပိုင်းတွင် အပြောင်းအလဲမရှိ ဆက်လက်မြင့်တက်နေ ဆဲဖြစ်သည်။ စက်တင်ဘာလအတွင်း အတက်မြန် ဆန်နေသည့်ရွှေဈေးသည် ဆက်လက်မြင့်တက်နိုင် ကြောင်း ကျွမ်းကျင်သူများကခန့်မှန်းထားပြီး ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်း‌‌ငွေလဲ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးများ ကျ ဆင်းနေရာ စက်တင်ဘာလကုန်အထိ ဆက်လက်ဈေး ကျနေနိုင်ပြီး ပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် (၄၂၄၅)ကျပ်ဝန်းကျင်ဖြင့်သာ လတ်တလော အ ရောင်းအဝယ်ဖြစ်နေသည်။ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတစ်ခုလုံး အရောင်းအဝယ်ကျဆင်းနေရာ ပြည်တွင်း၌ ဒေါ်လာအရောင်းအဝယ်လုပ်ငန်းများ လည်း တုံ့နှေးနေကြောင်းသိရသည်။ အမေရိကန်ဒေါ် လာသည် တစ်ကမ္ဘာလုံးအတိုင်းအတကာဖြင့် တန် ဖိုးကျဆင်းနေခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း အပြောင်းအလဲမရှိနိုင်ကြောင်းသိရသည်။ ပြည်တွင်း၌ ဆန်သစ်ပေါ်ချိန်ရောက်လာပြီဖြစ်ရာ ပြည်ပသို့ဆန် တင်ပို့မှုများ အလုံးအရင်းဖြင့်တိုးမြှင့်တင်ပို့ရန် မြန် မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြိုးပမ်းနေသည်။ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ဈေးမှာအကျပိုင်းသို့ရောက်ရှိနေသော်လည်း ဝယ်လိုအား ကောင်းမွန်နေမှုကြောင့် မြန်မာပြည်မှဆန်များ ပြည် ပသို့ ပိုမိုတင်ပို့နိုင်ဖွယ်ရှိနေသည်။ ဆန်စပါးအသင်း ချုပ်မှ တစ်လလျှင် ဆန်တန်ချိန်သုံးသိန်းအထိတိုးမြှင့် တင်ပို့ရန်စီစဉ်လျက်ရှိပြီး လမည့်ရက်များတွင် ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ဆန်သစ်ပေါ်ချိန် ရောက်နေသော်လည်း ပြည်တွင်းဆန်ဈေးများ ကျ ဆင်းနေရာ တောင်သူများအတွက် ဈေးကွက်အရ တွက်ခြေမကိုက်သောပြဿနာလည်း ဖြစ်ပေါ်နေ သည်။ ပြည်တွင်းတောင်သူများလည်း တွက်ခြေကိုက်၊ ပြည်ပသို့လည်းတင်ပို့နိုင်မည့် ဆန်စပါးဈေးကွက် ဖြစ်ပေါ်စေရန် သက်ဆိုင်ရာဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲသင့်ကြောင်း ဆန်ဈေးကွက်ကျွမ်းကျင်သူများ က အကြံပြုထားကြသည်။ စက်သုံးဆီဈေးကွက်နှင့်စားအုန်းဆီဈေးကွက်များမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေကြပြီး လတ်တလောတွင် ပြည်ပမှတင် သွင်းမှု ကောင်းမွန်နေကြောင်းသိရသည်။ လာမည့် ပွင့်လင်းရာသီတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ကြိုတင်ပြီး စက်သုံးဆီများတင်သွင်းထားရန် သက် ဆိုင်ရာမှòန်ကြားထားကြောင်သိရသည်။
စားအုန်းဆီဈေးမှာ ပြည်ပမှတင်သွင်း သည့်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ယခု တစ်ပတ်တွင် အခြေခံလက်လီဈေး တစ်ပိဿာလျှင် (၆၆၁၀)ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီ တင် သွင်းဖြန့်ဖြူးရောင်းချရေးကော်မတီမှ ထုတ်ပြန်ထား သည်။ အခြေခံကုန်ဈေးနှုန်းများသည် ဈေးနှုန်းအမြင့် ပိုင်းတွင်ဆက်လက်ရပ်တည်နေပြီး ပြည်တွင်းစားသုံး မှုအပြောင်းအလဲမရှိသော်လည်း အထွေထွေကုန်ဈေး နှုန်းမြင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

စံချိန်တင်မြင့်တက်နေသည့် ရွှေဈေးနှင့် ငွေလဲဈေးနှုန်းများ

ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုတစ်ပတ်အ တွင်း ဈေးနှုန်းအမြင့်ပိုင်းတွင်သာ ဆက်လက်တည်ရှိ နေပြီး စက်တင်ဘာလအတွင်း စံချိန်တင်ဈေးနှုန်း များ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်တင်ဘာ (၂၃) ရက်ပေါက်ဈေးအရ ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ် အောင်စလျှင် (၃၇၄၃)‌ဒေါ်လာရှိနေရာ ပြည်တွင်းရွှေ ဈေးသည်လည်း တစ်ကျပ်သားလျှင် သိန်း (၈၀) အ ထက်သို့ရောက်ရှိလာကြောင်းသိရသည်။ ယခုတစ် ပတ်အတွင်း ပြည်တွင်းရွှေဈေးကိုလေ့လာကြည့်ပါက‌ ရွှေတစ်ကျပ်သားလျှင် စက်တင်ဘာ (၁၇)ရက်တွင် (၇,၉၃၀,ဝဝဝ)ကျပ်၊ စက်တင်ဘာ (၁၈)ရက်တွင် (၇,၉၁၀,ဝဝဝ)ကျပ်၊ စက်တင်ဘာ(၁၉)ရက်တွင် (၇,၉၃၀,ဝဝဝ)ကျပ်၊ စက်တင်ဘာ (၂၀)ရက်နှင့် (၂၁)ရက်တွင် (၇,၉၅၀,ဝဝဝ)ကျပ်ဖြင့် ဈေးကွက်ပိတ် ခဲ့သည်။ စက်တင်ဘာ(၂၂)ရက် ဈေးကွက်ပြန်လည် ဖွင့်လှစ်ချိန်တွင် ရွှေတစ်ကျပ်သားလျှင် (၈,ဝ၂၀,ဝဝဝ)ကျပ်၊ စက်တင်ဘာ(၂၃)ရက်တွင် (၈,ဝ၄၀,ဝဝဝ)ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာ ကြောင်းတွေ့ရသည်။
ကမ္ဘာ့ရွှေဈေးသည် ဇွန်၊ ဇူလိုင်လတို့တွင် ရွှေတစ်အောင်စလျှင် (၃၃၀ဝ)ဒေါ်လာဝန်းကျင်မှ လက်ရှိတွင် (၃၇၀ဝ)ကျော်အထိ ဈေးနှုန်းများမြင့် တက်လာခြင်းဖြစ်ရာ ပြည်တွင်းရွှေဈေးမှာလည်း လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်းရှိ ဒေါ် လာပေါက်ဈေးမှာ ဗဟိုဘဏ်အွန်လိုင်းဈေးကွက်တွင် တစ်ဒေါ်လာလျှင်(၃၅၉၉)ကျပ်ရှိပြီး ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာလျှင်(၄၂၄၅) ကျပ် ပေါက်ဈေးဖြစ် ပေါ်နေသည်။ ပြည်တွင်းရွှေဈေးနှုန်း အပြောင်းအလဲ မှာ ဒေါ်လာဈေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပြီး လတ်တလော ဒေါ်လာဈေးများကျဆင်းနေခြင်း ကြောင့်သာ အတိုင်းအတာထစ်ခုအထိ ဈေးနှုန်းအ ပြောင်းအလဲနည်းပါးနေခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်ဒေါ်လာဈေးများ မြင့်တက်လာပါက ပြည် တွင်းရွှေဈေးမှာ လက်ရှိထက် ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် လာမည့်ရက်များ အတွင်း အမြင့်ပိုင်းတွင်ဆက်လက်ရပ်တည်နေနိုင် သောကြောင့် ပြည်တွင်းရွှေဈေးမှာ လာမည့်ရက်များ အတွင်း ရွှေတစ်ကျပ်သားလျှင် သိန်း(၈၀)ကျပ်ဝန်း ကျင်ဖြင့် အရောင်းအဝယ်ရှိနေနိုင်သည်။ ငွေလဲဈေး ကွက်အတွင်းတွင်မူ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များကျဆင်းနေခြင်းကြောင့် ငွေလဲဈေးများ တည်ငြိမ် နေပြီး အထူးသဖြင့် ဒေါ်လာဈေးမှ အကျပိုင်းသို့ ရောက်ရှိနေသည်။ စက်တင်ဘာ (၂၃)ရက်ပေါက် ဈေးများအရ အမေရိကန်တစ်ဒေါ်လာလျှင် (၄၂၄၅)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၃၃)ကျပ်၊ တရုတ် တစ် ယွမ်လျှင်(၅၉၆)ကျပ်၊ အိန္ဒိယတစ်ရူပီးလျှင်(၄၈)ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၃၁၀)ကျပ် ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။ ပို့ကုန် သွင်းကုန်လုပ်ငန်းများအတွင်း ပုံမှန်ရေကြောင်း ကုန် သွယ်မှုတွင်သာ လုပ်ငန်းလည်ပတ်မှုများပြားပြီး နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းတစ်ခုတည်းသာ ကုန်သွယ်မှုများပြားနေခြင်းကြောင့် နိုင်ငံခြားငွေလဲ ဈေးကွက်တွင် အပြောင်းအလဲနည်းပါးနေခြင်းဖြစ် သည်။ လာမည့်ရက်များအတွင်း ပြည်တွင်းပြည်ပ ကုန်သွယ်ရေးအခြေအနေများ အပြောင်းအလဲဖြစ်ရန် မရှိသောကြောင့် နိုင်ငံခြားငွေလဲဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေနိုင်သည်။

ဆန်တင်ပို့မှု မြှင့်တင်မည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်

ပြည်ပသို့ တစ်လလျှင် ဆန်တန်ချိန် သုံး သိန်းအထိ တင်ပို့နိုင်ရန်ရည်ရွယ်ပြီး ဆန်တင်ပို့သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန် မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။ ဆန်တင် ပို့မှုမှာ လစဉ် တန်ချိန်နှစ်သိန်းဝန်းကျင်ရှိနေရာမှ စက် တင်ဘာလမှစတင်ကာ ဆန်တန်ချိန် သုံးသိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။ ပြည်တွင်း ၌ ဆန်စပါးအသစ်များ စတင်ထွက်ရှိလာပြီဖြစ်ရာ ‌တောင်သူများအနေဖြင့် ဈေးကောင်းရရန် မျှော့်လင့် နေကြသည်။ လတ်တလောတွင် စပါးဈေးကျဆင်းနေ ရာ တင်းတစ်ရာလျှင် ဆယ်သိန်းဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသဖြင့် လယ်သမားများအနေဖြင့် တွက်ခြေမကိုက်ကြောင်းသိရသည်။ ဆန်စပါးဈေးနှုန်း သည် ကမ္ဘာ့ဈေးကွက်အတွင်း၌လည်းကျဆင်းနေပြီး ထပ်မံကျဆင်းနိုင်ခြေမရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ပို့ကုန်ဆောင်ရွက်နေသည့် နထစသမအနမ ကုမ္ပဏီကြီးများအနေဖြင့် မိမိတို့၏ ပုံမှန်ဝယ်ယူ နေသောဒေသရှိ နယ်စက်ပိုင်/နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ဆန် ဝယ်ယူမှု များကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဈေးကွက် ဝယ်လိုအားကို မြှင့်တင်ပေးရန်နှင့် ထိုသို့ ဝယ်ယူမှု၊ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူပို့ဆောင်မှု၊ ဆန်ကြိတ် ခွဲမှု၊ ပြည်ပတင်ပို့မှု စသည့်ကိစ္စရပ်များအပေါ် ငွေ ကြေး/လုပ်ငန်းအခက်အခဲများဖြစ်ပေါ်ပါက အသင်း ချုပ်သို့ အချိန်နှင့်အညီ ချိတ်ဆက်တင်ပြပေးပါရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်းထား သည်။ထို့ပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပိုင်း တွင်လည်း နထစသမအ ဇုန်များတည်ထောင်ပြီး ဆန် တင်ပို့မှုတိုးမြှင့်ရန် ဆန်စပါးအသင်းချုပ်ကစီစဉ်နေ သည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန်နှစ်သန်း ကျော်တင်ပို့ပြီး ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်း (၅)နိုင်ငံတွင်ပါဝင်ကြောင်းသိရသည်။ ပြီးခဲ့သည့်ဘဏ္ဍာ နှစ်က ပြည်ပနိုင်ငံများသို့ စုစုပေါင်း ဆန် မက်ထရစ် တန်(၂ ဒသမ ၄၈)သန်းခန့်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း (၁၁၀ဝ)ကျော်ရရှိခဲ့ကြောင်းသိရသည်။
ထိုသို့လျာထားချက်များအတိုင်း တင်ပို့နိုင် စေရေး ပြည်တွင်းရှိ ကုမ္ပဏီပေါင်း(၆၀)နီးပါးက တရုတ်၊ ဥရောပ၊ အာဖရိကနှင့် အာဆီယံဈေးကွက် များရှိနိုင်ငံများသို့ မြန်မာ့ဆန်များတင်ပို့နိုင်စေရန် သက်ဆိုင်ရာကုမ္ပဏီများ၊ ကုန်သည်၊ ဝယ်လက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီပေး လျက်ရှိကြောင်းသိရသည်။ လာမည့်ပွင့်လင်းရာသီ တွင် ဆန်တင်ပို့မှုမြှင့်တင်နိုင်မည်ဖြစ်သော်လည်း မူဆယ်နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့နိုင်ခြင်းမရှိ သောကြောင့် ပင်လယ်ရေကြောင်းတင်ပို့မှုတစ်ခု တည်းကိုသာအားထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ သည် ပြည်ပပို့ဆန်နှင့် ပြည်တွင်းစားဆန်ဟူ၍ နှစ်မျိုး စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ရာ ပြည်ပသို့ဆန်တင်ပို့မှု ကြောင့် ပြည်တွင်းစားသုံးမှုကိုထိခိုက်နိုင်ခြင်း မရှိပေ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးစပါးဧက (၁၅)သန်း၊ နွေစပါးဧက (၂ ဒသမ ၅)သန်း စုစုပေါင်း ဧက (၁၈)သန်းနီးပါးစိုက်ပျိုးပြီး အဆိုပါဧကမှ ဆန် တန်ချိန်(၁၅)သန်း နှစ်စဉ်ထွက်ရှိကြောင်းသိရသည်။

စက်သုံးဆီ၊ စားအုန်းဆီနှင့်
အခြေခံ ကုန်ဈေးနှုန်းများ
ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် စက်သုံးဆီဈေးများတည်ငြိမ်နေပြီး အဓိကအားဖြင့် အမေရိကန်‌ဒေါ်လာဈေး တည်ငြိမ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်း သည့်ကုမ္ပဏီများသို့ ‌ဒေါ်လာများ ဆက်တိုက်ရောင်းချ ပေးနေရာ စက်သုံးဆီတင်သွင်းမှု ပုံမှန်လည်ပတ်နေ ကြောင်းသိရသည်။ သက်ဆိုင်ရာက လာမည့်ပွင့်လင်း ရာသီအတွက် စက်သုံးဆီ ကြိုတင်တင်သွင်းထား ရန်နှင့် စက်သုံးဆီပြတ်တောက်မှုမဖြစ်ပေါ်စေရန် òန်ကြားထားကြောင်း ဈေးကွက်အတွင်းမှသိရသည်။ စက်တင်ဘာ(၂၃)ရက် ဈေးကွက်အတွင်း စက်သုံးဆီ ဈေးမှာ (၉၂) ဓာတ်ဆီတစ်လီတာလျှင်(၂၈၉၅)ကျပ်၊ (၉၅)ဓာတ်ဆီတစ်လီတာလျှင်(၂၉၇၀)ကျပ်၊ ဒီဇယ် တစ်လီတာလျှင်(၂၅၇၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာလျှင်(၃၁၇၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရ သည်။
စားသုံးဆီဈေးကွက်တွင် အခြေခံစားအုန်း ဆီဈေးသတ်မှတ်ချက်မှာ ယခင်တစ်ပတ်ကအတိုင်း အပြောင်းအလဲမရှိဘဲ တစ်ပိဿာလျှင် (၆၆၁၀)ကျပ် အဖြစ်သတ်မှတ်ထားသည်။ တစ်ပတ်လျှင်တစ်ကြိမ် ဆီစာအုပ်ဖြင့်ဝယ်ယူရသောဈေးကွက်တွင်လည်း တစ်ပိဿာလျှင် (၇၀ဝဝ)ကျပ်ကျော် ပေါက်ဈေးရှိ ကြောင်းသိရသည်။ ပြင်ပစားအုန်းဆီမှောင်ခိုဈေး ကွက်အတွင်းတွင်မူ စားအုန်းဆီဈေးများ မြင့်တက် နေဆဲဖြစ်ပြီး တစ်ပိဿာလျှင် (၁၂၀ဝဝ)ကျပ်ဝန်း ကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ စားသုံးဆီဈေး ကွက်သည်လည်း ပုံမှန်တင်သွင်းနေခြင်းဖြစ်ရာ ဈေး ကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိနိုင်ကြောင်းသိရ သည်။ အခြေခံကုန်စည်နှင့် အထွေထွေကုန်ဈေးနှုန်း များမှာ မိုးရာသီကာလ မပြီးဆုံးသေးရာ ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေဆဲဖြစ်သည်။ ဈေးကွက်အတွင်း ပြည်တွင်းထုတ်ကုန်များမှာ ထုတ်လုပ်မှုစရိတ်ကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေသည့်အပြင် ကုန်ကြမ်းဈေး နှုန်းများမှာလည်း မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ ပြည်ပသွင်းကုန်များမှာမူ နယ်စပ်ကုန်သွယ်မှုကျဆင်း သွားခြင်းကြောင့် ကုန်စည်အဝင်နည်းပါးပြီး လက် ကျန်ရှားကာ ဈေးများမြင့်တက်နေခြင်းဖြစ်သည်။
အခြေခံစားသောက်ကုန်များတွင်မူ ဆန် ဈေးမှာတည်ငြိမ်နေပြီး ဆန်ကြမ်း ဧည့်မထတစ်ပြည် လျှင် (၄၃၀ဝ)ကျပ်၊ ရွှေဘိုဆန်ဟောင်းတစ်ပြည်လျှင် (၆၂၀ဝ)ကျပ်ခန့် ပေါက်ဈေးရှိနေသည်။ ငရုတ်သီး အခြောက်တစ်ပိဿာလျှင် (၁၉၀ဝဝ)ကျပ်၊ ကြက် သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၂၂၀ဝဝ)ကျပ်၊ ကြက်သွန်နီ (အလတ်)ဆိတ်ဖြူ တစ်ပိဿာလျှင် (၂၅၀ဝ)ကျပ်နှင့်၊ အာလူးတစ်ပိဿာလျှင် (၇၅၀ဝ)ကျပ် ပေါက်ဈေးများဖြစ်ပေါ်နေသည်။ အသား/ငါး ဈေးကွက်အတွင်း ကြက်သားတစ်ပိဿာလျှင် (၂၅၀ဝဝ)ဝန်းကျင်၊ အမဲသား အရိုးလွတ် တစ်ပိဿာ လျှင် (၃၆၀ဝဝ)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၆၀ဝဝဝ)ကျပ် ပေါက်ဈေးများဖြစ်ပေါ်နေသည်။ ဝက် သားမှာ တစ်ပိဿာလျှင် (၃၈၀ဝဝ)ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း မပြောင်းလဲကြောင်းသိရသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နေရာဒေသအလိုက်အပြောင်းအလဲများရှိနိုင်သော်လည်း ပွင့် လင်းရာသီရောက်မှသာ ကုန်စည်ဈေးများပြန်လည်ကျဆင်းနိုင်ကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာလ ၂

(စက္တင္ဘာလ ၁၇ ရက္မွ ၂၃ ရက္ အထိ)

ျပည္တြင္းေဈးကြက္အတြင္း လႈပ္ခတ္ေန သည့္ေ႐ႊေဈးမွာ တည္ၿငိမ္မႈမရွိေသးဘဲ ဆက္လက္ၿပီး အတက္အက် ျမန္ဆန္ေနေၾကာင္းသိရသည္။ အေမ ရိကန္ႏိုင္ငံဗဟိုဘဏ္၏ အတိုးႏႈန္းအေျပာင္းအလဲ ေၾကာင့္ ကမာၻ႔ေ႐ႊေဈးႏႈန္းမ်ားစံခ်ိန္တင္ျမင့္တက္ခဲ့ရာ လက္ရွိကာလတြင္လည္း ကမာၻ႔ေ႐ႊေဈးမ်ားမွာ အျမင့္ ပိုင္းတြင္ အေျပာင္းအလဲမရွိ ဆက္လက္ျမင့္တက္ေန ဆဲျဖစ္သည္။ စက္တင္ဘာလအတြင္း အတက္ျမန္ ဆန္ေနသည့္ေ႐ႊေဈးသည္ ဆက္လက္ျမင့္တက္ႏိုင္ ေၾကာင္း ကြၽမ္းက်င္သူမ်ားကခန႔္မွန္းထားၿပီး ဆက္ လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ျပည္တြင္း‌‌ေငြလဲ ေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးမ်ား က် ဆင္းေနရာ စက္တင္ဘာလကုန္အထိ ဆက္လက္ေဈး က်ေနႏိုင္ၿပီး ျပင္ပေပါက္ေဈး တစ္ေဒၚလာလွ်င္ (၄၂၄၅)က်ပ္ဝန္းက်င္ျဖင့္သာ လတ္တေလာ အ ေရာင္းအဝယ္ျဖစ္ေနသည္။ နယ္စပ္ကုန္သြယ္ေရး က႑တစ္ခုလုံး အေရာင္းအဝယ္က်ဆင္းေနရာ ျပည္တြင္း၌ ေဒၚလာအေရာင္းအဝယ္လုပ္ငန္းမ်ား လည္း တုံ႔ေႏွးေနေၾကာင္းသိရသည္။ အေမရိကန္ေဒၚ လာသည္ တစ္ကမာၻလုံးအတိုင္းအတကာျဖင့္ တန္ ဖိုးက်ဆင္းေနျခင္းျဖစ္ၿပီး လာမည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲမရွိႏိုင္ေၾကာင္းသိရသည္။ ျပည္တြင္း၌ ဆန္သစ္ေပၚခ်ိန္ေရာက္လာၿပီျဖစ္ရာ ျပည္ပသို႔ဆန္ တင္ပို႔မႈမ်ား အလုံးအရင္းျဖင့္တိုးျမႇင့္တင္ပို႔ရန္ ျမန္ မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ႀကိဳးပမ္းေနသည္။ ကမာၻ႔ဆန္ေဈးကြက္အတြင္း ဆန္ေဈးမွာအက်ပိုင္းသို႔ေရာက္ရွိေနေသာ္လည္း ဝယ္လိုအား ေကာင္းမြန္ေနမႈေၾကာင့္ ျမန္မာျပည္မွဆန္မ်ား ျပည္ ပသို႔ ပိုမိုတင္ပို႔ႏိုင္ဖြယ္ရွိေနသည္။ ဆန္စပါးအသင္း ခ်ဳပ္မွ တစ္လလွ်င္ ဆန္တန္ခ်ိန္သုံးသိန္းအထိတိုးျမႇင့္ တင္ပို႔ရန္စီစဥ္လ်က္ရွိၿပီး လမည့္ရက္မ်ားတြင္ ဆက္ လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ဆန္သစ္ေပၚခ်ိန္ ေရာက္ေနေသာ္လည္း ျပည္တြင္းဆန္ေဈးမ်ား က် ဆင္းေနရာ ေတာင္သူမ်ားအတြက္ ေဈးကြက္အရ တြက္ေျခမကိုက္ေသာျပႆနာလည္း ျဖစ္ေပၚေန သည္။ ျပည္တြင္းေတာင္သူမ်ားလည္း တြက္ေျခကိုက္၊ ျပည္ပသို႔လည္းတင္ပို႔ႏိုင္မည့္ ဆန္စပါးေဈးကြက္ ျဖစ္ေပၚေစရန္ သက္ဆိုင္ရာဆန္စပါးအသင္းခ်ဳပ္မွ စီမံခန႔္ခြဲသင့္ေၾကာင္း ဆန္ေဈးကြက္ကြၽမ္းက်င္သူမ်ား က အႀကံျပဳထားၾကသည္။ စက္သုံးဆီေဈးကြက္ႏွင့္စားအုန္းဆီေဈးကြက္မ်ားမွာ အေျပာင္းအလဲမရွိ တည္ၿငိမ္ေနၾကၿပီး လတ္တေလာတြင္ ျပည္ပမွတင္ သြင္းမႈ ေကာင္းမြန္ေနေၾကာင္းသိရသည္။ လာမည့္ ပြင့္လင္းရာသီတြင္ စက္သုံးဆီျပတ္လပ္မႈမရွိေစရန္ ႀကိဳတင္ၿပီး စက္သုံးဆီမ်ားတင္သြင္းထားရန္ သက္ ဆိုင္ရာမွòန္ၾကားထားေၾကာင္သိရသည္။
စားအုန္းဆီေဈးမွာ ျပည္ပမွတင္သြင္း သည့္ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းေၾကာင့္ ယခု တစ္ပတ္တြင္ အေျခခံလက္လီေဈး တစ္ပိႆာလွ်င္ (၆၆၁၀)က်ပ္သတ္မွတ္ထားေၾကာင္း စားသုံးဆီ တင္ သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီမွ ထုတ္ျပန္ထား သည္။ အေျခခံကုန္ေဈးႏႈန္းမ်ားသည္ ေဈးႏႈန္းအျမင့္ ပိုင္းတြင္ဆက္လက္ရပ္တည္ေနၿပီး ျပည္တြင္းစားသုံး မႈအေျပာင္းအလဲမရွိေသာ္လည္း အေထြေထြကုန္ေဈး ႏႈန္းျမင့္တက္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

စံခ်ိန္တင္ျမင့္တက္ေနသည့္ ေ႐ႊေဈးႏွင့္ ေငြလဲေဈးႏႈန္းမ်ား

ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ ယခုတစ္ပတ္အ တြင္း ေဈးႏႈန္းအျမင့္ပိုင္းတြင္သာ ဆက္လက္တည္ရွိ ေနၿပီး စက္တင္ဘာလအတြင္း စံခ်ိန္တင္ေဈးႏႈန္း မ်ား ဆက္တိုက္ျဖစ္ေပၚေနသည္။ စက္တင္ဘာ (၂၃) ရက္ေပါက္ေဈးအရ ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ တစ္ ေအာင္စလွ်င္ (၃၇၄၃)‌ေဒၚလာရွိေနရာ ျပည္တြင္းေ႐ႊ ေဈးသည္လည္း တစ္က်ပ္သားလွ်င္ သိန္း (၈၀) အ ထက္သို႔ေရာက္ရွိလာေၾကာင္းသိရသည္။ ယခုတစ္ ပတ္အတြင္း ျပည္တြင္းေ႐ႊေဈးကိုေလ့လာၾကည့္ပါက‌ ေ႐ႊတစ္က်ပ္သားလွ်င္ စက္တင္ဘာ (၁၇)ရက္တြင္ (၇,၉၃၀,ဝဝဝ)က်ပ္၊ စက္တင္ဘာ (၁၈)ရက္တြင္ (၇,၉၁၀,ဝဝဝ)က်ပ္၊ စက္တင္ဘာ(၁၉)ရက္တြင္ (၇,၉၃၀,ဝဝဝ)က်ပ္၊ စက္တင္ဘာ (၂၀)ရက္ႏွင့္ (၂၁)ရက္တြင္ (၇,၉၅၀,ဝဝဝ)က်ပ္ျဖင့္ ေဈးကြက္ပိတ္ ခဲ့သည္။ စက္တင္ဘာ(၂၂)ရက္ ေဈးကြက္ျပန္လည္ ဖြင့္လွစ္ခ်ိန္တြင္ ေ႐ႊတစ္က်ပ္သားလွ်င္ (၈,ဝ၂၀,ဝဝဝ)က်ပ္၊ စက္တင္ဘာ(၂၃)ရက္တြင္ (၈,ဝ၄၀,ဝဝဝ)က်ပ္အထိ ေဈးႏႈန္းမ်ားျမင့္တက္လာ ေၾကာင္းေတြ႕ရသည္။
ကမာၻ႔ေ႐ႊေဈးသည္ ဇြန္၊ ဇူလိုင္လတို႔တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၀ဝ)ေဒၚလာဝန္းက်င္မွ လက္ရွိတြင္ (၃၇၀ဝ)ေက်ာ္အထိ ေဈးႏႈန္းမ်ားျမင့္ တက္လာျခင္းျဖစ္ရာ ျပည္တြင္းေ႐ႊေဈးမွာလည္း လိုက္ပါျမင့္တက္ေနျခင္းျဖစ္သည္။ ျပည္တြင္းရွိ ေဒၚ လာေပါက္ေဈးမွာ ဗဟိုဘဏ္အြန္လိုင္းေဈးကြက္တြင္ တစ္ေဒၚလာလွ်င္(၃၅၉၉)က်ပ္ရွိၿပီး ျပင္ပေဈးကြက္ တြင္ တစ္ေဒၚလာလွ်င္(၄၂၄၅) က်ပ္ ေပါက္ေဈးျဖစ္ ေပၚေနသည္။ ျပည္တြင္းေ႐ႊေဈးႏႈန္း အေျပာင္းအလဲ မွာ ေဒၚလာေဈးႏွင့္လည္း တိုက္႐ိုက္သက္ဆိုင္ၿပီး လတ္တေလာ ေဒၚလာေဈးမ်ားက်ဆင္းေနျခင္း ေၾကာင့္သာ အတိုင္းအတာထစ္ခုအထိ ေဈးႏႈန္းအ ေျပာင္းအလဲနည္းပါးေနျခင္းျဖစ္သည္။ အကယ္၍ အေမရိကန္ေဒၚလာေဈးမ်ား ျမင့္တက္လာပါက ျပည္ တြင္းေ႐ႊေဈးမွာ လက္ရွိထက္ ပိုမိုျမင့္မားႏိုင္ေၾကာင္း သိရသည္။
ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ လာမည့္ရက္မ်ား အတြင္း အျမင့္ပိုင္းတြင္ဆက္လက္ရပ္တည္ေနႏိုင္ ေသာေၾကာင့္ ျပည္တြင္းေ႐ႊေဈးမွာ လာမည့္ရက္မ်ား အတြင္း ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၈၀)က်ပ္ဝန္း က်င္ျဖင့္ အေရာင္းအဝယ္ရွိေနႏိုင္သည္။ ေငြလဲေဈး ကြက္အတြင္းတြင္မူ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္း မ်ားက်ဆင္းေနျခင္းေၾကာင့္ ေငြလဲေဈးမ်ား တည္ၿငိမ္ ေနၿပီး အထူးသျဖင့္ ေဒၚလာေဈးမွ အက်ပိုင္းသို႔ ေရာက္ရွိေနသည္။ စက္တင္ဘာ (၂၃)ရက္ေပါက္ ေဈးမ်ားအရ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၂၄၅)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္ (၁၃၃)က်ပ္၊ တ႐ုတ္ တစ္ ယြမ္လွ်င္(၅၉၆)က်ပ္၊ အိႏၵိယတစ္႐ူပီးလွ်င္(၄၈)က်ပ္၊ စင္ကာပူတစ္ေဒၚလာလွ်င္ (၃၃၁၀)က်ပ္ ေပါက္ေဈးအသီးသီးရွိေၾကာင္းသိရသည္။ ပို႔ကုန္ သြင္းကုန္လုပ္ငန္းမ်ားအတြင္း ပုံမွန္ေရေၾကာင္း ကုန္ သြယ္မႈတြင္သာ လုပ္ငန္းလည္ပတ္မႈမ်ားျပားၿပီး နယ္ စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားတြင္ ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္လမ္းေၾကာင္းတစ္ခုတည္းသာ ကုန္သြယ္မႈမ်ားျပားေနျခင္းေၾကာင့္ ႏိုင္ငံျခားေငြလဲ ေဈးကြက္တြင္ အေျပာင္းအလဲနည္းပါးေနျခင္းျဖစ္ သည္။ လာမည့္ရက္မ်ားအတြင္း ျပည္တြင္းျပည္ပ ကုန္သြယ္ေရးအေျခအေနမ်ား အေျပာင္းအလဲျဖစ္ရန္ မရွိေသာေၾကာင့္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား ဆက္လက္တည္ၿငိမ္ေနႏိုင္သည္။

ဆန္တင္ပို႔မႈ ျမႇင့္တင္မည့္ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္

ျပည္ပသို႔ တစ္လလွ်င္ ဆန္တန္ခ်ိန္ သုံး သိန္းအထိ တင္ပို႔ႏိုင္ရန္ရည္႐ြယ္ၿပီး ဆန္တင္ပို႔သည့္ ကုမၸဏီမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ျမန္ မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရသည္။ ဆန္တင္ ပို႔မႈမွာ လစဥ္ တန္ခ်ိန္ႏွစ္သိန္းဝန္းက်င္ရွိေနရာမွ စက္ တင္ဘာလမွစတင္ကာ ဆန္တန္ခ်ိန္ သုံးသိန္းအထိ တိုးျမႇင့္တင္ပို႔ႏိုင္ရန္စီစဥ္ေနျခင္းျဖစ္သည္။ ျပည္တြင္း ၌ ဆန္စပါးအသစ္မ်ား စတင္ထြက္ရွိလာၿပီျဖစ္ရာ ‌ေတာင္သူမ်ားအေနျဖင့္ ေဈးေကာင္းရရန္ ေမွ်ာ့္လင့္ ေနၾကသည္။ လတ္တေလာတြင္ စပါးေဈးက်ဆင္းေန ရာ တင္းတစ္ရာလွ်င္ ဆယ္သိန္းဝန္းက်င္ခန႔္သာ ေပါက္ေဈးရွိသျဖင့္ လယ္သမားမ်ားအေနျဖင့္ တြက္ေျခမကိုက္ေၾကာင္းသိရသည္။ ဆန္စပါးေဈးႏႈန္း သည္ ကမာၻ႔ေဈးကြက္အတြင္း၌လည္းက်ဆင္းေနၿပီး ထပ္မံက်ဆင္းႏိုင္ေျခမရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ထားသည္။ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အသင္းဝင္ပို႔ကုန္ေဆာင္႐ြက္ေနသည့္ နထစသမအနမ ကုမၸဏီႀကီးမ်ားအေနျဖင့္ မိမိတို႔၏ ပုံမွန္ဝယ္ယူ ေနေသာေဒသရွိ နယ္စက္ပိုင္/နယ္ကုန္သည္မ်ားႏွင့္ ခ်ိတ္ဆက္၍ ေတာင္သူမ်ားထံမွ စပါး/ဆန္ ဝယ္ယူမႈ မ်ားကို အင္တိုက္အားတိုက္ေဆာင္႐ြက္ၿပီး ေဈးကြက္ ဝယ္လိုအားကို ျမႇင့္တင္ေပးရန္ႏွင့္ ထိုသို႔ ဝယ္ယူမႈ၊ ဝယ္ယူၿပီးစီးမႈအေပၚ သယ္ယူပို႔ေဆာင္မႈ၊ ဆန္ႀကိတ္ ခြဲမႈ၊ ျပည္ပတင္ပို႔မႈ စသည့္ကိစၥရပ္မ်ားအေပၚ ေငြ ေၾကး/လုပ္ငန္းအခက္အခဲမ်ားျဖစ္ေပၚပါက အသင္း ခ်ဳပ္သို႔ အခ်ိန္ႏွင့္အညီ ခ်ိတ္ဆက္တင္ျပေပးပါရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က တိုက္တြန္းထား သည္။ထို႔ျပင္ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္မႈအပိုင္း တြင္လည္း နထစသမအ ဇုန္မ်ားတည္ေထာင္ၿပီး ဆန္ တင္ပို႔မႈတိုးျမႇင့္ရန္ ဆန္စပါးအသင္းခ်ဳပ္ကစီစဥ္ေန သည္။ ျမန္မာႏိုင္ငံသည္ ႏွစ္စဥ္ ဆန္တန္ခ်ိန္ႏွစ္သန္း ေက်ာ္တင္ပို႔ၿပီး ကမာၻ႔ဆန္တင္ပို႔သည့္ ထိပ္တန္း (၅)ႏိုင္ငံတြင္ပါဝင္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ဘ႑ာ ႏွစ္က ျပည္ပႏိုင္ငံမ်ားသို႔ စုစုေပါင္း ဆန္ မက္ထရစ္ တန္(၂ ဒသမ ၄၈)သန္းခန႔္တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ ေဒၚလာ သန္း (၁၁၀ဝ)ေက်ာ္ရရွိခဲ့ေၾကာင္းသိရသည္။
ထိုသို႔လ်ာထားခ်က္မ်ားအတိုင္း တင္ပို႔ႏိုင္ ေစေရး ျပည္တြင္းရွိ ကုမၸဏီေပါင္း(၆၀)နီးပါးက တ႐ုတ္၊ ဥေရာပ၊ အာဖရိကႏွင့္ အာဆီယံေဈးကြက္ မ်ားရွိႏိုင္ငံမ်ားသို႔ ျမန္မာ့ဆန္မ်ားတင္ပို႔ႏိုင္ေစရန္ သက္ဆိုင္ရာကုမၸဏီမ်ား၊ ကုန္သည္၊ ဝယ္လက္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနၾကၿပီး ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္အေနျဖင့္ လိုအပ္သည္မ်ား ပံ့ပိုးကူညီေပး လ်က္ရွိေၾကာင္းသိရသည္။ လာမည့္ပြင့္လင္းရာသီ တြင္ ဆန္တင္ပို႔မႈျမႇင့္တင္ႏိုင္မည္ျဖစ္ေသာ္လည္း မူဆယ္နယ္စပ္ကုန္သြယ္မႈမွ ဆန္တင္ပို႔ႏိုင္ျခင္းမရွိ ေသာေၾကာင့္ ပင္လယ္ေရေၾကာင္းတင္ပို႔မႈတစ္ခု တည္းကိုသာအားထားရမည္ျဖစ္သည္။ ျမန္မာႏိုင္ငံ သည္ ျပည္ပပို႔ဆန္ႏွင့္ ျပည္တြင္းစားဆန္ဟူ၍ ႏွစ္မ်ိဳး စိုက္ပ်ိဳးထုတ္လုပ္ျခင္းျဖစ္ရာ ျပည္ပသို႔ဆန္တင္ပို႔မႈ ေၾကာင့္ ျပည္တြင္းစားသုံးမႈကိုထိခိုက္ႏိုင္ျခင္း မရွိေပ။ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ မိုးစပါးဧက (၁၅)သန္း၊ ေႏြစပါးဧက (၂ ဒသမ ၅)သန္း စုစုေပါင္း ဧက (၁၈)သန္းနီးပါးစိုက္ပ်ိဳးၿပီး အဆိုပါဧကမွ ဆန္ တန္ခ်ိန္(၁၅)သန္း ႏွစ္စဥ္ထြက္ရွိေၾကာင္းသိရသည္။

စက္သုံးဆီ၊ စားအုန္းဆီႏွင့္
အေျခခံ ကုန္ေဈးႏႈန္းမ်ား
ျပည္တြင္းစက္သုံးဆီေဈးကြက္တြင္ စက္သုံးဆီေဈးမ်ားတည္ၿငိမ္ေနၿပီး အဓိကအားျဖင့္ အေမရိကန္‌ေဒၚလာေဈး တည္ၿငိမ္ေနျခင္းေၾကာင့္ ျဖစ္သည္။ ထို႔ျပင္ ဗဟိုဘဏ္က စက္သုံးဆီတင္သြင္း သည့္ကုမၸဏီမ်ားသို႔ ‌ေဒၚလာမ်ား ဆက္တိုက္ေရာင္းခ် ေပးေနရာ စက္သုံးဆီတင္သြင္းမႈ ပုံမွန္လည္ပတ္ေန ေၾကာင္းသိရသည္။ သက္ဆိုင္ရာက လာမည့္ပြင့္လင္း ရာသီအတြက္ စက္သုံးဆီ ႀကိဳတင္တင္သြင္းထား ရန္ႏွင့္ စက္သုံးဆီျပတ္ေတာက္မႈမျဖစ္ေပၚေစရန္ òန္ၾကားထားေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ စက္တင္ဘာ(၂၃)ရက္ ေဈးကြက္အတြင္း စက္သုံးဆီ ေဈးမွာ (၉၂) ဓာတ္ဆီတစ္လီတာလွ်င္(၂၈၉၅)က်ပ္၊ (၉၅)ဓာတ္ဆီတစ္လီတာလွ်င္(၂၉၇၀)က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္(၂၅၇၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီ တာလွ်င္(၃၁၇၀)က်ပ္ ေပါက္ေဈးရွိေၾကာင္းသိရ သည္။
စားသုံးဆီေဈးကြက္တြင္ အေျခခံစားအုန္း ဆီေဈးသတ္မွတ္ခ်က္မွာ ယခင္တစ္ပတ္ကအတိုင္း အေျပာင္းအလဲမရွိဘဲ တစ္ပိႆာလွ်င္ (၆၆၁၀)က်ပ္ အျဖစ္သတ္မွတ္ထားသည္။ တစ္ပတ္လွ်င္တစ္ႀကိမ္ ဆီစာအုပ္ျဖင့္ဝယ္ယူရေသာေဈးကြက္တြင္လည္း တစ္ပိႆာလွ်င္ (၇၀ဝဝ)က်ပ္ေက်ာ္ ေပါက္ေဈးရွိ ေၾကာင္းသိရသည္။ ျပင္ပစားအုန္းဆီေမွာင္ခိုေဈး ကြက္အတြင္းတြင္မူ စားအုန္းဆီေဈးမ်ား ျမင့္တက္ ေနဆဲျဖစ္ၿပီး တစ္ပိႆာလွ်င္ (၁၂၀ဝဝ)က်ပ္ဝန္း က်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။ စားသုံးဆီေဈး ကြက္သည္လည္း ပုံမွန္တင္သြင္းေနျခင္းျဖစ္ရာ ေဈး ကြက္အတြင္း ပစၥည္းျပတ္လပ္မႈမရွိႏိုင္ေၾကာင္းသိရ သည္။ အေျခခံကုန္စည္ႏွင့္ အေထြေထြကုန္ေဈးႏႈန္း မ်ားမွာ မိုးရာသီကာလ မၿပီးဆုံးေသးရာ ေဈးႏႈန္းမ်ား ဆက္လက္ႀကီးျမင့္ေနဆဲျဖစ္သည္။ ေဈးကြက္အတြင္း ျပည္တြင္းထုတ္ကုန္မ်ားမွာ ထုတ္လုပ္မႈစရိတ္ေၾကာင့္ ကုန္ေဈးႏႈန္းျမင့္တက္ေနသည့္အျပင္ ကုန္ၾကမ္းေဈး ႏႈန္းမ်ားမွာလည္း ျမင့္တက္လာျခင္းေၾကာင့္ျဖစ္သည္။ ျပည္ပသြင္းကုန္မ်ားမွာမူ နယ္စပ္ကုန္သြယ္မႈက်ဆင္း သြားျခင္းေၾကာင့္ ကုန္စည္အဝင္နည္းပါးၿပီး လက္ က်န္ရွားကာ ေဈးမ်ားျမင့္တက္ေနျခင္းျဖစ္သည္။
အေျခခံစားေသာက္ကုန္မ်ားတြင္မူ ဆန္ ေဈးမွာတည္ၿငိမ္ေနၿပီး ဆန္ၾကမ္း ဧည့္မထတစ္ျပည္ လွ်င္ (၄၃၀ဝ)က်ပ္၊ ေ႐ႊဘိုဆန္ေဟာင္းတစ္ျပည္လွ်င္ (၆၂၀ဝ)က်ပ္ခန႔္ ေပါက္ေဈးရွိေနသည္။ င႐ုတ္သီး အေျခာက္တစ္ပိႆာလွ်င္ (၁၉၀ဝဝ)က်ပ္၊ ၾကက္ သြန္ျဖဴ(ရွမ္း)တစ္ပိႆာလွ်င္ (၂၂၀ဝဝ)က်ပ္၊ ၾကက္သြန္နီ (အလတ္)ဆိတ္ျဖဴ တစ္ပိႆာလွ်င္ (၂၅၀ဝ)က်ပ္ႏွင့္၊ အာလူးတစ္ပိႆာလွ်င္ (၇၅၀ဝ)က်ပ္ ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။ အသား/ငါး ေဈးကြက္အတြင္း ၾကက္သားတစ္ပိႆာလွ်င္ (၂၅၀ဝဝ)ဝန္းက်င္၊ အမဲသား အ႐ိုးလြတ္ တစ္ပိႆာ လွ်င္ (၃၆၀ဝဝ)က်ပ္၊ ဆိတ္သားတစ္ပိႆာလွ်င္ (၆၀ဝဝဝ)က်ပ္ ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။ ဝက္ သားမွာ တစ္ပိႆာလွ်င္ (၃၈၀ဝဝ)က်ပ္ျဖင့္ ယခင္ အပတ္ကအတိုင္း မေျပာင္းလဲေၾကာင္းသိရသည္။ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားမွာ ေနရာေဒသအလိုက္အေျပာင္းအလဲမ်ားရွိႏိုင္ေသာ္လည္း ပြင့္ လင္းရာသီေရာက္မွသာ ကုန္စည္ေဈးမ်ားျပန္လည္က်ဆင္းႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.