PDF များထိန်းချုပ်ထားသော မြိုင်နှင့် ပေါက်ရှိ ရေနံမှော်များတွင် စည်းကမ်းမဲ့တူးဖော်ခွင့် ပြုနေသောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်

 230

သန့်ဇင် (NP News) - အောက်တိုဘာလ ၂
PDF များထိန်းချုပ်ထားသော မြိုင်နှင့် ပေါက်ရှိရေနံမှော်များတွင် စည်းကမ်းမဲ့တူးဖော်ခွင့် ပြုနေသောကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ် နိုင်ကြောင်း ရေနံမှော်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံ NP News က ဆက်သွယ်မေးမြန်းထား သည့်အချက်အလက်များအရသိရသည်။
အဆိုပါရေနံမှော်များသည် အစိုးရပိုင်ရေနံ မှော်များဖြစ်ပြီး PDF အဖွဲ့များဝင်ရောက်ထိန်းချုပ် ထားသည်မှာ (၃)နှစ်ကျော်ခန့်ကြာမြင့်လာပြီဖြစ် ကြောင်းသိရသည်။
ယင်းဒေသရှိ လက်ပံတိုရေနံမှော်သည် ရေနံ အထွက်ဆုံး အစိုးရပိုင်ရေနံမှော်ဖြစ်ပြီး လက်ရှိတွင် PDF များက ဝင်ရောက်ရေနံခပ်ကာ စီးပွားရှာနေသည့် အပြင် နေရာအနှံ့တွင်လည်း ဒေသခံလုပ်ငန်းရှင်အချို့ နှင့်ပူးပေါင်းကာ တွင်းသစ်များတူးဖော်နေကြောင်းသိရသည်။ " လက်ပံတိုရေနံမှာလည်း PDF တွေပဲ ကြီးစိုးနေတာ။ အစိုးရတွင်းတွေနားမှာလည်း လက် ယက်တွင်းတွေပြန်တူး။ အစိုးရတွင်းတွေလည်း ခပ် နေကြတာ။ တွင်းသစ်တွေတူးတာလည်းအများကြီး ပဲ။ ခန့်မှန်းခြေ တစ်ရက်တစ်ရက်ကို ပုံမှန်တွင်း (၃၀)၊ (၄၀)ကိုတူးကြတာလေ။ လုပ်ငန်းရှင်တွေကတော့တူး နေကြတာပဲ။ အခု အဲဒီမှာ ပိုက်ရောင်းစားပြီး ချမ်း သာတဲ့ကောင်နဲ့ ရေနံတူးပြီးချမ်းသားတဲ့ကောင်နဲ့။ နယ်မြေခံလုပ်ငန်းရှင်တွေက PDF တွေနဲ့ပူးပေါင်းပြီး လုပ်စားနေကြတာပဲ။ အဲဒီမှာ လုပ်ငန်းရှင်တွေက ရေ နံတစ်ပေပါကို ဘယ်လောက်ဆိုပြီးပေးရုံပဲ။ ရေနံတွင်း တစ်တွင်းတူးရင် ဘယ်နှသိန်းပေးပေါ့နော်။ အဲဒီက ထွက်တဲ့ရေနံတွေက ကားနဲ့ထွက်ရင် တစ်ပေပါကို ဘယ်လောက်ဆိုတဲ့အခွန်နှုန်းတွေရှိတယ်။ အနိမ့်ဆုံး ဆို ကားတစ်စီးကို (၁၀)သိန်းအောက်တော့မရောက် ဘူး" ဟု ရေနံမှော်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့ပြင် အစိုးရချမှတ်ထားသော ရေနံမှော် စည်းကမ်းချက်များအတွင်း ရေနံတွင်းတစ်တွင်းနှင့်တစ်တွင်းကို ပေ(၁၀ဝ)ခန့်ခွကာတူးဖော်ရန် စာချုပ်ပါ အချက်အလက်များရှိသော်လည်း PDF များထိန်းချုပ် ပြီးနောက်ပိုင်း ပေ(၅၀)ခန့်သာခွာကာ တူးဖော်နေ တော့ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
" လက်ယက်တွင်းရဲ့သဘောတရားက အရင်တုန်းက အစိုးရစာချုပ်နဲ့ဆိုရင် ပေ(၁၀ဝ)ခြား ပြီးတူးခိုင်းတယ်။ ကြောတူရင်ပေါ့နော်။ ကြောမတူရင် တော့ တူးလို့ရတယ်။ ဒါပေမဲ့ မြိုင်တို့ဘက်ကတော့ အခုကတော့တူးကြတာပဲ။ တွင်းကောင်းတယ် မကောင်း တယ်နဲ့ ပေ(၅၀)၊ (၆၀) လောက်နဲ့လည်းတူးကြတာပဲ။ PDF တွေကတော့ သူတို့ကိုယ်တိုင်တူးတာရှားတယ်။ တူးခွင့်ပေးပြီး အခွန်ပဲကောက်တာ။ ဆန်ခါပေါက်တွေ လိုပဲ" ဟု ၎င်းကဆက်ပြောသည်။
ထိုသို့ စည်းကမ်းမဲ့ရေနံတွင်းသစ်များ ဖော် ဆောင်တူးဖော်နေခြင်းကြောင့် နောင်တွင် ရေနံခန်း ခြင်းနှင့် မြေအောက်မြေကြောများပြိုကျခြင်းများ လည်းဖြစ်ပေါ်လာနိုင်ကြောင်း ရေနံမှော်လုပ်ငန်း ရှင်က သုံးသပ်ထားသည်။ " ကြာရင်တော့ ဘူမိဗေဒ သဘောအရ မြေအောက်ရေနံတွေက ကြာလာရင် ဟာလာပြီးတော့။ တအားကြီးစည်းမဲ့ကမ်းမဲ့တူးမယ်ဆိုရင်တော့ မြေကျွံကျတာတို့ မြေကြောတွေပြိုကျ သွားတာတို့ အဲဒီလိုမျိုး ဖြစ်တတ်တဲ့သဘောတော့ ရှိတာပေါ့။ အဲဒီမြိုင်တို့ လက်ပံတိုတို့က တစ်ဆက် တည်းပဲလေ။ အဲဒီတစ်ကြောလုံးပဲ။ မြိုင်ကစထွက်ပြီး တစ်ရွာကျော်တာနဲ့ အဲဒီကနေ ဘယ်အထိရောက်လဲ ဆိုတော့ ပုံတောင် ပုံညာလောက်အထိရောက်တယ်။ ပြီးရင် ပေါက်တို့ဘာတို့ပေါ့။ အဲဒီတောင်ကြောကြီးအ တိုင်းဆိုတော့ ပုံတောင်ပုံညာအထိရောက်သွားတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါဒေသတွင် PDF များက အခွန် အခများစွာရရှိနေပြီး KTV နှင့် အပျော်အပါးလုပ် ငန်းများသည်လည်း (၃)နှစ်ကျော်ကြာမြင့်လာသည် အထိ စည်ကားနေဆဲဖြစ်ကြောင်းသိရသည်။ မြိုင်နှင့် ပေါက်ရှိ အစိုးရပိုင်ရေနံမှော်များကို PDF များဝင် ရောက်နေရာယူခဲ့သည့်နောက်ပိုင်းမှစတင်ကာ ရေနံ မှရရှိသည့်အစိုးရဘဏ္ဍာသည်လည်း နှစ်စဉ် ကျပ်သိန်းသောင်းနှင့်ချီကာ ဆုံးရှုံးနေလျက်ရှိကြောင်းသိရ သည်။

Zawgyi Version:
PDF မ်ားထိန္းခ်ဳပ္ထားေသာ ၿမိဳင္ႏွင့္ ေပါက္ရွိ ေရနံေမွာ္မ်ားတြင္ စည္းကမ္းမဲ့တူးေဖာ္ခြင့္ ျပဳေနေသာေၾကာင့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား ျဖစ္ႏိုင္
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၂
PDF မ်ားထိန္းခ်ဳပ္ထားေသာ ၿမိဳင္ႏွင့္ ေပါက္ရွိေရနံေမွာ္မ်ားတြင္ စည္းကမ္းမဲ့တူးေဖာ္ခြင့္ ျပဳေနေသာေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားျဖစ္ ႏိုင္ေၾကာင္း ေရနံေမွာ္လုပ္ငန္းရွင္အသိုင္းအဝိုင္းထံ NP News က ဆက္သြယ္ေမးျမန္းထား သည့္အခ်က္အလက္မ်ားအရသိရသည္။
အဆိုပါေရနံေမွာ္မ်ားသည္ အစိုးရပိုင္ေရနံ ေမွာ္မ်ားျဖစ္ၿပီး PDF အဖြဲ႕မ်ားဝင္ေရာက္ထိန္းခ်ဳပ္ ထားသည္မွာ (၃)ႏွစ္ေက်ာ္ခန႔္ၾကာျမင့္လာၿပီျဖစ္ ေၾကာင္းသိရသည္။
ယင္းေဒသရွိ လက္ပံတိုေရနံေမွာ္သည္ ေရနံ အထြက္ဆုံး အစိုးရပိုင္ေရနံေမွာ္ျဖစ္ၿပီး လက္ရွိတြင္ PDF မ်ားက ဝင္ေရာက္ေရနံခပ္ကာ စီးပြားရွာေနသည့္ အျပင္ ေနရာအႏွံ႔တြင္လည္း ေဒသခံလုပ္ငန္းရွင္အခ်ိဳ႕ ႏွင့္ပူးေပါင္းကာ တြင္းသစ္မ်ားတူးေဖာ္ေနေၾကာင္းသိရသည္။ " လက္ပံတိုေရနံမွာလည္း PDF ေတြပဲ ႀကီးစိုးေနတာ။ အစိုးရတြင္းေတြနားမွာလည္း လက္ ယက္တြင္းေတြျပန္တူး။ အစိုးရတြင္းေတြလည္း ခပ္ ေနၾကတာ။ တြင္းသစ္ေတြတူးတာလည္းအမ်ားႀကီး ပဲ။ ခန႔္မွန္းေျခ တစ္ရက္တစ္ရက္ကို ပုံမွန္တြင္း (၃၀)၊ (၄၀)ကိုတူးၾကတာေလ။ လုပ္ငန္းရွင္ေတြကေတာ့တူး ေနၾကတာပဲ။ အခု အဲဒီမွာ ပိုက္ေရာင္းစားၿပီး ခ်မ္း သာတဲ့ေကာင္နဲ႔ ေရနံတူးၿပီးခ်မ္းသားတဲ့ေကာင္နဲ႔။ နယ္ေျမခံလုပ္ငန္းရွင္ေတြက PDF ေတြနဲ႔ပူးေပါင္းၿပီး လုပ္စားေနၾကတာပဲ။ အဲဒီမွာ လုပ္ငန္းရွင္ေတြက ေရ နံတစ္ေပပါကို ဘယ္ေလာက္ဆိုၿပီးေပး႐ုံပဲ။ ေရနံတြင္း တစ္တြင္းတူးရင္ ဘယ္ႏွသိန္းေပးေပါ့ေနာ္။ အဲဒီက ထြက္တဲ့ေရနံေတြက ကားနဲ႔ထြက္ရင္ တစ္ေပပါကို ဘယ္ေလာက္ဆိုတဲ့အခြန္ႏႈန္းေတြရွိတယ္။ အနိမ့္ဆုံး ဆို ကားတစ္စီးကို (၁၀)သိန္းေအာက္ေတာ့မေရာက္ ဘူး" ဟု ေရနံေမွာ္လုပ္ငန္းရွင္တစ္ဦးကေျပာသည္။
ထို႔ျပင္ အစိုးရခ်မွတ္ထားေသာ ေရနံေမွာ္ စည္းကမ္းခ်က္မ်ားအတြင္း ေရနံတြင္းတစ္တြင္းႏွင့္တစ္တြင္းကို ေပ(၁၀ဝ)ခန႔္ခြကာတူးေဖာ္ရန္ စာခ်ဳပ္ပါ အခ်က္အလက္မ်ားရွိေသာ္လည္း PDF မ်ားထိန္းခ်ဳပ္ ၿပီးေနာက္ပိုင္း ေပ(၅၀)ခန႔္သာခြာကာ တူးေဖာ္ေန ေတာ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
" လက္ယက္တြင္းရဲ႕သေဘာတရားက အရင္တုန္းက အစိုးရစာခ်ဳပ္နဲ႔ဆိုရင္ ေပ(၁၀ဝ)ျခား ၿပီးတူးခိုင္းတယ္။ ေၾကာတူရင္ေပါ့ေနာ္။ ေၾကာမတူရင္ ေတာ့ တူးလို႔ရတယ္။ ဒါေပမဲ့ ၿမိဳင္တို႔ဘက္ကေတာ့ အခုကေတာ့တူးၾကတာပဲ။ တြင္းေကာင္းတယ္ မေကာင္း တယ္နဲ႔ ေပ(၅၀)၊ (၆၀) ေလာက္နဲ႔လည္းတူးၾကတာပဲ။ PDF ေတြကေတာ့ သူတို႔ကိုယ္တိုင္တူးတာရွားတယ္။ တူးခြင့္ေပးၿပီး အခြန္ပဲေကာက္တာ။ ဆန္ခါေပါက္ေတြ လိုပဲ" ဟု ၎ကဆက္ေျပာသည္။
ထိုသို႔ စည္းကမ္းမဲ့ေရနံတြင္းသစ္မ်ား ေဖာ္ ေဆာင္တူးေဖာ္ေနျခင္းေၾကာင့္ ေနာင္တြင္ ေရနံခန္း ျခင္းႏွင့္ ေျမေအာက္ေျမေၾကာမ်ားၿပိဳက်ျခင္းမ်ား လည္းျဖစ္ေပၚလာႏိုင္ေၾကာင္း ေရနံေမွာ္လုပ္ငန္း ရွင္က သုံးသပ္ထားသည္။ " ၾကာရင္ေတာ့ ဘူမိေဗဒ သေဘာအရ ေျမေအာက္ေရနံေတြက ၾကာလာရင္ ဟာလာၿပီးေတာ့။ တအားႀကီးစည္းမဲ့ကမ္းမဲ့တူးမယ္ဆိုရင္ေတာ့ ေျမကြၽံက်တာတို႔ ေျမေၾကာေတြၿပိဳက် သြားတာတို႔ အဲဒီလိုမ်ိဳး ျဖစ္တတ္တဲ့သေဘာေတာ့ ရွိတာေပါ့။ အဲဒီၿမိဳင္တို႔ လက္ပံတိုတို႔က တစ္ဆက္ တည္းပဲေလ။ အဲဒီတစ္ေၾကာလုံးပဲ။ ၿမိဳင္ကစထြက္ၿပီး တစ္႐ြာေက်ာ္တာနဲ႔ အဲဒီကေန ဘယ္အထိေရာက္လဲ ဆိုေတာ့ ပုံေတာင္ ပုံညာေလာက္အထိေရာက္တယ္။ ၿပီးရင္ ေပါက္တို႔ဘာတို႔ေပါ့။ အဲဒီေတာင္ေၾကာႀကီးအ တိုင္းဆိုေတာ့ ပုံေတာင္ပုံညာအထိေရာက္သြားတယ္"ဟု ၎က ေျပာသည္။
အဆိုပါေဒသတြင္ PDF မ်ားက အခြန္ အခမ်ားစြာရရွိေနၿပီး KTV ႏွင့္ အေပ်ာ္အပါးလုပ္ ငန္းမ်ားသည္လည္း (၃)ႏွစ္ေက်ာ္ၾကာျမင့္လာသည္ အထိ စည္ကားေနဆဲျဖစ္ေၾကာင္းသိရသည္။ ၿမိဳင္ႏွင့္ ေပါက္ရွိ အစိုးရပိုင္ေရနံေမွာ္မ်ားကို PDF မ်ားဝင္ ေရာက္ေနရာယူခဲ့သည့္ေနာက္ပိုင္းမွစတင္ကာ ေရနံ မွရရွိသည့္အစိုးရဘ႑ာသည္လည္း ႏွစ္စဥ္ က်ပ္သိန္းေသာင္းႏွင့္ခ်ီကာ ဆုံးရႈံးေနလ်က္ရွိေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.