စစ်ပွဲများအစား ငြိမ်းချမ်းရေးကိုဆွေးနွေးရန် အချိန်တန်ပြီဖြစ်ကြောင်း IBEC ဆရာတော် မေတ္တာရပ်ခံ

 649

ပီယ (NP News) - အောက်တိုဘာလ ၂

စစ်ပွဲများအစား ငြိမ်းချမ်းရေးကိုဆွေးနွေးရန် အချိန်တန်ပြီဖြစ်ကြောင်း စတော့ဟုမ်း ငြိမ်းချမ်းရေး ဆုရှင် IBEC ဆရာတော် ဒေါက်တာ အရှင်သောဘိတ က ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံ တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစကာလမှစ၍ ယနေ့တိုင် မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများ တန်းတူညီမျှမရှိမှု ပြဿနာ၊ ပင်လုံကတိကဝတ် ပြဿနာ၊ လူမျိူးစု ပြဿနာ များအကြား အချင်းချင်းလက်နက်ကိုင်စစ်ပွဲများ အတောမသတ်ဆင်နွှဲနေခဲ့ကြသည်မှာ ယနေ့တိုင် အထိ ပြည်သူပြည်သားများ သိရှိပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီ လ (၁) ရက်နေ့ မှ ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလအထိ မြန်မာနိုင်ငံသားများ အချင်းချင်းလက်နက်ကိုင်တိုက်ပွဲဆင်နွှဲကြသဖြင့် မြန်မာနိုင်ငံသားလူငယ်များစွာ ‌သေကြေပျက်စီးကာ တိုင်းပြည်၏အနာဂတ်ပျက်စီးနေသည်ကို ပြည်သူပြည်သားများသိရှိပြီး ဖြစ်သကဲ့သို့ မြို့ပြ‌ကျေးရွာ နှင့် နိုင်ငံတော်၏ အခြေခံအရင်းအမြစ်များဆုံးရှုံးလျက်ရှိကြောင်း၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံတော်ကြီးနေ ပြည်ထောင်စုသားများ၏ အသက် အိုးအိမ်စည်းစိမ်များသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြတ်ဗုဒ္ဓ၏ တရားတော်အရ ရန်ကိုရန်ချင်း တုံ့ပြန်နှင်းပြီး အချင်းချင်းသတ်ဖြတ်ကြပါက ဘယ်သောအခါမှ စစ်ပွဲများ ပြီးဆုံးမည် မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာ့လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး အနေဖြင့် စစ်ပွဲများ နှင့် အချင်းချင်းသတ်ဖြတ်မှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် အမိမြန်မာနိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ကြရန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က တောင်းဆိုကြောင်း ရေးသားထားသည်။

zawgyi version
စစ္ပြဲမ်ားအစား ၿငိမ္းခ်မ္းေရးကိုေဆြးေႏြးရန္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း IBEC ဆရာေတာ္ ေမတၱာရပ္ခံ

ပီယ (NP News) - ေအာက္တိုဘာလ ၂

စစ္ပြဲမ်ားအစား ၿငိမ္းခ်မ္းေရးကိုေဆြးေႏြးရန္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရး ဆုရွင္ IBEC ဆရာေတာ္ ေဒါက္တာ အရွင္ေသာဘိတ က ထုတ္ျပန္ခ်က္ထုတ္ကာ ေမတၱာရပ္ခံ တိုက္တြန္းသည္။

ျမန္မာႏိုင္ငံသည္ လြတ္လပ္ေရးရၿပီးစကာလမွစ၍ ယေန႔တိုင္ ျမန္မာႏိုင္ငံသားတိုင္းရင္းသား ညီအကိုေမာင္ႏွမမ်ား တန္းတူညီမွ်မရွိမႈ ျပႆနာ၊ ပင္လုံကတိကဝတ္ ျပႆနာ၊ လူမ်ိဴးစု ျပႆနာ မ်ားအၾကား အခ်င္းခ်င္းလက္နက္ကိုင္စစ္ပြဲမ်ား အေတာမသတ္ဆင္ႏႊဲေနခဲ့ၾကသည္မွာ ယေန႔တိုင္ အထိ ျပည္သူျပည္သားမ်ား သိရွိၿပီးျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ေဖေဖာ္ဝါရီ လ (၁) ရက္ေန႔ မွ ၂ဝ၂၅ ခုႏွစ္၊ ေအာက္တိုဘာလအထိ ျမန္မာႏိုင္ငံသားမ်ား အခ်င္းခ်င္းလက္နက္ကိုင္တိုက္ပြဲဆင္ႏႊဲၾကသျဖင့္ ျမန္မာႏိုင္ငံသားလူငယ္မ်ားစြာ ‌ေသေၾကပ်က္စီးကာ တိုင္းျပည္၏အနာဂတ္ပ်က္စီးေနသည္ကို ျပည္သူျပည္သားမ်ားသိရွိၿပီး ျဖစ္သကဲ့သို႔ ၿမိဳ႕ျပ‌ေက်း႐ြာ ႏွင့္ ႏိုင္ငံေတာ္၏ အေျခခံအရင္းအျမစ္မ်ားဆုံးရႈံးလ်က္ရွိေၾကာင္း၊ မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းက အႏိုင္ရသည္ျဖစ္ေစ၊ အၿမဲတေစ ဆုံးရႈံးေနရသည္မွာ ျမန္မာႏိုင္ငံေတာ္ႀကီးေန ျပည္ေထာင္စုသားမ်ား၏ အသက္ အိုးအိမ္စည္းစိမ္မ်ားသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျမတ္ဗုဒၶ၏ တရားေတာ္အရ ရန္ကိုရန္ခ်င္း တုံ႔ျပန္ႏွင္းၿပီး အခ်င္းခ်င္းသတ္ျဖတ္ၾကပါက ဘယ္ေသာအခါမွ စစ္ပြဲမ်ား ၿပီးဆုံးမည္ မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာ့လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီး အေနျဖင့္ စစ္ပြဲမ်ား ႏွင့္ အခ်င္းခ်င္းသတ္ျဖတ္မႈကို ရပ္တန႔္ကာ ၿငိမ္းခ်မ္းေရးစကားဝိုင္းျဖင့္ အမိျမန္မာႏိုင္ငံကို ျပန္လည္တည္ေဆာက္ ကယ္တင္ၾကရန္ စေတာ့ဟုမ္းကမာၻ႔ၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္က ေတာင္းဆိုေၾကာင္း ေရးသားထားသည္။

Related news

© 2021. All rights reserved.