တရုတ် ရေအရင်းမြစ်ခြိမ်းခြောက်မှုကို အိန္ဒိယက အကြီးစားဆည်တည်ဆောက်ခြင်းဖြင့် ဆည်ကို ဆည်ချင်း တုံ့ပြန်ရန်စီစဉ်

246

HtayOung, #OungMarine (NP News)-အောက်တိုဘာ-၃
တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “ယာလောင်း ရှန်ပို” မြစ်ပေါ်က တရုတ်ရဲ့ ဧရာမ ရေအားလျှပ်စစ်စီမံကိန်း ကို တန်ပြန်ဖို့အတွက် အိန္ဒိယကလည်း သူ့ရဲ့ အရှေ့မြောက်ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှာ အကြီး ဆုံးဆည်ကြီးတစ်ခုကို တည်ဆောက်ရန် စီစဉ်နေတယ်လို့ AFP (1 October 2025) က ရေးပါတယ်။
ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားကြတဲ့ တရုတ်နိုင်ငံရဲ့ Three Gorges “ချောက်ကမ်းပါး ၃-ခု” ဆည်ကြီးထက် လျှပ်စစ်ဓာတ်အား ၃-ဆ ပိုမိုထုတ်လုပ်နိုင်တဲ့ “ယာရှာ ပရောဂျက်” ကို ဒေါ်လာ ၁၆၇-ဘီလီယံ ကုန်ကျခံပြီး ပေ ကျင်းက ဆက်လက်လုပ်ဆောင်နေပါတယ်။ တရုတ်တာဝန်ရှိသူတွေကတော့ အဲ့ဒီ ဆည်ကြီးဟာ ရေအရင်း မြစ် လုံခြုံစိတ်ချရရေးနဲ့ ရေလွှမ်းမိုးမှုထိန်းချုပ်ရေးကို အဓိက ရည်ရွယ်တယ်လို့ ပြောနေပါတယ်။
ဟိမဝန္တာ တိဗက်တောင်တန်း ရေခဲမြစ်များမှာ မြစ်ဖျားခံတဲ့ ယာလောင်းရှန်ပိုမြစ်ဟာ အရှေ့ဘက်ကို စီးဆင်း နေရာမှ အနောက်တောင်ဘက်ကို ရုတ်တရက် ပြောင်းလဲသွားပြီး အိန္ဒိယနိုင်ငံအတွင်း ရောက်တဲ့အခါ ဗြဟ္မပုတ္တ ရဖြစ်သွားပါတယ်။ တဖန် ဂင်္ဂါ-ယမုံနာတို့နဲ့ ပေါင်းဆုံပြီး ပက်ဒ်မာမြစ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်ပါတယ်။
အိန္ဒိယရဲ့ အကြံအစည်ကတော့ ပေ ၉၁၀ ခန့်မြင့်မားတဲ့ နံရံကြီးရဲ့နောက်မှာ အိုလံပစ်ရေကူးကန်ပေါင်း လေး သန်းနဲ့ ညီမျှတဲ့ ကုဗမီတာ ၉.၂ ဘီလီယံဆံ ရေလှောင်ကန်တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ၁၁,၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မယ်ဆိုပေမယ့် တရုတ်နိုင်ငံဘက်က ရေလမ်းကြောင်းလွှဲခြင်း သို့မဟုတ် ရုတ်တရက် ရေထုတ်လွှတ်လိုက်မယ်ဆိုရင် အဖွင့်အပိတ် လုပ်ပေးနိုင်မယ့် လုံခြုံရေး ရေထိန်းတံခါးသဖွယ်ဖြစ် လိမ့်မယ်လို့ တာဝန်ရှိသူများက သုံးသပ်ထားပါတယ်။
တရုတ်ကတော့ သူ့ရဲ့ ရေကာတာာကြီးဟာ မြစ်အောက်ပိုင်းနိုင်ငံများကို ဒုက္ခပေးမည် မဟုတ်ကြောင်း၊ ရေကာ တာကြီးကို “ဗုံးခွဲလိုက်သလို” ဖွင့်ချပြီး ရေလွှမ်းမိုးအောင် လုပ်မယ်လို့ ပြောဆိုနေကြခြင်းဟာ အခြေအမြစ် မရှိ ဘူးလို့ ပြောပါတယ်။ တစ်ဖက်မှာလည်း ယာလောင်းရှန်ပို မြစ်အောက်ပိုင်း နှစ်နိုင်ငံနယ်စပ် (မြန်မာနိုင်ငံ ကချင် ပြည်နယ် အနောက်ဘက်) အာရူနာချယ် ပရာဒက်ရှ်ပြည်နယ်ကို ပိုင်ဆိုင်တယ်လို့ ပြောဆိုနေတဲ့ အိန္ဒိယနဲ့ လည်း အငြင်းပွားနေရပါတယ်။
ဒါပေမယ့် အဲ့ဒီဧရိယာနဲ့ အနီးဆုံးအကြုံးဝင်တဲ့ “ရီးယူး” ကျေးရွာနေ “အဒီး” လူမျိုးစုတွေကတော့ “ဆည်မ ဆောက်မှ သူတို့တွေ ရှင်သန်နေထိုင်နိုင်လိမ့်မယ်” လို့ ပြောနေပါတယ်။ အိန္ဒိယက တည်ဆောက်မယ့် ဆည် ကြောင့် သူတို့နေထိုင်ရာ နယ်မြေ၊ ယဉ်ကျေးမှုနဲ့နေအိမ်များ ပျက်စီးသွားလိမ့်မယ်လို့ ယုံကြည်နေ ကြကြောင်း ကန့်ကွက်ဆန္ဒပြသူ ခေါင်းဆောင် “တာပီရ် ဂျမို” က အဆိပ်လူးမြှားနဲ့လေးကို လက်တစ်ဖက်က ကိုင်ရင်း ရှင်း ပြပါတယ်။ ကျေးရွာသားတွေဟာ စစ်တမ်းကောက်ယူမှုများကို တားဆီးခဲ့ပြီး စမ်းသပ်တိုင်းတာရေး စက်ယန္တရား များကို ဒေါသတကြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အိန္ဒိယရဲ့ “ဆည်ကို ဆည်ချင်း တုန့်နှင်းမယ့်အစီအစဉ်” ဟာ အကြီးစားငလျင်များ မကြာခဏလှုပ်လေ့ရှိတဲ့ နေရာဒေသများမှာ အပြိုင်အဆိုင် ဖိအားစွက်ဖက်မှုကို ဖြစ်ပေါ်စေပြီး နှစ်နိုင်ငံ တင်းမာမှုများကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးပါတယ်။ တရုတ်နိုင်ငံနဲ့ ပိုမိုပွင့်လင်းမြင်သာတဲ့ ရေအရင်းအ မြစ်ခွဲဝေမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ကန့်ကွက်ဆန္ဒပြမှုများရှိနေသည့်တိုင် အိန္ဒိယရဲ့ယခင်စီမံကိန်းတွေက နယူးဒေလီအနေနဲ့ အလျော့ပေး နောက်ဆုတ်သွားမှာ မဟုတ်ကြောင်း ဖော်ပြနေပါတယ်။ အဒီး လူမျိုးစု တာပီရ် ဂျမိုကတော့ "ကျုပ်တို့ကလဲ အဆုံးထိ တိုက်ပွဲဝင်သွားရမှာပဲ” လို့ ပြောနေပါတယ်။
.
(တရုတ်ရဲ့ ယခုဆည်ကြီးကို ဖောက်ချလျင် အရှေ့တောင်အာရှတစ်ခုလုံး ရေကြီးရေလျံဖြစ်သွားမယ် လို့ မကြာ သေးခင်က အွန်လိုင်းရေးသားချက်ကို ဖတ်ရပါတယ်။ အာဖဂန်နစ္စတန်-ပါကစ္စတန်-အိန္ဒိယ-နီပေါ-ဘူတန်-ဘင်္ဂ လားဒေ့ရှ်-မောလ်ဒိုက်-သီရိလင်္ကာတို့မှာ တောင်အာရှသာဖြစ်ပါတယ်။ ချင်းတောင်တန်းနဲ့ ရခိုင်ရိုးမတို့ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပိုင်းခြားမျဉ်းဖြစ်ပြီး ယဉ်ကျေးမှု-ဘာသာစကားနဲ့ သမိုင်းကြောင်းဆိုင်ရာ မှာ သိသာစွာ ကွဲပြားသွားပါတယ်။
ယာလောင်းရှန်ပိုမြစ်မှ ဆည်ကြီးကို တရုတ်က ဖောက်ချသည့်တိုင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်တွင် ရေကြီး ရေလျံ မဖြစ်ပါ၊ ကမ္ဘာကြီးပူနွေးလာ၍ ရေခဲမြစ်များ ပျောက်ဆုံးနေရာ ထောင်ကဲအနေနဲ့ သု့ဆည်ကြီးထဲ ရေပြည့် အောင်ပင် အတော်စောင့်ရပါလိမ့်မယ်။ ဗြဟ္မပုတ္တရမြစ်အတွင်း ရေစီးဝင်မှုမှာ ယာလောင်းရှန်ပို တစ်ခုတည်း မဟုတ်။ ဂင်္ဂါ-ယမုံနာအပြင် အခြားမြစ်လက်တက်များစွာတို့မှ ရေစီးဝင်မှုများသာ အဓိကဖြစ်ပါတယ်။ တစ်ခုပဲ ရှိပါတယ်။ မုတ်သုန်ကာလ အဲ့ဒီဒေသမှာ သူ့ဖာသာ မြစ်ရေ ချောင်းရေ လျှံတက်လေ့ရှိတဲ့အတွက် တရုတ်က ဆည်ကြီးကို အချိန်ကိုက် မဖွင့်မိရန်သာ လိုအပ်ကြောင်း၊ တရုတ်အနေနဲ့ ငလျင်ဒဏ်ခံနိုင်မယ့် ဆည်ဆောက် လိမ့်မယ်လို့ မျှော်လင့်ရကြောင်း မကြာသေးခင်က အိန္ဒိယပညာရှင်များ ရေးသားချက်ကို ဖတ်ရပါတယ်။
ကျွန်တော်တို့ဆီက “မြစ်ဆုံဆည်” ဆိုသည်မှာ ချောင်းအကြီးစားသာသာပေါ်မှာ ဆည်ငယ် ၇-ခုကို စုပေါင်းခေါ် ဆိုနေခြင်း ဖြစ်ပါတယ်။ မေခ-မေလိခကို ဖြစ်ပေါ်စေတဲ့ ရေခဲမြစ်အတော်များလည်း ပျောက်ဆုံးနေတဲ့အတွက် ယနေ့ ကျွန်တော်တု့ိမြင်တွေ့နေရတဲ့ ဧရာဝတီမြစ်အတွင်း ရေအများစုမှာ မြစ်လက်များမှ စီးဝင်ရေနဲ့ မြစ်ကျဉ်း ကြီး ၄-ခုကြောင့်သာ ဖြစ်ပါတယ်။ ဒီအတွက် မြစ်ဆုံဆည်တည်ဆောက်၍ ယနေ့မြင်နေရတဲ့ ဧရာဝတီမှာ ဘာမှ ပြောင်းလဲမသွားနိုင်ပဲ၊ သေပျောက်ဆုံးရှုံးမှုများပြားလှတဲ့ နှစ်စဉ် ရေကြီးရေလျှံမှုများကိုပင် အတော်အသင့် လျော့ချကာကွယ်နိုင်ပါတယ်။ အဓိက အမြတ်ထွက်နိုင်တာက ကျွန်တော်တို့အသည်းအသန်လိုအပ်နေတဲ့ လျှပ်စစ်မီးပါ။
..

Zawgyi Version:
တ႐ုတ္ ေရအရင္းျမစ္ၿခိမ္းေျခာက္မႈကို အိႏၵိယက အႀကီးစားဆည္တည္ေဆာက္ျခင္းျဖင့္ ဆည္ကို ဆည္ခ်င္း တုံ႔ႏွင္းရန္စီစဥ္
HtayOung, #OungMarine (NP News)-ေအာက္တိုဘာ-၃
တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ “ယာေလာင္း ရွန္ပို” ျမစ္ေပၚက တ႐ုတ္ရဲ႕ ဧရာမ ေရအားလွ်ပ္စစ္စီမံကိန္း ကို တန္ျပန္ဖို႔အတြက္ အိႏၵိယကလည္း သူ႔ရဲ႕ အေရွ႕ေျမာက္ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္မွာ အႀကီး ဆုံးဆည္ႀကီးတစ္ခုကို တည္ေဆာက္ရန္ စီစဥ္ေနတယ္လို႔ AFP (1 October 2025) က ေရးပါတယ္။
ကမာၻ႔အႀကီးဆုံးလို႔ သတ္မွတ္ထားၾကတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ Three Gorges “ေခ်ာက္ကမ္းပါး ၃-ခု” ဆည္ႀကီးထက္ လွ်ပ္စစ္ဓာတ္အား ၃-ဆ ပိုမိုထုတ္လုပ္ႏိုင္တဲ့ “ယာရွာ ပေရာဂ်က္” ကို ေဒၚလာ ၁၆၇-ဘီလီယံ ကုန္က်ခံၿပီး ေပ က်င္းက ဆက္လက္လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္တာဝန္ရွိသူေတြကေတာ့ အဲ့ဒီ ဆည္ႀကီးဟာ ေရအရင္း ျမစ္ လုံၿခဳံစိတ္ခ်ရေရးနဲ႔ ေရလႊမ္းမိုးမႈထိန္းခ်ဳပ္ေရးကို အဓိက ရည္႐ြယ္တယ္လို႔ ေျပာေနပါတယ္။
ဟိမဝႏၲာ တိဗက္ေတာင္တန္း ေရခဲျမစ္မ်ားမွာ ျမစ္ဖ်ားခံတဲ့ ယာေလာင္းရွန္ပိုျမစ္ဟာ အေရွ႕ဘက္ကို စီးဆင္း ေနရာမွ အေနာက္ေတာင္ဘက္ကို ႐ုတ္တရက္ ေျပာင္းလဲသြားၿပီး အိႏၵိယႏိုင္ငံအတြင္း ေရာက္တဲ့အခါ ျဗဟၼပုတၱ ရျဖစ္သြားပါတယ္။ တဖန္ ဂဂၤါ-ယမုံနာတို႔နဲ႔ ေပါင္းဆုံၿပီး ပက္ဒ္မာျမစ္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျဖတ္သန္းၿပီး ဘဂၤလားပင္လယ္ေအာ္အတြင္း စီးဝင္ပါတယ္။
အိႏၵိယရဲ႕ အႀကံအစည္ကေတာ့ ေပ ၉၁၀ ခန႔္ျမင့္မားတဲ့ နံရံႀကီးရဲ႕ေနာက္မွာ အိုလံပစ္ေရကူးကန္ေပါင္း ေလး သန္းနဲ႔ ညီမွ်တဲ့ ကုဗမီတာ ၉.၂ ဘီလီယံဆံ ေရေလွာင္ကန္တစ္ခု ဖန္တီးဖို႔ျဖစ္ပါတယ္။ လွ်ပ္စစ္ဓာတ္အား ၁၁,၆၀၀ မဂၢါဝပ္အထိ ထုတ္လုပ္ႏိုင္မယ္ဆိုေပမယ့္ တ႐ုတ္ႏိုင္ငံဘက္က ေရလမ္းေၾကာင္းလႊဲျခင္း သို႔မဟုတ္ ႐ုတ္တရက္ ေရထုတ္လႊတ္လိုက္မယ္ဆိုရင္ အဖြင့္အပိတ္ လုပ္ေပးႏိုင္မယ့္ လုံၿခဳံေရး ေရထိန္းတံခါးသဖြယ္ျဖစ္ လိမ့္မယ္လို႔ တာဝန္ရွိသူမ်ားက သုံးသပ္ထားပါတယ္။
တ႐ုတ္ကေတာ့ သူ႔ရဲ႕ ေရကာတာာႀကီးဟာ ျမစ္ေအာက္ပိုင္းႏိုင္ငံမ်ားကို ဒုကၡေပးမည္ မဟုတ္ေၾကာင္း၊ ေရကာ တာႀကီးကို “ဗုံးခြဲလိုက္သလို” ဖြင့္ခ်ၿပီး ေရလႊမ္းမိုးေအာင္ လုပ္မယ္လို႔ ေျပာဆိုေနၾကျခင္းဟာ အေျခအျမစ္ မရွိ ဘူးလို႔ ေျပာပါတယ္။ တစ္ဖက္မွာလည္း ယာေလာင္းရွန္ပို ျမစ္ေအာက္ပိုင္း ႏွစ္ႏိုင္ငံနယ္စပ္ (ျမန္မာႏိုင္ငံ ကခ်င္ ျပည္နယ္ အေနာက္ဘက္) အာ႐ူနာခ်ယ္ ပရာဒက္ရွ္ျပည္နယ္ကို ပိုင္ဆိုင္တယ္လို႔ ေျပာဆိုေနတဲ့ အိႏၵိယနဲ႔ လည္း အျငင္းပြားေနရပါတယ္။
ဒါေပမယ့္ အဲ့ဒီဧရိယာနဲ႔ အနီးဆုံးအႀကဳံးဝင္တဲ့ “ရီးယူး” ေက်း႐ြာေန “အဒီး” လူမ်ိဳးစုေတြကေတာ့ “ဆည္မ ေဆာက္မွ သူတို႔ေတြ ရွင္သန္ေနထိုင္ႏိုင္လိမ့္မယ္” လို႔ ေျပာေနပါတယ္။ အိႏၵိယက တည္ေဆာက္မယ့္ ဆည္ ေၾကာင့္ သူတို႔ေနထိုင္ရာ နယ္ေျမ၊ ယဥ္ေက်းမႈနဲ႔ေနအိမ္မ်ား ပ်က္စီးသြားလိမ့္မယ္လို႔ ယုံၾကည္ေန ၾကေၾကာင္း ကန႔္ကြက္ဆႏၵျပသူ ေခါင္းေဆာင္ “တာပီရ္ ဂ်မို” က အဆိပ္လူးျမႇားနဲ႔ေလးကို လက္တစ္ဖက္က ကိုင္ရင္း ရွင္း ျပပါတယ္။ ေက်း႐ြာသားေတြဟာ စစ္တမ္းေကာက္ယူမႈမ်ားကို တားဆီးခဲ့ၿပီး စမ္းသပ္တိုင္းတာေရး စက္ယႏၲရား မ်ားကို ေဒါသတႀကီး မီးရႈိ႕ဖ်က္ဆီးခဲ့ၾကပါတယ္။
အိႏၵိယရဲ႕ “ဆည္ကို ဆည္ခ်င္း တုန႔္ႏွင္းမယ့္အစီအစဥ္” ဟာ အႀကီးစားငလ်င္မ်ား မၾကာခဏလႈပ္ေလ့ရွိတဲ့ ေနရာေဒသမ်ားမွာ အၿပိဳင္အဆိုင္ ဖိအားစြက္ဖက္မႈကို ျဖစ္ေပၚေစၿပီး ႏွစ္ႏိုင္ငံ တင္းမာမႈမ်ားကို ပိုမိုဆိုး႐ြား ေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ပိုမိုပြင့္လင္းျမင္သာတဲ့ ေရအရင္းအ ျမစ္ခြဲေဝမႈဆိုင္ရာ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားကို ျပဳလုပ္သင့္တယ္လို႔ တိုက္တြန္းထားပါတယ္။
ကန႔္ကြက္ဆႏၵျပမႈမ်ားရွိေနသည့္တိုင္ အိႏၵိယရဲ႕ယခင္စီမံကိန္းေတြက နယူးေဒလီအေနနဲ႔ အေလ်ာ့ေပး ေနာက္ဆုတ္သြားမွာ မဟုတ္ေၾကာင္း ေဖာ္ျပေနပါတယ္။ အဒီး လူမ်ိဳးစု တာပီရ္ ဂ်မိုကေတာ့ "က်ဳပ္တို႔ကလဲ အဆုံးထိ တိုက္ပြဲဝင္သြားရမွာပဲ” လို႔ ေျပာေနပါတယ္။
.
(တ႐ုတ္ရဲ႕ ယခုဆည္ႀကီးကို ေဖာက္ခ်လ်င္ အေရွ႕ေတာင္အာရွတစ္ခုလုံး ေရႀကီးေရလ်ံျဖစ္သြားမယ္ လို႔ မၾကာ ေသးခင္က အြန္လိုင္းေရးသားခ်က္ကို ဖတ္ရပါတယ္။ အာဖဂန္နစၥတန္-ပါကစၥတန္-အိႏၵိယ-နီေပါ-ဘူတန္-ဘဂၤ လားေဒ့ရွ္-ေမာလ္ဒိုက္-သီရိလကၤာတို႔မွာ ေတာင္အာရွသာျဖစ္ပါတယ္။ ခ်င္းေတာင္တန္းနဲ႔ ရခိုင္႐ိုးမတို႔ဟာ ေတာင္အာရွနဲ႔ အေရွ႕ေတာင္အာရွကို ပိုင္းျခားမ်ဥ္းျဖစ္ၿပီး ယဥ္ေက်းမႈ-ဘာသာစကားနဲ႔ သမိုင္းေၾကာင္းဆိုင္ရာ မွာ သိသာစြာ ကြဲျပားသြားပါတယ္။
ယာေလာင္းရွန္ပိုျမစ္မွ ဆည္ႀကီးကို တ႐ုတ္က ေဖာက္ခ်သည့္တိုင္ အိႏၵိယ-ဘဂၤလားေဒ့ရွ္တြင္ ေရႀကီး ေရလ်ံ မျဖစ္ပါ၊ ကမာၻႀကီးပူေႏြးလာ၍ ေရခဲျမစ္မ်ား ေပ်ာက္ဆုံးေနရာ ေထာင္ကဲအေနနဲ႔ သု႔ဆည္ႀကီးထဲ ေရျပည့္ ေအာင္ပင္ အေတာ္ေစာင့္ရပါလိမ့္မယ္။ ျဗဟၼပုတၱရျမစ္အတြင္း ေရစီးဝင္မႈမွာ ယာေလာင္းရွန္ပို တစ္ခုတည္း မဟုတ္။ ဂဂၤါ-ယမုံနာအျပင္ အျခားျမစ္လက္တက္မ်ားစြာတို႔မွ ေရစီးဝင္မႈမ်ားသာ အဓိကျဖစ္ပါတယ္။ တစ္ခုပဲ ရွိပါတယ္။ မုတ္သုန္ကာလ အဲ့ဒီေဒသမွာ သူ႔ဖာသာ ျမစ္ေရ ေခ်ာင္းေရ လွ်ံတက္ေလ့ရွိတဲ့အတြက္ တ႐ုတ္က ဆည္ႀကီးကို အခ်ိန္ကိုက္ မဖြင့္မိရန္သာ လိုအပ္ေၾကာင္း၊ တ႐ုတ္အေနနဲ႔ ငလ်င္ဒဏ္ခံႏိုင္မယ့္ ဆည္ေဆာက္ လိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း မၾကာေသးခင္က အိႏၵိယပညာရွင္မ်ား ေရးသားခ်က္ကို ဖတ္ရပါတယ္။
ကြၽန္ေတာ္တို႔ဆီက “ျမစ္ဆုံဆည္” ဆိုသည္မွာ ေခ်ာင္းအႀကီးစားသာသာေပၚမွာ ဆည္ငယ္ ၇-ခုကို စုေပါင္းေခၚ ဆိုေနျခင္း ျဖစ္ပါတယ္။ ေမခ-ေမလိခကို ျဖစ္ေပၚေစတဲ့ ေရခဲျမစ္အေတာ္မ်ားလည္း ေပ်ာက္ဆုံးေနတဲ့အတြက္ ယေန႔ ကြၽန္ေတာ္တု႔ိျမင္ေတြ႕ေနရတဲ့ ဧရာဝတီျမစ္အတြင္း ေရအမ်ားစုမွာ ျမစ္လက္မ်ားမွ စီးဝင္ေရနဲ႔ ျမစ္က်ဥ္း ႀကီး ၄-ခုေၾကာင့္သာ ျဖစ္ပါတယ္။ ဒီအတြက္ ျမစ္ဆုံဆည္တည္ေဆာက္၍ ယေန႔ျမင္ေနရတဲ့ ဧရာဝတီမွာ ဘာမွ ေျပာင္းလဲမသြားႏိုင္ပဲ၊ ေသေပ်ာက္ဆုံးရႈံးမႈမ်ားျပားလွတဲ့ ႏွစ္စဥ္ ေရႀကီးေရလွ်ံမႈမ်ားကိုပင္ အေတာ္အသင့္ ေလ်ာ့ခ်ကာကြယ္ႏိုင္ပါတယ္။ အဓိက အျမတ္ထြက္ႏိုင္တာက ကြၽန္ေတာ္တို႔အသည္းအသန္လိုအပ္ေနတဲ့ လွ်ပ္စစ္မီးပါ။
..