DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု နှင့် PDF အမည်ခံအဖွဲ့ဝင် ၃၀ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

289

ပီယ (NP News) - စက်တင်ဘာ ၃
DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု နှင့် PDF အမည်ခံအဖွဲ့ဝင် ၃၀ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ဝင်ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများမှာ DPLA အဖွဲ့ဝင် ၁၂ ဦး၊ KNDF အဖွဲ့ဝင် ၁ ဦး၊ PNLO အဖွဲ့ဝင် ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစု အဖွဲ့ဝင် ၁ ဦး၊ PDF အမည် ခံအဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၃၀ ဦးဖြစ်ကာ တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို စက်တင်ဘာလ ၃ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားပြီး တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးဆိုင်ရာပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် AK-47 ၁ လက်၊ M-22 ၃ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
DPLA ၊ KNDF ၊ PNLO ၊ ကရင္နီအမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေပါင္းစု ႏွင့္ PDF အမည္ခံအဖြဲ႕ဝင္ ၃၀ ဦးတို႔သည္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္
ပီယ (NP News) - စက္တင္ဘာ ၃
DPLA ၊ KNDF ၊ PNLO ၊ ကရင္နီအမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေပါင္းစု ႏွင့္ PDF အမည္ခံအဖြဲ႕ဝင္ ၃၀ ဦးတို႔သည္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ဝင္ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္လာၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ အဖြဲ႕ဝင္မ်ားႏွင့္ PDF အမည္ခံအဖြဲ႕မ်ားမွ အဖြဲ႕ဝင္မ်ားသည္ အတင္းအဓမၼစုေဆာင္းခံၾကရျခင္း၊ အၾကမ္းဖက္အဖြဲ႕မ်ား၏ အက်ိဳးစီးပြားအတြက္ အျပစ္မဲ့ ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ သတ္ျဖတ္ျခင္း၊ စစ္ေရး ပစ္မွတ္မဟုတ္သည့္ အေျခခံအေဆာက္အအုံမ်ား၊ လမ္း၊ တံတားမ်ားကို မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္ ေတာ့ျခင္း၊ ၎အဖြဲ႕မ်ားအတြင္း၌ပင္ လူမ်ိဳးေရးခြဲျခားဆက္ဆံမႈႏွင့္ အဆင့္အတန္း ခြဲျခား၍ အခ်င္းခ်င္းဗိုလ္က် ႏွိပ္စက္၊ သတ္ျဖတ္ျခင္း၊ အဓမၼမႈမ်ားက်ဴးလြန္ျခင္း၊ အေနအစား ဆင္းရဲ၍ ပင္ပန္းဆင္းရဲစြာေနထိုင္ရျခင္းႏွင့္တပ္မေတာ္၏ တိုက္စစ္ကို ခုခံႏိုင္ေတာ့ျခင္းမရွိဘဲ စိတ္ဓာတ္က်ဆင္းလာျခင္းတို႔အျပင္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္၍ ၎တို႔ေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ ျပန္လည္အက်ိဳးျပဳလိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အား စြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္းျပန္လည္ဝင္ေရာက္လာၾကသူမ်ားမွာ DPLA အဖြဲ႕ဝင္ ၁၂ ဦး၊ KNDF အဖြဲ႕ဝင္ ၁ ဦး၊ PNLO အဖြဲ႕ဝင္ ၄ ဦး၊ ကရင္နီအမ်ိဳးသားလြတ္ေျမာက္ေရး တပ္ေပါင္းစု အဖြဲ႕ဝင္ ၁ ဦး၊ PDF အမည္ ခံအဖြဲ႕ဝင္ ၁၂ ဦး၊ စုစုေပါင္း ၃၀ ဦးျဖစ္ကာ တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို စက္တင္ဘာလ ၃ ရက္တြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ သံလြင္ခန္းမ၌ ျပဳလုပ္ရာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္၊ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ႏိုင္ေဇာ္ဦးႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ လာခဲ့ၾကသူမ်ားႏွင့္ ၎တို႔၏ မိဘမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ဦးစြာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က အမွာစကားမ်ား အသီးသီးေျပာၾကားၿပီး တာဝန္ရွိသူတစ္ဦးက နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုး ေရးဆိုင္ရာပုဒ္မမ်ားႏွင့္ပတ္သက္၍ အသိပညာေပးရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ဥပေဒေဘာင္အတြင္း ျပန္လည္ ဝင္ေရာက္ခဲ့ၾကသူမ်ားက ၎တို႔ႏွင့္အတူ ပါရွိလာသည့္ AK-47 ၁ လက္၊ M-22 ၃ လက္၊ ခဲယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားကို လႊဲေျပာင္းအပ္ႏွံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က လက္ခံရယူၾကသည္။
ယင္းေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားက လက္နက္ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအား ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ကာ ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္ လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသူမ်ားအား ျပန္လည္ ႀကိဳဆိုလက္ခံ၍ လိုအပ္သည့္ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးကာ မိဘအုပ္ထိန္းသူမ်ား ထံသို႔ စနစ္တက်ျပန္လည္လႊဲအပ္ေပးလ်က္ရွိရာ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္း သိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္ သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံၿပီး လိုအပ္သည့္ကူညီ ေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။