စိုက်ပျိုးရေးထွက်ကုန်ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှတန်ဖိုးမြှင့်ကုန်ပစ္စည်းထုတ်လုပ်သည့် အဆင့်သို့ တက်လှမ်းနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

85

သက်ပိုင် (NP News) - အောက်တိုဘာ ၄
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်းထုတ်လုပ်သည့်အဆင့်သို့ တက်လှမ်းနိုင်ရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၃) ရက်က စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၅) တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အဓိကပါဝင်နေသည်ကို တွေ့ရှိရကြောင်းနှင့် မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝပြီး ငယ်ရွယ်နုပျိုသည့် လူသားအရင်းအမြစ်များရှိကြောင်းပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် ရေမြေသဘာဝကောင်းမွန်၍ ကျယ်ဝန်းသည့် စိုက်ပျိုးမြေများလည်းရှိသည့်အတွက် အစဉ်အဆက်စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြကာ နိုင်ငံ၏ စားရေရိက္ခာကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးပုံစံများ လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်းထုတ်လုပ်သည့်အဆင့်သို့တက်လှမ်းနိုင်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကုန်ထုတ်လုပ်မှုတိုးမြှင့်စေရေးအတွက် ခေတ်မီနည်းပညာသုံးစွဲခြင်းကိုအားပေးကာ ပြည်တွင်းထုတ်ကုန်များ၏ စံချိန်စံညွှန်းနှင့်အရည်အသွေးကို နိုင်ငံတကာအဆင့်မီစေရန် သတ်မှတ်ပြဋ္ဌာန်းပြီး အရည်အသွေးထိန်းချုပ်ခြင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဖန်တီးနိုင်ရန်အတွက် အထောက်အပံ့များပေးရမည်ဖြစ်ကြောင်းနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း အသက်မွေး ဝမ်းကျောင်းပညာရေးစနစ်များ တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းခွင်စွမ်းရည်မြှင့်သင်တန်းများဖန်တီးပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သင့်လျော်သည့်လုပ်ခလစာကို အာမခံပေးခြင်းဖြင့် ၎င်းတို့၏ စိတ်ဓာတ်နှင့်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။

Zawgyi Version:
စိုက္ပ်ိဳးေရးထြက္ကုန္ကုန္ၾကမ္းထုတ္လုပ္သည့္အဆင့္မွတန္ဖိုးျမႇင့္ကုန္ပစၥည္းထုတ္လုပ္သည့္ အဆင့္သို႔ တက္လွမ္းႏိုင္ရန္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ေျပာၾကား
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၄
ျမန္မာႏိုင္ငံအေနျဖင့္ စိုက္ပ်ိဳးေရးထြက္ကုန္ ကုန္ၾကမ္းထုတ္လုပ္သည့္အဆင့္မွ Value Added တန္ဖိုးျမႇင့္ကုန္ပစၥည္းထုတ္လုပ္သည့္အဆင့္သို႔ တက္လွမ္းႏိုင္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာ (၃) ရက္က စက္မႈဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌က်င္းပသည့္ စက္မႈလုပ္ငန္းႏွင့္စက္မႈဇုန္ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုေကာ္မတီအစည္းအေဝး(၁/၂၀၂၅) တြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္(၄)ရပ္အနက္ “ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳး တိုးတက္ေရး၌ အဓိကႏွင့္အေျခခံအုတ္ျမစ္ျဖစ္သည့္ စိုက္ပ်ိဳးေရးက႑စဥ္ဆက္မျပတ္တိုးတက္၍ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ စက္မႈက႑(Agro-based Industries) ဖြံ႕ၿဖိဳးတိုးတက္မႈမွသည္ ျပည္သူတို႔၏လူမႈစီးပြားဘဝကို စဥ္ဆက္မျပတ္ျမႇင့္တင္ေရး”ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ စက္မႈဇုန္မ်ားဖြံ႕ၿဖိဳးတိုးတက္ေရးသည္လည္း အဓိကပါဝင္ေနသည္ကို ေတြ႕ရွိရေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ သဘာဝသယံဇာတေပါႂကြယ္ဝၿပီး ငယ္႐ြယ္ႏုပ်ိဳသည့္ လူသားအရင္းအျမစ္မ်ားရွိေၾကာင္းေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔အျပင္ ေရေျမသဘာဝေကာင္းမြန္၍ က်ယ္ဝန္းသည့္ စိုက္ပ်ိဳးေျမမ်ားလည္းရွိသည့္အတြက္ အစဥ္အဆက္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားလုပ္ကိုင္ခဲ့ၾကကာ ႏိုင္ငံ၏ စားေရရိကၡာကို ျဖည့္ဆည္းေပးႏိုင္ခဲ့ေၾကာင္းႏွင့္ ယေန႔ကမာၻႀကီးတြင္ စီးပြားေရးပုံစံမ်ား လ်င္ျမန္စြာတိုးတက္ေျပာင္းလဲေနသည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ စိုက္ပ်ိဳးေရးထြက္ကုန္ ကုန္ၾကမ္းထုတ္လုပ္သည့္အဆင့္မွ Value Added တန္ဖိုးျမႇင့္ကုန္ပစၥည္းထုတ္လုပ္သည့္အဆင့္သို႔တက္လွမ္းႏိုင္ရန္လိုေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ကုန္ထုတ္လုပ္မႈတိုးျမႇင့္ေစေရးအတြက္ ေခတ္မီနည္းပညာသုံးစြဲျခင္းကိုအားေပးကာ ျပည္တြင္းထုတ္ကုန္မ်ား၏ စံခ်ိန္စံၫႊန္းႏွင့္အရည္အေသြးကို ႏိုင္ငံတကာအဆင့္မီေစရန္ သတ္မွတ္ျပ႒ာန္းၿပီး အရည္အေသြးထိန္းခ်ဳပ္ျခင္း၊ သုေတသနႏွင့္တီထြင္ဆန္းသစ္မႈဖန္တီးႏိုင္ရန္အတြက္ အေထာက္အပံ့မ်ားေပးရမည္ျဖစ္ေၾကာင္းႏွင့္ လူစြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္လည္း အသက္ေမြး ဝမ္းေက်ာင္းပညာေရးစနစ္မ်ား တိုးျမႇင့္ေပးျခင္း၊ လုပ္ငန္းခြင္စြမ္းရည္ျမႇင့္သင္တန္းမ်ားဖန္တီးေပးျခင္း၊ အလုပ္သမားမ်ား၏ လုပ္ငန္းခြင္အႏၲရာယ္ကင္းရွင္းေရးႏွင့္ သင့္ေလ်ာ္သည့္လုပ္ခလစာကို အာမခံေပးျခင္းျဖင့္ ၎တို႔၏ စိတ္ဓာတ္ႏွင့္ကုန္ထုတ္စြမ္းအားကို ျမႇင့္တင္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္းကိုလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္ဟု သိရသည္။