Seoul International Drama Awards 2025 မှာ IU က အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိ

 172

ရောင်နီ (NP News) - အောက်တိုဘာ ၄
အဆိုတော်၊ သရုပ်ဆောင် IU ဟာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ Seoul International Drama Awards 2025 မှာ ထူးချွန် ကိုရီးယားဒရာမာ အမျိုးသမီးဇာတ်ဆောင်ဆု (သို့) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ယိုအီဒို ရှိ KBS Hall မှာ အောက်တိုဘာ ၂ ရက် မွန်းလွဲ ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အစီအစဉ်တင်ဆက်သူ ဂျောင်ဒိုယွန်း နဲ့ သရုပ်ဆောင် အို့ထေးယွန်တို့က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ IU ဟာ Netflix ဒရာမာ 'When Life Gives You Tangerines' ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပြီး " When Life Gives You Tangerines ကို ချစ်တဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ်” “ဒီဆုကို စာရေးဆရာ လင်ဆန်ချွန်း၊ ဒါရိုက်တာ ကင်ဝမ်ဆော့ခ် နဲ့ ဇာတ်လမ်း ထုတ်လုပ်ရေးဝန်ထမ်းအားလုံးကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်" လို့ IU က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
IU ဟာ Baeksang art award(2025) ဆုပေးပွဲမှာ ဆုဆွတ်ခူးနိုင်ခြင်း မရှိပေမယ့် 4th Blue Dragon Series Awards နဲ့ Seoul International Drama Awards မှာတော့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူး နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version:
Seoul International Drama Awards 2025 မွာ IU က အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄
အဆိုေတာ္၊ သ႐ုပ္ေဆာင္ IU ဟာ ေအာက္တိုဘာ ၂ ရက္က က်င္းပတဲ့ Seoul International Drama Awards 2025 မွာ ထူးခြၽန္ ကိုရီးယားဒရာမာ အမ်ိဳးသမီးဇာတ္ေဆာင္ဆု (သို႔) အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္။
အခမ္းအနားကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ယိုအီဒို ရွိ KBS Hall မွာ ေအာက္တိုဘာ ၂ ရက္ မြန္းလြဲ ပိုင္းက က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီပြဲကို အစီအစဥ္တင္ဆက္သူ ေဂ်ာင္ဒိုယြန္း နဲ႔ သ႐ုပ္ေဆာင္ အို႔ေထးယြန္တို႔က အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ IU ဟာ Netflix ဒရာမာ 'When Life Gives You Tangerines' ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့တာျဖစ္ၿပီး " When Life Gives You Tangerines ကို ခ်စ္တဲ့ သူတိုင္းကို ေက်းဇူးတင္ပါတယ္” “ဒီဆုကို စာေရးဆရာ လင္ဆန္ခြၽန္း၊ ဒါ႐ိုက္တာ ကင္ဝမ္ေဆာ့ခ္ နဲ႔ ဇာတ္လမ္း ထုတ္လုပ္ေရးဝန္ထမ္းအားလုံးကို ဂုဏ္ျပဳျခင္းျဖစ္ပါတယ္" လို႔ IU က ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။
IU ဟာ Baeksang art award(2025) ဆုေပးပြဲမွာ ဆုဆြတ္ခူးႏိုင္ျခင္း မရွိေပမယ့္ 4th Blue Dragon Series Awards နဲ႔ Seoul International Drama Awards မွာေတာ့ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ဆြတ္ခူးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.