သီတင်းကျွတ် မီးထွန်းပွဲတော်ဆိုသည်မှာ

139

NP News - အောက်တိုဘာ ၅
‘‘ကီးကီးတို့ပေါက်စီတို့ လာကြဦးဟေ့”
‘‘ဘာလဲ ဖေဖေ။ မုန့်ကျွေးမလို့လား”
‘‘အေး ဖေဖေပြောပြတာ ခဏလေးပဲ နားထောင်၊ မုန့်စားရမယ်”
‘‘ဝေး ဟေး ဟေး အရမ်းမိုက်တယ်။ ဖေဖေ ဘာပြော မလို့လဲ။ သီတင်းကျွတ်လအကြောင်းပြောမလို့မ ဟုတ်လား”
‘‘ဟေ သားက ဘယ်လိုသိလဲ”
‘‘လွယ်ပါတယ်။ မကြာခင် သီတင်းကျွတ်တော့မယ်၊ ဖေဖေက နံရံမှာရှိတဲ့ပြက္ခဒိန်ကို မကြာမကြာလှမ်း ကြည့်တယ်။ လက်ထဲမှာလည်း (၁၂)လရာသီပွဲတော် များအကြောင်းစာအုပ်ကိုကိုင်ထားတယ်”
‘‘တော်နေပြန်ရော ဆားပုလင်း ကီးကီးရယ်”
‘‘သီတင်းကျွတ်လဆိုတာ မီးထွန်းပွဲတော်ကျင်းပတဲ့လ လေ။ ဒီလောက်တော့ သမီးလည်းသိပါတယ်”
‘‘အင်း ဟုတ်တယ်။ ဘာဖြစ်လို့ မီးထွန်းပွဲတော်ကျင်းပ ကြတာလဲသိကြလား”
‘‘ဒီလိုကွဲ့။ ဒီအကြောင်းပြောရမယ်ဆိုရင် သီတင်းကျွတ်လဆိုတာကနေစပြောရလိမ့်မယ်။ သီတင်းကျွတ်ဟာ (၁၂)လ ရှိတဲ့ မြန်မာပြက္ခဒိန်မှာ သတ္တမမြောက်လ၊ ရာသီခွင်အနေနဲ့ တူရာသီ၊ အဿဝတီ ကြယ်နဲ့လမင်းကြီးတို့ စန်းယှဉ်ပြီး မွန်းဝတည့်တဲ့ကာလဖြစ်တယ်။ ဝါဆိုလက စတင်တဲ့ ဝါတွင်း (၃)လမှာ နောက်ဆုံးလဖြစ်ပြီး ရာသီအထိမ်းအမှတ်က ကြာ ဖြူပန်းဖြစ်တယ်ဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ မှတ်သားသင့်တယ်။
ရှေးမြန်မာ ပုဂံခေတ်ကျောက်စာတွေမှာ သီတင်းကျွတ်လကို ‘သန္တုလ(သန်တူလ)’လို့ ရေးထိုးခဲ့ ကြောင်းတွေ့ရှိ ရပြီး တောင်သူလယ်သမားတွေစိုက်ပျိုးထားတဲ့ စပါးသီးနှံတွေ ထောင်မတ်သန်စွမ်းတဲ့လ ဖြစ်တဲ့အတွက် အဲဒီလိုခေါ် ဝေါ်ခဲ့ကြတယ်ပြောတာပဲ။ မိုးရာသီ ‘ဝဿန္တ’မှ ‘သန်’နဲ့ တူရာသီချိန်ခွင်ပုံ ကြယ် တာရာနက္ခတ်တို့စုဝေးတဲ့ကာလမှ ‘တူ’ကိုယူပြီး သန်+တူ= သန်တူလ လို့ခေါ်ဆိုကြောင်း အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပေမယ့် အငြင်းပွားမှုရှိပါတယ်။ ပုဂံခေတ် ဦးမှာ သန်တူလဖြစ်ပေမယ့် ခရစ်နှစ် (၁၂၁၂) ခုနှစ် ထိုးတုရွင်းတောင် စောရဟန်း သိမ်ကျောက်စာရဲ့ စာသား တစ်နေရာမှာ ‘သတင်းချွတ်’ဆိုတဲ့ဝေါဟာရကို ရှေးဦးဆုံးတွေ့ရပါတယ်။
အင်းဝခေတ် (၁၃၆၄-၁၅၅၅ ခုနှစ်)မှ မြန်မာ နောက်ဆုံးမင်းဆက် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅-ခုနှစ်)အထိ သမိုင်းတစ်လျှောက် ‘သီတင်းကျွတ်’ လို့ အတည်ဖြစ်လာရခြင်းမှာ ဗုဒ္ဓဘာသာကို အခြေခံ တာသေချာပါတယ်။ သီတင်း ကျွတ်လပြည့်နေ့ဟာ ရဟန်း၊ သံဃာတော်တို့ ကျောင်းအာရာမ်များအတွင်း ဝါတွင်း သုံးလကြာ သီတင်းသုံးနေထိုင်ခြင်းမှ ကျွတ်လွတ်တဲ့ ‘ဝါကျွတ်’ကာလဖြစ်တယ်။ သတင်းသီလ စောင့်ထိန်းသူတို့က ချွတ်လွှတ်ကုန်ဆုံးပြီဖြစ်ကြောင်း သတင်းချွတ်နဲ့ ဝါကျွတ်စကားကိုတွဲဖက်ပြီး ‘သီတင်းကျွတ်’ဆိုတဲ့စကားဖြစ်ပေါ်လာတယ်လို့ ယူဆကြတယ်။ သာသနာ ကျမ်းအလိုအရ ဝါဆိုလပြည့်နေ့မှစပြီး ဝါတွင်းသုံးလ၊ ရက်ပေါင်း (၉၀)၊ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ သီတင်းကျွတ်တဲ့အတွက် ‘သီတင်းကျွတ်လ’လို့ခေါ်ဆိုကြောင်းသိရတယ်။
သီတင်းကျွတ်လမှာ မီးထွန်းပွဲတော် ကျင်းပခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀ဝ)ကျော် ဂေါတမဘုရား ရှင်လက်ထက်ကစတင်ခဲ့တဲ့အထိမ်းအမှတ်လို့ ယူဆရတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ဝါကပ်တော်မူပြီး မဟာမာယာဒေဝီ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတ နတ်သားအမှူးပြုပြီး စကြဝဠာအနှံ့ နတ်ဗြဟ္မာတို့ကို ‘အဘိဓမ္မာတရား’ ဟောကြားတော်မူခဲ့တယ်။
တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူတဲ့အခါ မြတ်စွာဘုရားရှင်ကိုကြိုဆိုတဲ့အနေနဲ့ ဆီမီးထွန်းပူဇော်ခဲ့ကြတာကိုအကြောင်းပြုပြီး အစဉ်အလာ မပျက် သီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်လာတာပဲ “ဒါဆို ဟိုးအရင် မြန်မာဘုရင်တွေခေတ်တည်းက မီး ထွန်းပွဲတော်ရှိခဲ့တယ်လို့ပြောတာလား ဖေဖေ”
‘‘အဲဒီလိုလည်း အတိအကျ ပြောလို့မရဘူး၊ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်(၁၀၈၄-၁၁၁၃)၊ ခရစ် နှစ် (၁၁၁၂)ခုနှစ်ခန့်ကရေးထိုးခဲ့တဲ့ မြကန်သာ ကျောက်စာခေါ် မိဖုရား စောမင်းနွယ်ကျောက်စာနဲ့ နရသီဟပတေ့မင်း လက်ထက် (၁၂၀၇)ခုနှစ်မှာရေး ထိုးခဲ့တဲ့ အာနန္ဒသူရိယကျောက်စာတွေမှာ သီတင်း ကျွတ်လ ဆီမီးလှူဒါန်းခြင်း၊ ဆွမ်း ကပ်လှူခြင်းတွေပြု လုပ်တယ်လို့တွေ့ရတယ်။
ပုဂံခေတ် ဗိသုကာလက်ရာ ဂူဘုရားတွေမှာ ဆီမီးခုံတွေ၊ ဆီမီးအိုးတွေထားရှိတဲ့နေရာတွေ ကျန်ရှိနေ တာဟာ အဲဒီခေတ်က အလင်းမီးထွန်းညှိပူဇော်မှုတွေရှိခဲ့ကြောင်း သွယ်ဝိုက်ပြောပြနေသလိုပါပဲ။ ရာဇဝင် ကျမ်းတွေနဲ့ ဒေသန္တရ မှတ်တမ်းတွေမှာလည်း ပုဂံခေတ်ကတည်းက ဘုရားပွဲတော်တွေကျင်းပခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကျောက်စာတွေမှာ ‘သီတင်းကျွတ်လပြည့်နေ့ ဆီမီးလှူဒါန်းခြင်း}ဓလေ့ရှိကြောင်းကိုသာ အတိအ ကျ သက်သေပြနိုင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ခေတ်ကျင်းပကြသလို မြို့ပြကျေးလက်မကျန် စည်ကားသိုက်မြိုက် စွာမီးထွန်း ကြတဲ့ ပွဲတော်အသွင် ကျင်းပမှု ရှိမရှိကိုမူ တိုက်ရိုက်ပြောထားတာမျိုးမရှိပါဘူး၊ ခိုင်လုံတဲ့ ကျောက်စာအထောက် အထားတွေအရ ပုဂံခေတ် ကတည်းက သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းညှိ လှူဒါန်းမှုဓလေ့ရှိခဲ့တယ်ဆိုရင် ‘မြန်မာ့ဓလေ့ သီတင်းကျွတ်မီးထွန်းပွဲတော်’ရဲ့မူလအစဟာ အနည်းဆုံး ပုဂံခေတ်ထက်နောက်မကျဘူးလို့ မှတ် ယူနိုင်ပြီး၊ နှစ်ပေါင်း (၉၀ဝ) ကျော်သက်တမ်းရှိတဲ့ ရိုးရာပွဲတော် ကြီးတစ်ခုဖြစ်နေပါတယ်။
ခုခေတ် သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄)ရက်(အဖိတ်နေ့)၊ သီတင်း ကျွတ်လ ပြည့်နေ့ (ဥပုသ်နေ့)နဲ့ သီတင်းကျွတ်လပြည့် ကျော် (၁)ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပကြတယ်။ မြန်မာနိုင်ငံမှာ တော့ သင်္ကြန်ပြီးရင် ဒုတိယ မြောက်အစည်ကားဆုံးပေါ့။”
“တခြားနိုင်ငံတွေမှာကော သီတင်းကျွတ်မီးထွန်း ပွဲတော်ရှိသလားဖေဖေ”
“ရှိတယ် ကီးကီးရဲ့။ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးပါတဲ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့် မြန်မာနိုင်ငံအပြင် ထေရဝါဒထွန်းကားတဲ့အာရှတိုင်းပြည်တွေမှာ ဓလေ့အမျိုးမျိုးနဲ့ကျင်းပကြပါတယ်။ ဒါပေမဲ့ ပွဲတော်အမည် နဲ့ ကျင်းပပုံတော့မတူကြဘူး”
“ထိုင်းနိုင်ငံမှာ ဝန်ချောင်ပန်ဆာ ဝါဆိုပွဲတော်အဖြစ် မီးထွန်းညှိတာ၊ မီးရှူးမီးပန်းတွေ ပစ်လွှတ်တာ၊ ဘုရား ကျောင်းကန်တွေကို သွားရောက်ပူဇော်တာတို့ ပြုလုပ်လေ့ရှိတယ်။ လာအိုနိုင်ငံမှာ ကျေးဇူးသိတတ် ခြင်းသင်္ကေတအဖြစ် လူကြီးမိဘတွေကို ရှိခိုးကန်တော့တာ၊ အစားအစာပေးလှူတာတွေကိုပြုလုပ်ကြတယ်။ ကမ္ဘောဒီးယားမှာတော့ နေ့ဘက်မှာ ဘိုးဘွားတို့ကိုအလှူဒါနပြုကြပြီး ညဘက်မှာ ဆီမီး၊ ဖယောင်း တိုင်တွေ ထွန်းညှိပူဇော်ကြပါတယ်။ သီရိလင်္ကာနိုင်ငံမှာ စီးတော်ယာဉ်ပွဲတွေကျင်းပကြပြီး နီပေါနိုင်ငံရဲ့ဒေသတချို့မှာ ဝါဆိုပွဲအထိမ်းအမှတ်ပူဇော်ပွဲတွေ ကျင်းပတတ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာ တော်တို့အနေနဲ့ မိမိတို့မှာ အပြစ်ရှိခဲ့ပါက သတိပေး ဆုံးမနိုင်ရန်နဲ့ ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ပင့်ဖိတ်ကြရတဲ့ “ပဝါရဏာနေ့” လည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တွေဟာ သီတင်းကျွတ် ကျရောက်ချိန်တိုင်း မိဘဘိုးဘွား၊ ဆရာသမားနဲ့ မိမိထက် သက်ကြီးဝါကြီးသူတွေကို ဂါဝရပြု ကန်တော့ လေ့ရှိတယ်။ အဆုံးအမတွေကိုနာခံပြီး အပြစ်တွေရှိပါ ကလည်း ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန်ကန် တော့လေ့ရှိကြတယ်။
ဘုရားကျောင်းကန်၊ ဓမ္မာရုံ၊ တိုက်တာ၊ အိမ်ရာ၊ အဆောက်အအုံတွေမှာ ဆီမီးထွန်းကြတယ်။ ကျေး လက်တောရွာတွေမှာ မိသားစုနဲ့အတူ စီးပွားရှာဖက် လယ်ယာလုပ်သားနွားတွေအတွက်ပါရည်ရွယ်ပြီး နွား တင်းကုပ်ပါ မကျန်မီးထွန်းပေးတတ်ကြတယ်။ တိရစ္ဆာန် ဖြစ်သည့်တိုင် နွားတွေကလည်း ရတနာသုံးပါးကိုပူ ဇော်ပါကြောင်း၊ ဆင်းရဲပင်ပန်းလှတဲ့ တိရစ္ဆာန်ဘဝမှ လွတ်ကြောင်းကျွတ်ကြောင်း အဘိဓမ္မာနေ့မှာ ဆုတောင်းတဲ့အနေနဲ့ အလင်းမီး ထွန်းညှိပေးခြင်းဖြစ်တယ်”
“မြတ်စွာဘုရားရှင်က နတ်ဗြဟ္မာအပေါင်းခြံရံပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ကို ဆင်းသက် တော်မူတယ်ဆိုတော့ အဲဒါ ဘယ်အချိန် အခု ဘယ်နေရာဖြစ်မလဲ ဖေဖေ”
“ အင်း မေးမှမေးပါ့မလားလို့၊ ဖေဖေတို့ရဲ့ ဂေါတမမြတ်စွာဘုရားဟာ လူသားအဖြစ်နဲ့မွေးဖွားပြီး လူသားခန္ဓာ ကိုယ်နဲ့ ပရိနိဗ္ဗာန်စံတော်မူခဲ့ပေမယ့် လူ သားတို့မှာမရှိတဲ့ Óဏ်တော် ဂုဏ်တော်ရှင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀ဝ)ကျော်က ယနေ့ ခေတ် အိန္ဒိယနယ်စပ် နီပေါနိုင်ငံတစ်နေရာမှာ အမှန် တကယ်ပွင့်တော်မူခဲ့တယ်”
“သီတင်းကျွတ်လပြည့်နေ့ မနက်အရုဏ်တက်ချိန် ဂေါတမဘုရားရှင် ကြွရောက်တော်မူခဲ့တဲ့ သင်္ကဿနဂိုရ်ပြည် ဆိုတာ ယနေ့အိန္ဒိယနိုင်ငံ အူတာ ပရာဒက်ရှ်ပြည်နယ် ဖာရူကာဘက်ခရိုင် ဆန်ကီဆာ ဘာဆန်တာပူရ် အနီးတစ်ဝိုက်မှာ တည်ရှိခဲ့တယ်၊ ဂင်္ဂါ မြစ်ရဲ့ လက်ဝဲဘက်ကမ်းမှာတည်ရှိပြီး ဗိမ္မိသာရဘုရင် အုပ်စိုးစဉ် မာဂဓတိုင်းရဲ့မြို့တော် ရာဇဂြိုဟ်မှ ဂင်္ဂါမြစ်ခြားပြီး အနောက်ဘက် (၁၂၅)မိုင်မျှသာဝေးတဲ့အတွက် ဗုဒ္ဓဘုရားရှင် မကြာခဏ ကြွရောက်တော်မူရာ ဒေသဖြစ်ခဲ့ပါတယ်”
“ဒါကတော့ သားတို့သမီးတို့ လူငယ်တွေသိသင့်တဲ့ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေပေါ့ ကွယ်။ ဖေဖေပြောပြတာလည်းပြီးပြီဆိုတော့ ရော့မုန့်ဖိုး။ တည့်တဲ့မုန့် သွားဝယ်စားကြနော်...”

Zawgyi Version:
သီတင္းကြၽတ္ မီးထြန္းပြဲေတာ္ဆိုသည္မွာ
NP News - ေအာက္တိုဘာ ၅
‘‘ကီးကီးတို႔ေပါက္စီတို႔ လာၾကဦးေဟ့”
‘‘ဘာလဲ ေဖေဖ။ မုန႔္ေကြၽးမလို႔လား”
‘‘ေအး ေဖေဖေျပာျပတာ ခဏေလးပဲ နားေထာင္၊ မုန႔္စားရမယ္”
‘‘ေဝး ေဟး ေဟး အရမ္းမိုက္တယ္။ ေဖေဖ ဘာေျပာ မလို႔လဲ။ သီတင္းကြၽတ္လအေၾကာင္းေျပာမလို႔မ ဟုတ္လား”
‘‘ေဟ သားက ဘယ္လိုသိလဲ”
‘‘လြယ္ပါတယ္။ မၾကာခင္ သီတင္းကြၽတ္ေတာ့မယ္၊ ေဖေဖက နံရံမွာရွိတဲ့ျပကၡဒိန္ကို မၾကာမၾကာလွမ္း ၾကည့္တယ္။ လက္ထဲမွာလည္း (၁၂)လရာသီပြဲေတာ္ မ်ားအေၾကာင္းစာအုပ္ကိုကိုင္ထားတယ္”
‘‘ေတာ္ေနျပန္ေရာ ဆားပုလင္း ကီးကီးရယ္”
‘‘သီတင္းကြၽတ္လဆိုတာ မီးထြန္းပြဲေတာ္က်င္းပတဲ့လ ေလ။ ဒီေလာက္ေတာ့ သမီးလည္းသိပါတယ္”
‘‘အင္း ဟုတ္တယ္။ ဘာျဖစ္လို႔ မီးထြန္းပြဲေတာ္က်င္းပ ၾကတာလဲသိၾကလား”
‘‘ဒီလိုကြဲ႕။ ဒီအေၾကာင္းေျပာရမယ္ဆိုရင္ သီတင္းကြၽတ္လဆိုတာကေနစေျပာရလိမ့္မယ္။ သီတင္းကြၽတ္ဟာ (၁၂)လ ရွိတဲ့ ျမန္မာျပကၡဒိန္မွာ သတၱမေျမာက္လ၊ ရာသီခြင္အေနနဲ႔ တူရာသီ၊ အႆဝတီ ၾကယ္နဲ႔လမင္းႀကီးတို႔ စန္းယွဥ္ၿပီး မြန္းဝတည့္တဲ့ကာလျဖစ္တယ္။ ဝါဆိုလက စတင္တဲ့ ဝါတြင္း (၃)လမွာ ေနာက္ဆုံးလျဖစ္ၿပီး ရာသီအထိမ္းအမွတ္က ၾကာ ျဖဴပန္းျဖစ္တယ္ဆိုတဲ့အေၾကာင္း ဗဟုသုတအေနနဲ႔ မွတ္သားသင့္တယ္။
ေရွးျမန္မာ ပုဂံေခတ္ေက်ာက္စာေတြမွာ သီတင္းကြၽတ္လကို ‘သႏၲဳလ(သန္တူလ)’လို႔ ေရးထိုးခဲ့ ေၾကာင္းေတြ႕ရွိ ရၿပီး ေတာင္သူလယ္သမားေတြစိုက္ပ်ိဳးထားတဲ့ စပါးသီးႏွံေတြ ေထာင္မတ္သန္စြမ္းတဲ့လ ျဖစ္တဲ့အတြက္ အဲဒီလိုေခၚ ေဝၚခဲ့ၾကတယ္ေျပာတာပဲ။ မိုးရာသီ ‘ဝႆႏၲ’မွ ‘သန္’နဲ႔ တူရာသီခ်ိန္ခြင္ပုံ ၾကယ္ တာရာနကၡတ္တို႔စုေဝးတဲ့ကာလမွ ‘တူ’ကိုယူၿပီး သန္+တူ= သန္တူလ လို႔ေခၚဆိုေၾကာင္း အဓိပၸာယ္ ဖြင့္ဆိုခဲ့ၾကေပမယ့္ အျငင္းပြားမႈရွိပါတယ္။ ပုဂံေခတ္ ဦးမွာ သန္တူလျဖစ္ေပမယ့္ ခရစ္ႏွစ္ (၁၂၁၂) ခုႏွစ္ ထိုးတု႐ြင္းေတာင္ ေစာရဟန္း သိမ္ေက်ာက္စာရဲ႕ စာသား တစ္ေနရာမွာ ‘သတင္းခြၽတ္’ဆိုတဲ့ေဝါဟာရကို ေရွးဦးဆုံးေတြ႕ရပါတယ္။
အင္းဝေခတ္ (၁၃၆၄-၁၅၅၅ ခုႏွစ္)မွ ျမန္မာ ေနာက္ဆုံးမင္းဆက္ ကုန္းေဘာင္ေခတ္ (၁၇၅၂-၁၈၈၅-ခုႏွစ္)အထိ သမိုင္းတစ္ေလွ်ာက္ ‘သီတင္းကြၽတ္’ လို႔ အတည္ျဖစ္လာရျခင္းမွာ ဗုဒၶဘာသာကို အေျခခံ တာေသခ်ာပါတယ္။ သီတင္း ကြၽတ္လျပည့္ေန႔ဟာ ရဟန္း၊ သံဃာေတာ္တို႔ ေက်ာင္းအာရာမ္မ်ားအတြင္း ဝါတြင္း သုံးလၾကာ သီတင္းသုံးေနထိုင္ျခင္းမွ ကြၽတ္လြတ္တဲ့ ‘ဝါကြၽတ္’ကာလျဖစ္တယ္။ သတင္းသီလ ေစာင့္ထိန္းသူတို႔က ခြၽတ္လႊတ္ကုန္ဆုံးၿပီျဖစ္ေၾကာင္း သတင္းခြၽတ္နဲ႔ ဝါကြၽတ္စကားကိုတြဲဖက္ၿပီး ‘သီတင္းကြၽတ္’ဆိုတဲ့စကားျဖစ္ေပၚလာတယ္လို႔ ယူဆၾကတယ္။ သာသနာ က်မ္းအလိုအရ ဝါဆိုလျပည့္ေန႔မွစၿပီး ဝါတြင္းသုံးလ၊ ရက္ေပါင္း (၉၀)၊ သီတင္းကြၽတ္ လျပည့္ေက်ာ္ (၁)ရက္ေန႔ သီတင္းကြၽတ္တဲ့အတြက္ ‘သီတင္းကြၽတ္လ’လို႔ေခၚဆိုေၾကာင္းသိရတယ္။
သီတင္းကြၽတ္လမွာ မီးထြန္းပြဲေတာ္ က်င္းပခဲ့ၾကတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၅၀ဝ)ေက်ာ္ ေဂါတမဘုရား ရွင္လက္ထက္ကစတင္ခဲ့တဲ့အထိမ္းအမွတ္လို႔ ယူဆရတယ္။ ဗုဒၶျမတ္စြာဘုရားရွင္ဟာ သတၱမေျမာက္ဝါကို တာဝတႎသာ နတ္ျပည္မွာ ဝါကပ္ေတာ္မူၿပီး မဟာမာယာေဒဝီ မယ္ေတာ္ျဖစ္ခဲ့ဖူးတဲ့ သႏၲဳႆီတ နတ္သားအမႉးျပဳၿပီး စၾကဝဠာအႏွံ႔ နတ္ျဗဟၼာတို႔ကို ‘အဘိဓမၼာတရား’ ေဟာၾကားေတာ္မူခဲ့တယ္။
တာဝတႎသာနတ္ျပည္မွ လူ႔ျပည္ သကၤႆနဂိုရ္သို႔ နတ္ျဗဟၼာအေပါင္းၿခံရံလ်က္ ဆင္းသက္ေတာ္မူတဲ့အခါ ျမတ္စြာဘုရားရွင္ကိုႀကိဳဆိုတဲ့အေနနဲ႔ ဆီမီးထြန္းပူေဇာ္ခဲ့ၾကတာကိုအေၾကာင္းျပဳၿပီး အစဥ္အလာ မပ်က္ သီတင္းကြၽတ္ မီးထြန္းပြဲေတာ္ျဖစ္လာတာပဲ “ဒါဆို ဟိုးအရင္ ျမန္မာဘုရင္ေတြေခတ္တည္းက မီး ထြန္းပြဲေတာ္ရွိခဲ့တယ္လို႔ေျပာတာလား ေဖေဖ”
‘‘အဲဒီလိုလည္း အတိအက် ေျပာလို႔မရဘူး၊ ပုဂံေခတ္ က်န္စစ္သားမင္းလက္ထက္(၁၀၈၄-၁၁၁၃)၊ ခရစ္ ႏွစ္ (၁၁၁၂)ခုႏွစ္ခန႔္ကေရးထိုးခဲ့တဲ့ ျမကန္သာ ေက်ာက္စာေခၚ မိဖုရား ေစာမင္းႏြယ္ေက်ာက္စာနဲ႔ နရသီဟပေတ့မင္း လက္ထက္ (၁၂၀၇)ခုႏွစ္မွာေရး ထိုးခဲ့တဲ့ အာနႏၵသူရိယေက်ာက္စာေတြမွာ သီတင္း ကြၽတ္လ ဆီမီးလႉဒါန္းျခင္း၊ ဆြမ္း ကပ္လႉျခင္းေတြျပဳ လုပ္တယ္လို႔ေတြ႕ရတယ္။
ပုဂံေခတ္ ဗိသုကာလက္ရာ ဂူဘုရားေတြမွာ ဆီမီးခုံေတြ၊ ဆီမီးအိုးေတြထားရွိတဲ့ေနရာေတြ က်န္ရွိေန တာဟာ အဲဒီေခတ္က အလင္းမီးထြန္းညႇိပူေဇာ္မႈေတြရွိခဲ့ေၾကာင္း သြယ္ဝိုက္ေျပာျပေနသလိုပါပဲ။ ရာဇဝင္ က်မ္းေတြနဲ႔ ေဒသႏၲရ မွတ္တမ္းေတြမွာလည္း ပုဂံေခတ္ကတည္းက ဘုရားပြဲေတာ္ေတြက်င္းပခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
ေက်ာက္စာေတြမွာ ‘သီတင္းကြၽတ္လျပည့္ေန႔ ဆီမီးလႉဒါန္းျခင္း}ဓေလ့ရွိေၾကာင္းကိုသာ အတိအ က် သက္ေသျပႏိုင္ပါတယ္၊ ဒါေပမဲ့ ဒီေန႔ေခတ္က်င္းပၾကသလို ၿမိဳ႕ျပေက်းလက္မက်န္ စည္ကားသိုက္ၿမိဳက္ စြာမီးထြန္း ၾကတဲ့ ပြဲေတာ္အသြင္ က်င္းပမႈ ရွိမရွိကိုမူ တိုက္႐ိုက္ေျပာထားတာမ်ိဳးမရွိပါဘူး၊ ခိုင္လုံတဲ့ ေက်ာက္စာအေထာက္ အထားေတြအရ ပုဂံေခတ္ ကတည္းက သီတင္းကြၽတ္လျပည့္ေန႔ ဆီမီးထြန္းညႇိ လႉဒါန္းမႈဓေလ့ရွိခဲ့တယ္ဆိုရင္ ‘ျမန္မာ့ဓေလ့ သီတင္းကြၽတ္မီးထြန္းပြဲေတာ္’ရဲ႕မူလအစဟာ အနည္းဆုံး ပုဂံေခတ္ထက္ေနာက္မက်ဘူးလို႔ မွတ္ ယူႏိုင္ၿပီး၊ ႏွစ္ေပါင္း (၉၀ဝ) ေက်ာ္သက္တမ္းရွိတဲ့ ႐ိုးရာပြဲေတာ္ ႀကီးတစ္ခုျဖစ္ေနပါတယ္။
ခုေခတ္ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ကို သီတင္းကြၽတ္လဆန္း (၁၄)ရက္(အဖိတ္ေန႔)၊ သီတင္း ကြၽတ္လ ျပည့္ေန႔ (ဥပုသ္ေန႔)နဲ႔ သီတင္းကြၽတ္လျပည့္ ေက်ာ္ (၁)ရက္အထိ သုံးရက္တိုင္တိုင္က်င္းပၾကတယ္။ ျမန္မာႏိုင္ငံမွာ ေတာ့ သၾကၤန္ၿပီးရင္ ဒုတိယ ေျမာက္အစည္ကားဆုံးေပါ့။”
“တျခားႏိုင္ငံေတြမွာေကာ သီတင္းကြၽတ္မီးထြန္း ပြဲေတာ္ရွိသလားေဖေဖ”
“ရွိတယ္ ကီးကီးရဲ႕။ သီတင္းကြၽတ္လျပည့္ေန႔ဟာ ဗုဒၶဘာသာဝင္တို႔အတြက္ အလြန္အေရးပါတဲ့ ေန႔ထူးေန႔ျမတ္ ျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံအျပင္ ေထရဝါဒထြန္းကားတဲ့အာရွတိုင္းျပည္ေတြမွာ ဓေလ့အမ်ိဳးမ်ိဳးနဲ႔က်င္းပၾကပါတယ္။ ဒါေပမဲ့ ပြဲေတာ္အမည္ နဲ႔ က်င္းပပုံေတာ့မတူၾကဘူး”
“ထိုင္းႏိုင္ငံမွာ ဝန္ေခ်ာင္ပန္ဆာ ဝါဆိုပြဲေတာ္အျဖစ္ မီးထြန္းညႇိတာ၊ မီးရႉးမီးပန္းေတြ ပစ္လႊတ္တာ၊ ဘုရား ေက်ာင္းကန္ေတြကို သြားေရာက္ပူေဇာ္တာတို႔ ျပဳလုပ္ေလ့ရွိတယ္။ လာအိုႏိုင္ငံမွာ ေက်းဇူးသိတတ္ ျခင္းသေကၤတအျဖစ္ လူႀကီးမိဘေတြကို ရွိခိုးကန္ေတာ့တာ၊ အစားအစာေပးလႉတာေတြကိုျပဳလုပ္ၾကတယ္။ ကေမာၻဒီးယားမွာေတာ့ ေန႔ဘက္မွာ ဘိုးဘြားတို႔ကိုအလႉဒါနျပဳၾကၿပီး ညဘက္မွာ ဆီမီး၊ ဖေယာင္း တိုင္ေတြ ထြန္းညႇိပူေဇာ္ၾကပါတယ္။ သီရိလကၤာႏိုင္ငံမွာ စီးေတာ္ယာဥ္ပြဲေတြက်င္းပၾကၿပီး နီေပါႏိုင္ငံရဲ႕ေဒသတခ်ိဳ႕မွာ ဝါဆိုပြဲအထိမ္းအမွတ္ပူေဇာ္ပြဲေတြ က်င္းပတတ္ပါတယ္။
သီတင္းကြၽတ္လျပည့္ေန႔ဟာ ရဟန္းသံဃာ ေတာ္တို႔အေနနဲ႔ မိမိတို႔မွာ အျပစ္ရွိခဲ့ပါက သတိေပး ဆုံးမႏိုင္ရန္နဲ႔ ဝန္ခ်ေတာင္းပန္ႏိုင္ရန္ အခ်င္းခ်င္း ပင့္ဖိတ္ၾကရတဲ့ “ပဝါရဏာေန႔” လည္းျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳး ေတြဟာ သီတင္းကြၽတ္ က်ေရာက္ခ်ိန္တိုင္း မိဘဘိုးဘြား၊ ဆရာသမားနဲ႔ မိမိထက္ သက္ႀကီးဝါႀကီးသူေတြကို ဂါဝရျပဳ ကန္ေတာ့ ေလ့ရွိတယ္။ အဆုံးအမေတြကိုနာခံၿပီး အျပစ္ေတြရွိပါ ကလည္း ခြင့္လႊတ္ေပးပါရန္ ဝန္ခ်ေတာင္းပန္ကန္ ေတာ့ေလ့ရွိၾကတယ္။
ဘုရားေက်ာင္းကန္၊ ဓမၼာ႐ုံ၊ တိုက္တာ၊ အိမ္ရာ၊ အေဆာက္အအုံေတြမွာ ဆီမီးထြန္းၾကတယ္။ ေက်း လက္ေတာ႐ြာေတြမွာ မိသားစုနဲ႔အတူ စီးပြားရွာဖက္ လယ္ယာလုပ္သားႏြားေတြအတြက္ပါရည္႐ြယ္ၿပီး ႏြား တင္းကုပ္ပါ မက်န္မီးထြန္းေပးတတ္ၾကတယ္။ တိရစာၦန္ ျဖစ္သည့္တိုင္ ႏြားေတြကလည္း ရတနာသုံးပါးကိုပူ ေဇာ္ပါေၾကာင္း၊ ဆင္းရဲပင္ပန္းလွတဲ့ တိရစာၦန္ဘဝမွ လြတ္ေၾကာင္းကြၽတ္ေၾကာင္း အဘိဓမၼာေန႔မွာ ဆုေတာင္းတဲ့အေနနဲ႔ အလင္းမီး ထြန္းညႇိေပးျခင္းျဖစ္တယ္”
“ျမတ္စြာဘုရားရွင္က နတ္ျဗဟၼာအေပါင္းၿခံရံၿပီး တာဝတႎသာနတ္ျပည္မွ လူ႔ျပည္ သကၤႆနဂိုရ္ကို ဆင္းသက္ ေတာ္မူတယ္ဆိုေတာ့ အဲဒါ ဘယ္အခ်ိန္ အခု ဘယ္ေနရာျဖစ္မလဲ ေဖေဖ”
“ အင္း ေမးမွေမးပါ့မလားလို႔၊ ေဖေဖတို႔ရဲ႕ ေဂါတမျမတ္စြာဘုရားဟာ လူသားအျဖစ္နဲ႔ေမြးဖြားၿပီး လူသားခႏၶာ ကိုယ္နဲ႔ ပရိနိဗၺာန္စံေတာ္မူခဲ့ေပမယ့္ လူ သားတို႔မွာမရွိတဲ့ Óဏ္ေတာ္ ဂုဏ္ေတာ္ရွင္ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၆၀ဝ)ေက်ာ္က ယေန႔ ေခတ္ အိႏၵိယနယ္စပ္ နီေပါႏိုင္ငံတစ္ေနရာမွာ အမွန္ တကယ္ပြင့္ေတာ္မူခဲ့တယ္”
“သီတင္းကြၽတ္လျပည့္ေန႔ မနက္အ႐ုဏ္တက္ခ်ိန္ ေဂါတမဘုရားရွင္ ႂကြေရာက္ေတာ္မူခဲ့တဲ့ သကၤႆနဂိုရ္ျပည္ ဆိုတာ ယေန႔အိႏၵိယႏိုင္ငံ အူတာ ပရာဒက္ရွ္ျပည္နယ္ ဖာ႐ူကာဘက္ခ႐ိုင္ ဆန္ကီဆာ ဘာဆန္တာပူရ္ အနီးတစ္ဝိုက္မွာ တည္ရွိခဲ့တယ္၊ ဂဂၤါ ျမစ္ရဲ႕ လက္ဝဲဘက္ကမ္းမွာတည္ရွိၿပီး ဗိမၼိသာရဘုရင္ အုပ္စိုးစဥ္ မာဂဓတိုင္းရဲ႕ၿမိဳ႕ေတာ္ ရာဇၿဂိဳဟ္မွ ဂဂၤါျမစ္ျခားၿပီး အေနာက္ဘက္ (၁၂၅)မိုင္မွ်သာေဝးတဲ့အတြက္ ဗုဒၶဘုရားရွင္ မၾကာခဏ ႂကြေရာက္ေတာ္မူရာ ေဒသျဖစ္ခဲ့ပါတယ္”
“ဒါကေတာ့ သားတို႔သမီးတို႔ လူငယ္ေတြသိသင့္တဲ့ သီတင္းကြၽတ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာ ေတြေပါ့ ကြယ္။ ေဖေဖေျပာျပတာလည္းၿပီးၿပီဆိုေတာ့ ေရာ့မုန႔္ဖိုး။ တည့္တဲ့မုန႔္ သြားဝယ္စားၾကေနာ္...”