တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များ သင်ကြားရုံမက “သုတေသန” များ လုပ်ရန်လည်း ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

203

သန့်ဇင် (NP News) - အောက်တိုဘာ ၅
တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များ သင်ကြားရုံမက “သုတေသန” များလုပ်ရန်လည်း နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) နံနက်ပိုင်းက မန္တလေးတက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်းသင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန” များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့နောက် သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက်အခြေပြု လေ့လာမှုအားကောင်း စေရေးဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။
“မန္တလေးတက္ကသိုလ်” သည် ဂုဏ်သိက္ခာမြင့်မားခြင်း၊ တင့်တယ်ခမ်းနားခြင်း၊ သမိုင်းအစဉ်အလာကောင်းမွန်ခြင်း၊ ပညာဂုဏ်သတင်းကျော်ကြားခြင်း၊ ထူးချွန်ထက်မြက်သည့် ထူးချွန်ပညာတတ်မောင်မယ်များမွေးထုတ်နိုင်ခြင်း စသည့် ဂုဏ်ဒြပ်များနှင့်ပြည့်စုံပြီး “ပညာဖြန့်ဝေရာ တက္ကသီလာ” အဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည်မှာ ယခုဆိုပါက နှစ်ပေါင်း(၁၀၀)တိုင်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထိုကဲ့သို့ ရွှေရတုနှစ်ဆက်တိုင်တိုင် အဓွန့်ရှည်ကြာတည်တံ့လာခဲ့သည့် မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုဂုဏ်ယူကြောင်း နှင့် ထို့ကြောင့်လည်း “ရာပြည့်သဘင်” အခမ်းအနားကြီးကို တခမ်းတနားကျင်းပခြင်းပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မန္တလေးမြို့သည့် ရှေးမြန်မာမင်းများ ထီးနန်းစိုက်ရာ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အတွက် နန်းတွင်းဓလေ့ထုံးတမ်းအစဉ်အလာများ၊ သမိုင်းဝင်အနုပညာလက်ရာများနှင့် ထုံမွှမ်းနေသကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သည့် သမိုင်းဂုဏ်ရောင်ထွန်းပြောင်သည့်ဒေသလည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကဆိုသည်။
မန္တလေးမြို့၏ ဂုဏ်ကျက်သရေကို ခံ့ညားထည်ဝါအောင် ဂုဏ်ဆောင်ပေးနေသည့် အထင်ကရ အမှတ်သင်္ကေတများတွင် “မန္တလေးတက္ကသိုလ်” သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ်၏ ကနဦးအစဖြစ်သည့် မန္တလေးဥပစာကောလိပ်ကို ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံအဖြစ် သန္ဓေတည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၁၉၄၇ ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် မန္တလေးတက္ကသိုလ်ကို သီးခြားတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်ကို စိုက်ပျိုးရေးမဟာဌာန၊ ဆေးပညာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ဝိဇ္ဇာမဟာဌာနစသည့် မဟာဌာနကြီး (၄) ခုဖြင့် ဖွဲ့စည်းခဲ့ပြီး လက်အောက်ခံကောလိပ်များ ဖွင့်လှစ်ခဲ့သည့်အပြင် ဂုဏ်ထူးတန်းနှင့် မဟာတန်းများအထိ ပို့ချပေးခဲ့ကြောင်း သိရသည်။
၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးအက်ဥပဒေအရ တက္ကသိုလ်နှင့် ကောလိပ်များကို “ဝိဇ္ဇာ နှင့်သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်” နှင့် “အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်” ဟူ၍ နှစ်မျိုးခွဲပြီး ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မန္တလေးတက္ကသိုလ်၏ ဌာနကြီးလေးခုအနက် ဆေးသိပ္ပံမဟာဌာနသည် “မန္တလေးဆေးတက္ကသိုလ်” ဖြစ်လာပြီး စိုက်ပျိုးရေးမဟာဌာနသည် “မန္တလေး စိုက်ပျိုးရေးတက္ကသိုလ်” ဖြစ်လာခဲ့ကြောင်း နှင့် ကျန်သည့်သိပ္ပံမဟာဌာနနှင့် ဝိဇ္ဇာမဟာဌာနတို့ကိုပေါင်း၍ “မန္တလေးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်” အဖြစ်ဖွင့်လှစ်ခဲ့ပြီး MASU (မာဇူး) ဟုလည်း အမည်တွင်ကျယ်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
၁၉၈၁ ခုနှစ်၌မူ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို မူလအမည်ဖြစ်သည့် “မန္တလေးတက္ကသိုလ်” ဟု ပြန်လည်ပြောင်းလဲခဲ့ပြီး ယနေ့ထိတိုင် ဝင့်ကြွားထည်ဝါစွာ ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ်ကြီး၏ သမိုင်းကြောင်းအစဉ်အလာကောင်းမွန်မှု၊ ပညာရေးအုတ်မြစ်ခိုင်မာမှု၊ အရည်အသွေးပြည့်ဝမှု၊ အရင်းအမြစ် ကောင်းများနှင့် ဖွဲ့စည်းထားမှုများကြောင့် ရာစုနှစ်တစ်ခုအတွင်းတွင်ပါရဂူဘွဲ့ရရှိသူ ၂,၉၆၀ ဦး၊ မဟာဘွဲ့ရရှိသူ ၁၁,၁၃၉ ဦး၊ မဟာသု တေသနဘွဲ့ရရှိသူ ၁,၆၀၇ ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၉,၁၇၂ ဦး၊ မဟာဒဿနဘွဲ့ရရှိသူ ၂၃၉ ဦး၊ ရိုးရိုးဘွဲ့ရရှိသူ ၉၆,၀၁၂ ဦးနှင့် ဒီပလိုမာရရှိသူ ၇,၀၆၀ ဦးတို့ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုသည်။
မန္တလေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဝိဇ္ဇာသိပ္ပံဘွဲ့ရများအနေဖြင့် စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတော်၏ကဏ္ဍအသီးသီးတွင် ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များအဖြစ် နိုင်ငံတော်ကို ကျေးဇူးတုံ့ပြန် လုပ်ကျွေးပြုစုနေကြသည်မှာလည်း လွန်စွာဂုဏ်ယူစရာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တက္ကသိုလ်ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန်ဖြစ်သကဲ့သို့ ဆန်းသစ်တီ ထွင်သည့် နည်းပညာအခြေပြု သုတေသနများ အစပြုဖော်ဆောင်ရာနေရာလည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက် မပြတ် မြှင့်တင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်ဝသည့် အရင်းအမြစ်များမွေးထုတ်ရာ တက္ကသိုလ် များနှင့် ကောလိပ်များ၊ သိပ္ပံများသည် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
တကၠသိုလ္မ်ားတြင္ ဝိဇၨာႏွင့္သိပၸံဘာသာရပ္မ်ား၊ ေခတ္မီဘာသာရပ္မ်ား သင္ၾကား႐ုံမက “သုေတသန” မ်ား လုပ္ရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး တိုက္တြန္း
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၅
တကၠသိုလ္မ်ားတြင္ ဝိဇၨာႏွင့္သိပၸံဘာသာရပ္မ်ား၊ ေခတ္မီဘာသာရပ္မ်ား သင္ၾကား႐ုံမက “သုေတသန” မ်ားလုပ္ရန္လည္း ႏိုင္ငံေတာ္ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ယမန္ေန႔ (ေအာက္တိုဘာ ၄ ရက္) နံနက္ပိုင္းက မႏၲေလးတကၠသိုလ္ႏွစ္(၁၀၀)ျပည့္ ရာျပည့္သဘင္အထိမ္းအမွတ္ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
တကၠသိုလ္မ်ားတြင္ ဝိဇၨာႏွင့္သိပၸံဘာသာရပ္မ်ား၊ ေခတ္မီဘာသာရပ္မ်ားကို ထည့္သြင္းသင္ၾကား႐ုံျဖင့္ မလုံေလာက္ဘဲ တကၠသိုလ္၏ အသက္ေသြးေၾကာျဖစ္သည့္ “သုေတသန” မ်ားကိုလည္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သုေတသနက်မ္းမ်ား ျပဳစုရာတြင္ျဖစ္ေစ၊ သင္ၾကားသင္ယူရာတြင္ျဖစ္ေစ စာၾကည့္တိုက္အေျချပဳ ေလ့လာမႈအားေကာင္း ေစေရးေဆာင္႐ြက္ၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းမွာၾကားခဲ့သည္။
“မႏၲေလးတကၠသိုလ္” သည္ ဂုဏ္သိကၡာျမင့္မားျခင္း၊ တင့္တယ္ခမ္းနားျခင္း၊ သမိုင္းအစဥ္အလာေကာင္းမြန္ျခင္း၊ ပညာဂုဏ္သတင္းေက်ာ္ၾကားျခင္း၊ ထူးခြၽန္ထက္ျမက္သည့္ ထူးခြၽန္ပညာတတ္ေမာင္မယ္မ်ားေမြးထုတ္ႏိုင္ျခင္း စသည့္ ဂုဏ္ျဒပ္မ်ားႏွင့္ျပည့္စုံၿပီး “ပညာျဖန႔္ေဝရာ တကၠသီလာ” အျဖစ္ ခိုင္ခိုင္မာမာရပ္တည္ႏိုင္ခဲ့သည္မွာ ယခုဆိုပါက ႏွစ္ေပါင္း(၁၀၀)တိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထိုကဲ့သို႔ ေ႐ႊရတုႏွစ္ဆက္တိုင္တိုင္ အဓြန႔္ရွည္ၾကာတည္တံ့လာခဲ့သည့္ မႏၲေလးတကၠသိုလ္ႀကီးအတြက္ ဂုဏ္ျပဳဂုဏ္ယူေၾကာင္း ႏွင့္ ထို႔ေၾကာင့္လည္း “ရာျပည့္သဘင္” အခမ္းအနားႀကီးကို တခမ္းတနားက်င္းပျခင္းပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
မႏၲေလးၿမိဳ႕သည့္ ေရွးျမန္မာမင္းမ်ား ထီးနန္းစိုက္ရာ မင္းေနျပည္ေတာ္ျဖစ္ခဲ့သည့္အတြက္ နန္းတြင္းဓေလ့ထုံးတမ္းအစဥ္အလာမ်ား၊ သမိုင္းဝင္အႏုပညာလက္ရာမ်ားႏွင့္ ထုံမႊမ္းေနသကဲ့သို႔ ျမန္မာမႈ၊ ျမန္မာ့ဟန္၊ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေခတ္အဆက္ဆက္ လက္ဆင့္ကမ္းထိန္းသိမ္းခဲ့သည့္ သမိုင္းဂုဏ္ေရာင္ထြန္းေျပာင္သည့္ေဒသလည္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကဆိုသည္။
မႏၲေလးၿမိဳ႕၏ ဂုဏ္က်က္သေရကို ခံ့ညားထည္ဝါေအာင္ ဂုဏ္ေဆာင္ေပးေနသည့္ အထင္ကရ အမွတ္သေကၤတမ်ားတြင္ “မႏၲေလးတကၠသိုလ္” သည္လည္း တစ္ခုအပါအဝင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
မႏၲေလးတကၠသိုလ္၏ ကနဦးအစျဖစ္သည့္ မႏၲေလးဥပစာေကာလိပ္ကို ၁၉၂၅ ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္လက္ေအာက္ခံအျဖစ္ သေႏၶတည္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
၁၉၄၇ ခုႏွစ္မွာ မႏၲေလးယူနီဗာစီတီေကာလိပ္အျဖစ္ အဆင့္ျမႇင့္တင္ႏိုင္ခဲ့ၿပီး ၁၉၅၈ ခုႏွစ္၊ ဇြန္လ (၁) ရက္တြင္ မႏၲေလးတကၠသိုလ္ကို သီးျခားတကၠသိုလ္အျဖစ္ တိုးျမႇင့္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးတကၠသိုလ္ကို စိုက္ပ်ိဳးေရးမဟာဌာန၊ ေဆးပညာမဟာဌာန၊ သိပၸံမဟာဌာန၊ ဝိဇၨာမဟာဌာနစသည့္ မဟာဌာနႀကီး (၄) ခုျဖင့္ ဖြဲ႕စည္းခဲ့ၿပီး လက္ေအာက္ခံေကာလိပ္မ်ား ဖြင့္လွစ္ခဲ့သည့္အျပင္ ဂုဏ္ထူးတန္းႏွင့္ မဟာတန္းမ်ားအထိ ပို႔ခ်ေပးခဲ့ေၾကာင္း သိရသည္။
၁၉၆၄ ခုႏွစ္ တကၠသိုလ္ပညာေရးအက္ဥပေဒအရ တကၠသိုလ္ႏွင့္ ေကာလိပ္မ်ားကို “ဝိဇၨာ ႏွင့္သိပၸံပညာေရးဆိုင္ရာ တကၠသိုလ္” ႏွင့္ “အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာတကၠသိုလ္” ဟူ၍ ႏွစ္မ်ိဳးခြဲၿပီး ေျပာင္းလဲဖြဲ႕စည္းခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မႏၲေလးတကၠသိုလ္၏ ဌာနႀကီးေလးခုအနက္ ေဆးသိပၸံမဟာဌာနသည္ “မႏၲေလးေဆးတကၠသိုလ္” ျဖစ္လာၿပီး စိုက္ပ်ိဳးေရးမဟာဌာနသည္ “မႏၲေလး စိုက္ပ်ိဳးေရးတကၠသိုလ္” ျဖစ္လာခဲ့ေၾကာင္း ႏွင့္ က်န္သည့္သိပၸံမဟာဌာနႏွင့္ ဝိဇၨာမဟာဌာနတို႔ကိုေပါင္း၍ “မႏၲေလးဝိဇၨာ ႏွင့္ သိပၸံတကၠသိုလ္” အျဖစ္ဖြင့္လွစ္ခဲ့ၿပီး MASU (မာဇူး) ဟုလည္း အမည္တြင္က်ယ္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
၁၉၈၁ ခုႏွစ္၌မူ မႏၲေလးဝိဇၨာႏွင့္သိပၸံတကၠသိုလ္ကို မူလအမည္ျဖစ္သည့္ “မႏၲေလးတကၠသိုလ္” ဟု ျပန္လည္ေျပာင္းလဲခဲ့ၿပီး ယေန႔ထိတိုင္ ဝင့္ႂကြားထည္ဝါစြာ ရပ္တည္လာခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
မႏၲေလးတကၠသိုလ္ႀကီး၏ သမိုင္းေၾကာင္းအစဥ္အလာေကာင္းမြန္မႈ၊ ပညာေရးအုတ္ျမစ္ခိုင္မာမႈ၊ အရည္အေသြးျပည့္ဝမႈ၊ အရင္းအျမစ္ ေကာင္းမ်ားႏွင့္ ဖြဲ႕စည္းထားမႈမ်ားေၾကာင့္ ရာစုႏွစ္တစ္ခုအတြင္းတြင္ပါရဂူဘြဲ႕ရရွိသူ ၂,၉၆၀ ဦး၊ မဟာဘြဲ႕ရရွိသူ ၁၁,၁၃၉ ဦး၊ မဟာသု ေတသနဘြဲ႕ရရွိသူ ၁,၆၀၇ ဦး၊ ဂုဏ္ထူးဘြဲ႕ရရွိသူ ၉,၁၇၂ ဦး၊ မဟာဒႆနဘြဲ႕ရရွိသူ ၂၃၉ ဦး၊ ႐ိုး႐ိုးဘြဲ႕ရရွိသူ ၉၆,၀၁၂ ဦးႏွင့္ ဒီပလိုမာရရွိသူ ၇,၀၆၀ ဦးတို႔ကိုေမြးထုတ္ေပးႏိုင္ခဲ့ၿပီျဖစ္သည္ကို ဂုဏ္ယူဖြယ္ရာေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဆိုသည္။
မႏၲေလးတကၠသိုလ္က ေမြးထုတ္ေပးလိုက္သည့္ ဝိဇၨာသိပၸံဘြဲ႕ရမ်ားအေနျဖင့္ စာေပပညာရွင္၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ ႏိုင္ငံေတာ္၏က႑အသီးသီးတြင္ ထင္ရွားေက်ာ္ၾကားသည့္ လုပ္ငန္းရွင္မ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ားအျဖစ္ ႏိုင္ငံေတာ္ကို ေက်းဇူးတုံ႔ျပန္ လုပ္ေကြၽးျပဳစုေနၾကသည္မွာလည္း လြန္စြာဂုဏ္ယူစရာျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တကၠသိုလ္ဆိုသည္မွာ အရည္အေသြးျပည့္ဝသည့္ လူ႔စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ေပးရာ ဘူမိနက္သန္ျဖစ္သကဲ့သို႔ ဆန္းသစ္တီ ထြင္သည့္ နည္းပညာအေျချပဳ သုေတသနမ်ား အစျပဳေဖာ္ေဆာင္ရာေနရာလည္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္အေနျဖင့္ စိုက္ပ်ိဳးေရးက႑၊ ေမြးျမဴေရးက႑၊ စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္မႈမွသည္ ျပည္သူတို႔၏ လူမႈစီးပြားဘဝကို စဥ္ဆက္ မျပတ္ ျမႇင့္တင္ႏိုင္ေရးအတြက္ ဦးတည္ေဆာင္႐ြက္လ်က္ရွိရာတြင္ အရည္အေသြးျပည့္ဝသည့္ အရင္းအျမစ္မ်ားေမြးထုတ္ရာ တကၠသိုလ္ မ်ားႏွင့္ ေကာလိပ္မ်ား၊ သိပၸံမ်ားသည္ အေရးပါသည့္အခန္းက႑တြင္ ပါဝင္ေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။