လွိုင်ကော်တက္ကသိုလ်မှ ၂၀၂၅ ပညာသင်နှစ်အဝေးသင်ကျောင်းသားများ လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုရမည်

 75

စော (NP News) - အောက်တိုဘာ ၅
လွိုင်ကော်တက္ကသိုလ်မှ ၂၀၂၅ ပညာသင်နှစ် ဒုတိယအသုတ်နှင့်တတိယအသုတ်မှ အဝေးသင်ကျောင်းသားများ လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သော ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က KNPP နှင့် PDF အဖွဲ့များသည် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြန်အလှန်ထိတွေ့မှုများဖြစ်‌ပေါ်ခဲ့ရာ တက္ကသိုလ်အတွင်းရှိ သင်ကြားမှု၊ အထောက်အကူပြုပစ္စည်းများနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရပြီး အဝေးသင်စာမေးပွဲ စတင်ဖြေဆိုမည့် တတိယအသုတ်စာမေးပွဲများကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
(၂၀၂၅) ခုနှစ်၊ နှစ်အစပိုင်းတွင် ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့များက ကယားပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် အထူးဆောင်ရွက်နေသည့်အပြင် လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်နေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တောင်ကြီးတက္ကသိုလ်၌ ၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းတွင် ကျောင်းအပ်နှံထားသော လွိုင်ကော်တက္ကသိုလ်မှ ကျောင်းသား၊ ‌ကျောင်းသူများအနေဖြင့် ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လြိဳင္ေကာ္တကၠသိုလ္မွ ၂၀၂၅ ပညာသင္ႏွစ္အေဝးသင္ေက်ာင္းသားမ်ား လြိဳင္ေကာ္တကၠသိုလ္တြင္ တက္ေရာက္ ေျဖဆိုရမည္
ေစာ (NP News) - ေအာက္တိုဘာ ၅
လြိဳင္ေကာ္တကၠသိုလ္မွ ၂၀၂၅ ပညာသင္ႏွစ္ ဒုတိယအသုတ္ႏွင့္တတိယအသုတ္မွ အေဝးသင္ေက်ာင္းသားမ်ား လြိဳင္ေကာ္တကၠသိုလ္တြင္ တက္ေရာက္ေျဖဆိုရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့ေသာ ၂ဝ၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္က KNPP ႏွင့္ PDF အဖြဲ႕မ်ားသည္ လြိဳင္ေကာ္တကၠသိုလ္အား လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အျပန္အလွန္ထိေတြ႕မႈမ်ားျဖစ္‌ေပၚခဲ့ရာ တကၠသိုလ္အတြင္းရွိ သင္ၾကားမႈ၊ အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးခဲ့ရၿပီး အေဝးသင္စာေမးပြဲ စတင္ေျဖဆိုမည့္ တတိယအသုတ္စာေမးပြဲမ်ားကိုလည္း အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ရေၾကာင္း သိရသည္။
(၂၀၂၅) ခုႏွစ္၊ ႏွစ္အစပိုင္းတြင္ ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႕မ်ားက ကယားျပည္နယ္ျပန္လည္ထူေထာင္ေရးအတြက္ အထူးေဆာင္႐ြက္ေနသည့္အျပင္ လြိဳင္ေကာ္တကၠသိုလ္ကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္လည္း ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေနခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေတာင္ႀကီးတကၠသိုလ္၌ ၂၀၂၅ ပညာသင္ႏွစ္ အေဝးသင္သင္တန္းတြင္ ေက်ာင္းအပ္ႏွံထားေသာ လြိဳင္ေကာ္တကၠသိုလ္မွ ေက်ာင္းသား၊ ‌ေက်ာင္းသူမ်ားအေနျဖင့္ ဒုတိယအသုတ္ႏွင့္ တတိယအသုတ္ အနီးကပ္သင္တန္းႏွင့္ စာေမးပြဲမ်ားကို လြိဳင္ေကာ္တကၠသိုလ္တြင္ တက္ေရာက္ေျဖဆိုရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.