မတန်တဲ့မြေကို လျာမိတဲ့ TNLA ရဲ့ မျိုးပြုတ်လုနီးပါး အကွက်ရွှေ့မှားမှုအကျိုးဆက်

1174

သုတကျော် (NP News) - အောက်တိုဘာ ၆
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေးဟု ပြောခဲ့သော TNLA ၏ တအာင်းပြည်နယ်ဆိုသည်မှာ အဘယ်နည်းဆိုသော ရုပ်လုံး ပေါ်လာခဲ့ပြီဖြစ်သည်။ ကောင်းသော ရုပ်လုံးကား မဟုတ်ပါ။ TNLA တို့ကား ကျားကွက်ရွှေ့ခဲ့ကြပါ၏။ သို့သော် အကွက်မစေ့ခဲ့ပေ။
TNLA ၏အကြောင်းကို ပြောမည်ဆိုလျှင် သမိုင်းကို ပြန်၍ပြောမှ သင့်မည်ဖြစ်သည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) က ငြိမ်းချမ်းရေးယူပြီးသည့်နောက် KNU နယ်မြေတွင် ကျန်နေခဲ့သူ ယင်းအဖွဲ့ဝင် အချို့က နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သော ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး (PSLF) ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်း နောက် (၂၀ဝ၉) ခုနှစ်တွင် TNLA ဆိုသော လက် နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းသည်။
KIA ထံတွင် စစ်ပညာသင်ကြားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်လှုပ်ရှားသည်။ အသက်မပြည့် သေးသူပါမကျန် အဓမ္မ စစ်သားစုဆောင်းခြင်းဖြင့် အင်အားတည်ဆောက်ခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံ တစ်ဦးကဆိုသည်။
“ပလောင်သာမန်ပြည်သူတွေကို လူသစ်စု ဆောင်းတာလေ။ မဝင်မနေရဆိုပြီး စုတော့ ထွက်ပြေးတာလည်း အများကြီးပဲ။ ပလောင်က ဗုဒ္ဓဘာသာ ကိုးကွယ်တာများတော့ ရန်ကုန်ဘက်တွေဆီ ကိုရင် ဝတ်ပြီးလာကြတာလည်း အများကြီးပဲ။ ကိုရင် ဝတ်ရင်လည်း လူထွက်ပြီး သူတို့ထဲ ဝင်ခိုင်းတယ်” ဟု ၎င်း က ဆိုသည်။
TNLA တို့ ယခင်ကပင် တိတ်တခိုးမက်နေသော အိပ်မက်ကား အခြားရှမ်းတိုင်းရင်းသားတို့၏ ဒေသများကိုပါ ထည့်ပြီး ပလောင်ပြည်ထူထောင်လို ခြင်းဖြစ်သည်ဟု ရှမ်းနိုင်ငံရေးသမားတစ်ဦးကဆိုသည်။ ထို့ကြောင့် ယခင်ကပင် ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော SSPP နှင့် မကြာခဏ ပွတ်တိုက်ခြင်းများရှိခဲ့သည်ဟု ၎င်းကဆိုသည်။ “(၂၀၁၈) မိုးကုတ် ပလောင်ညီလာခံမှာ တအာင်းပြည်ရရှိရေးတို့ ဘာတို့ဖြစ်ကုန်ကြတာ” ဟုအထက်ပါရှမ်းနိုင်ငံ ရေးသမားက ဆိုသည်။
TNLA က တိုက်ပွဲများဖော်ဆောင်လာပြီး နောက် ယင်းအဖွဲ့တွင် ဦးဆောင်သူများ၏အမည်မှာလည်း ထင်ရှား လာ၏။ ဥက္ကဋ္ဌ တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) တားဂျုတ်ဂျား၊ ဒုတိယ ဥက္ကဋ္ဌ (၂) တားခူးလန်၊ အထွေထွေ အတွင်းရေးမှူးချုပ်တား ဘုန်းကျော်တို့မှာ မီဒီယာစာမျက်နှာထက်တွင် ဖော်ပြခြင်း ခံလာရသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ TNLA အနေဖြင့် သမ္မတဦးသိန်းစိန်လက်ထက်မှစတင်ကာ ဆွေးနွေးခြင်း များရှိခဲ့ သော်လည်း ကြားတွင် ရပ်တန့်ခဲ့သည်။ ထို့နောက် KIA ၊ MNDAA နှင့် AA တို့ပူးပေါင်းကာ မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့ဟု ဖြစ် လာခဲ့ပြီး ကြားကာလတွင် အစိုးရနှင့် ယင်း (၄) ဖွဲ့ ကြား အပစ်ရပ် ဆွေးနွေးခြင်းများရှိခဲ့သေးသည်။
(၂၀၂၁) နိုင်ငံရေးဖြစ်စဉ်သည် TNLA အ တွက် အခွင့်အရေး ယူစရာ အကြောင်းအချက် ဖြစ်ခဲ့သည်။ TNLA တို့အနေဖြင့် ရေငတ်တုန်း ရေတွင်းထဲ ကျခဲ့သည်ဟု ဆိုနိုင်၏။ ဗမာ PDF အများအပြားကို အသုံးချခွင့်ရခဲ့ရာ ယင်းမှာ TNLA အတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်သည်။
“သူတို့ကိုယ် သူတို့ဆိုရင် နောင်ချို၊ သီပေါ၊ မိုး ကုတ် မပြောနဲ့ မိုင်းငေါ့မြို့လေးတောင် မနိုင်ပါဘူး။ ဒါပေမဲ့ ဗမာပြည်က PDF အားကိုးနဲ့ ဝင်သိမ်းတာပေါ့” ဟု ၎င်းက ဆိုသည်။ (၂၀၂၃) ခုနှစ် အောက်တို ဘာ (၂၇) ရက်တွင် AA၊ MNDAA နှင့် TNLA တို့ ပူးပေါင်းကာ (၁၀၂၇) အမည်ရှိ စစ်ဆင်ရေး နှစ်ကြိမ်တွင် နောင်ချို၊ ကျောက်မဲ ၊ သီပေါနှင့် မိုးကုတ်မြို့တို့ အပါအဝင် မြို့ပေါင်း (၁၂) မြို့ကို ထိန်းချုပ်နိုင်ခဲ့ သည့်အပြင် တောင်ခမ်းအထိပင် ရောက်လာခဲ့သည်။ သို့သော် TNLA တို့ တိုက်ခိုက်ထားသော ထိန်းချုပ် နယ်မြေများတွင် ပလောင်လူဦးရေကား (၁၉ ဒသမ ၉) ရာခိုင်နှုန်းသာ ရှိ၏။
“သူတို့ မာန်တက်သွားတယ်။ ငါတို့ ဒီလောက် စွမ်းလှချည်လားဆိုပြီး သူတို့ကိုယ်သူတို့ ဟုတ်တယ် ထင်သွား တယ်။ တကယ်က ဗမာ PDF တွေကို ခိုင်းပြီး လုပ်သွားတာ။ အောက်ခြေက ကုန်းရုန်းတိုက်ပြီး သူတို့ကိုယ် သူတို့ ဟုတ်လှချည်လား ထင်သွားတာ” ဟု PDF တို့နှင့် ဆက်သွယ်၊ ဆက်ဆံဖူးသူ နောင်ချိုမြို့နယ် မှ သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။
TNLA တို့သည် နွေဦးတော်လှန်ရေးဆိုသော လှိုင်းကို ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် စီးခဲ့ကြကြောင်း ဥပမာ ကောင်းတစ်ရပ်မှာ မိုးကုတ်မြို့သိမ်း တိုက်ပွဲတွင် ဖြစ်သည်။ မိုးကုတ်မြို့သားတို့ကို TNLA က မျက်လှည့်ပြခဲ့ကြသည်။
“ပြည်သူတွေက PDF တွေ သိမ်းတယ်ဆိုပြီး ပန်းနဲ့ကြိုတဲ့အခါ တကယ်ဝင်လာတာက အများစု TNLA တွေ ဖြစ်နေတယ်” ဟု မိုးကုတ်မြို့ခံ တစ်ဦး က ဆိုသည်။ TNLA အပါအဝင် မြောက်ပိုင်း သုံးဖွဲ့ တို့၏နောက်တွင် ရှိသည်ဟု UWSA က မည်သည့် အချိန်တွင်မျှ ဝန်ခံခြင်းမရှိသော်လည်း ပေါက်ကြားခဲ့သော ပူအယ်မှတ်တမ်းတွင် တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက MNDAA နှင့် TNLA အပါအဝင် အခြားတိုင်းရင်းသားလက် နက်ကိုင်တပ် များကို လက်နက်ခဲယမ်း မရောင်းချရန် UWSA ဘက်ကို ပြောကြားခဲ့ကြောင်း တွေ့ရသည်။တစ်ဖက်တွင်လည်း TNLA တို့အနေဖြင့် တိုက်ပွဲများ ဖော်ဆောင်ရန် UWSA ထံ TNLA က ကျပ် (၂၀ဝ) ဘီလျံနီးပါး စစ်စရိတ်အကြွေးများ တင်ခဲ့ ကြောင်း သတင်းထွက်ပေါ်ဖူးသည်။
သို့သော် ထို့အတွက်အတည်ပြုရန် ကာလများစွာ စောင့်စရာမလိုခဲ့ဘဲ မိုးကုတ်ဂေါက်ကွင်းနှင့် အခြားနေရာ အချို့မှ ကျောက်တွင်းများကို တူးဖော်ခွင့် ပြုလုပ်ခြင်းဖြင့် ယင်းသတင်းကို ခိုင်မာစေခဲ့သည်။ မြို့သိမ်းရာတွင်ပါခဲ့သော PDF တို့ကား နေရာမရဘဲ မြို့ပြင်ပတွင်ထားခြင်းဖြင့် TNLA က ၎င်း၏သဘောထားကိုထုတ်ဖော်ခဲ့သည်။
အခြားနေရာများတွင်လည်း အလားတူသာ ဖြစ်သည်။ TNLA တို့အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာ ဒေသများတွင် ပလောင်စာကို သင်ရန် ကြိုးပမ်းသည်။ ဌာနအမည်များ၊ လမ်းအမည်များတွင် ပလောင်စာ ဖြင့် ပြောင်းလဲရေးသား စေခြင်းတို့ကိုပြုလုပ်သည်။ ထိုအခါ ဒေသခံ ရှမ်းနှင့် အခြားတိုင်းရင်သားများ၏ ငြူစူခြင်းတို့ ရှိလာ၏။ လက်နက် ကိုင်ထားသောကြောင့် ထိပ်တိုက် မကန့်ကွက်ရဲသော်လည်း ပွတ်တိုက်မှု ရှိနေ၏။ “မြို့အဝင် ဆိုင်းဘုတ်ကအစ ပလောင်စာ ပြောင်းလိုက်တာ။ ကချင်ဆိုလည်း ကချင်ကျောင်းတွေ ပိတ်ခိုင်းတာ ရှိတယ်။ နိုင်ငံရေးအမြင်ကျဉ်းတယ်လို့ ပြောရမယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် TNLA တို့အနေဖြင့် ယခင်က မဟာမိတ်ဆိုသော လက်နက်ကိုင်များနှင့် နယ်မြေ အငြင်းပွားခြင်း များရှိလာသည်။ ၎င်းတို့ကို မွေးထုတ်ပေးခဲ့သည့် KIA နှင့်ပင် နယ်မြေ အငြင်းပွားရင်း သေနတ် ပစ်ဖောက်သည်အထိ ဖြစ်ခဲ့၏။ ထိုမျှသာမက ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း ပလောင်အလံသာ တင်ခွင့်ပြုပြီး အခြားတိုင်းရင်းသား လူမျိုးတို့ ၏အလံများကို ဖြုတ်ချရန် စေခိုင်းခြင်းတို့ ရှိလာသည်။ တစ်ဖက်တွင် လည်း အရပ်ဘက် အုပ်ချုပ်ရေးဟုဆိုကာ ၎င်းတို့ ထိန်းချုပ်ထားသောနယ်မြေတွင် လုပ်ဆောင်ရာ အပြည့်အဝ အကောင်အထည် မဖော်နိုင်ဘဲ ဖားတစ်ပိုင်း ငါးတစ်ပိုင်းသာ ဖြစ်ပြီး ပလောင်အများစု နေရာရသော အုပ်ချုပ်ရေးဖြစ်ကာ လူများစု တိုင်းရင်းသားတို့မှာမူ အုပ်ချုပ်ခံများသာ ဖြစ်ခဲ့ သည်။
“ကမူးရှူးတိုးတွေ။ လက်သင့်ရာ စားတော်ခေါ်တဲ့ အုပ်ချုပ်ရေးပဲ။ ဘာမှမအောင်မြင်ဘူး။ သူတို့ သိမ်း ထားတဲ့ မြို့တွေမှာ ပလောင်က နည်းနည်းလေးပဲ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှာ ပလောင်ဆို နေရာရတယ်” ဟု ကျောက်မဲမြို့ ခံတစ်ဦးက ဆိုသည်။
TNLA နှင့် ပူးပေါင်းသော PDF တို့မှာလည်း အဆိုပါ အဖွဲ့၏ ကြီးစိုးမှုအောက် နေရသည့်အပြင် ဖိနှိပ်မှုကိုလည်း ကြုံရသည်။ တိုက်ပွဲတွင်သာ လက်နက်ထုတ်ပေးပြီး နောက်တန်း ပြန်ရောက်ချိန် လက်နက်သိမ်းသည်လည်း ရှိသည်။ နယ်ကျော်ဖြတ်သန်း သော PDF တို့ကို ဖမ်းဆီးခြင်းများလည်းရှိသည်။ PDF နှင့် TNLA တို့ အငြင်းပွားသော ရုပ်သံဖိုင် အချို့လည်း ရံဖန်ရံခါ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပေါ်လာတတ်သည်။
TNLA က လက်နက်အားကိုးဖြင့် လုပ်ချင်ရာ လုပ်နေချိန် တားဘုန်းကျော်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပို့စ်များ တင်နေခဲ့သည်။ သို့သော် ကြာကြာထားသည်တော့ မဟုတ်ပါ။ တင်လိုက်၊ ဖြုတ်လိုက် လုပ်နေခဲ့ခြင်းဖြစ်ပြီး TNLA ၏ ရပ်တည်ချက်ကို မြင်နိုင်သည်။ ဥပမာအားဖြင့် မိုးမိတ်တွင် KIA နှင့် နယ်မြေ အငြင်းပွား စဉ်က ဖေ့စ်ဘွတ်ခ်တွင် ပို့စ်တင်ကာ လူမိုက်စကားပြောခဲ့၏။
“အရပ်ကတို့ရေ ရွာက မိအေးစွာတေးလန်တယ် အများတကာနဲ့လှည့်ပတ်ရန်လုပ်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ မိအေးကို ဝိုင်းသမတာငယ်နိုင်ဆိုပြီး ဖိတာ အဲဒါတွေကျတော့ မသိသလိုပဲလုပ်နေကြပေါ့။ မိအေးလည်း (၁၉၉၀) မတိုင်ခင်လို (၂၀ဝဝ)တုန်း ကလို ခေါင်းငုံ့ခံတဲ့ခေတ် ကုန်ပြီလေ ရင်ဖွင့်ကြည့် တာပါ။ အများပြောတဲ့ တင်နီလာအေး (TNLA ၏ အမည်ပြောင်) တကယ်ဆိုးတာ အကြောင်းရှိလို့ပါ” ဟု တားဘုန်းကျော်က ရေးသားခဲ့ရာ ဝေဖန်မှုများရခဲ့ သေးသည်။ အင်တာဗျူး တစ်ခုတွင်လည်း တားဘုန်းကျော်က တော်လှန်ရေးအရှိန်မြှင့်လာလျှင် နိုင်ငံ တည်ဆောက်ရန် အဆင်သင့်ပြင်ထားရမည်ဖြစ်ကြောင်း၊ ပြည်နယ်မရှိသော လူမျိုးစုက ပြည်နယ်ရှိသော လူမျိုးစု၏ ဖိနှိပ်မှုကို ခံနေရကြောင်းစသည်ဖြင့် ပြောခဲ့ဖူး၏။
ထို့ပြင် တားဂျုတ်ဂျားကိုယ်တိုင်က မိန့်ခွန်း များတွင် ရှမ်းတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသား တို့အပေါ် အမုန်းစကားများ ပြောခဲ့ဖူးကြောင်း ဒေသခံတို့က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ တွင် ရေးသားထားကြသည်။ သို့သော် TNLA ခေါင်းဆောင်တို့ လုပ်သမျှပြောသမျှတို့သည် ပလောင် တိုင်းရင်းသားတို့အပေါ် မည်မျှရိုက်ခတ်သည် ဆိုခြင်း ကိုမူ တွေးဟန်မတူပေ။ သို့မဟုတ် ပလောင်လူထုကို ထည့်သွင်းမစဉ်းစားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
“(၁၀၂၇) အောင်မြင်တယ်ဆိုပြီး ဒါက ရေရှည် အောင်မြင်မှုလို့ တွက်လိုက်တယ်လို့ ယူဆရတော့မယ်။ စစ်ဆို တာ နှစ်ဖက် အတိုးအလျှော့ ရှိတယ်ဆိုတာကို သဘောပေါက်ရမယ်။ ထာဝရ အောင်မြင်မှု မဟုတ်လို့ မာန်မတက်သင့် ဘူးဆိုတာကို သူတို့ နားမလည်တာ အံ့ဩတယ်။ ပလောင်တိုင်းရင်းသားတွေက ရှမ်းပြည်နယ်တင်မက တစ်နိုင်ငံလုံးမှာ သူတို့ ခေါင်းဆောင်တွေလုပ်သမျှ မျက်နှာငယ်ရတာပေါ့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှဒေသခံတစ်ဦးက ဆိုသည်။
TNLA တို့ (၁၀၂၇) စစ်ဆင်ရေး မစမီအချိန် က အခြားတိုင်းရင်းသားများ၏ TNLA တို့ အပေါ် အမြင်မှာ နယ်မြေထိန်းချုပ်မှုများ တိုးပြီးနောက် ပြောင်းလဲသွားခဲ့သည်။ “ပလောင်အဖွဲ့တွေဆိုရင် လူမုန်းများလာတယ်။ ဟင် ပလောင်စစ်သားလား။ ပလောင်တွေလား ဆိုတာမျိုးဖြစ်လာတယ်။ ပလောင် ပြည်သူတွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ အရှိ တရားပဲ” ဟု ၎င်းက ဆိုသည်။ TNLA တို့ အတွက် တဖက်တွင် နယ်မြေကို မနိုင်မနင်း ထိန်းချုပ်နေချိန် (၂၀၂၄) ခုနှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီက TNLA ထံ အပစ်ရပ်ရန် စာပေးပို့ခဲ့ရာ အဆိုပါစာကို လက်ခံရရှိကြောင်း TNLA ဘက်မှ မီဒီယာများကို ပြောခဲ့ သည်။
ယင်းနောက် (၂၀၂၅) ခုနှစ် နှစ်ဆန်းပိုင်းတွင် တပ်မတော် နှင့် MNDAA တို့ အပစ်ရပ်သည့် အပြင် နှစ်လယ်ပိုင်း တွင် လားရှိုးမှ MNDAA တို့ ဆုတ်ခွာသွား၏။ TNLA တို့ကား ကားယားကြီး ကျန်ခဲ့လေသည်။ တရုတ်အစိုးရ၏ စီစဉ် ပေးမှုဖြင့် တပ်မတော်နှင့် TNLA တို့ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း အဖြေမထွက်သေးပေ။ TNLA ဘက်က ၎င်းတို့ တိုက်ခိုက်ခဲ့သောမြို့များကို ထိန်းချုပ်လိုနေ ကြောင်းသိရသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၎င်းတို့ တိုက်ခိုက် ခဲ့သော မြို့ကိုပေးရမည် ဆိုခြင်းမှာ မကိုက်ညီလှပေ။ TNLA ဘက်ကမူ တရုတ်က ဖိအားပေးသည်ဟုသာ တွင်တွင် အော်နေသည်။
“အမှန်တော့ သူတို့ နိုင်တယ်လို့ သတ်မှတ်တာ။ တကယ်တော့ ဒါကို စစ်ပွဲကြီးလို့ သတ်မှတ်လို့မရဘူး။ စစ်ပွဲမှာမှ သူ့အောက်မှာ တိုက်ပွဲလေးတွေရှိတယ်။ ထိတွေ့မှု အသေးလေးတွေ ရှိတယ်။ သူတို့ကိုယ်သူတို့ စစ်နိုင်နေတယ် ထင်တာ။ တကယ်တော့ သူတို့ နိုင်တာတိုက်ပွဲလေးတွေပေါ့။ တိုက်ပွဲလေးတွေပေါ် ယစ်မူးပြီးတော့ လုပ်ချင်ရာ လုပ်လို့ ရ လောက်ပြီ။ ဖြစ်ချင်တာ ဒါနဲ့ပြည့်သွားပြီလို့ တွေးတဲ့အချိန် ဒါမျိုးဖြစ်တာ။ အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်း သွားတယ်။ နိုင်ငံရေးဆိုင်ရာ အသိအမြင်ကလည်း အဲဒီလောက် အမြင် မကျယ်ဘူး” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့မှ ဦးသိန်းထွန်းဦးက ဆိုသည်။
အခြားတစ်ဖက်တွင် UWSA က MNDAA ၊ TNLA နှင့် SSPP တို့ကိုခေါ်တွေကာ လက်နက်နှင့် ငွေကြေး အကူအညီ ပေးတော့မည်မဟုတ်ဟု သတိပေး၏။ ယင်းမတိုင်မီကပင် TNLA တို့ကို လက်နက် မရောင်းတော့ခြင်းဖြစ်ကြောင်း သိရသည်။ “တစ် အချက်က ကျည်ဆန် မရှိဘူး။ ခဲယမ်းပြတ်နေပြီ။ အရင်တုန်းက ကိုးကန့်ကရောင်းတာ။ ကိုးကန့်ကို တရုတ်က ဖိအားပေးလိုက်တဲ့အခါကျတော့ ပြီးခဲ့တဲ့ တစ်လခွဲ နောင်ချို မသိမ်းခင်က ကိုးကန့်က သူ့ကို (ခဲယမ်း) ပေးလိုက်တယ်။ တော်တော်များများ ပေးလိုက်တယ်။ သို့သော် အခုဒီတစ်ခေါက် ထပ်တောင်းတော့ ကိုးကန့်က သူ့ကိုမပေးတော့ဘူး။ ပေးတယ်ဆို တာက မရောင်းချင်လို့။ ဟေ့ကောင် ယူသွားကွာ ဆို ပြီး ပေးလိုက်တာ။ ဒီတစ်ခါတော့ ဘာမှကို မပေးတော့ ဘူး။ ကိုးကန့်ရော၊ “ဝ” ရော ခဲယမ်း မရောင်းတော့ ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယခင်ကပင် ပြောကြားထားဖူးသည်။ တစ်ဖက်တွင် တပ်မတော် ကလည်း ထိုးစစ်များကို ပြုလုပ်ရာ တောင်ခမ်းမှ ဆုတ်ပြီး နောင်ချိုတွင် ခုခံသည်။ သို့သော် ယင်းမှ ဆုတ်ပြီး ကျောက်မဲ၊ ထိုမှတစ်ဆင့် သီပေါအထိ ရောက်သွားခဲ့ပြီ။ အညာဒေသဘက်တွင်လည်း TNLA ၏ တပည့်ဖြစ်သော MDY – PDF နှင့် ချိတ်ဆက်ရာ လမ်းကြောင်းများကို တပ်မ တော်က ဖြတ်တောက်ထားနိုင်သည်။
TNLA က TNLA ပင် ဖြစ်လေရာ ကျောက်မဲမှ မဆုတ်ခွာမီက တပ်မတော်ကို သတင်းပေးသည် ဟုဆိုကာ အရပ်သားများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြသေး၏။ ယင်းမြို့မှ အရပ်ဘက် ဌာနဆိုင်ရာ အဆောက်အအုံအချို့ ကိုလည်း မီးရှို့သည်။ သမိုင်းဝင် ဂုတ်ထိပ်တံတား၏ အစိတ်အပိုင်းအချို့ကိုပင် မိုင်းထောင် ဖောက်ခွဲခဲ့သည်။ စိတ်ဓာတ် ပိုင်းအရလည်း TNLA ၏ အောက်ခြေတပ်သားတို့မှာ ချွတ်ခြုံကျနေသည်။ ထောက်ပို့ကောင်းစွာ မပေးနိုင်ကြောင်း TNLA ထောက်ခံသူများပင် ၎င်းတို့၏ လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများထက်တွင် ရေးသား နေကြ၏။
TNLA တို့ကား ပြင်ဆင်နိုင်ခွင့် ရှိနိုင်ပါသေးသည်။ ငြိမ်းချမ်းရေးကို ဦးတည်ကာ လက်နက်စွန့် ခြင်းဖြင့် ပလောင်လူမျိုးတို့ အကျိုးကို ဆောင်ရွက်ခွင့် ရနိုင်ပါသေးသည်။ အောက်ခြေ တပ်ဖွဲ့ဝင်များနှင့် ပလောင်လူမျိုးတို့၏ အကျိုးကို ကြည့်ချင်ပါသလော ဆိုသည်မှာ တားအိုက်ဘုန်း၊ တားဂျုတ်ဂျားနှင့်တာ ဘုန်းကျော်တို့ကဲ့သို့ TNLA ခေါင်းဆောင်များ မိမိ ကိုယ်ကိုယ်မေးသင့်သောမေးခွန်းဖြစ်သည်။
မြေပြင်တွင်မူ ကိုယ့်လူမျိုးကိုယ် ကြိုးကွင်းစွပ်သော အနေအထားဖြစ်နေပြီဟု ဒေသခံတစ်ဦးက ဆိုသည်။ “တအာင်း/ပလောင်ဆိုရင် ကြိတ်မယ်ဆို တာပဲ ဖြစ်နေတယ်။ ကိုယ့်လူမျိုး ကိုယ်ကြိုးကွင်း စွပ်တဲ့ အဖွဲ့အစည်းလို့ ကျွန်တော်မြင်ပါ တယ်။ ပလောင်လူမျိုးတွေ ခေါင်းမဖော်ရဲလောက်အောင် လုပ်တာပဲ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
မတန္တဲ့ေျမကို လ်ာမိတဲ့ TNLA ရဲ႕ မ်ိဳးျပဳတ္လုနီးပါး အကြက္ေ႐ႊ႕မွားမႈအက်ိဳးဆက္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၆
ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးကို အာမခံသည့္ တအာင္းျပည္နယ္ တည္ေဆာက္ေရးဟု ေျပာခဲ့ေသာ TNLA ၏ တအာင္းျပည္နယ္ဆိုသည္မွာ အဘယ္နည္းဆိုေသာ ႐ုပ္လုံး ေပၚလာခဲ့ၿပီျဖစ္သည္။ ေကာင္းေသာ ႐ုပ္လုံးကား မဟုတ္ပါ။ TNLA တို႔ကား က်ားကြက္ေ႐ႊ႕ခဲ့ၾကပါ၏။ သို႔ေသာ္ အကြက္မေစ့ခဲ့ေပ။
TNLA ၏အေၾကာင္းကို ေျပာမည္ဆိုလွ်င္ သမိုင္းကို ျပန္၍ေျပာမွ သင့္မည္ျဖစ္သည္။ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္မေတာ္ (PSLA) က ၿငိမ္းခ်မ္းေရးယူၿပီးသည့္ေနာက္ KNU နယ္ေျမတြင္ က်န္ေနခဲ့သူ ယင္းအဖြဲ႕ဝင္ အခ်ိဳ႕က ႏိုင္ငံေရးအဖြဲ႕ အစည္းျဖစ္ေသာ ပေလာင္ျပည္နယ္လြတ္ေျမာက္ ေရးတပ္ဦး (PSLF) ကို ဖြဲ႕စည္းခဲ့ၾကသည္။ ယင္း ေနာက္ (၂၀ဝ၉) ခုႏွစ္တြင္ TNLA ဆိုေသာ လက္ နက္ကိုင္တပ္ဖြဲ႕ကို ဖြဲ႕စည္းသည္။
KIA ထံတြင္ စစ္ပညာသင္ၾကားၿပီးေနာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စတင္လႈပ္ရွားသည္။ အသက္မျပည့္ ေသးသူပါမက်န္ အဓမၼ စစ္သားစုေဆာင္းျခင္းျဖင့္ အင္အားတည္ေဆာက္ခဲ့သည္ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံ တစ္ဦးကဆိုသည္။
“ပေလာင္သာမန္ျပည္သူေတြကို လူသစ္စု ေဆာင္းတာေလ။ မဝင္မေနရဆိုၿပီး စုေတာ့ ထြက္ေျပးတာလည္း အမ်ားႀကီးပဲ။ ပေလာင္က ဗုဒၶဘာသာ ကိုးကြယ္တာမ်ားေတာ့ ရန္ကုန္ဘက္ေတြဆီ ကိုရင္ ဝတ္ၿပီးလာၾကတာလည္း အမ်ားႀကီးပဲ။ ကိုရင္ ဝတ္ရင္လည္း လူထြက္ၿပီး သူတို႔ထဲ ဝင္ခိုင္းတယ္” ဟု ၎ က ဆိုသည္။
TNLA တို႔ ယခင္ကပင္ တိတ္တခိုးမက္ေနေသာ အိပ္မက္ကား အျခားရွမ္းတိုင္းရင္းသားတို႔၏ ေဒသမ်ားကိုပါ ထည့္ၿပီး ပေလာင္ျပည္ထူေထာင္လို ျခင္းျဖစ္သည္ဟု ရွမ္းႏိုင္ငံေရးသမားတစ္ဦးကဆိုသည္။ ထို႔ေၾကာင့္ ယခင္ကပင္ ရွမ္းလက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ေသာ SSPP ႏွင့္ မၾကာခဏ ပြတ္တိုက္ျခင္းမ်ားရွိခဲ့သည္ဟု ၎ကဆိုသည္။ “(၂၀၁၈) မိုးကုတ္ ပေလာင္ညီလာခံမွာ တအာင္းျပည္ရရွိေရးတို႔ ဘာတို႔ျဖစ္ကုန္ၾကတာ” ဟုအထက္ပါရွမ္းႏိုင္ငံ ေရးသမားက ဆိုသည္။
TNLA က တိုက္ပြဲမ်ားေဖာ္ေဆာင္လာၿပီး ေနာက္ ယင္းအဖြဲ႕တြင္ ဦးေဆာင္သူမ်ား၏အမည္မွာလည္း ထင္ရွား လာ၏။ ဥကၠ႒ တားအိုက္ဘုန္း၊ ဒုတိယ ဥကၠ႒ (၁) တားဂ်ဳတ္ဂ်ား၊ ဒုတိယ ဥကၠ႒ (၂) တားခူးလန္၊ အေထြေထြ အတြင္းေရးမႉးခ်ဳပ္တား ဘုန္းေက်ာ္တို႔မွာ မီဒီယာစာမ်က္ႏွာထက္တြင္ ေဖာ္ျပျခင္း ခံလာရသည္။
ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ TNLA အေနျဖင့္ သမၼတဦးသိန္းစိန္လက္ထက္မွစတင္ကာ ေဆြးေႏြးျခင္း မ်ားရွိခဲ့ ေသာ္လည္း ၾကားတြင္ ရပ္တန႔္ခဲ့သည္။ ထို႔ေနာက္ KIA ၊ MNDAA ႏွင့္ AA တို႔ပူးေပါင္းကာ ေျမာက္ပိုင္းမဟာမိတ္ (၄) ဖြဲ႕ဟု ျဖစ္ လာခဲ့ၿပီး ၾကားကာလတြင္ အစိုးရႏွင့္ ယင္း (၄) ဖြဲ႕ ၾကား အပစ္ရပ္ ေဆြးေႏြးျခင္းမ်ားရွိခဲ့ေသးသည္။
(၂၀၂၁) ႏိုင္ငံေရးျဖစ္စဥ္သည္ TNLA အ တြက္ အခြင့္အေရး ယူစရာ အေၾကာင္းအခ်က္ ျဖစ္ခဲ့သည္။ TNLA တို႔အေနျဖင့္ ေရငတ္တုန္း ေရတြင္းထဲ က်ခဲ့သည္ဟု ဆိုႏိုင္၏။ ဗမာ PDF အမ်ားအျပားကို အသုံးခ်ခြင့္ရခဲ့ရာ ယင္းမွာ TNLA အတြက္ အေျပာင္းအလဲႀကီးတစ္ခု ျဖစ္သည္။
“သူတို႔ကိုယ္ သူတို႔ဆိုရင္ ေနာင္ခ်ိဳ၊ သီေပါ၊ မိုး ကုတ္ မေျပာနဲ႔ မိုင္းေငါ့ၿမိဳ႕ေလးေတာင္ မႏိုင္ပါဘူး။ ဒါေပမဲ့ ဗမာျပည္က PDF အားကိုးနဲ႔ ဝင္သိမ္းတာေပါ့” ဟု ၎က ဆိုသည္။ (၂၀၂၃) ခုႏွစ္ ေအာက္တို ဘာ (၂၇) ရက္တြင္ AA၊ MNDAA ႏွင့္ TNLA တို႔ ပူးေပါင္းကာ (၁၀၂၇) အမည္ရွိ စစ္ဆင္ေရး ႏွစ္ႀကိမ္တြင္ ေနာင္ခ်ိဳ၊ ေက်ာက္မဲ ၊ သီေပါႏွင့္ မိုးကုတ္ၿမိဳ႕တို႔ အပါအဝင္ ၿမိဳ႕ေပါင္း (၁၂) ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ သည့္အျပင္ ေတာင္ခမ္းအထိပင္ ေရာက္လာခဲ့သည္။ သို႔ေသာ္ TNLA တို႔ တိုက္ခိုက္ထားေသာ ထိန္းခ်ဳပ္ နယ္ေျမမ်ားတြင္ ပေလာင္လူဦးေရကား (၁၉ ဒသမ ၉) ရာခိုင္ႏႈန္းသာ ရွိ၏။
“သူတို႔ မာန္တက္သြားတယ္။ ငါတို႔ ဒီေလာက္ စြမ္းလွခ်ည္လားဆိုၿပီး သူတို႔ကိုယ္သူတို႔ ဟုတ္တယ္ ထင္သြား တယ္။ တကယ္က ဗမာ PDF ေတြကို ခိုင္းၿပီး လုပ္သြားတာ။ ေအာက္ေျခက ကုန္း႐ုန္းတိုက္ၿပီး သူတို႔ကိုယ္ သူတို႔ ဟုတ္လွခ်ည္လား ထင္သြားတာ” ဟု PDF တို႔ႏွင့္ ဆက္သြယ္၊ ဆက္ဆံဖူးသူ ေနာင္ခ်ိဳၿမိဳ႕နယ္ မွ သတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။
TNLA တို႔သည္ ေႏြဦးေတာ္လွန္ေရးဆိုေသာ လႈိင္းကို ၎တို႔ကိုယ္က်ိဳးစီးပြားအတြက္ စီးခဲ့ၾကေၾကာင္း ဥပမာ ေကာင္းတစ္ရပ္မွာ မိုးကုတ္ၿမိဳ႕သိမ္း တိုက္ပြဲတြင္ ျဖစ္သည္။ မိုးကုတ္ၿမိဳ႕သားတို႔ကို TNLA က မ်က္လွည့္ျပခဲ့ၾကသည္။
“ျပည္သူေတြက PDF ေတြ သိမ္းတယ္ဆိုၿပီး ပန္းနဲ႔ႀကိဳတဲ့အခါ တကယ္ဝင္လာတာက အမ်ားစု TNLA ေတြ ျဖစ္ေနတယ္” ဟု မိုးကုတ္ၿမိဳ႕ခံ တစ္ဦး က ဆိုသည္။ TNLA အပါအဝင္ ေျမာက္ပိုင္း သုံးဖြဲ႕ တို႔၏ေနာက္တြင္ ရွိသည္ဟု UWSA က မည္သည့္ အခ်ိန္တြင္မွ် ဝန္ခံျခင္းမရွိေသာ္လည္း ေပါက္ၾကားခဲ့ေသာ ပူအယ္မွတ္တမ္းတြင္ တ႐ုတ္ႏိုင္ငံ၏ အထူးကိုယ္စားလွယ္ မစၥတာတိန႔္ရွီကြၽင္းက MNDAA ႏွင့္ TNLA အပါအဝင္ အျခားတိုင္းရင္းသားလက္ နက္ကိုင္တပ္ မ်ားကို လက္နက္ခဲယမ္း မေရာင္းခ်ရန္ UWSA ဘက္ကို ေျပာၾကားခဲ့ေၾကာင္း ေတြ႕ရသည္။တစ္ဖက္တြင္လည္း TNLA တို႔အေနျဖင့္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ရန္ UWSA ထံ TNLA က က်ပ္ (၂၀ဝ) ဘီလ်ံနီးပါး စစ္စရိတ္အေႂကြးမ်ား တင္ခဲ့ ေၾကာင္း သတင္းထြက္ေပၚဖူးသည္။
သို႔ေသာ္ ထို႔အတြက္အတည္ျပဳရန္ ကာလမ်ားစြာ ေစာင့္စရာမလိုခဲ့ဘဲ မိုးကုတ္ေဂါက္ကြင္းႏွင့္ အျခားေနရာ အခ်ိဳ႕မွ ေက်ာက္တြင္းမ်ားကို တူးေဖာ္ခြင့္ ျပဳလုပ္ျခင္းျဖင့္ ယင္းသတင္းကို ခိုင္မာေစခဲ့သည္။ ၿမိဳ႕သိမ္းရာတြင္ပါခဲ့ေသာ PDF တို႔ကား ေနရာမရဘဲ ၿမိဳ႕ျပင္ပတြင္ထားျခင္းျဖင့္ TNLA က ၎၏သေဘာထားကိုထုတ္ေဖာ္ခဲ့သည္။
အျခားေနရာမ်ားတြင္လည္း အလားတူသာ ျဖစ္သည္။ TNLA တို႔အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ပေလာင္စာကို သင္ရန္ ႀကိဳးပမ္းသည္။ ဌာနအမည္မ်ား၊ လမ္းအမည္မ်ားတြင္ ပေလာင္စာ ျဖင့္ ေျပာင္းလဲေရးသား ေစျခင္းတို႔ကိုျပဳလုပ္သည္။ ထိုအခါ ေဒသခံ ရွမ္းႏွင့္ အျခားတိုင္းရင္သားမ်ား၏ ျငဴစူျခင္းတို႔ ရွိလာ၏။ လက္နက္ ကိုင္ထားေသာေၾကာင့္ ထိပ္တိုက္ မကန႔္ကြက္ရဲေသာ္လည္း ပြတ္တိုက္မႈ ရွိေန၏။ “ၿမိဳ႕အဝင္ ဆိုင္းဘုတ္ကအစ ပေလာင္စာ ေျပာင္းလိုက္တာ။ ကခ်င္ဆိုလည္း ကခ်င္ေက်ာင္းေတြ ပိတ္ခိုင္းတာ ရွိတယ္။ ႏိုင္ငံေရးအျမင္က်ဥ္းတယ္လို႔ ေျပာရမယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ TNLA တို႔အေနျဖင့္ ယခင္က မဟာမိတ္ဆိုေသာ လက္နက္ကိုင္မ်ားႏွင့္ နယ္ေျမ အျငင္းပြားျခင္း မ်ားရွိလာသည္။ ၎တို႔ကို ေမြးထုတ္ေပးခဲ့သည့္ KIA ႏွင့္ပင္ နယ္ေျမ အျငင္းပြားရင္း ေသနတ္ ပစ္ေဖာက္သည္အထိ ျဖစ္ခဲ့၏။ ထိုမွ်သာမက ၎တို႔ ထိန္းခ်ဳပ္ေဒသအတြင္း ပေလာင္အလံသာ တင္ခြင့္ျပဳၿပီး အျခားတိုင္းရင္းသား လူမ်ိဳးတို႔ ၏အလံမ်ားကို ျဖဳတ္ခ်ရန္ ေစခိုင္းျခင္းတို႔ ရွိလာသည္။ တစ္ဖက္တြင္ လည္း အရပ္ဘက္ အုပ္ခ်ဳပ္ေရးဟုဆိုကာ ၎တို႔ ထိန္းခ်ဳပ္ထားေသာနယ္ေျမတြင္ လုပ္ေဆာင္ရာ အျပည့္အဝ အေကာင္အထည္ မေဖာ္ႏိုင္ဘဲ ဖားတစ္ပိုင္း ငါးတစ္ပိုင္းသာ ျဖစ္ၿပီး ပေလာင္အမ်ားစု ေနရာရေသာ အုပ္ခ်ဳပ္ေရးျဖစ္ကာ လူမ်ားစု တိုင္းရင္းသားတို႔မွာမူ အုပ္ခ်ဳပ္ခံမ်ားသာ ျဖစ္ခဲ့ သည္။
“ကမူးရႉးတိုးေတြ။ လက္သင့္ရာ စားေတာ္ေခၚတဲ့ အုပ္ခ်ဳပ္ေရးပဲ။ ဘာမွမေအာင္ျမင္ဘူး။ သူတို႔ သိမ္း ထားတဲ့ ၿမိဳ႕ေတြမွာ ပေလာင္က နည္းနည္းေလးပဲ။ ဒါေပမဲ့ အုပ္ခ်ဳပ္ေရးမွာ ပေလာင္ဆို ေနရာရတယ္” ဟု ေက်ာက္မဲၿမိဳ႕ ခံတစ္ဦးက ဆိုသည္။
TNLA ႏွင့္ ပူးေပါင္းေသာ PDF တို႔မွာလည္း အဆိုပါ အဖြဲ႕၏ ႀကီးစိုးမႈေအာက္ ေနရသည့္အျပင္ ဖိႏွိပ္မႈကိုလည္း ႀကဳံရသည္။ တိုက္ပြဲတြင္သာ လက္နက္ထုတ္ေပးၿပီး ေနာက္တန္း ျပန္ေရာက္ခ်ိန္ လက္နက္သိမ္းသည္လည္း ရွိသည္။ နယ္ေက်ာ္ျဖတ္သန္း ေသာ PDF တို႔ကို ဖမ္းဆီးျခင္းမ်ားလည္းရွိသည္။ PDF ႏွင့္ TNLA တို႔ အျငင္းပြားေသာ ႐ုပ္သံဖိုင္ အခ်ိဳ႕လည္း ရံဖန္ရံခါ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေပၚလာတတ္သည္။
TNLA က လက္နက္အားကိုးျဖင့္ လုပ္ခ်င္ရာ လုပ္ေနခ်ိန္ တားဘုန္းေက်ာ္က လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ပို႔စ္မ်ား တင္ေနခဲ့သည္။ သို႔ေသာ္ ၾကာၾကာထားသည္ေတာ့ မဟုတ္ပါ။ တင္လိုက္၊ ျဖဳတ္လိုက္ လုပ္ေနခဲ့ျခင္းျဖစ္ၿပီး TNLA ၏ ရပ္တည္ခ်က္ကို ျမင္ႏိုင္သည္။ ဥပမာအားျဖင့္ မိုးမိတ္တြင္ KIA ႏွင့္ နယ္ေျမ အျငင္းပြား စဥ္က ေဖ့စ္ဘြတ္ခ္တြင္ ပို႔စ္တင္ကာ လူမိုက္စကားေျပာခဲ့၏။
“အရပ္ကတို႔ေရ ႐ြာက မိေအးစြာေတးလန္တယ္ အမ်ားတကာနဲ႔လွည့္ပတ္ရန္လုပ္တယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔။ မိေအးကို ဝိုင္းသမတာငယ္ႏိုင္ဆိုၿပီး ဖိတာ အဲဒါေတြက်ေတာ့ မသိသလိုပဲလုပ္ေနၾကေပါ့။ မိေအးလည္း (၁၉၉၀) မတိုင္ခင္လို (၂၀ဝဝ)တုန္း ကလို ေခါင္းငုံ႔ခံတဲ့ေခတ္ ကုန္ၿပီေလ ရင္ဖြင့္ၾကည့္ တာပါ။ အမ်ားေျပာတဲ့ တင္နီလာေအး (TNLA ၏ အမည္ေျပာင္) တကယ္ဆိုးတာ အေၾကာင္းရွိလို႔ပါ” ဟု တားဘုန္းေက်ာ္က ေရးသားခဲ့ရာ ေဝဖန္မႈမ်ားရခဲ့ ေသးသည္။ အင္တာဗ်ဴး တစ္ခုတြင္လည္း တားဘုန္းေက်ာ္က ေတာ္လွန္ေရးအရွိန္ျမႇင့္လာလွ်င္ ႏိုင္ငံ တည္ေဆာက္ရန္ အဆင္သင့္ျပင္ထားရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္မရွိေသာ လူမ်ိဳးစုက ျပည္နယ္ရွိေသာ လူမ်ိဳးစု၏ ဖိႏွိပ္မႈကို ခံေနရေၾကာင္းစသည္ျဖင့္ ေျပာခဲ့ဖူး၏။
ထို႔ျပင္ တားဂ်ဳတ္ဂ်ားကိုယ္တိုင္က မိန႔္ခြန္း မ်ားတြင္ ရွမ္းတိုင္းရင္းသားႏွင့္ ကခ်င္တိုင္းရင္းသား တို႔အေပၚ အမုန္းစကားမ်ား ေျပာခဲ့ဖူးေၾကာင္း ေဒသခံတို႔က လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ား တြင္ ေရးသားထားၾကသည္။ သို႔ေသာ္ TNLA ေခါင္းေဆာင္တို႔ လုပ္သမွ်ေျပာသမွ်တို႔သည္ ပေလာင္ တိုင္းရင္းသားတို႔အေပၚ မည္မွ်႐ိုက္ခတ္သည္ ဆိုျခင္း ကိုမူ ေတြးဟန္မတူေပ။ သို႔မဟုတ္ ပေလာင္လူထုကို ထည့္သြင္းမစဥ္းစားျခင္းမ်ိဳးလည္း ျဖစ္ႏိုင္သည္။
“(၁၀၂၇) ေအာင္ျမင္တယ္ဆိုၿပီး ဒါက ေရရွည္ ေအာင္ျမင္မႈလို႔ တြက္လိုက္တယ္လို႔ ယူဆရေတာ့မယ္။ စစ္ဆို တာ ႏွစ္ဖက္ အတိုးအေလွ်ာ့ ရွိတယ္ဆိုတာကို သေဘာေပါက္ရမယ္။ ထာဝရ ေအာင္ျမင္မႈ မဟုတ္လို႔ မာန္မတက္သင့္ ဘူးဆိုတာကို သူတို႔ နားမလည္တာ အံ့ဩတယ္။ ပေလာင္တိုင္းရင္းသားေတြက ရွမ္းျပည္နယ္တင္မက တစ္ႏိုင္ငံလုံးမွာ သူတို႔ ေခါင္းေဆာင္ေတြလုပ္သမွ် မ်က္ႏွာငယ္ရတာေပါ့” ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွေဒသခံတစ္ဦးက ဆိုသည္။
TNLA တို႔ (၁၀၂၇) စစ္ဆင္ေရး မစမီအခ်ိန္ က အျခားတိုင္းရင္းသားမ်ား၏ TNLA တို႔ အေပၚ အျမင္မွာ နယ္ေျမထိန္းခ်ဳပ္မႈမ်ား တိုးၿပီးေနာက္ ေျပာင္းလဲသြားခဲ့သည္။ “ပေလာင္အဖြဲ႕ေတြဆိုရင္ လူမုန္းမ်ားလာတယ္။ ဟင္ ပေလာင္စစ္သားလား။ ပေလာင္ေတြလား ဆိုတာမ်ိဳးျဖစ္လာတယ္။ ပေလာင္ ျပည္သူေတြကိုေတာ့ အားနာပါတယ္။ ဒါေပမဲ့ အရွိ တရားပဲ” ဟု ၎က ဆိုသည္။ TNLA တို႔ အတြက္ တဖက္တြင္ နယ္ေျမကို မႏိုင္မနင္း ထိန္းခ်ဳပ္ေနခ်ိန္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လအတြင္း တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ ႏိုင္ငံေတာ္ လုံၿခဳံေရးေကာ္မတီက TNLA ထံ အပစ္ရပ္ရန္ စာေပးပို႔ခဲ့ရာ အဆိုပါစာကို လက္ခံရရွိေၾကာင္း TNLA ဘက္မွ မီဒီယာမ်ားကို ေျပာခဲ့ သည္။
ယင္းေနာက္ (၂၀၂၅) ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ တပ္မေတာ္ ႏွင့္ MNDAA တို႔ အပစ္ရပ္သည့္ အျပင္ ႏွစ္လယ္ပိုင္း တြင္ လားရႈိးမွ MNDAA တို႔ ဆုတ္ခြာသြား၏။ TNLA တို႔ကား ကားယားႀကီး က်န္ခဲ့ေလသည္။ တ႐ုတ္အစိုးရ၏ စီစဥ္ ေပးမႈျဖင့္ တပ္မေတာ္ႏွင့္ TNLA တို႔ေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ေသာ္လည္း အေျဖမထြက္ေသးေပ။ TNLA ဘက္က ၎တို႔ တိုက္ခိုက္ခဲ့ေသာၿမိဳ႕မ်ားကို ထိန္းခ်ဳပ္လိုေန ေၾကာင္းသိရသည္။ သို႔ေသာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ၎တို႔ တိုက္ခိုက္ ခဲ့ေသာ ၿမိဳ႕ကိုေပးရမည္ ဆိုျခင္းမွာ မကိုက္ညီလွေပ။ TNLA ဘက္ကမူ တ႐ုတ္က ဖိအားေပးသည္ဟုသာ တြင္တြင္ ေအာ္ေနသည္။
“အမွန္ေတာ့ သူတို႔ ႏိုင္တယ္လို႔ သတ္မွတ္တာ။ တကယ္ေတာ့ ဒါကို စစ္ပြဲႀကီးလို႔ သတ္မွတ္လို႔မရဘူး။ စစ္ပြဲမွာမွ သူ႔ေအာက္မွာ တိုက္ပြဲေလးေတြရွိတယ္။ ထိေတြ႕မႈ အေသးေလးေတြ ရွိတယ္။ သူတို႔ကိုယ္သူတို႔ စစ္ႏိုင္ေနတယ္ ထင္တာ။ တကယ္ေတာ့ သူတို႔ ႏိုင္တာတိုက္ပြဲေလးေတြေပါ့။ တိုက္ပြဲေလးေတြေပၚ ယစ္မူးၿပီးေတာ့ လုပ္ခ်င္ရာ လုပ္လို႔ ရ ေလာက္ၿပီ။ ျဖစ္ခ်င္တာ ဒါနဲ႔ျပည့္သြားၿပီလို႔ ေတြးတဲ့အခ်ိန္ ဒါမ်ိဳးျဖစ္တာ။ အေတြးအေခၚပိုင္းဆိုင္ရာ အားနည္း သြားတယ္။ ႏိုင္ငံေရးဆိုင္ရာ အသိအျမင္ကလည္း အဲဒီေလာက္ အျမင္ မက်ယ္ဘူး” ဟု ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရး အဖြဲ႕မွ ဦးသိန္းထြန္းဦးက ဆိုသည္။
အျခားတစ္ဖက္တြင္ UWSA က MNDAA ၊ TNLA ႏွင့္ SSPP တို႔ကိုေခၚေတြကာ လက္နက္ႏွင့္ ေငြေၾကး အကူအညီ ေပးေတာ့မည္မဟုတ္ဟု သတိေပး၏။ ယင္းမတိုင္မီကပင္ TNLA တို႔ကို လက္နက္ မေရာင္းေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “တစ္ အခ်က္က က်ည္ဆန္ မရွိဘူး။ ခဲယမ္းျပတ္ေနၿပီ။ အရင္တုန္းက ကိုးကန႔္ကေရာင္းတာ။ ကိုးကန႔္ကို တ႐ုတ္က ဖိအားေပးလိုက္တဲ့အခါက်ေတာ့ ၿပီးခဲ့တဲ့ တစ္လခြဲ ေနာင္ခ်ိဳ မသိမ္းခင္က ကိုးကန႔္က သူ႔ကို (ခဲယမ္း) ေပးလိုက္တယ္။ ေတာ္ေတာ္မ်ားမ်ား ေပးလိုက္တယ္။ သို႔ေသာ္ အခုဒီတစ္ေခါက္ ထပ္ေတာင္းေတာ့ ကိုးကန႔္က သူ႔ကိုမေပးေတာ့ဘူး။ ေပးတယ္ဆို တာက မေရာင္းခ်င္လို႔။ ေဟ့ေကာင္ ယူသြားကြာ ဆို ၿပီး ေပးလိုက္တာ။ ဒီတစ္ခါေတာ့ ဘာမွကို မေပးေတာ့ ဘူး။ ကိုးကန႔္ေရာ၊ “ဝ” ေရာ ခဲယမ္း မေရာင္းေတာ့ ဘူး” ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ယခင္ကပင္ ေျပာၾကားထားဖူးသည္။ တစ္ဖက္တြင္ တပ္မေတာ္ ကလည္း ထိုးစစ္မ်ားကို ျပဳလုပ္ရာ ေတာင္ခမ္းမွ ဆုတ္ၿပီး ေနာင္ခ်ိဳတြင္ ခုခံသည္။ သို႔ေသာ္ ယင္းမွ ဆုတ္ၿပီး ေက်ာက္မဲ၊ ထိုမွတစ္ဆင့္ သီေပါအထိ ေရာက္သြားခဲ့ၿပီ။ အညာေဒသဘက္တြင္လည္း TNLA ၏ တပည့္ျဖစ္ေသာ MDY – PDF ႏွင့္ ခ်ိတ္ဆက္ရာ လမ္းေၾကာင္းမ်ားကို တပ္မ ေတာ္က ျဖတ္ေတာက္ထားႏိုင္သည္။
TNLA က TNLA ပင္ ျဖစ္ေလရာ ေက်ာက္မဲမွ မဆုတ္ခြာမီက တပ္မေတာ္ကို သတင္းေပးသည္ ဟုဆိုကာ အရပ္သားမ်ားကို ဖမ္းဆီးျခင္းမ်ား ျပဳလုပ္ခဲ့ၾကေသး၏။ ယင္းၿမိဳ႕မွ အရပ္ဘက္ ဌာနဆိုင္ရာ အေဆာက္အအုံအခ်ိဳ႕ ကိုလည္း မီးရႈိ႕သည္။ သမိုင္းဝင္ ဂုတ္ထိပ္တံတား၏ အစိတ္အပိုင္းအခ်ိဳ႕ကိုပင္ မိုင္းေထာင္ ေဖာက္ခြဲခဲ့သည္။ စိတ္ဓာတ္ ပိုင္းအရလည္း TNLA ၏ ေအာက္ေျခတပ္သားတို႔မွာ ခြၽတ္ၿခဳံက်ေနသည္။ ေထာက္ပို႔ေကာင္းစြာ မေပးႏိုင္ေၾကာင္း TNLA ေထာက္ခံသူမ်ားပင္ ၎တို႔၏ လူမႈကြန္ ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားထက္တြင္ ေရးသား ေနၾက၏။
TNLA တို႔ကား ျပင္ဆင္ႏိုင္ခြင့္ ရွိႏိုင္ပါေသးသည္။ ၿငိမ္းခ်မ္းေရးကို ဦးတည္ကာ လက္နက္စြန႔္ ျခင္းျဖင့္ ပေလာင္လူမ်ိဳးတို႔ အက်ိဳးကို ေဆာင္႐ြက္ခြင့္ ရႏိုင္ပါေသးသည္။ ေအာက္ေျခ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ပေလာင္လူမ်ိဳးတို႔၏ အက်ိဳးကို ၾကည့္ခ်င္ပါသေလာ ဆိုသည္မွာ တားအိုက္ဘုန္း၊ တားဂ်ဳတ္ဂ်ားႏွင့္တာ ဘုန္းေက်ာ္တို႔ကဲ့သို႔ TNLA ေခါင္းေဆာင္မ်ား မိမိ ကိုယ္ကိုယ္ေမးသင့္ေသာေမးခြန္းျဖစ္သည္။
ေျမျပင္တြင္မူ ကိုယ့္လူမ်ိဳးကိုယ္ ႀကိဳးကြင္းစြပ္ေသာ အေနအထားျဖစ္ေနၿပီဟု ေဒသခံတစ္ဦးက ဆိုသည္။ “တအာင္း/ပေလာင္ဆိုရင္ ႀကိတ္မယ္ဆို တာပဲ ျဖစ္ေနတယ္။ ကိုယ့္လူမ်ိဳး ကိုယ္ႀကိဳးကြင္း စြပ္တဲ့ အဖြဲ႕အစည္းလို႔ ကြၽန္ေတာ္ျမင္ပါ တယ္။ ပေလာင္လူမ်ိဳးေတြ ေခါင္းမေဖာ္ရဲေလာက္ေအာင္ လုပ္တာပဲ” ဟု ၎က ဆိုသည္။