စျေးကွက်လိုအပ်ချက်ပိုများသည့် Robusta ကော်ဖီ စိုက်ပျိုးရန် စိတ်ဝင်စားသူများနေပြီး အစိုးရက မြေယာ ပံ့ပိုးပေး ရန်လို

 101

Pearl (NP News) - အောက်တိုဘာ ၆
စျေးကွက်လိုအပ်ချက်ပိုများသည့် Robusta ကော်ဖီ စိုက်ပျိုးရန် စိတ်ဝင်စားသူများနေပြီး အစိုးရက မြေယာ ပံ့ပိုးပေးရန် လိုကြောင်း ကော်ဖီစိုက်ပျိုးသူများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။
လက်ရှိတွင် မြန်မာ့ကော်ဖီကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေပြီး ဝယ်လိုအားများသည့် အတွက် စျေးကွက်လိုအပ်ချက် ပြည့်မီစွာ တင်ပို့နိုင်ရန် မြေဧကများတိုးချဲ့စိုက်ပျိုးမှုများရှိကာ အစိုးရမှလည်း မြေလွတ်မြေရိုင်းများနှင့် စိုက်ပျိုးမြေဧကများ ချပေးမှုများရှိကြောင်း သိရသည်။
ထိုသို့ မြေလွတ်မြေရိုင်းများနှင့် မြေဧကများ အစိုးရမှ ချပေးထားသော်လည်း မြေပြင်တွင် အဆင်မပြေသည့် အခြေ အနေများ ရှိနေကြောင်းလည်း သိရသည်။
“စျေးကွက်က အသစ်ဖော်စရာတောင်မလိုဘူး။ ပြည်ပကတော့ ကျွန်‌တော်တို့ထွက် သလောက်ယူတယ်။ သူတို့ လိုအပ်ချက်ကို မရောင်းနိုင်တာ။ စျေးကွက်လိုအပ်ချက်ကို မဖြည့်ပေးနိုင်တာ။ တိုးစိုက်ကြပေမယ့် စိုက်ဧက နည်းတာပေါ့။ ပြင်ဦးလွင်ဆိုရင် ကော်ဖီစိုက်ဖို့ဆိုပြီး မြေယာချပေးတာတွေရှိတယ်။ ဒါပေမဲ့ လမ်းတောင်မရှိ အဝေးကြီးတွေဆိုတော့ မယူနိုင်ကြဘူးလေ။ ပြီးတော့ အရင်မစိုက်တဲ့လူတွေက သိမ်းထားတာဆိုပြီးတော့ ပြန်ပေး တာတွေက တချို့က မြေပြင်မှာ လုပ်လို့မရဘူး။ တချို့ဟာတွေက မူလပိုင်ရှင်တွေက နေနေကြတာဆိုတော့လေ။ ရွာသားတွေ ကျူးထားတဲ့ဟာမျိုးတွေ ဆိုရင်လည်း မလုပ်ရဲဘူးလေ။ ရတဲ့လူတွေကလည်း မလုပ်ရဲကြဘူး။ ပြင်ဦးလွင်က မြေပြဿနာက ရှုပ်တယ်။ မြေရရင်တော့ ပြည်ပရဲ့ လိုအပ်ချက်ကို ပို့နိုင်တာပေါ့နော်။ မြေပေးတာတင်မဟုတ်ဘူး ဖော်ထုတ်ပေးနိုင်မှ လမ်းပန်း ဆက်သွယ်ရေး တွေ Infrastructure လည်း ဖော်ထုတ် ပေးနိုင်မှ” ဟု ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရန် မြေလွတ်မြေရိုင်းများ၊ မြေဧကများ ကို စနစ်တကျ ဖော်ဆောင်ပေးကာ လမ်းပန်းဆက်သွယ်ရေးများလည်း ဖော်ထုတ်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
အလားတူ စျေးကွက်လိုအပ်ချက်များသည့် မြေနိမ့်ကော်ဖီဖြစ်သည့် Robusta ကော်ဖီအမျိုးအစားကို စိုက်ပျိုးနိုင်ရန် စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေဧက အများအပြားဖော်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးပါက စိတ်ဝင်စားသူများပြားပြီး Robusta ကို စိုက်ပျိုးလိုသည့် လုပ်ငန်းရှင်များရှိကြောင်းလည်း သိရသည်။
“အရသာကတော့ ရှမ်းဘက်က ပိုကောင်းတယ်။ စီးပွားရေးအရဆိုရင် ထားဝယ်ဘက်က ကော်ဖီက ပိုကောင်း တယ်။ တွက်ချေပိုကိုက်တယ်။ စျေးကွက်လိုအပ်ချက်လည်း ပိုများတယ်။ စျေးလည်းသက်သာတယ်။ နောက် အထွက်လည်းပိုကောင်းတယ်။ မြေနိမ့်၊ မိုးများတဲ့နေရာတွေ ရတယ်။ ထားဝယ်ဘက်ကတော့ အဲဒါစိုက်လို့အဆင် ပြေတယ်။ အစိုးရတော့ စီမံကိန်းနဲ့ ဧက အများကြီးပေးမယ်ဆိုရင် ကျွန်တော်တို့အဖွဲ့တွေ ရှိတယ်။ တကယ်အစိုးရ က မြေပြင်မှာ ဖော်ထုတ်ပေးတယ်။ Infrastructure တွေ လုပ်ပေးထားရင် စိတ်ဝင်စားတာပေါ့။ တချို့ဆိုရင် ပဲခူးရိုးမလေးမှာ ဝယ်စိုက်တဲ့လူတွေရှိတယ်။ မြေနိမ့်ကော်ဖီကို။ နေပြည်တော်လမ်းဘေးတွေ၊ ပဲခူးရိုးမတွေမှာ တောင် စိုက်နေတဲ့လူ‌တွေရှိတယ်။ မြေပြင်မှာ သေချာဖော်ဆောင်ပေးမယ်။ ဧက များ များ ဖော်ဆောင်ပေးမယ်။ ဧက (၅၀) အထက်မှ စီးပွားဖြစ်တာလေ။ ပြင်ဦးလွင်မှာပေးတာဆို ဧက (၅၀)ဆိုတော့ (၅၀)က တကယ်တမ်း စီးပွား မဖြစ်ဘူး။ (၅၀)အထက်မှ စီးပွားဖြစ်တာ တကယ်တမ်းက” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပြင်ဦလွင်ဒေသ နှင့် ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ အရသာကောင်းသည့် မြန်မာ့ အာရေးဗီးယားကော်ဖီ စိုက်ပျိုးဖြစ်ထွန်းပြီး ပူအိုက်စိုစွတ်သည့်မြေနိမ့်ဒေသများတွင် စျေးကွက်အတွင်း လိုချက်ချက်များ၍ တွက်ချေကိုက်သည့် Robusta ကော်ဖီ စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။

Zawgyi Version:
ေစ်းကြက္လိုအပ္ခ်က္ပိုမ်ားသည့္ Robusta ေကာ္ဖီ စိုက္ပ်ိဳးရန္ စိတ္ဝင္စားသူမ်ားေနၿပီး အစိုးရက ေျမယာ ပံ့ပိုးေပး ရန္လို
Pearl (NP News) - ေအာက္တိုဘာ ၆
ေစ်းကြက္လိုအပ္ခ်က္ပိုမ်ားသည့္ Robusta ေကာ္ဖီ စိုက္ပ်ိဳးရန္ စိတ္ဝင္စားသူမ်ားေနၿပီး အစိုးရက ေျမယာ ပံ့ပိုးေပးရန္ လိုေၾကာင္း ေကာ္ဖီစိုက္ပ်ိဳးသူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
လက္ရွိတြင္ ျမန္မာ့ေကာ္ဖီကို တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံသို႔ အဓိက တင္ပို႔ေရာင္းခ်ေနၿပီး ဝယ္လိုအားမ်ားသည့္ အတြက္ ေစ်းကြက္လိုအပ္ခ်က္ ျပည့္မီစြာ တင္ပို႔ႏိုင္ရန္ ေျမဧကမ်ားတိုးခ်ဲ႕စိုက္ပ်ိဳးမႈမ်ားရွိကာ အစိုးရမွလည္း ေျမလြတ္ေျမ႐ိုင္းမ်ားႏွင့္ စိုက္ပ်ိဳးေျမဧကမ်ား ခ်ေပးမႈမ်ားရွိေၾကာင္း သိရသည္။
ထိုသို႔ ေျမလြတ္ေျမ႐ိုင္းမ်ားႏွင့္ ေျမဧကမ်ား အစိုးရမွ ခ်ေပးထားေသာ္လည္း ေျမျပင္တြင္ အဆင္မေျပသည့္ အေျခ အေနမ်ား ရွိေနေၾကာင္းလည္း သိရသည္။
“ေစ်းကြက္က အသစ္ေဖာ္စရာေတာင္မလိုဘူး။ ျပည္ပကေတာ့ ကြၽန္‌ေတာ္တို႔ထြက္ သေလာက္ယူတယ္။ သူတို႔ လိုအပ္ခ်က္ကို မေရာင္းႏိုင္တာ။ ေစ်းကြက္လိုအပ္ခ်က္ကို မျဖည့္ေပးႏိုင္တာ။ တိုးစိုက္ၾကေပမယ့္ စိုက္ဧက နည္းတာေပါ့။ ျပင္ဦးလြင္ဆိုရင္ ေကာ္ဖီစိုက္ဖို႔ဆိုၿပီး ေျမယာခ်ေပးတာေတြရွိတယ္။ ဒါေပမဲ့ လမ္းေတာင္မရွိ အေဝးႀကီးေတြဆိုေတာ့ မယူႏိုင္ၾကဘူးေလ။ ၿပီးေတာ့ အရင္မစိုက္တဲ့လူေတြက သိမ္းထားတာဆိုၿပီးေတာ့ ျပန္ေပး တာေတြက တခ်ိဳ႕က ေျမျပင္မွာ လုပ္လို႔မရဘူး။ တခ်ိဳ႕ဟာေတြက မူလပိုင္ရွင္ေတြက ေနေနၾကတာဆိုေတာ့ေလ။ ႐ြာသားေတြ က်ဴးထားတဲ့ဟာမ်ိဳးေတြ ဆိုရင္လည္း မလုပ္ရဲဘူးေလ။ ရတဲ့လူေတြကလည္း မလုပ္ရဲၾကဘူး။ ျပင္ဦးလြင္က ေျမျပႆနာက ရႈပ္တယ္။ ေျမရရင္ေတာ့ ျပည္ပရဲ႕ လိုအပ္ခ်က္ကို ပို႔ႏိုင္တာေပါ့ေနာ္။ ေျမေပးတာတင္မဟုတ္ဘူး ေဖာ္ထုတ္ေပးႏိုင္မွ လမ္းပန္း ဆက္သြယ္ေရး ေတြ Infrastructure လည္း ေဖာ္ထုတ္ ေပးႏိုင္မွ” ဟု ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္သူ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္ရန္ ေျမလြတ္ေျမ႐ိုင္းမ်ား၊ ေျမဧကမ်ား ကို စနစ္တက် ေဖာ္ေဆာင္ေပးကာ လမ္းပန္းဆက္သြယ္ေရးမ်ားလည္း ေဖာ္ထုတ္ေပးေစလိုေၾကာင္း ၎က ဆိုသည္။
အလားတူ ေစ်းကြက္လိုအပ္ခ်က္မ်ားသည့္ ေျမနိမ့္ေကာ္ဖီျဖစ္သည့္ Robusta ေကာ္ဖီအမ်ိဳးအစားကို စိုက္ပ်ိဳးႏိုင္ရန္ စီမံကိန္းမ်ား ေဖာ္ေဆာင္ေပးျခင္း၊ ေျမဧက အမ်ားအျပားေဖာ္ထုတ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးပါက စိတ္ဝင္စားသူမ်ားျပားၿပီး Robusta ကို စိုက္ပ်ိဳးလိုသည့္ လုပ္ငန္းရွင္မ်ားရွိေၾကာင္းလည္း သိရသည္။
“အရသာကေတာ့ ရွမ္းဘက္က ပိုေကာင္းတယ္။ စီးပြားေရးအရဆိုရင္ ထားဝယ္ဘက္က ေကာ္ဖီက ပိုေကာင္း တယ္။ တြက္ေခ်ပိုကိုက္တယ္။ ေစ်းကြက္လိုအပ္ခ်က္လည္း ပိုမ်ားတယ္။ ေစ်းလည္းသက္သာတယ္။ ေနာက္ အထြက္လည္းပိုေကာင္းတယ္။ ေျမနိမ့္၊ မိုးမ်ားတဲ့ေနရာေတြ ရတယ္။ ထားဝယ္ဘက္ကေတာ့ အဲဒါစိုက္လို႔အဆင္ ေျပတယ္။ အစိုးရေတာ့ စီမံကိန္းနဲ႔ ဧက အမ်ားႀကီးေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ရွိတယ္။ တကယ္အစိုးရ က ေျမျပင္မွာ ေဖာ္ထုတ္ေပးတယ္။ Infrastructure ေတြ လုပ္ေပးထားရင္ စိတ္ဝင္စားတာေပါ့။ တခ်ိဳ႕ဆိုရင္ ပဲခူး႐ိုးမေလးမွာ ဝယ္စိုက္တဲ့လူေတြရွိတယ္။ ေျမနိမ့္ေကာ္ဖီကို။ ေနျပည္ေတာ္လမ္းေဘးေတြ၊ ပဲခူး႐ိုးမေတြမွာ ေတာင္ စိုက္ေနတဲ့လူ‌ေတြရွိတယ္။ ေျမျပင္မွာ ေသခ်ာေဖာ္ေဆာင္ေပးမယ္။ ဧက မ်ား မ်ား ေဖာ္ေဆာင္ေပးမယ္။ ဧက (၅၀) အထက္မွ စီးပြားျဖစ္တာေလ။ ျပင္ဦးလြင္မွာေပးတာဆို ဧက (၅၀)ဆိုေတာ့ (၅၀)က တကယ္တမ္း စီးပြား မျဖစ္ဘူး။ (၅၀)အထက္မွ စီးပြားျဖစ္တာ တကယ္တမ္းက” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျပင္ဦလြင္ေဒသ ႏွင့္ ရွမ္းျပည္နယ္ရွိ ႐ြာငံ၊ ဟိုပုံး၊ ပင္ေလာင္းေဒသမ်ားမွ အရသာေကာင္းသည့္ ျမန္မာ့ အာေရးဗီးယားေကာ္ဖီ စိုက္ပ်ိဳးျဖစ္ထြန္းၿပီး ပူအိုက္စိုစြတ္သည့္ေျမနိမ့္ေဒသမ်ားတြင္ ေစ်းကြက္အတြင္း လိုခ်က္ခ်က္မ်ား၍ တြက္ေခ်ကိုက္သည့္ Robusta ေကာ္ဖီ စိုက္ပ်ိဳးျဖစ္ထြန္းေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.