ရန်ကုန်မြို့တွင်ဖြစ်ပွားသော ယာဉ်တိုက်မှုများအနက် တိုက်ပြေး အမှုများ ယခင်ထက်တိုးလာ

607

သန့်ဇင်(NP News)-အောက်တိုဘာ ၆
ရန်ကုန်မြို့တွင်ဖြစ်ပွားသော ယာဉ်တိုက်များအနက် တိုက်ပြီး မောင်းပြေးသော အရေအတွက်မှာ ယခင်ထက် တိုးလာကြောင်း ပရဟိတ သတင်းရင်းမြစ်အချို့ ထံ The Statesman ဂျာနယ် က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
အဆိုပါဖြစ်စဉ်များသည် ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသော လူဖြင့်တိုက်မိသည့် ယာဉ်တိုက်မှုများအနက် (၇၀) ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။
“အခုနောက်ပိုင်းကတော့ ကားသမားတွေက တာဝန်မယူချင်တာလား။ တာဝန်ယူလိုစိတ်မရှိတားလားမသိဘူး။ မောင်းမောင်းပြီးပြေး ကြတယ်။ တော်ရုံတန်ရုံမမိကြဘူး။ ပြည်သူတွေက ဝိုင်းဝန်းကူညီမှ မိကြမယ်။ အဲဒီလိုဖြစ်စဉ်မျိုးကြတော့ ဖြစ်ဖြစ်ချင်းတော့မမိဘူး။ ကျွန်တော်တို့ မြေပြင်မှတွေ့ရသလောက်ဆိုရင် ယာဉ်တိုက်မှု (၁၀)ခုမှာ (၇)ခုလောက်က တိုက်ပြီးမောင်းပြေးသွားကြတာများတယ်။ လူတွေချည်းပဲ တိုက်ပြေးက တော်တော်များတာ။ အနောက်ပိုင်းက တိုက်ပြေးချည်းပဲ။ ကျွန်တော်တို့က လိုက်ပေးပေမယ် မမီဘူး”ဟု ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ လူအားတိုက်မိကာ ထွက်ပြေးမောင်းနှင်သွားသည့် ဖြစ်စဉ်များသည် များသောအားဖြင့် ညပိုင်းအချိန်များ တွင် အဖြစ်များကြောင်း သိရသည်။
“တိုက်ပြေးတွေများလာတယ်။ အခုလူတွေကိုတိုက်မိတဲ့ဖြစ်စဉ်တွေမှာလည်း တိုက်ပြေးဖြစ်စဉ်တွေ တော်တော်ကိုတွေ့လာရတယ်။ ဒီလိုဖြစ်စဉ်တွေကလည်း ညပိုင်းမှာ အဖြစ်များတယ်။ ဘာပဲဖြစ်ဖြစ် တာဝန်တော့ယူသင့်တယ်။ မိရင်လည်းထိထိရောက်အရေးယူ သင့်တယ်”ဟု ၎င်းကဆက်ပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်တစ်ရက်အတွင်း ရန်ကုန်-ပုသိမ်ကားလမ်း (၁၃)မိုင်နှင့် လှိုင်သာယာမြို့နယ်၊ ရိုးကြီးအနီးတွင် လူအားကားဖြင့်တိုက်မိကာ မောင်းနှင်သွားခဲ့သည့် ဖြစ်စဉ်(၂)ခုဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၆ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မှတ်(၂)လမ်းမကြီး၊ သင်တန်း ကျောင်းမှတ်တိုင်အနီးတွင် သံဃာ တော်တစ်ပါး ကားတိုက်ခံရ၍ နေရာတွင်ပျံလွန်တော်မူပြီး ကားဖြင့်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ကျူးလွန်သူကို မဖမ်းမိသေးကြောင်း သိရသည်။
ထို့ကြောင့် လူအားယာဉ်ဖြင့်တိုက်မိသဖြင့် မောင်းနှင်ထွက်ပြေးသွားသူများ ဥပဒေအရအရေးယူရန်လိုအပ်ပြီး အလျှင်အမြန်ဖော်ထုတ်ဖမ်း ရမိရေးအတွက်လည်း ရန်ကုန်မြို့ရှိလမ်းများပေါ်တွင် CCTV များအားနည်းနေသေးကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက ဆိုသည်။
“တိုက်ပြီးပြေးတဲ့ယာဉ်တွေကို အရေးယူတာကတော့ ဥပဒေရှိပြီးသားဖြစ်တယ်။ ဒီဥပဒေအရလည်း အရေးယူမယ့်သဘောရှိတယ်။ ဒါပေမယ့် ဘာပြဿနာဖြစ်လည်းဆိုတော့ ရန်ကုန်မြို့မှာ CCTV System မရှိဘူးလေ။ ရှိတဲ့နေရာရှိတယ်။ မရှိတဲ့နေရာမရှိဘူးဆိုတော့ ဖော်ထုတ်ဖမ်းဆီးရမိဖို့က ခက်ခဲတယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ ခက်တာက တိုက်ပြီးပြေး တဲ့လူက ဘာလို့ပြေးရလဲဆိုတော့ သူတိုက ဝိုင်းထိုးမှာဆိုးပြေးတာလည်းရှိတယ်။ သူက ဥပဒေအရ ရင်ဆိုင်ချင်ပေမယ့် ကနဦးကြုံရမယ့် အရာက သူ့အတွက်စိန်ခေါ်မှုကြီးတော့ တစ်ပိုင်းပေါ့နော်။ အဲဒါကြောင့်တိုက်တဲ့ယာဉ်မောင်းက ဥပဒေအရ အရေးယူတာကိုခံဖို့လိုတယ်။ ယာဉ်မဆင်မခြင်မမောင်းဖို့လိုတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕တြင္ျဖစ္ပြားေသာ ယာဥ္တိုက္မႈမ်ားအနက္ တိုက္ေျပး အမႈမ်ား ယခင္ထက္တိုးလာ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၆
ရန္ကုန္ၿမိဳ႕တြင္ျဖစ္ပြားေသာ ယာဥ္တိုက္မ်ားအနက္ တိုက္ၿပီး ေမာင္းေျပးေသာ အေရအတြက္မွာ ယခင္ထက္ တိုးလာေၾကာင္း ပရဟိတ သတင္းရင္းျမစ္အခ်ိဳ႕ ထံ The Statesman ဂ်ာနယ္ က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါျဖစ္စဥ္မ်ားသည္ ရန္ကုန္တိုင္းအတြင္းျဖစ္ပြားေသာ လူျဖင့္တိုက္မိသည့္ ယာဥ္တိုက္မႈမ်ားအနက္ (၇၀) ရာခိုင္ႏႈန္းအထိရွိေၾကာင္း သိရသည္။
“အခုေနာက္ပိုင္းကေတာ့ ကားသမားေတြက တာဝန္မယူခ်င္တာလား။ တာဝန္ယူလိုစိတ္မရွိတားလားမသိဘူး။ ေမာင္းေမာင္းၿပီးေျပး ၾကတယ္။ ေတာ္႐ုံတန္႐ုံမမိၾကဘူး။ ျပည္သူေတြက ဝိုင္းဝန္းကူညီမွ မိၾကမယ္။ အဲဒီလိုျဖစ္စဥ္မ်ိဳးၾကေတာ့ ျဖစ္ျဖစ္ခ်င္းေတာ့မမိဘူး။ ကြၽန္ေတာ္တို႔ ေျမျပင္မွေတြ႕ရသေလာက္ဆိုရင္ ယာဥ္တိုက္မႈ (၁၀)ခုမွာ (၇)ခုေလာက္က တိုက္ၿပီးေမာင္းေျပးသြားၾကတာမ်ားတယ္။ လူေတြခ်ည္းပဲ တိုက္ေျပးက ေတာ္ေတာ္မ်ားတာ။ အေနာက္ပိုင္းက တိုက္ေျပးခ်ည္းပဲ။ ကြၽန္ေတာ္တို႔က လိုက္ေပးေပမယ္ မမီဘူး”ဟု ေဒသတြင္းလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထိုသို႔ လူအားတိုက္မိကာ ထြက္ေျပးေမာင္းႏွင္သြားသည့္ ျဖစ္စဥ္မ်ားသည္ မ်ားေသာအားျဖင့္ ညပိုင္းအခ်ိန္မ်ား တြင္ အျဖစ္မ်ားေၾကာင္း သိရသည္။
“တိုက္ေျပးေတြမ်ားလာတယ္။ အခုလူေတြကိုတိုက္မိတဲ့ျဖစ္စဥ္ေတြမွာလည္း တိုက္ေျပးျဖစ္စဥ္ေတြ ေတာ္ေတာ္ကိုေတြ႕လာရတယ္။ ဒီလိုျဖစ္စဥ္ေတြကလည္း ညပိုင္းမွာ အျဖစ္မ်ားတယ္။ ဘာပဲျဖစ္ျဖစ္ တာဝန္ေတာ့ယူသင့္တယ္။ မိရင္လည္းထိထိေရာက္အေရးယူ သင့္တယ္”ဟု ၎ကဆက္ေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္တစ္ရက္အတြင္း ရန္ကုန္-ပုသိမ္ကားလမ္း (၁၃)မိုင္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္၊ ႐ိုးႀကီးအနီးတြင္ လူအားကားျဖင့္တိုက္မိကာ ေမာင္းႏွင္သြားခဲ့သည့္ ျဖစ္စဥ္(၂)ခုျဖစ္ပြားခဲ့ၿပီး (၁)ဦးေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာရွိခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ စက္တင္ဘာ ၁၆ရက္ကလည္း ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ မွတ္(၂)လမ္းမႀကီး၊ သင္တန္း ေက်ာင္းမွတ္တိုင္အနီးတြင္ သံဃာ ေတာ္တစ္ပါး ကားတိုက္ခံရ၍ ေနရာတြင္ပ်ံလြန္ေတာ္မူၿပီး ကားျဖင့္တိုက္ကာ ေမာင္းႏွင္ထြက္ေျပးသြားသည့္အတြက္ က်ဴးလြန္သူကို မဖမ္းမိေသးေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လူအားယာဥ္ျဖင့္တိုက္မိသျဖင့္ ေမာင္းႏွင္ထြက္ေျပးသြားသူမ်ား ဥပေဒအရအေရးယူရန္လိုအပ္ၿပီး အလွ်င္အျမန္ေဖာ္ထုတ္ဖမ္း ရမိေရးအတြက္လည္း ရန္ကုန္ၿမိဳ႕ရွိလမ္းမ်ားေပၚတြင္ CCTV မ်ားအားနည္းေနေသးေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက ဆိုသည္။
“တိုက္ၿပီးေျပးတဲ့ယာဥ္ေတြကို အေရးယူတာကေတာ့ ဥပေဒရွိၿပီးသားျဖစ္တယ္။ ဒီဥပေဒအရလည္း အေရးယူမယ့္သေဘာရွိတယ္။ ဒါေပမယ့္ ဘာျပႆနာျဖစ္လည္းဆိုေတာ့ ရန္ကုန္ၿမိဳ႕မွာ CCTV System မရွိဘူးေလ။ ရွိတဲ့ေနရာရွိတယ္။ မရွိတဲ့ေနရာမရွိဘူးဆိုေတာ့ ေဖာ္ထုတ္ဖမ္းဆီးရမိဖို႔က ခက္ခဲတယ္။ ေနာက္တစ္ခုက ျပည္သူလူထုရဲ႕ ပူးေပါင္းပါဝင္မႈက အေရးႀကီးတယ္။ ခက္တာက တိုက္ၿပီးေျပး တဲ့လူက ဘာလို႔ေျပးရလဲဆိုေတာ့ သူတိုက ဝိုင္းထိုးမွာဆိုးေျပးတာလည္းရွိတယ္။ သူက ဥပေဒအရ ရင္ဆိုင္ခ်င္ေပမယ့္ ကနဦးႀကဳံရမယ့္ အရာက သူ႔အတြက္စိန္ေခၚမႈႀကီးေတာ့ တစ္ပိုင္းေပါ့ေနာ္။ အဲဒါေၾကာင့္တိုက္တဲ့ယာဥ္ေမာင္းက ဥပေဒအရ အေရးယူတာကိုခံဖို႔လိုတယ္။ ယာဥ္မဆင္မျခင္မေမာင္းဖို႔လိုတယ္”ဟု ၎ကေျပာသည္။