ရန်ကုန်မြို့လည်ခေါင်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာ စွန့်ပစ်ခံရသော အမျိုးသမီးအလောင်းတွေ့

 6447

သန့်ဇင်(NP News)-အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာစွန့်ပစ်ခံရသော အမျိုးသမီး အလောင်းတွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့(အောက်တိုဘာ ၆ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ပန်းဘဲတန်းမြိုနယ် ၊ အမှတ်(၁၁) ရပ်ကွက်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုပ်အလောင်းမှာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့်ထည့်ကာ အထက်ပါ ဟိုတယ်ရှိ အခန်းအမှတ် (၅၀၂) ၏ အခန်းအပြင်ဘက် လေအေးပေးစက်တပ်ဆင်ထားသော စင်ပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သတ်ဖြတ်ခံရသူ၏ ရုပ်အလောင်းအား စစ်ဆေး အတည်ပြုရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျူးလွန် သူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လည္ေခါင္ရွိ Beauty Land Hotelတြင္ အပိုင္းပိုင္းခုတ္ထစ္ကာ စြန႔္ပစ္ခံရေသာ အမ်ိဳးသမီးအေလာင္းေတြ႕
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၆
ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းပဲတန္းၿမိဳ႕နယ္ရွိ Beauty Land Hotelတြင္ အပိုင္းပိုင္းခုတ္ထစ္ကာစြန႔္ပစ္ခံရေသာ အမ်ိဳးသမီး အေလာင္းေတြ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
အဆိုပါ အမ်ိဳးသမီး၏႐ုပ္အေလာင္းကို ယေန႔(ေအာက္တိုဘာ ၆ရက္)၊ နံနက္ ၉ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က ပန္းဘဲတန္းၿမိဳနယ္ ၊ အမွတ္(၁၁) ရပ္ကြက္၊ ၃၂လမ္း (အထက္)၊ Beauty Land Hotel ၌ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုပ္အေလာင္းမွာ အပိုင္းပိုင္းခုတ္ထစ္သတ္ျဖတ္ခံထားရျခင္းျဖစ္ၿပီး အေလာင္းကို အမႈိက္အိတ္အျပာျဖင့္ထည့္ကာ အထက္ပါ ဟိုတယ္ရွိ အခန္းအမွတ္ (၅၀၂) ၏ အခန္းအျပင္ဘက္ ေလေအးေပးစက္တပ္ဆင္ထားေသာ စင္ေပၚတြင္ စြန္႔ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ သတ္ျဖတ္ခံရသူ၏ ႐ုပ္အေလာင္းအား စစ္ေဆး အတည္ျပဳရန္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး က်ဴးလြန္ သူအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.