ဖားကန့်ဒေသတွင် တစ်ရက်လျှင်လူ(၄)ဦးထက်မနည်း KIA ၏ အဓမ္မတပ်သားသစ်စုဆောင်းခံနေရ

 364

သက်ပိုင်(NP News)-အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်းတွင် KIA အဖွဲ့က လူသစ်စုဆောင်းမှုများကို ပိုမို လုပ်ဆောင် လာနေပြီး တစ်ရက်လျှင် လူ(၄)ဦးထက်မနည်း KIA ၏ အဓမ္မတပ်သားသစ် စုဆောင်းခံနေရကြောင်း ဒေသခံများက NP News သတင်းဌာနသို့ ပြောသည်။
တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် ဖားကန့်ဒေသတွင် KIA အဖွဲ့က လမ်းသွားလမ်းလာများ၊ ရေမဆေးကျောက်ရှာဖွေနေသူများ၊ကျောက်ရောင်းဝယ်ရာနေရာများတွင် ဆက်တိုက်ဆိုသကဲ့သို့ အရပ်သားများကို ဖမ်းဆီးမှုများ လုပ်ဆောင်လာနေကြောင်းနှင့် ဖားကန့်ဒေသကို KIA ထိန်းချုပ်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ လူ (၃၀၀၀)ကျော်မှာ KIA ၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်းခံထားရကြောင်း ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။
“ဝေခါဘက်မှာဆိုရင် လဖက်ရည်ဆိုင်တွေ၊ ကျောက်ရှာတဲ့နေရာတွေကို နေ့ခင်းကြောင် တောင်ဝင်ဆွဲတာ။မမုံဝိုင်းဘက်မှာဆိုရင်လည်း စက်လှေဂိတ်တွေမှာ စောင့်ပြီး ဆွဲတယ်။ကျွန်တော့် အသိမိသားစုမှာဆိုရင် သားဖနှစ်ယောက်အပြင်ကို အလုပ်ကိစ္စရှိလို့ သွားတာ နှစ်ယောက်စလုံး ပါသွားတယ်။ဟိုတစ်နေ့ကဆိုရင်လည်း ကျောက်ရှာနေတဲ့သူတွေကို လာဆွဲတော့ ထွက်ပြေးကြရင်း လူတစ်ယောက် မြေစာပုံပေါ်က ပြုတ်ကျပြီး သေသွားသေးတယ်။တော်တော်ဆိုးဆိုးကို လုပ်လာတာ ” ဟု အမည်မဖော်လိုသည့် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် KIA က ပြည်သူများ ကျောက်ရှာဖွေရာ နေရာများအထိ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်လာမှုကြောင့် ဖားကန့်နေပြည်သူများမှာ အိမ်အပြင်ထွက်ကာ စီးပွားရှာရန်ကိုပင် စိုးရိမ်နေရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
“သူတို့က ဖမ်းမိသွားရင် ငွေနဲ့ရွေးမလား၊ ဒါမှမဟုတ်ဗန်းမော်သွားမလားဆိုပြီး ပြောတာမျိုးတွေလည်း ရှိတယ်လို့ ကြားရတယ်။ ဒါပေမယ့် ဘာပဲပြောပြော အခုလိုတွေ လိုက်ဆွဲနေတော့ လူတွေက အလုပ်ကိစ္စရှိရင်တောင် အပြင်ကို ထွက်ပြီးသွားလာဖို့ကို တော်တော်စဉ်းစားနေရပြီ။ ရေမဆေးသမားကတော့ မရှာရင် မိသားစုစားဝတ်နေရေးကရှိနေတော့ ကြောက်ကြောက်နဲ့ ရှာနေကြရတယ်”ဟု ၎င်းက ရှင်းပြသည်။
ဖားကန့်ဒေသမှ အချို့နေရာများတွင် ကျန်းမာရေးမကောင်းမွန်သူများ၊ CDM လုပ်ထားသူများနှင့် ကိုယ်လက်အင်္ဂါ မပြည့်စုံသူများကို ပြန်လည်လွှတ်ပေးနေသော်လည်း အဆိုပါအချက်အလက်များနှင့် မကိုက်ညီသည့် သူများကို အဓမ္မတပ်သားသစ်စုဆောင်းလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်မှ ကျောက်စိမ်းထွက်ရှိရာ နေရာ (၁၂) ခုခန့်ကို တပ်မတော်မှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း KIA အဖွဲ့မှ အရပ်ဝတ်များဖြင့် အဓမ္မလူသစ်စုဆောင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္ေဒသတြင္ တစ္ရက္လွ်င္လူ(၄)ဦးထက္မနည္း KIA ၏ အဓမၼတပ္သားသစ္စုေဆာင္းခံေနရ
သက္ပိုင္(NP News)-ေအာက္တိုဘာ ၆
ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္အတြင္းတြင္ KIA အဖြဲ႕က လူသစ္စုေဆာင္းမႈမ်ားကို ပိုမို လုပ္ေဆာင္ လာေနၿပီး တစ္ရက္လွ်င္ လူ(၄)ဦးထက္မနည္း KIA ၏ အဓမၼတပ္သားသစ္ စုေဆာင္းခံေနရေၾကာင္း ေဒသခံမ်ားက NP News ဂ်ာနယ္သို႔ ေျပာသည္။
တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနသည့္ ဖားကန႔္ေဒသတြင္ KIA အဖြဲ႕က လမ္းသြားလမ္းလာမ်ား၊ ေရမေဆးေက်ာက္ရွာေဖြေနသူမ်ား၊ေက်ာက္ေရာင္းဝယ္ရာေနရာမ်ားတြင္ ဆက္တိုက္ဆိုသကဲ့သို႔ အရပ္သားမ်ားကို ဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာေနေၾကာင္းႏွင့္ ဖားကန႔္ေဒသကို KIA ထိန္းခ်ဳပ္သည့္အခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ လူ (၃၀၀၀)ေက်ာ္မွာ KIA ၏ အဓမၼတပ္သားသစ္စုေဆာင္းျခင္းခံထားရေၾကာင္း ဖားကန႔္ေဒသခံတစ္ဦးကဆိုသည္။
“ေဝခါဘက္မွာဆိုရင္ လဖက္ရည္ဆိုင္ေတြ၊ ေက်ာက္ရွာတဲ့ေနရာေတြကို ေန႔ခင္းေၾကာင္ ေတာင္ဝင္ဆြဲတာ။မမုံဝိုင္းဘက္မွာဆိုရင္လည္း စက္ေလွဂိတ္ေတြမွာ ေစာင့္ၿပီး ဆြဲတယ္။ကြၽန္ေတာ့္ အသိမိသားစုမွာဆိုရင္ သားဖႏွစ္ေယာက္အျပင္ကို အလုပ္ကိစၥရွိလို႔ သြားတာ ႏွစ္ေယာက္စလုံး ပါသြားတယ္။ဟိုတစ္ေန႔ကဆိုရင္လည္း ေက်ာက္ရွာေနတဲ့သူေတြကို လာဆြဲေတာ့ ထြက္ေျပးၾကရင္း လူတစ္ေယာက္ ေျမစာပုံေပၚက ျပဳတ္က်ၿပီး ေသသြားေသးတယ္။ေတာ္ေတာ္ဆိုးဆိုးကို လုပ္လာတာ ” ဟု အမည္မေဖာ္လိုသည့္ ဖားကန႔္ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ KIA က ျပည္သူမ်ား ေက်ာက္ရွာေဖြရာ ေနရာမ်ားအထိ လိုက္လံဖမ္းဆီးျခင္းမ်ား ျပဳလုပ္လာမႈေၾကာင့္ ဖားကန႔္ေနျပည္သူမ်ားမွာ အိမ္အျပင္ထြက္ကာ စီးပြားရွာရန္ကိုပင္ စိုးရိမ္ေနရေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးကဆိုသည္။
“သူတို႔က ဖမ္းမိသြားရင္ ေငြနဲ႔ေ႐ြးမလား၊ ဒါမွမဟုတ္ဗန္းေမာ္သြားမလားဆိုၿပီး ေျပာတာမ်ိဳးေတြလည္း ရွိတယ္လို႔ ၾကားရတယ္။ ဒါေပမယ့္ ဘာပဲေျပာေျပာ အခုလိုေတြ လိုက္ဆြဲေနေတာ့ လူေတြက အလုပ္ကိစၥရွိရင္ေတာင္ အျပင္ကို ထြက္ၿပီးသြားလာဖို႔ကို ေတာ္ေတာ္စဥ္းစားေနရၿပီ။ ေရမေဆးသမားကေတာ့ မရွာရင္ မိသားစုစားဝတ္ေနေရးကရွိေနေတာ့ ေၾကာက္ေၾကာက္နဲ႔ ရွာေနၾကရတယ္”ဟု ၎က ရွင္းျပသည္။
ဖားကန႔္ေဒသမွ အခ်ိဳ႕ေနရာမ်ားတြင္ က်န္းမာေရးမေကာင္းမြန္သူမ်ား၊ CDM လုပ္ထားသူမ်ားႏွင့္ ကိုယ္လက္အဂၤါ မျပည့္စုံသူမ်ားကို ျပန္လည္လႊတ္ေပးေနေသာ္လည္း အဆိုပါအခ်က္အလက္မ်ားႏွင့္ မကိုက္ညီသည့္ သူမ်ားကို အဓမၼတပ္သားသစ္စုေဆာင္းလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။
လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္မွ ေက်ာက္စိမ္းထြက္ရွိရာ ေနရာ (၁၂) ခုခန႔္ကို တပ္မေတာ္မွ ထိန္းခ်ဳပ္ထားႏိုင္ၿပီ ျဖစ္ေသာ္လည္း KIA အဖြဲ႕မွ အရပ္ဝတ္မ်ားျဖင့္ အဓမၼလူသစ္စုေဆာင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.