“တစ်ခါတည်း စမ်းကြည့်တာပါ” ဟု ဆိုသော်လည်း ယင်း လူငယ်များအကြား HIV နှင့်လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါဖြစ်ပွားမှု မြင့်လာနေ

 708

သက်ပိုင်(NP News)-အောက်တိုဘာ ၆
“တစ်ခါတည်း စမ်းကြည့်တာပါ” ဟု ဆိုသော်လည်း ယင်း လူငယ်များအကြား HIV နှင့်လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါဖြစ်ပွားမှု မြင့်လာနေကြောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီး ၊ ကာလသားရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းမှ တာဝန်ရှိသူတစ်ဦးက The Statesman ဂျာနယ်သို့ ပြောသည်။
ကာလသားရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းသို့ လာရောက်စစ်ဆေးသည့် လူနာများနေ့စဉ်ရှိနေပြီး အများစုတွင် HIV ပိုးတွေ့ရှိရကြောင်းနှင့် ပိုးတွေ့ရှိသူအများစုမှာ အသက် (၁၈ နှစ်မှ ၃၀) အကြား လူငယ်များဖြစ်နေကြောင်း ၎င်းကဆိုသည်။
“ဆရာဝန်လေးတွေ၊ အင်ဂျင်နီယာလေးတွေကအစ ပါနေတာ။ လုံးဝမထင်ရက်စရာလေးတွေ။ အားလုံးက ငယ်ငယ်ချောချော သန့်သန့်လေးတွေ။ အရမ်းနှမြောဖို့ကောင်းတယ်။နိုင်ငံရဲ့ အဖိုးတန် လူငယ်တွေမှာ အခုလိုမြင်ရတာ အရမ်းရင်နာဖို့ကောင်းတယ် ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ထိုသို့ ပိုးတွေ့ရှိသူများတွင် အချို့မှာ TB ရောဂါ လာရောက်စစ်ဆေးရာမှတစ်ဆင့် HIV ပိုးရှိမှန်း သိသူများလည်း ရှိနေပြီး လူငယ်အချို့မှာ လိင်တူ ဆက်ဆံခြင်းကြောင့် HIV ပိုးနှင့် လိင်မှတစ်ဆင့်ကူးစက်တက်သော ရောဂါများ ကူးစက်ခံကြရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
“TB ရောဂါပိုးစစ်မယ်ဆိုရင် HIV ရှိမရှိကို အရင်စစ်ရတယ်။ ဒီလိုစစ်တဲ့အခါမှာလည်း ပိုးတွေ့ကြတာတွေရှိတယ်။ နောက်ပြီး တချို့ဆိုရင် ဆစ်ဖလစ်ရောဂါလက္ခဏာတွေဖြစ်လို့ လာပြကြတာတွေရှိတယ်။သိပ်ကြောက်ဖို့ကောင်းတယ်။ တစ်ခါတည်းပါဆိုပြီး စမ်းလိုက်ရင်းကနေ ဖြစ်သွားတာဆိုပြီး ပြောကြတယ်။ ဒါမျိုးတွေက စမ်းသင့်တဲ့ အရာမဟုတ်ဘူး။အရမ်းကြောက်ဖို့ ကောင်းတဲ့အရာ ” ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် HIV ပိုးတွေ့လူနာများ ကို ART ဆေးများ အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

Zawgyi Version:
“တစ္ခါတည္း စမ္းၾကည့္တာပါ” ဟု ဆိုေသာ္လည္း ယင္း လူငယ္မ်ားအၾကား HIV ႏွင့္လိင္မွတစ္ ဆင့္ကူးစက္တတ္ေသာေရာဂါျဖစ္ပြားမႈ ျမင့္လာေန
သက္ပိုင္(NP News)-ေအာက္တိုဘာ ၆
“တစ္ခါတည္း စမ္းၾကည့္တာပါ” ဟု ဆိုေသာ္လည္း ယင္း လူငယ္မ်ားအၾကား HIV ႏွင့္လိင္မွတစ္ ဆင့္ကူးစက္တတ္ေသာေရာဂါျဖစ္ပြားမႈ ျမင့္လာေနေၾကာင္း အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီး ၊ ကာလသားေရာဂါ ဓာတ္ခြဲစမ္းသပ္ခန္းမွ တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
ကာလသားေရာဂါ ဓာတ္ခြဲစမ္းသပ္ခန္းသို႔ လာေရာက္စစ္ေဆးသည့္ လူနာမ်ားေန႔စဥ္ရွိေနၿပီး အမ်ားစုတြင္ HIV ပိုးေတြ႕ရွိရေၾကာင္းႏွင့္ ပိုးေတြ႕ရွိသူအမ်ားစုမွာ အသက္ (၁၈ ႏွစ္မွ ၃၀) အၾကား လူငယ္မ်ားျဖစ္ေနေၾကာင္း ၎ကဆိုသည္။
“ဆရာဝန္ေလးေတြ၊ အင္ဂ်င္နီယာေလးေတြကအစ ပါေနတာ။ လုံးဝမထင္ရက္စရာေလးေတြ။ အားလုံးက ငယ္ငယ္ေခ်ာေခ်ာ သန႔္သန႔္ေလးေတြ။ အရမ္းႏွေျမာဖို႔ေကာင္းတယ္။ႏိုင္ငံရဲ႕ အဖိုးတန္ လူငယ္ေတြမွာ အခုလိုျမင္ရတာ အရမ္းရင္နာဖို႔ေကာင္းတယ္ ” ဟု အဆိုပါတာဝန္ရွိသူက ေျပာသည္။
ထိုသို႔ ပိုးေတြ႕ရွိသူမ်ားတြင္ အခ်ိဳ႕မွာ TB ေရာဂါ လာေရာက္စစ္ေဆးရာမွတစ္ဆင့္ HIV ပိုးရွိမွန္း သိသူမ်ားလည္း ရွိေနၿပီး လူငယ္အခ်ိဳ႕မွာ လိင္တူ ဆက္ဆံျခင္းေၾကာင့္ HIV ပိုးႏွင့္ လိင္မွတစ္ဆင့္ကူးစက္တက္ေသာ ေရာဂါမ်ား ကူးစက္ခံၾကရျခင္း ျဖစ္ေၾကာင္း ၎ကေျပာသည္။
“TB ေရာဂါပိုးစစ္မယ္ဆိုရင္ HIV ရွိမရွိကို အရင္စစ္ရတယ္။ ဒီလိုစစ္တဲ့အခါမွာလည္း ပိုးေတြ႕ၾကတာေတြရွိတယ္။ ေနာက္ၿပီး တခ်ိဳ႕ဆိုရင္ ဆစ္ဖလစ္ေရာဂါလကၡဏာေတြျဖစ္လို႔ လာျပၾကတာေတြရွိတယ္။သိပ္ေၾကာက္ဖို႔ေကာင္းတယ္။ တစ္ခါတည္းပါဆိုၿပီး စမ္းလိုက္ရင္းကေန ျဖစ္သြားတာဆိုၿပီး ေျပာၾကတယ္။ ဒါမ်ိဳးေတြက စမ္းသင့္တဲ့ အရာမဟုတ္ဘူး။အရမ္းေၾကာက္ဖို႔ ေကာင္းတဲ့အရာ ” ဟု အဆိုပါတာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိတြင္ HIV ပိုးေတြ႕လူနာမ်ား ကို ART ေဆးမ်ား အခမဲ့ျဖန႔္ေဝေပးလ်က္ရွိၿပီး အပတ္စဥ္ တနလၤာေန႔ႏွင့္ ေသာၾကာေန႔မ်ားတြင္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီး၌ လာေရာက္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.