ရန်ကုန်-နေပြည်တော်လမ်းပိုင်းအတွက် DEMUစပိန်ရထားတစ်စင်း ထပ်တိုးပြေးဆွဲသွားမည်

434
စော(NP News)- အောက်တိုဘာ ၆
ရန်ကုန် -နေပြည်တော်လမ်းပိုင်းအတွက် အောက်တိုဘာ ၉ရက်နေ့မှစ၍ အမှတ် ၃၁အဆန်ရထားနှင့် အမှတ် ၃၂ အစုန် ရထားကို DEMU စပိန်တွဲဆိုင်းဖြင့် ထပ်တိုးပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွက် အမှတ် (၃၁)အဆန်ရထားနှင့် အမှတ် (၃၂)အစုရန်ရထားသည် စပိန်တွဲဆိုင်း (၆)တွဲဖြင့် နံနက် (၆)နာရီမှထွက်ခွာမည်ဖြစ်ပြီး မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမှတ် (၇)အဆန်ရထားနှင့် အမှတ် (၈)အစုန်ရထားသည် ဂျပန်တွဲဆိုင်း (၆)တွဲဖြင့် မွန်းလွဲ (၁၂)နာရီမှစတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ (၅)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားအတွက် လက်မှတ်တွေခနှုန်းထားများမှာ ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ ပထမတန်းလက်မှတ်မှာ ငွေကျပ် (၁၉၀၀၀)ဖြစ်ပြီး အထက်တန်းလက်မှတ်မှာ ငွေကျပ် (၂၈၀၀၀)တို့ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ရန္ကုန္-ေနျပည္ေတာ္လမ္းပိုင္းအတြက္ DEMUစပိန္ရထားတစ္စင္း ထပ္တိုးေျပးဆြဲသြားမည္
ေစာ(NP News)- ေအာက္တိုဘာ ၆
ရန္ကုန္ -ေနျပည္ေတာ္လမ္းပိုင္းအတြက္ ေအာက္တိုဘာ ၉ရက္ေန႔မွစ၍ အမွတ္ ၃၁အဆန္ရထားႏွင့္ အမွတ္ ၃၂ အစုန္ ရထားကို DEMU စပိန္တြဲဆိုင္းျဖင့္ ထပ္တိုးေျပးဆြဲသြားမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္လမ္းပိုင္းအတြက္ အမွတ္ (၃၁)အဆန္ရထားႏွင့္ အမွတ္ (၃၂)အစုရန္ရထားသည္ စပိန္တြဲဆိုင္း (၆)တြဲျဖင့္ နံနက္ (၆)နာရီမွထြက္ခြာမည္ျဖစ္ၿပီး မြန္းလြဲ (၁၁)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အမွတ္ (၇)အဆန္ရထားႏွင့္ အမွတ္ (၈)အစုန္ရထားသည္ ဂ်ပန္တြဲဆိုင္း (၆)တြဲျဖင့္ မြန္းလြဲ (၁၂)နာရီမွစတင္ထြက္ခြာမည္ျဖစ္ၿပီး ညေန (၅)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရထားအတြက္ လက္မွတ္ေတြခႏႈန္းထားမ်ားမွာ ယခင္အတိုင္း ေျပာင္းလဲမႈမရွိဘဲ ပထမတန္းလက္မွတ္မွာ ေငြက်ပ္ (၁၉၀၀၀)ျဖစ္ၿပီး အထက္တန္းလက္မွတ္မွာ ေငြက်ပ္ (၂၈၀၀၀)တို႔ျဖစ္ေၾကာင္း သိရသည္။