တစ်လ ကျပ် သန်း (၇၀ဝဝ) နှုန်းဖြင့် သုံးနှစ်ကျော်အတွင်း ကျပ် (၂၅၂) ဘီလျံကျော် KNDF တို့ ဆက်ကြေးငွေရရှိခဲ့

 764

သုတကျော် (NP News)-အောက်တိုဘာ ၆

ကယားပြည်နယ်မှ တစ်လ ကျပ်ငွေ သိန်း ခုနစ်သောင်းခန့် အခွန်ဆက်ကြေးငွေရရှိသော်လည်း ငွေခေါင်းကွဲ နေကြောင်း KNDF လက်နက်ကိုင်အဖွဲ့မှ ဒုစစ်ဦးစီးချုပ် တာဝန်ယူထားသူ မာဝီက စက်တင် ဘာလ (၂၈) ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်သော ဒီးကူးပွဲတော် အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
မာဝီက ထိုသို့ပြောကြားစဉ် ၎င်းတို့ကို အခွန်ဆက်ကြေးပေးရသော ပြည်သူများအနေဖြင့် စစ်ဘေးကြောင့် ကုန်ဈေးနှုန်းတက်ခြင်းနှင့် စာနပ်ရိက္ခာ ပြတ်လပ်ခြင်းဘေးကို ရင်ဆိုင်နေကြရသည်။
“ကျွန်တော်တို့ တစ်လတစ်လ အခွန်ဘဏ္ဍာရရှိမှု ကရင်နီ (ကယား) ပြည်နယ်မှာ သိန်းခုနစ် သောင်း လောက်ရှိတယ်။ ကျွန်တော်ဒီနေ့မှာ ပထမဆုံး ထုတ်ပြောခြင်းလည်း ဖြစ်ပါတယ်။ အဲဒီ သိန်း ခုနစ်သောင်း လောက်မှာ လေးသောင်းလောက်က ကာကွယ်ရေးဘက်မှာ အသုံးပြုတာဖြစ်ပါတယ်” ဟု မာဝီကဆိုသည်။ တစ်လလျှင် ကျပ် သိန်းပေါင်း (၇၀ဝဝဝ) သို့မဟုတ် သန်း (၇၀ဝဝ) ရရှိနေသည် ဆိုသော မာဝီ၏ထုတ်ဖော်ချက်အရ တစ်နှစ်လျှင် ကျပ် သန်းပေါင်း (၈၄၀ဝဝ) ရရှိခဲ့ခြင်းမျိုးဖြစ်သည်။ ယင်းအတွက် ၎င်းတို့စတင်ခဲ့သော ပုန်ကန်ထြွကမှု သုံးနှစ် တာကာ လအတွင်း ကျပ်သန်းပေါင်း (၂၅၂၀ဝဝ) သို့မဟုတ် ကျပ် (၂၅၂) ဘီလျံထက်မ နည်းရရှိခဲ့ပြီးဖြစ်ကာ ယင်းငွေများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခဲ့ပြီ လည်းဖြစ်သည်။
သိန်းလေးသောင်းဆိုသော ပမာဏသည် AK-47 ကျည်ဆန်ပမာဏ လေးသိန်း ဝယ်ယူနိုင် ကြောင်းလည်း ၎င်းက ဆိုသည်။ ‘‘စိတ်ပျက်စရာ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အဲဒီငွေကို တစုတစည်းတည်း အသုံးပြုတာ မဟုတ် ဘဲနဲ့ ESPercent၊ ကလလတက ဘယ် ES Percent၊ KNDF က ဘယ် ES Percent ဆိုပြီး ခွဲဝေပြီးတော့မှ ကိုယ့်တပ်ဖွဲ့ အရေးကို အသုံးပြုလိုက် တဲ့အခါမှာ ငွေတွေခေါင်းကွဲပြီးတော့ ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲဖြစ်နေရပါတယ်” ဟု မာဝီက ဝန်ခံ ပြောကြားသည်။ ပြည်သူများအနေဖြင့်ထိုသို့ မဖြစ်ရေး တွန်းအားပေးရန် ပြောကြားခဲ့သော်လည်း လက်ရှိ မြေပြင် တွင်မူ လက်နက်ကိုင်များကို ကြောက်နေရသော အနေအထား ဖြစ်ကြောင်း NP News ဂျာနယ်က စုံစမ်း သိရှိရသည်။
‘‘လက်နက်ကိုင်တွေကို မပြောရဲဘူး။ လက်နက်ကို အားကိုးပြီး၊ ပြပြီး ပြည်သူကို ခြိမ်း ခြောက်တာမျိုးတွေ ရှိတယ်” ဟု ကယားပြည်နယ် ဒေသခံတစ်ဦးက ယခင်ကပင် NP News သို့ ဖြေကြားထားဖူးသည်။
လက်ရှိ ကယားပြည်နယ်တွင် တပ်မတော်၏ ထိုးစစ်က အောင်မြင်နေပြီး KNDF အပါအဝင် လက်နက် ကိုင်များဘက်တွင် လက်နက်ခဲယမ်း ရှားပါးသည့် အနေအထား ဖြစ်နေကြောင်း ဒေသခံ အချို့က ပြောကြားသည်။

Zawgyi Version:
တစ္လ က်ပ္ သန္း (၇၀ဝဝ) ႏႈန္းျဖင့္ သုံးႏွစ္ေက်ာ္အတြင္း က်ပ္ (၂၅၂) ဘီလ်ံေက်ာ္ KNDF တို႔ ဆက္ေၾကးေငြရရွိခဲ့
သုတေက်ာ္ (NP News)-ေအာက္တိုဘာ ၆

ကယားျပည္နယ္မွ တစ္လ က်ပ္ေငြ သိန္း ခုနစ္ေသာင္းခန႔္ အခြန္ဆက္ေၾကးေငြရရွိေသာ္လည္း ေငြေခါင္းကြဲ ေနေၾကာင္း KNDF လက္နက္ကိုင္အဖြဲ႕မွ ဒုစစ္ဦးစီးခ်ဳပ္ တာဝန္ယူထားသူ မာဝီက စက္တင္ ဘာလ (၂၈) ရက္တြင္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ ျပဳလုပ္ေသာ ဒီးကူးပြဲေတာ္ အခမ္းအနားမိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားသည္။
မာဝီက ထိုသို႔ေျပာၾကားစဥ္ ၎တို႔ကို အခြန္ဆက္ေၾကးေပးရေသာ ျပည္သူမ်ားအေနျဖင့္ စစ္ေဘးေၾကာင့္ ကုန္ေဈးႏႈန္းတက္ျခင္းႏွင့္ စာနပ္ရိကၡာ ျပတ္လပ္ျခင္းေဘးကို ရင္ဆိုင္ေနၾကရသည္။
“ကြၽန္ေတာ္တို႔ တစ္လတစ္လ အခြန္ဘ႑ာရရွိမႈ ကရင္နီ (ကယား) ျပည္နယ္မွာ သိန္းခုနစ္ ေသာင္း ေလာက္ရွိတယ္။ ကြၽန္ေတာ္ဒီေန႔မွာ ပထမဆုံး ထုတ္ေျပာျခင္းလည္း ျဖစ္ပါတယ္။ အဲဒီ သိန္း ခုနစ္ေသာင္း ေလာက္မွာ ေလးေသာင္းေလာက္က ကာကြယ္ေရးဘက္မွာ အသုံးျပဳတာျဖစ္ပါတယ္” ဟု မာဝီကဆိုသည္။ တစ္လလွ်င္ က်ပ္ သိန္းေပါင္း (၇၀ဝဝဝ) သို႔မဟုတ္ သန္း (၇၀ဝဝ) ရရွိေနသည္ ဆိုေသာ မာဝီ၏ထုတ္ေဖာ္ခ်က္အရ တစ္ႏွစ္လွ်င္ က်ပ္ သန္းေပါင္း (၈၄၀ဝဝ) ရရွိခဲ့ျခင္းမ်ိဳးျဖစ္သည္။ ယင္းအတြက္ ၎တို႔စတင္ခဲ့ေသာ ပုန္ကန္ႂထြကမႈ သုံးႏွစ္ တာကာ လအတြင္း က်ပ္သန္းေပါင္း (၂၅၂၀ဝဝ) သို႔မဟုတ္ က်ပ္ (၂၅၂) ဘီလ်ံထက္မ နည္းရရွိခဲ့ၿပီးျဖစ္ကာ ယင္းေငြမ်ားျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ပ်က္စီးေစခဲ့ၿပီ လည္းျဖစ္သည္။
သိန္းေလးေသာင္းဆိုေသာ ပမာဏသည္ AK-47 က်ည္ဆန္ပမာဏ ေလးသိန္း ဝယ္ယူႏိုင္ ေၾကာင္းလည္း ၎က ဆိုသည္။ ‘‘စိတ္ပ်က္စရာ ေျပာတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က အဲဒီေငြကို တစုတစည္းတည္း အသုံးျပဳတာ မဟုတ္ ဘဲနဲ႔ ESPercent၊ ကလလတက ဘယ္ ES Percent၊ KNDF က ဘယ္ ES Percent ဆိုၿပီး ခြဲေဝၿပီးေတာ့မွ ကိုယ့္တပ္ဖြဲ႕ အေရးကို အသုံးျပဳလိုက္ တဲ့အခါမွာ ေငြေတြေခါင္းကြဲၿပီးေတာ့ ဘယ္တပ္ရင္းမွ မသိမ္းႏိုင္ဘဲျဖစ္ေနရပါတယ္” ဟု မာဝီက ဝန္ခံ ေျပာၾကားသည္။ ျပည္သူမ်ားအေနျဖင့္ထိုသို႔ မျဖစ္ေရး တြန္းအားေပးရန္ ေျပာၾကားခဲ့ေသာ္လည္း လက္ရွိ ေျမျပင္ တြင္မူ လက္နက္ကိုင္မ်ားကို ေၾကာက္ေနရေသာ အေနအထား ျဖစ္ေၾကာင္း NP News ဂ်ာနယ္က စုံစမ္း သိရွိရသည္။
‘‘လက္နက္ကိုင္ေတြကို မေျပာရဲဘူး။ လက္နက္ကို အားကိုးၿပီး၊ ျပၿပီး ျပည္သူကို ၿခိမ္း ေျခာက္တာမ်ိဳးေတြ ရွိတယ္” ဟု ကယားျပည္နယ္ ေဒသခံတစ္ဦးက ယခင္ကပင္ NP News သို႔ ေျဖၾကားထားဖူးသည္။
လက္ရွိ ကယားျပည္နယ္တြင္ တပ္မေတာ္၏ ထိုးစစ္က ေအာင္ျမင္ေနၿပီး KNDF အပါအဝင္ လက္နက္ ကိုင္မ်ားဘက္တြင္ လက္နက္ခဲယမ္း ရွားပါးသည့္ အေနအထား ျဖစ္ေနေၾကာင္း ေဒသခံ အခ်ိဳ႕က ေျပာၾကားသည္။

Related news

© 2021. All rights reserved.