နှစ်(၅ဝ)အတွင်း မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ဟက်တာ (၂၄)သန်းကျော် ပြုန်းတီး

 187

သက်ပိုင် (NP News) - အောက်တိုဘာလ ၇
(၁၉၇၅)ခုနှစ်မှ (၂၀၂၅)ခုနှစ်အထိ နှစ် ပေါင်း(၅၀)အတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာ (၂၄၇၁၅၉၃၂) ဟက်တာမှာ ပြုန်းတီးခဲ့ရ ကြောင်းThe Spirit of Brotherhood Mission အဖွဲ့မှ GIS ပညာရှင် ဒေါက်တာမောင်မောင်သန်းက NP News သို့ ပြောသည်။
ဂြိုဟ်တုဓာတ်ပုံများအရ မြန်မာနိုင်ငံတွင် (၁၉၇၅)ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ (၄၇၀၈၁၅၂၆) ဟက်တာ၊ နိုင်ငံ၏ (၆၉ ဒသမ ၅၉ ရာခိုင်နှုန်း) အထိရှိခဲ့သော်လည်း (၂၀၂၅) ခုနှစ်တွင် (၂၂၃၆၅၅၉၄) ဟက်တာ၊ နိုင်ငံ၏ (၃၃ ဒသမ ဝ၆ ရာခိုင်နှုန်း)သာကျန်ရှိတော့ပြီး ဟက်တာ (၂၄၇၁၅၉၃၂) မှာ ဆုံးရှုံးသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
" တောကြီးတောပိတ်တွေဟာ (၁၉၇၅) ခုနှစ်မှာ မြန်မာ့မြေဧရိယာရဲ့ (၄၀) ရာခိုင်နှုန်းကျော်ကို ရွက်ပိတ်တောတွေက ကာကွယ်ထားပါတယ်၊ (၂၀၂၅) ခုနှစ်မှာ ရွက်ပိတ်တော (၇ ရာခိုင်နှုန်း) သာ ကာကွယ်ထားပါတော့တယ်၊ (၁၉၇၅) ခုနှစ်မှာ ရွက် ပိတ်တော ဟက်တာပေါင်း (၂၇.၅) သန်းရှိရာကနေ (၂၀၂၅)ခုနှစ်မှာ ဟက်တာ (၄.၉၅)သန်းပဲ ကျန် တော့အောင် ဟက်တာပေါင်း (၂၂.၅)သန်း ခုတ်ခံ လိုက်ရပါတယ်၊ တောကောင်းတွေရဲ့ (၁၈ ရာခိုင်နှုန်း) သာကျန်ပြီး (၈၂ ရာခိုင်နှုန်း)ကတော့ ဆုံးရှုံးသွား ရပြီဖြစ်ပါတယ်" ဟု ဒေါက်တာ မောင်မောင်သန်းက ဆိုသည်။
ထိုသို့ ပြုန်းတီးရခြင်းအကြောင်းအရင်း များအနက် အလွန်အကျွံသစ်ခုတ်ယူမှုများကြောင့် သစ်တောများပြုန်းတီးရခြင်းဖြစ်ပြီး မူလသစ်တော မြေများ၊ ဒီရေတောနယ်မြေများ နေရာတွင် အစားထိုး စိုက်ခင်းများနှင့် လယ်ယာမြေများက နေရာယူလာ ကြခြင်းများလည်းပါဝင်ကြောင်း သိရသည်။
ထို့ပြင် နယ်မြေမတည်ငြိမ်မှုကို အခွင့် ကောင်းယူကာ သစ်အလွန်အကျွံခုတ်ယူမှုများ လုပ် ဆောင်ခြင်း၊ သစ်တောနယ်မြေများကို သယံဇာတတူး ဖော်ခြင်းများ လုပ်ဆောင်လာသည့်အတွက်လည်း သစ်တောများ ပြုန်းတီးလာရခြင်းဖြစ်ကြောင်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် NUG လက်အောက်ခံ အဖွဲ့အစည်း များက သစ်များကို ကိုယ်ကျိုးအတွက် ခုတ်ယူသုံးစွဲမှုများပြုလုပ်နေကြောင်း ဗိုလ်နဂါးဦးဆောင်သော BNRA အဖွဲ့ကဖွင့်ချထားပြီး ကနီမြို့နယ်အတွင်းရှိ သစ်တောများအပြင် မြန်မာနိုင်ငံ၏ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားသည့်အပြင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ်ပါ သတ်မှတ်ခြင်းခံထား ရသော အလောင်းတော်ကဿဖဒေသအတွင်းရှိ သစ် များကိုပါ အမြစ်ပါမချန် ခုတ်ယူနေကြကြောင်း သိရ သည်။

Zawgyi Version:
ႏွစ္(၅ဝ)အတြင္း ျမန္မာႏိုင္ငံ၏ သစ္ေတာဧရိယာ ဟက္တာ (၂၄)သန္းေက်ာ္ ျပဳန္းတီး
သက္ပိုင္ (NP News) - ေအာက္တိုဘာလ ၇
(၁၉၇၅)ခုႏွစ္မွ (၂၀၂၅)ခုႏွစ္အထိ ႏွစ္ ေပါင္း(၅၀)အတြင္း ျမန္မာႏိုင္ငံ၏ သစ္ေတာဖုံးလႊမ္းမႈ ဧရိယာ (၂၄၇၁၅၉၃၂) ဟက္တာမွာ ျပဳန္းတီးခဲ့ရ ေၾကာင္းThe Spirit of Brotherhood Mission အဖြဲ႕မွ GIS ပညာရွင္ ေဒါက္တာေမာင္ေမာင္သန္းက NP News သို႔ ေျပာသည္။
ၿဂိဳဟ္တုဓာတ္ပုံမ်ားအရ ျမန္မာႏိုင္ငံတြင္ (၁၉၇၅)ခုႏွစ္တြင္ သစ္ေတာဖုံးလႊမ္းမႈ ဧရိယာ (၄၇၀၈၁၅၂၆) ဟက္တာ၊ ႏိုင္ငံ၏ (၆၉ ဒသမ ၅၉ ရာခိုင္ႏႈန္း) အထိရွိခဲ့ေသာ္လည္း (၂၀၂၅) ခုႏွစ္တြင္ (၂၂၃၆၅၅၉၄) ဟက္တာ၊ ႏိုင္ငံ၏ (၃၃ ဒသမ ဝ၆ ရာခိုင္ႏႈန္း)သာက်န္ရွိေတာ့ၿပီး ဟက္တာ (၂၄၇၁၅၉၃၂) မွာ ဆုံးရႈံးသြားၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။
" ေတာႀကီးေတာပိတ္ေတြဟာ (၁၉၇၅) ခုႏွစ္မွာ ျမန္မာ့ေျမဧရိယာရဲ႕ (၄၀) ရာခိုင္ႏႈန္းေက်ာ္ကို ႐ြက္ပိတ္ေတာေတြက ကာကြယ္ထားပါတယ္၊ (၂၀၂၅) ခုႏွစ္မွာ ႐ြက္ပိတ္ေတာ (၇ ရာခိုင္ႏႈန္း) သာ ကာကြယ္ထားပါေတာ့တယ္၊ (၁၉၇၅) ခုႏွစ္မွာ ႐ြက္ ပိတ္ေတာ ဟက္တာေပါင္း (၂၇.၅) သန္းရွိရာကေန (၂၀၂၅)ခုႏွစ္မွာ ဟက္တာ (၄.၉၅)သန္းပဲ က်န္ ေတာ့ေအာင္ ဟက္တာေပါင္း (၂၂.၅)သန္း ခုတ္ခံ လိုက္ရပါတယ္၊ ေတာေကာင္းေတြရဲ႕ (၁၈ ရာခိုင္ႏႈန္း) သာက်န္ၿပီး (၈၂ ရာခိုင္ႏႈန္း)ကေတာ့ ဆုံးရႈံးသြား ရၿပီျဖစ္ပါတယ္" ဟု ေဒါက္တာ ေမာင္ေမာင္သန္းက ဆိုသည္။
ထိုသို႔ ျပဳန္းတီးရျခင္းအေၾကာင္းအရင္း မ်ားအနက္ အလြန္အကြၽံသစ္ခုတ္ယူမႈမ်ားေၾကာင့္ သစ္ေတာမ်ားျပဳန္းတီးရျခင္းျဖစ္ၿပီး မူလသစ္ေတာ ေျမမ်ား၊ ဒီေရေတာနယ္ေျမမ်ား ေနရာတြင္ အစားထိုး စိုက္ခင္းမ်ားႏွင့္ လယ္ယာေျမမ်ားက ေနရာယူလာ ၾကျခင္းမ်ားလည္းပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္ေျမမတည္ၿငိမ္မႈကို အခြင့္ ေကာင္းယူကာ သစ္အလြန္အကြၽံခုတ္ယူမႈမ်ား လုပ္ ေဆာင္ျခင္း၊ သစ္ေတာနယ္ေျမမ်ားကို သယံဇာတတူး ေဖာ္ျခင္းမ်ား လုပ္ေဆာင္လာသည့္အတြက္လည္း သစ္ေတာမ်ား ျပဳန္းတီးလာရျခင္းျဖစ္ေၾကာင္း သိရ သည္။
စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ခ႐ိုင္ ပုလဲၿမိဳ႕နယ္တြင္ NUG လက္ေအာက္ခံ အဖြဲ႕အစည္း မ်ားက သစ္မ်ားကို ကိုယ္က်ိဳးအတြက္ ခုတ္ယူသုံးစြဲမႈမ်ားျပဳလုပ္ေနေၾကာင္း ဗိုလ္နဂါးဦးေဆာင္ေသာ BNRA အဖြဲ႕ကဖြင့္ခ်ထားၿပီး ကနီၿမိဳ႕နယ္အတြင္းရွိ သစ္ေတာမ်ားအျပင္ ျမန္မာႏိုင္ငံ၏ အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ထားသည့္အျပင္ အာဆီယံ အေမြအႏွစ္ဥယ်ာဥ္အျဖစ္ပါ သတ္မွတ္ျခင္းခံထား ရေသာ အေလာင္းေတာ္ကႆဖေဒသအတြင္းရွိ သစ္ မ်ားကိုပါ အျမစ္ပါမခ်န္ ခုတ္ယူေနၾကေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.