ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းပါက အင်အားကြီးပါတီကြီးများသာ အသာရဖွယ်ရှိဟုဆို

 129

Pearl (NP News) - အောက်တိုဘာလ ၇
ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲ အပေါ်စိတ်ဝင်စားမှု အားနည်းပါက အဆင်သင့် သေ ချာစွာ တည်ဆောက်ထားသည့် အင်အားကြီးပါတီကြီး များသာ အသာရဖွယ်ရှိနေကြောင်း နိုင်ငံရေးသမား နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် UEC မှ ထုတ်ပြန်ထားသည့် စာရင်းအရ ကိုယ်စားလှယ်လောင်းအရေအတွက်ပို မိုသာလွန်သည့် အင်အားကြီးပါတီများကသာ အစိုးရ ဖွဲ့နိုင်သည့် အနေအထားမျိုးရှိနေကြောင်း နိုင်ငံ ရေးသမားတစ်ဦးဖြစ်သူ ဦးထက်အောင်ကျော်က သုံးသပ်ပြောကြားထားသည်။
" အခုလောလောဆယ်တော့ တင်ထားတဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်ကို ကြည့်တာနဲ့ USDP က ကိုယ်စားလှယ်လောင်း (၄၀ဝ)ကျော်က မပြိုင်ခင်က နိုင်နှင့်ပြီ။ ကိုယ်စားလှယ်လောင်း (၄၀ဝ) နိုင်တာက နည်းနည်းနောနော အင်အားမှ မဟုတ် တာ။ အဓိကတော့ USDP ကပဲ အစိုးရဖွဲ့သွား နိုင်မှာပဲလေ။ ဒါအားလုံးမြင်နေရတာပဲလေ။ လူထုအနေနဲ့ မဲတကယ်ပေးဖို့ပေါ့နော်။ ဒီမိုကရေစီကို တကယ်လိုလားရင် ရွေးကောက်ပွဲသည် အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ဖြတ်သန်းကို ဖြတ်သန်း မှရမယ်။ နိုင်နှင့်နေတာပဲလို့ စဉ်းစားလိုက်တာနဲ့တစ်ပြိုင် နက်က လူထုအနေအနဲ့ အဲဒီလို စဉ်းစားနေတဲ့သဘော ကို မြင်နေရတာပေါ့။ ကြားနေရတာပေါ့။ ပါတီတွေ ကလူထုအနေနဲ့ မဲထည့်ဖို့ကို သေသေချာချာလုပ်ဖို့ လိုတာပေါ့နော်။ သို့ပေမယ့်လည်း အချိန်က (၃)လတောင်ကျန်ပါ‌သေးတယ်။ ပြောရဲဆိုရဲရှိတဲ့လူတွေ အစိုးရမဖွဲ့နိုင်ပေမယ့်လည်း လွှတ်တော်ထဲကို ရောက် သွားတာနဲ့ အတိုက်အခံ ၊ Check and Balance လုပ်နိုင်တဲ့လူတွေ ရှိမှ ပိုကောင်းမှာပါလားဆိုတဲ့အမြင် မျိုး လူထုဆီရောက်အောင် ပြောရမှာပေါ့။ လူထုကို လည်း တိုက်တွန်းနှိုးဆော်ရမှာပေါ့" ဟု ဦးထက် အောင်ကျော်က NP News သို့ ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲအပေါ် ပြည်သူ လူထု စိတ်ဝင်စားမှု အားနည်းနေသေးသည့်အတွက် အင်အားကြီးပါတီများသာ အစိုးရဖွဲ့ရန်အတွက် အားသာနေသော်လည်း ပြည်သူလူထု၏ သဘော ထားဆုံးဖြတ်မှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း လည်း နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါက်တာညိုညို သင်းက ပြောသည်။
" အခုအတိုင်းကတော့ ပါတီကြီးတွေပေါ့နော်။ ပါတီကြီးတွေကတော့ အစိုးရဖွဲ့ဖို့ အားသာ နေတယ်။ နိုင်ငံရေးဆိုတာကလည်း တစ်သမတ်တည်း ပြောလို့မရဘူးပေါ့နော်။ ပြည်သူလူထုရဲ့ သဘော ထားပေါ်မှာလည်း အများကြီး မူတည်နေတာပေါ့။ ပြည်သူလူထုတချို့ကလည်း မဲပေးချိန်ရောက်မှ ရုတ်တရက်ဆုံးဖြတ်တာရှိတယ်လေ။ ယေဘု ယျအားဖြင့်ပြောရင်တော့ အခု အနေအထားကတော့ ရွေးကောက်ပွဲပေါ်မှာ ပြည်သူလူထုက စိတ်ဝင်စားမှု အားနည်းနေသေးတယ်။ အဲဒီတော့ ဒီတိုင်း သာသွားရင် ပါတီကြီးတွေပဲ ၊ အဆင်သင့် သေသေ ချာချာ ကောင်းကောင်းမွန်မွန် တည်ဆောက် ထားနိုင်တဲ့ ပါတီကြီးတွေပဲ အစိုးရဖွဲ့နိုင်မယ်လို့ မှန်းတယ်" ဟု ဒေါ်ညိုညိုသင်းက NP News သို့ပြောသည်။
အလားတူ လာမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ သဘောထားအမြင်ကို ခန့်မှန်း၍ မရသည့်အတွက် ကိုယ်စားလှယ်လောင်းအ‌ရေ အတွက်အပါအဝင် လက်ရှိအခြေအနေအရ အင်အား ကြီးပါတီများသာအနိုင်ရကာ အစိုးရဖွဲ့သွားနိုင် ကြောင်းလည်း ယခင် ြၤီ ပါတီ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးက ပြောသည်။
" လောလောဆယ် နိုင်ငံရေး အခင်း အကျင်းအရပြောမယ်ဆိုရင် ပြည်သူတွေအပေါ်မှာ ထည့်မစဉ်းစားဘဲ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု ၊ နိုင်ငံရေးပါတီတွေရဲ့ အားကောင်းမှု ပေါ်ပြောရင် NDF က အားသာနေမှာပေါ့။ တပ်မတော်ပြီးလို့ ပါတီတွေ ထဲမှာ ပြောရင် USDP က အားသာတယ်လို့ ယူဆစရာရှိတယ်။ သို့သော် အခု လက်ရှိရွေး ကောက်ပွဲမှာက တခြားရွေးကောက်ပွဲတွေနဲ့ မတူတာက ပြည်သူ မဲပေးမယ့်အနေအထားကို မှန်းလို့မရဘူး။ ပြည်သူတွေ တော်တော်များများ မဲမပေးဘူးလားဆိုတဲ့ ကိစ္စက တော်တော် မှန်းလို့ မရဘူး။ No Vote တွေ များပြီး အမာခံတွေပဲ မဲပေး ရင်USDP ပဲ ရမှာ။ အဲဒီလိုမှ မဟုတ်ဘူး ။ ပြည်သူ တွေက အမြင်တစ်မျိုးပြောင်းပြီးတော့ USDP မဟုတ်တာ မဲပေးမယ်လို့ အမြင် ပြောင်းသွားရင်လည်း ပါတီတွေ အစုအဖွဲ့တွေ ဖြစ်သွားနိုင်တယ်။ ပြည်သူတွေ မဲပေးမှာလား မပေး ဘူးလား မသေချာ သေးဘူး။ ပြည်သူတွေက လုံခြုံ ရေးအရ စိုးရိမ်ပူပန်မှု တွေလည်းလျော့သွားမယ် ၊ ငါတို့က USDP မကြိုက်ဘူးဆိုပြီး မခံချင်စိတ်နဲ့ မဲပေးရင် မဲတွေက ကွဲထွက်သွားမှာ" ဟု ဒေါက်တာ မျိုးဆက်သွေးက ပြောသည်။
ထို့ပြင် လာမည့် ရွေးကောက်ပွဲ အခင်း အကျင်းသည် စိတ်ဝင်စားစရာကောင်းပြီး ညွန့် ပေါင်းအစိုးရ တစ်ရပ်ဖြစ်လာနိုင်ဖွယ်ရှိကြောင်းလည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည့် ဒေါက်တာ အောင်မျိုးက ခန့်မှန်းထားသည်။
" အနာဂတ်ကြီးကို ကြိုပြောရတာတော့ ခက်တာပေါ့နော်။ လက်ရှိကတော့ ပြည်ခိုင်ဖြိုးပေါ့ဗျာ။ ပြည်သူ့ရှေ့ဆောင်၊ ပြည်သူ့ပါတီပေါ့။ ဒီပါတီကြီး တွေကတော့ စုပေါင်းစပ်ပေါင်း ဖြစ်လာမယ်လို့ထင် ပါတယ်။ ရွေးကောက်ပွဲကလည်း နက်နဲတာပေါ့နော်။ ပြည်သူတွေက အရင်တုန်းက ပြည်ခိုင်ဖြိုးကို ပြည်သူအများစုက ငြင်းပယ်ခဲ့တာပေါ့နော်။ အနည်းစု ကတော့ ထောက်ခံကြတာပေါ့။ အခုတော့ ငြင်းပယ်ခဲ့ တဲ့အများစုက ဘယ်ဘက်ကိုလှည့်မလဲ စိတ်ဝင် စားစရာ ကောင်းနေတာပေါ့။ ပြည်ခိုင်ဖြိုးမပါ ကျန်တဲ့ ပါတီတွေက များတဲ့အခါကျတော့ အဲဒီမဲတွေ ကျန်တဲ့ပါတီတွေကို မျှသွားပြီးတော့ ပြည်ခိုင်ဖြိုးက သူ့ကို ထောက်ခံတဲ့အင်အားစုနဲ့ အနိုင်ယူမယ်လို့ မျှော်လင့်နေကြတာလည်း ရှိတယ်။ ခန့်မှန်းရ ခက်ပါသေးတယ်" ဟု ဒေါက်တာအောင်မျိုးက NP News သို့ ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်မှ စက်တင်ဘာ (၂၂) ရက်အထိ အမည်စာရင်းတင်သွင်း ခဲ့ကြရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀၄၈) ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီမှ (၇၀၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၆) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုး တက်ရေး ပါတီမှ (၄၃၄) ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၅၈၆) ဦး၊ ပြည်သူ့ပါတီမှ (၅၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ (၅၁) ပါတီမှ (၉၆၆) ဦးနှင့် တစ်သီးပုဂ္ဂလ (၉၆) ဦး စုစုပေါင်း (၅၀၂၃) ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါကိုယ်စားလှယ်လောင်း အမည်စာ ရင်းတင်သွင်းမှုများကို စက်တင်ဘာ (၂၃)ရက်မှ အောက်တိုဘာ (၄)ရက်အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီးစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Zawgyi Version:
ျပည္သူလူထုအေနျဖင့္ ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈ အားနည္းပါက အင္အားႀကီးပါတီႀကီးမ်ားသာ အသာရဖြယ္ရွိဟုဆို
Pearl (NP News) - ေအာက္တိုဘာလ ၇
ျပည္သူလူထုအေနျဖင့္ ေ႐ြးေကာက္ပြဲ အေပၚစိတ္ဝင္စားမႈ အားနည္းပါက အဆင္သင့္ ေသ ခ်ာစြာ တည္ေဆာက္ထားသည့္ အင္အားႀကီးပါတီႀကီး မ်ားသာ အသာရဖြယ္ရွိေနေၾကာင္း ႏိုင္ငံေရးသမား ႏွင့္ ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ UEC မွ ထုတ္ျပန္ထားသည့္ စာရင္းအရ ကိုယ္စားလွယ္ေလာင္းအေရအတြက္ပို မိုသာလြန္သည့္ အင္အားႀကီးပါတီမ်ားကသာ အစိုးရ ဖြဲ႕ႏိုင္သည့္ အေနအထားမ်ိဳးရွိေနေၾကာင္း ႏိုင္ငံ ေရးသမားတစ္ဦးျဖစ္သူ ဦးထက္ေအာင္ေက်ာ္က သုံးသပ္ေျပာၾကားထားသည္။
" အခုေလာေလာဆယ္ေတာ့ တင္ထားတဲ့ ကိုယ္စားလွယ္ေလာင္းအေရအတြက္ကို ၾကည့္တာနဲ႔ USDP က ကိုယ္စားလွယ္ေလာင္း (၄၀ဝ)ေက်ာ္က မၿပိဳင္ခင္က ႏိုင္ႏွင့္ၿပီ။ ကိုယ္စားလွယ္ေလာင္း (၄၀ဝ) ႏိုင္တာက နည္းနည္းေနာေနာ အင္အားမွ မဟုတ္ တာ။ အဓိကေတာ့ USDP ကပဲ အစိုးရဖြဲ႕သြား ႏိုင္မွာပဲေလ။ ဒါအားလုံးျမင္ေနရတာပဲေလ။ လူထုအေနနဲ႔ မဲတကယ္ေပးဖို႔ေပါ့ေနာ္။ ဒီမိုကေရစီကို တကယ္လိုလားရင္ ေ႐ြးေကာက္ပြဲသည္ အစိတ္ အပိုင္းတစ္ခုျဖစ္တယ္။ ျဖတ္သန္းကို ျဖတ္သန္း မွရမယ္။ ႏိုင္ႏွင့္ေနတာပဲလို႔ စဥ္းစားလိုက္တာနဲ႔တစ္ၿပိဳင္ နက္က လူထုအေနအနဲ႔ အဲဒီလို စဥ္းစားေနတဲ့သေဘာ ကို ျမင္ေနရတာေပါ့။ ၾကားေနရတာေပါ့။ ပါတီေတြ ကလူထုအေနနဲ႔ မဲထည့္ဖို႔ကို ေသေသခ်ာခ်ာလုပ္ဖို႔ လိုတာေပါ့ေနာ္။ သို႔ေပမယ့္လည္း အခ်ိန္က (၃)လေတာင္က်န္ပါ‌ေသးတယ္။ ေျပာရဲဆိုရဲရွိတဲ့လူေတြ အစိုးရမဖြဲ႕ႏိုင္ေပမယ့္လည္း လႊတ္ေတာ္ထဲကို ေရာက္ သြားတာနဲ႔ အတိုက္အခံ ၊ Check and Balance လုပ္ႏိုင္တဲ့လူေတြ ရွိမွ ပိုေကာင္းမွာပါလားဆိုတဲ့အျမင္ မ်ိဳး လူထုဆီေရာက္ေအာင္ ေျပာရမွာေပါ့။ လူထုကို လည္း တိုက္တြန္းႏႈိးေဆာ္ရမွာေပါ့" ဟု ဦးထက္ ေအာင္ေက်ာ္က NP News သို႔ ေျပာသည္။
လက္ရွိတြင္ ေ႐ြးေကာက္ပြဲအေပၚ ျပည္သူ လူထု စိတ္ဝင္စားမႈ အားနည္းေနေသးသည့္အတြက္ အင္အားႀကီးပါတီမ်ားသာ အစိုးရဖြဲ႕ရန္အတြက္ အားသာေနေသာ္လည္း ျပည္သူလူထု၏ သေဘာ ထားဆုံးျဖတ္မႈကို ေစာင့္ၾကည့္ရမည္ျဖစ္ေၾကာင္း လည္း ႏိုင္ငံေရးသမားတစ္ဦးျဖစ္သူ ေဒါက္တာညိဳညိဳ သင္းက ေျပာသည္။
" အခုအတိုင္းကေတာ့ ပါတီႀကီးေတြေပါ့ေနာ္။ ပါတီႀကီးေတြကေတာ့ အစိုးရဖြဲ႕ဖို႔ အားသာ ေနတယ္။ ႏိုင္ငံေရးဆိုတာကလည္း တစ္သမတ္တည္း ေျပာလို႔မရဘူးေပါ့ေနာ္။ ျပည္သူလူထုရဲ႕ သေဘာ ထားေပၚမွာလည္း အမ်ားႀကီး မူတည္ေနတာေပါ့။ ျပည္သူလူထုတခ်ိဳ႕ကလည္း မဲေပးခ်ိန္ေရာက္မွ ႐ုတ္တရက္ဆုံးျဖတ္တာရွိတယ္ေလ။ ေယဘု ယ်အားျဖင့္ေျပာရင္ေတာ့ အခု အေနအထားကေတာ့ ေ႐ြးေကာက္ပြဲေပၚမွာ ျပည္သူလူထုက စိတ္ဝင္စားမႈ အားနည္းေနေသးတယ္။ အဲဒီေတာ့ ဒီတိုင္း သာသြားရင္ ပါတီႀကီးေတြပဲ ၊ အဆင္သင့္ ေသေသ ခ်ာခ်ာ ေကာင္းေကာင္းမြန္မြန္ တည္ေဆာက္ ထားႏိုင္တဲ့ ပါတီႀကီးေတြပဲ အစိုးရဖြဲ႕ႏိုင္မယ္လို႔ မွန္းတယ္" ဟု ေဒၚညိဳညိဳသင္းက NP News သို႔ေျပာသည္။
အလားတူ လာမည့္ ေ႐ြးေကာက္ပြဲအေပၚ ျပည္သူလူထု၏ သေဘာထားအျမင္ကို ခန႔္မွန္း၍ မရသည့္အတြက္ ကိုယ္စားလွယ္ေလာင္းအ‌ေရ အတြက္အပါအဝင္ လက္ရွိအေျခအေနအရ အင္အား ႀကီးပါတီမ်ားသာအႏိုင္ရကာ အစိုးရဖြဲ႕သြားႏိုင္ ေၾကာင္းလည္း ယခင္ ျၤီ ပါတီ၏ တာဝန္ရွိသူ တစ္ဦးျဖစ္သူ ေဒါက္တာမ်ိဳးဆက္ေသြးက ေျပာသည္။
" ေလာေလာဆယ္ ႏိုင္ငံေရး အခင္း အက်င္းအရေျပာမယ္ဆိုရင္ ျပည္သူေတြအေပၚမွာ ထည့္မစဥ္းစားဘဲ ႏိုင္ငံေရးပါတီေတြရဲ႕ လႈပ္ရွားမႈ ၊ ႏိုင္ငံေရးပါတီေတြရဲ႕ အားေကာင္းမႈ ေပၚေျပာရင္ NDF က အားသာေနမွာေပါ့။ တပ္မေတာ္ၿပီးလို႔ ပါတီေတြ ထဲမွာ ေျပာရင္ USDP က အားသာတယ္လို႔ ယူဆစရာရွိတယ္။ သို႔ေသာ္ အခု လက္ရွိေ႐ြး ေကာက္ပြဲမွာက တျခားေ႐ြးေကာက္ပြဲေတြနဲ႔ မတူတာက ျပည္သူ မဲေပးမယ့္အေနအထားကို မွန္းလို႔မရဘူး။ ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ား မဲမေပးဘူးလားဆိုတဲ့ ကိစၥက ေတာ္ေတာ္ မွန္းလို႔ မရဘူး။ No Vote ေတြ မ်ားၿပီး အမာခံေတြပဲ မဲေပး ရင္USDP ပဲ ရမွာ။ အဲဒီလိုမွ မဟုတ္ဘူး ။ ျပည္သူ ေတြက အျမင္တစ္မ်ိဳးေျပာင္းၿပီးေတာ့ USDP မဟုတ္တာ မဲေပးမယ္လို႔ အျမင္ ေျပာင္းသြားရင္လည္း ပါတီေတြ အစုအဖြဲ႕ေတြ ျဖစ္သြားႏိုင္တယ္။ ျပည္သူေတြ မဲေပးမွာလား မေပး ဘူးလား မေသခ်ာ ေသးဘူး။ ျပည္သူေတြက လုံၿခဳံ ေရးအရ စိုးရိမ္ပူပန္မႈ ေတြလည္းေလ်ာ့သြားမယ္ ၊ ငါတို႔က USDP မႀကိဳက္ဘူးဆိုၿပီး မခံခ်င္စိတ္နဲ႔ မဲေပးရင္ မဲေတြက ကြဲထြက္သြားမွာ" ဟု ေဒါက္တာ မ်ိဳးဆက္ေသြးက ေျပာသည္။
ထို႔ျပင္ လာမည့္ ေ႐ြးေကာက္ပြဲ အခင္း အက်င္းသည္ စိတ္ဝင္စားစရာေကာင္းၿပီး ၫြန႔္ ေပါင္းအစိုးရ တစ္ရပ္ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္းလည္း တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္ပြဲဝင္မည့္ ေဒါက္တာ ေအာင္မ်ိဳးက ခန႔္မွန္းထားသည္။
" အနာဂတ္ႀကီးကို ႀကိဳေျပာရတာေတာ့ ခက္တာေပါ့ေနာ္။ လက္ရွိကေတာ့ ျပည္ခိုင္ၿဖိဳးေပါ့ဗ်ာ။ ျပည္သူ႔ေရွ႕ေဆာင္၊ ျပည္သူ႔ပါတီေပါ့။ ဒီပါတီႀကီး ေတြကေတာ့ စုေပါင္းစပ္ေပါင္း ျဖစ္လာမယ္လို႔ထင္ ပါတယ္။ ေ႐ြးေကာက္ပြဲကလည္း နက္နဲတာေပါ့ေနာ္။ ျပည္သူေတြက အရင္တုန္းက ျပည္ခိုင္ၿဖိဳးကို ျပည္သူအမ်ားစုက ျငင္းပယ္ခဲ့တာေပါ့ေနာ္။ အနည္းစု ကေတာ့ ေထာက္ခံၾကတာေပါ့။ အခုေတာ့ ျငင္းပယ္ခဲ့ တဲ့အမ်ားစုက ဘယ္ဘက္ကိုလွည့္မလဲ စိတ္ဝင္ စားစရာ ေကာင္းေနတာေပါ့။ ျပည္ခိုင္ၿဖိဳးမပါ က်န္တဲ့ ပါတီေတြက မ်ားတဲ့အခါက်ေတာ့ အဲဒီမဲေတြ က်န္တဲ့ပါတီေတြကို မွ်သြားၿပီးေတာ့ ျပည္ခိုင္ၿဖိဳးက သူ႔ကို ေထာက္ခံတဲ့အင္အားစုနဲ႔ အႏိုင္ယူမယ္လို႔ ေမွ်ာ္လင့္ေနၾကတာလည္း ရွိတယ္။ ခန႔္မွန္းရ ခက္ပါေသးတယ္" ဟု ေဒါက္တာေအာင္မ်ိဳးက NP News သို႔ ေျပာသည္။
လာမည့္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီအသီးသီးႏွင့္ တစ္သီး ပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေန ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းျခင္းကို ၿပီးခဲ့သည့္ စက္တင္ဘာ (၈) ရက္မွ စက္တင္ဘာ (၂၂) ရက္အထိ အမည္စာရင္းတင္သြင္း ခဲ့ၾကရာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၁၀၄၈) ဦး၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရး ပါတီမွ (၇၀၄) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၆၇၆) ဦး၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုး တက္ေရး ပါတီမွ (၄၃၄) ဦး၊ ရွမ္းႏွင့္ တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) မွ (၅၈၆) ဦး၊ ျပည္သူ႔ပါတီမွ (၅၁၃) ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုအတြင္း စည္း႐ုံးမည့္ ပါတီ (၅၁) ပါတီမွ (၉၆၆) ဦးႏွင့္ တစ္သီးပုဂၢလ (၉၆) ဦး စုစုေပါင္း (၅၀၂၃) ဦး ျဖစ္ေၾကာင္း သိရသည္။
အဆိုပါကိုယ္စားလွယ္ေလာင္း အမည္စာ ရင္းတင္သြင္းမႈမ်ားကို စက္တင္ဘာ (၂၃)ရက္မွ ေအာက္တိုဘာ (၄)ရက္အထိ သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲ အသီးသီးစိစစ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း UEC က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.