မကြာမီ ပြန်လည် ပွင့်လန်းလာတော့မည့် လွိုင်ကော် - ဘော်လခဲလမ်း

 114

သုတကျော် (NP News) - အောက်တိုဘာလ ၇

မြန်မာနိုင်ငံအတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ကယားပြည်နယ်သည် ထိုင်း နိုင်ငံနှင့် ထိစပ်နေပြီး ပြည်နယ်များအနက် ဧရိယာအားဖြင့် အသေးဆုံးဖြစ်သော်လည်း လှပသော တောင်ကုန်းတောင်တန်း ပေါများသည်။ လှပခြင်း၏ တစ်ဖက်တွင် ယင်း ပထဝီအနေအထားက အတားအဆီးဖြစ်နေသော်လည်း လမ်းပန်း ဆက်သွယ်ရေး အတွက် ကုန်လမ်းကိုသာအားပြုရသော ပြည်နယ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး သည် ကယားပြည်နယ်၏ စီးပွားရေးနှင့်လူမှုဘဝများ အတွက် အဓိက အသက်သွေးကြောဖြစ်သည်။ သမိုင်းတစ်လျှောက်ကိုပြန်ကြည့်ပါက လမ်းပန်းဆက် သွယ်ရေးအတွက် အစိုးရအဆက်ဆက်တို့ကဆောင် ရွက်ခဲ့ကြသည်။ သို့သော် ပဒေသာပင် မြေကပေါက် သကဲ့သို့ ချက်ချင်းဖြစ်လာသည်တော့မဟုတ်ပါ။ အချိန်ယူခဲ့ရသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လို သောဒေသခံများ၏ဆန္ဒကို အစိုးရအဆက်ဆက်က ဖြည့်ဆည်းလာခဲ့သောကြောင့် လမ်းပန်းဆက်သွယ် ရေးတို့မှာ တဖြည်းဖြည်းတိုးတက်လာသည်။ ယခင် လူသွားလမ်း၊ ထိုမှ လမ်းကျယ်၊ ယင်းမှတစ်ဆင့် မော်တော်ကားလမ်း စသည်ဖြင့် အဆင့်ဆင့်မြင့်တက် လာသည်။
သို့သော် ယင်းတိုးတက်မှုတို့မှာ တစ်ပြေး ညီဖြစ်ခဲ့ခြင်းတော့မဟုတ်ပါ။ ယခင် နည်မြေမတည် ငြိမ်စဉ်ကာလက လမ်းပန်းဆက်သွယ်ရေးအတွက် အဆင့်မြှင့်တင်ရန် အစိုးရ၏ကြိုးပမ်းချက်များတွင် အနှောင့် အယှက်၊ အတားအဆီးများကြုံရသည်။ ထို့နောက် နယ်မြေတည်ငြိမ်အေးချမ်းလာသောအခါ တိုးတက်ရေး လုပ်ငန်းများကို တွန်းလုပ်လာနိုင်သည်။
သို့သော် တိုးတက်၍မှမပြီးမီတွင် အခက်အခဲများ ကြုံရပြန်သည်။ ယင်းမှာကား (၂၀၂၀)နောက်ပိုင်း တွင်ပေါ် ထွက်လာခဲ့သော လက်နက်ကိုင်ပုန်ကန်ခြင်း ကြောင့် ဖြစ်သည်။
မူလကပင် စီးပွာရေး နှေးကွေးလေးလံ သော ယင်းပြည်နယ်အတွက် စစ်မီးက ပို၍ဖိနှိပ်ခြင်း ကိုပြုခဲ့သည်။ KNDF နှင့် အပေါင်းအပါ လက်နက် ကိုင်တစ်စုတို့က ပြည်သူများအတွက်ဟုဆိုသော် လည်း ပြည်သူများရရှိသည်မှာ အခက်အခဲများသာဖြစ်နေခဲ့သည်။
KNDF တို့သည် ကယားပြည်နယ်၏ မြို့ တော်လွိုင်ကော်ကိုသိမ်းရန်အထိပင် ရည်မှန်းချက် ကြီးကြီးဖြင့် ဦးတည်ခဲ့သည်။ သို့သော် ဆုတ်ခွာရသည့် အပြင် တပ်မတော်၏ထိုးစစ်ကို ခံစစ်ဖြင့်ရင်ဆိုင်ရ သောအခြေအနေသို့ ပင် ကျရောက်သွားခဲ့သည်။
KNDF တို့ မိုးကောင်းစဉ်ကာလသည် များစွာမကြာခဲ့သော်လည်း ယင်း၏ လက်ရာ၊ ခြေရာ များကား ဒေသခံတို့အပေါ်လွှမ်းမိုးနေဆဲပင်။ ဒေသ ခံများသာမက ကယားပြည်နယ်နှင့်ထိစပ်ရာဒေသ များဘက်တွင်လည်း အခက်အခဲများကြုံခဲ့ရသည်။
KNDF တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကိုထိန်းချုပ်ခဲ့သည့်အပြင် ဖယ်ခုံကိုလည်း တိုက်ခိုက်ပြီး ယင်းမှတစ်ဆင့် ဆီဆိုင်မြို့နယ်အထိ လက်တံဆန့်ရန်ကြိုးပမ်းခဲ့သည်။ မဟာမိတ် PNLA ခွဲထွက်အဖွဲ့၏အကူအညီဖြင့် နယ်မြေရသလောက် ယူနိုင်ရန် ကြံစည်ခဲ့ဖွယ်ရှိသည်။
" ကယားပြည်နယ်က လက်နက်ကိုင်ပုန် ကန်တော့ သူတို့ဒေသမှာ ရှိရင်းစွဲ ဒေသထွက်စားနပ် ရိက္ခာတွေကကုန်သွားတယ်။ ကုန်သွားတော့ ရှမ်းပြည် နယ်ဘက်ကိုလှည့်လာတယ်။ ပအို့ဝ်ဒေသဘက်ကို PNLA ခွဲထွက်အဖွဲ့ကစတိုက်ခိုက်တယ်။ လက်နက် သယ်ဖို့ လမ်းကြောင်းလိုချင်တာရော၊ သူတို့ ရိက္ခာအ တွက်ရောလေ။ သူတို့နောက်မှာ၊ သူတို့ထဲမှာ PNLA ယူနီဖောင်းဝတ်ထားတဲ့ ကယား PDF တွေ အများ ကြီးပါတယ်" ဟု ပအို့ဝ်ဒေသခံတစ်ဦးက NP News သို့ ပြောကြားထားခဲ့ဖူးသည်။
KNDF တို့ကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လွိုင်ကော်-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကို ဇူလိုင်လအတွင်း ပြန်ဖွင့်ပေးနိုင်ခဲ့ သည်။ ယင်းလမ်းကြောင်းသည် ကယားပြည်နယ်၏ စီးပွားရေးအတွက် အရေးပါသောလမ်းကြောင်းတစ် ခုဖြစ်ရာ အသက်ရှူပေါက်တစ်ခုပွင့်သွားခြင်းဖြစ်သည်။
" မိုးဗြဲ-ဖယ်ခုံ-ဆီဆိုင်လမ်းပွင့်သွားတော့ လွိုင်ကော်အတွက် အသက်ရှူချောင်သွားပြီ"ဟု လွိုင်ကော်မြို့ခံတစ်ဦးကဆိုသည်။
ယင်းလမ်းကြောမပွင့်မီက ကူးသန်းသွား လာရေးအတွက် အခက်အခဲများတွေ့ရသည်။ အဆိုး ဆုံးက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရန်အတွက်အခက် အခဲများကြုံခဲ့ကြရခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် အောင်စိတ်အပြည့်ဖြစ်နေသော တပ်မတော်စစ် ကြောင်းတို့သည် အောင်မြေကို ဆက်လက်ချဲ့ထွင်ရန် ကြိုးပမ်းခဲ့သည်။
တပ်မတော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မကြာမီတွင် ဒီးမော့ဆိုမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းနောက် တပ်မတော်စစ် ကြောင်းများက လွိုင်ကော်-ဖရူဆို-ဘော်လခဲ လမ်းကိုစိုးမိုးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် ခဲ့သည်။ ယင်းလမ်းသည်ကား ကယားပြည်နယ်အ တွင်းကလမ်းပိုင်းများအနက် ဒေသတွင်းစီးပွားရေး အတွက်အရေးပါပြီး အုပ်ချုပ်ရေးအတွက်လည်း ကောင်းစွာအသုံးပြုရသော လမ်းတစ်လမ်းဖြစ်သော ကြောင့်တည်း။ ယင်းလမ်းသည် ကယားပြည်နယ်အ တွက် ကျောရိုးလမ်းပိုင်းတစ်ပိုင်းလည်းဖြစ်သည်။
" လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို- ဘော် လခဲ နောက် ဟိုဘက် ဖားဆောင်းကနေ မယ်စဲ့ နောက် ထိုင်းဘက် မယ်ဟောင်ဆောင်ဘက်အထိ အဲဒီလမ်းပဲရှိတယ်။ ဒေသခံတွေအတွက် အရေးပါတဲ့ လမ်းတစ်လမ်းပေါ့" ဟု ဒေသခံတစ်ဦးက အဆိုပါ လမ်းပိုင်းအခြေအနေကိုပြောပြသည်။
ယင်းလမ်းသည် ဗျူဟာအရလည်း အရေး ပါသော လမ်းပိုင်းတစ်ခုဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
" အဲဒီဘက်မှာ တပ်ဖက်က သင်တန်း ကျောင်းလည်းရှိတယ်။ ပြီးတော့ နယ်စပ်ဒေသလို ဖြစ်နေတော့ သံတောင်တို့၊ တောင်ငူတို့ဘက်တွေက ချိတ်နေတာလေ။ စီးပွားရေးလမ်းသဘောလိုလည်း ဖြစ်နေတာပေါ့" ဟု ၎င်းက ပြောသည်။
ခေတ်ကောင်းစဉ်က ယင်းလမ်းပိုင်းတွင် သွားရ အဆင်ပြေသော်လည်း KNDF တို့ ကြီးစိုး လာသောအခါ သွားလာရန်အတွက် အခက်အခဲများ ရှိလာသည်။ စစ်ဆေးရေး ထူပြောသည်။ မြန်မာ နိုင်ငံအတွင်းမှ အခြား သူပုန်တို့ ရှိရာ လမ်းများနည်းတူ လုံခြုံစိတ်ချရမှု နည်းပါးသည်။
" အရပ်သားတွေကတော့ ဒီလိုပဲ ကြည့်ပြီး သွားရတာပေါ့။ အစိုးရ ဝန်ထမ်းတွေကရော သွားလို့ အဆင်မပြေဘူး။ သွားတဲ့ ပြည်သူတွေကတော့ သွားရတာပေါ့။ မသွားလို့တော့ မရဘူး။ မော်ချီးဘက် အလုပ်သွားလုပ်ကြတာလေ။ စွန့်စွန့်စားစားတော့ သုံးနေကြတာပေါ့" ဟု အထက်ပါဒေသခံက ဆိုသည်။
ဘော်လခဲမြို့သည် လာမည့် ဒီဇင်ဘာလ အတွင်း ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မည့် ကယားပြည်နယ်မှ မြို့ (၂ )မြို့အနက် တစ်မြို့ဖြစ်ကာ ုြၤီ တို့ သိမ်းပိုက် နိုင်ခြင်း မရှိခဲ့ပေ။ ယင်းမြို့တွင် တပ်မတော်၏ စစ်ဗျူ ဟာအခြေချ (စဗခ) နှင့် ခမရ(၃၃၇)၊ ခမရ(၄၂၉) ၊ ခမရ (၄၃၀) တို့ရှိသည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ရွေးကောက်ပွဲအမီ ယင်းလမ်းကြောင်းကို ပြန်လည်ဖွင့်ရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
ယင်းလမ်းတွင် KNDF တို့ ကြီးစိုးထားစဉ် အချိန်က တပ်မတော်က စစ်ကြောင်းထိုးမည်ဟု ဆိုကာ လမ်းပိတ်ခြင်းများ ပြုလုပ်တတ်သည့်အတွက် ပြည်သူများအနေဖြင့် ကူးသန်းရောင်းဝယ်ရေး အတွက်လည်း အခက်အခဲများ ဖြစ်ကြရသည်။
ယခင်က အဆိုပါလမ်းပိုင်းကို KNDF တို့က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ဖူးပြီး မကြာခဏ လည်း ပိတ်တတ်သည်။ ထိုသို့ ပိတ်သည့် အခါမျိုးတွင် ပြည်သူများအနေဖြင့် ရှောင်ကွင်းလမ်းများမှ သွားကြရသည်ဖြစ်သောကြောင့် အခက်အခဲများ ဖြစ်ကြရသည်။ စာနပ်ရိက္ခာကို ပိတ်ပင်ခြင်းများလည်း ပြုလုပ်ခဲ့ဖူးသည်။
သို့သော် လက်ရှိတွင် လွိုင်ကော် - ဖရူဆို - ဘော်လခဲလမ်းပိုင်းမှ လွိုင်ကော် - ဖရူဆို၊ လမ်းပိုင်းကို တပ်မတော်က ဖွင့်နိုင်ပြီးနောက် ဖရူဆို၊ - ဘော်လခဲလမ်းပိုင်းကိုလည်း တပ်မတော် စစ်ကြောင်းများက ရရှိပြီဟုသိရကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
" လွိုင်ကော် - ဘော်လခဲ လမ်းပိုင်းက ပွင့်သွားပြီ လို့တော့ ကနဦး သိရတယ်။ ဒါပေမဲ့ အရပ်သားတွေကတော့ ဒီးမော့ဆို အထိပဲ ရသေး တယ်" ဟု ၎င်းက ဆိုသည်။
ယင်းလမ်းကြောင်းရရှိရေးအတွက်က တပ်မတော် အနေဖြင့် ခက်ခက်ခဲခဲ ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
လက်ရှိ တပ်မတော်ဘက်က နည်းပညာ နှင့် စိတ်ဓာတ်အရ အရေးသာနေပြီး ကယားပြည်နယ် မှ လက်နက်ကိုင်များ ဘက်တွင် ခဲယမ်း ပြတ်တောက် ခြင်းများ ရှိနေကြောင်း သိရသည်။
" တပ်မတော်ဘက်က အခုနောက်ပိုင်းမှာ နည်းပညာအရလည်း အားသာချက်ရှိတယ်။ ဒရုန်း ကို အသုံးပြုတာလည်း အားကောင်းလာတယ်။ သူပုန်ဘက်ကတောင် အသိအမှတ် ပြုလာရတယ် လေ။ သူတို့ ဘက်ကတော့ ဆုတ်မယ်၊ ခံစစ်ဆင်မယ်။ သူပုန်တွေဘက်က ဒီလိုဖြစ်လာတယ်} ဟု နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက ဆိုသည်။
လက်ရှိ ဘော်လခဲနယ်မြေဘက်တွင် KNDF တို့ ရှိနေရာ တပ်မတော်အနေဖြင့် နယ်မြေ ရှင်းလင်းမှုများကို ဆက်လက် လုပ်ဆောင်ရမည့် အနေအထား ဖြစ်ကြောင်း ၎င်းကဆိုသည်။ " အဲဒီဘက်က မိုးဗြဲတို့ ဘက်က ဆုတ်လာတဲ့ သူတွေလည်း ရှိတယ်။ နယ်မြေတော့ ရှင်းရဦးမယ်။ ဒါပေမဲ့ ဘော်လခဲမှာ ရွေးကောက်ပွဲတော့လုပ်နိုင်မယ်။ ဒါတော့ သေချာတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါလမ်းပိုင်း ပွင့်ပါက ဒေသခံများ အတွက် ပိုမိုအဆင်ပြေမည့် အပြင် အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရန်အတွက်လည်း တစ်ဆင့် မြှင့် သွားစေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
" လွိုင်ကော် - ဘော်လခဲ လမ်းပွင့်ရင် ပိုအဆင်ပြေသွားမှာပေါ့။ လမ်းပွင့်သွားရင် ဒေသခံတွေအတွက် အရင်ဆုံး အဆင်ပြေမယ်။ လမ်း ပွင့်သွားရင် အစိုးရ အကျိုးခံစားရသလို ဒေသခံ တွေက ပိုအကျိုး ခံစားရတော့မှာပေါ့။ ကြောက်စရာ မလိုတော့ဘူး ဆိုတာက အမြတ်ပဲ" ဟု ၎င်းက ပြော သည်။ လွိုင်ကော် - ဘော်လခဲ လမ်းပွင့်ပါက KNDF အပါအဝင် ယင်းနှင့် အပေါင်းအပါ လက် နက်ကိုင်များအနေဖြင့် ပိုမိုအကျပ်အတည်း တွေ့ဖွယ်ရှိသည်။ လူသူကြား စစ်ဆင်နေရသော ၎င်းတို့ နေရာပျောက်သွားဖွယ်ရှိပြီး တော၊ တောင် များဘက် ခြေကုပ်ယူရန်သာ ရှိသည်။ ယင်းအချိန်ကား မကြာမီ ရောက်လာပေလိမ့်မည်။

Zawgyi Version:
မၾကာမီ ျပန္လည္ ပြင့္လန္းလာေတာ့မည့္ လြိဳင္ေကာ္ - ေဘာ္လခဲလမ္း
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၇
ျမန္မာႏိုင္ငံအတြင္းက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအနက္ ကယားျပည္နယ္သည္ ထိုင္း ႏိုင္ငံႏွင့္ ထိစပ္ေနၿပီး ျပည္နယ္မ်ားအနက္ ဧရိယာအားျဖင့္ အေသးဆုံးျဖစ္ေသာ္လည္း လွပေသာ ေတာင္ကုန္းေတာင္တန္း ေပါမ်ားသည္။ လွပျခင္း၏ တစ္ဖက္တြင္ ယင္း ပထဝီအေနအထားက အတားအဆီးျဖစ္ေနေသာ္လည္း လမ္းပန္း ဆက္သြယ္ေရး အတြက္ ကုန္လမ္းကိုသာအားျပဳရေသာ ျပည္နယ္တစ္ခု ျဖစ္သည္။
ထို႔ေၾကာင့္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး သည္ ကယားျပည္နယ္၏ စီးပြားေရးႏွင့္လူမႈဘဝမ်ား အတြက္ အဓိက အသက္ေသြးေၾကာျဖစ္သည္။ သမိုင္းတစ္ေလွ်ာက္ကိုျပန္ၾကည့္ပါက လမ္းပန္းဆက္ သြယ္ေရးအတြက္ အစိုးရအဆက္ဆက္တို႔ကေဆာင္ ႐ြက္ခဲ့ၾကသည္။ သို႔ေသာ္ ပေဒသာပင္ ေျမကေပါက္ သကဲ့သို႔ ခ်က္ခ်င္းျဖစ္လာသည္ေတာ့မဟုတ္ပါ။ အခ်ိန္ယူခဲ့ရသည္။
လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္လို ေသာေဒသခံမ်ား၏ဆႏၵကို အစိုးရအဆက္ဆက္က ျဖည့္ဆည္းလာခဲ့ေသာေၾကာင့္ လမ္းပန္းဆက္သြယ္ ေရးတို႔မွာ တျဖည္းျဖည္းတိုးတက္လာသည္။ ယခင္ လူသြားလမ္း၊ ထိုမွ လမ္းက်ယ္၊ ယင္းမွတစ္ဆင့္ ေမာ္ေတာ္ကားလမ္း စသည္ျဖင့္ အဆင့္ဆင့္ျမင့္တက္ လာသည္။
သို႔ေသာ္ ယင္းတိုးတက္မႈတို႔မွာ တစ္ေျပး ညီျဖစ္ခဲ့ျခင္းေတာ့မဟုတ္ပါ။ ယခင္ နည္ေျမမတည္ ၿငိမ္စဥ္ကာလက လမ္းပန္းဆက္သြယ္ေရးအတြက္ အဆင့္ျမႇင့္တင္ရန္ အစိုးရ၏ႀကိဳးပမ္းခ်က္မ်ားတြင္ အေႏွာင့္ အယွက္၊ အတားအဆီးမ်ားႀကဳံရသည္။ ထို႔ေနာက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းလာေသာအခါ တိုးတက္ေရး လုပ္ငန္းမ်ားကို တြန္းလုပ္လာႏိုင္သည္။
သို႔ေသာ္ တိုးတက္၍မွမၿပီးမီတြင္ အခက္အခဲမ်ား ႀကဳံရျပန္သည္။ ယင္းမွာကား (၂၀၂၀)ေနာက္ပိုင္း တြင္ေပၚ ထြက္လာခဲ့ေသာ လက္နက္ကိုင္ပုန္ကန္ျခင္း ေၾကာင့္ ျဖစ္သည္။
မူလကပင္ စီးပြာေရး ေႏွးေကြးေလးလံ ေသာ ယင္းျပည္နယ္အတြက္ စစ္မီးက ပို၍ဖိႏွိပ္ျခင္း ကိုျပဳခဲ့သည္။ KNDF ႏွင့္ အေပါင္းအပါ လက္နက္ ကိုင္တစ္စုတို႔က ျပည္သူမ်ားအတြက္ဟုဆိုေသာ္ လည္း ျပည္သူမ်ားရရွိသည္မွာ အခက္အခဲမ်ားသာျဖစ္ေနခဲ့သည္။
KNDF တို႔သည္ ကယားျပည္နယ္၏ ၿမိဳ႕ ေတာ္လြိဳင္ေကာ္ကိုသိမ္းရန္အထိပင္ ရည္မွန္းခ်က္ ႀကီးႀကီးျဖင့္ ဦးတည္ခဲ့သည္။ သို႔ေသာ္ ဆုတ္ခြာရသည့္ အျပင္ တပ္မေတာ္၏ထိုးစစ္ကို ခံစစ္ျဖင့္ရင္ဆိုင္ရ ေသာအေျခအေနသို႔ ပင္ က်ေရာက္သြားခဲ့သည္။
KNDF တို႔ မိုးေကာင္းစဥ္ကာလသည္ မ်ားစြာမၾကာခဲ့ေသာ္လည္း ယင္း၏ လက္ရာ၊ ေျခရာ မ်ားကား ေဒသခံတို႔အေပၚလႊမ္းမိုးေနဆဲပင္။ ေဒသ ခံမ်ားသာမက ကယားျပည္နယ္ႏွင့္ထိစပ္ရာေဒသ မ်ားဘက္တြင္လည္း အခက္အခဲမ်ားႀကဳံခဲ့ရသည္။
KNDF တို႔သည္ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕ကိုထိန္းခ်ဳပ္ခဲ့သည့္အျပင္ ဖယ္ခုံကိုလည္း တိုက္ခိုက္ၿပီး ယင္းမွတစ္ဆင့္ ဆီဆိုင္ၿမိဳ႕နယ္အထိ လက္တံဆန႔္ရန္ႀကိဳးပမ္းခဲ့သည္။ မဟာမိတ္ PNLA ခြဲထြက္အဖြဲ႕၏အကူအညီျဖင့္ နယ္ေျမရသေလာက္ ယူႏိုင္ရန္ ႀကံစည္ခဲ့ဖြယ္ရွိသည္။
" ကယားျပည္နယ္က လက္နက္ကိုင္ပုန္ ကန္ေတာ့ သူတို႔ေဒသမွာ ရွိရင္းစြဲ ေဒသထြက္စားနပ္ ရိကၡာေတြကကုန္သြားတယ္။ ကုန္သြားေတာ့ ရွမ္းျပည္ နယ္ဘက္ကိုလွည့္လာတယ္။ ပအို႔ဝ္ေဒသဘက္ကို PNLA ခြဲထြက္အဖြဲ႕ကစတိုက္ခိုက္တယ္။ လက္နက္ သယ္ဖို႔ လမ္းေၾကာင္းလိုခ်င္တာေရာ၊ သူတို႔ ရိကၡာအ တြက္ေရာေလ။ သူတို႔ေနာက္မွာ၊ သူတို႔ထဲမွာ PNLA ယူနီေဖာင္းဝတ္ထားတဲ့ ကယား PDF ေတြ အမ်ား ႀကီးပါတယ္" ဟု ပအို႔ဝ္ေဒသခံတစ္ဦးက NP News သို႔ ေျပာၾကားထားခဲ့ဖူးသည္။
KNDF တို႔ကို တပ္မေတာ္က ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ လြိဳင္ေကာ္-ဖယ္ခုံ-မိုးၿဗဲ-လြိဳင္ေကာ္ လမ္းေၾကာင္းကို ဇူလိုင္လအတြင္း ျပန္ဖြင့္ေပးႏိုင္ခဲ့ သည္။ ယင္းလမ္းေၾကာင္းသည္ ကယားျပည္နယ္၏ စီးပြားေရးအတြက္ အေရးပါေသာလမ္းေၾကာင္းတစ္ ခုျဖစ္ရာ အသက္ရႉေပါက္တစ္ခုပြင့္သြားျခင္းျဖစ္သည္။
" မိုးၿဗဲ-ဖယ္ခုံ-ဆီဆိုင္လမ္းပြင့္သြားေတာ့ လြိဳင္ေကာ္အတြက္ အသက္ရႉေခ်ာင္သြားၿပီ"ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယင္းလမ္းေၾကာမပြင့္မီက ကူးသန္းသြား လာေရးအတြက္ အခက္အခဲမ်ားေတြ႕ရသည္။ အဆိုး ဆုံးက ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ရန္အတြက္အခက္ အခဲမ်ားႀကဳံခဲ့ၾကရျခင္းျဖစ္သည္။ ယင္းမွတစ္ဆင့္ ေအာင္စိတ္အျပည့္ျဖစ္ေနေသာ တပ္မေတာ္စစ္ ေၾကာင္းတို႔သည္ ေအာင္ေျမကို ဆက္လက္ခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းခဲ့သည္။
တပ္မေတာ္က ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ မၾကာမီတြင္ ဒီးေမာ့ဆိုၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ယင္းေနာက္ တပ္မေတာ္စစ္ ေၾကာင္းမ်ားက လြိဳင္ေကာ္-ဖ႐ူဆို-ေဘာ္လခဲ လမ္းကိုစိုးမိုးႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္ ခဲ့သည္။ ယင္းလမ္းသည္ကား ကယားျပည္နယ္အ တြင္းကလမ္းပိုင္းမ်ားအနက္ ေဒသတြင္းစီးပြားေရး အတြက္အေရးပါၿပီး အုပ္ခ်ဳပ္ေရးအတြက္လည္း ေကာင္းစြာအသုံးျပဳရေသာ လမ္းတစ္လမ္းျဖစ္ေသာ ေၾကာင့္တည္း။ ယင္းလမ္းသည္ ကယားျပည္နယ္အ တြက္ ေက်ာ႐ိုးလမ္းပိုင္းတစ္ပိုင္းလည္းျဖစ္သည္။
" လြိဳင္ေကာ္-ဒီးေမာ့ဆို-ဖ႐ူဆို- ေဘာ္ လခဲ ေနာက္ ဟိုဘက္ ဖားေဆာင္းကေန မယ္စဲ့ ေနာက္ ထိုင္းဘက္ မယ္ေဟာင္ေဆာင္ဘက္အထိ အဲဒီလမ္းပဲရွိတယ္။ ေဒသခံေတြအတြက္ အေရးပါတဲ့ လမ္းတစ္လမ္းေပါ့" ဟု ေဒသခံတစ္ဦးက အဆိုပါ လမ္းပိုင္းအေျခအေနကိုေျပာျပသည္။
ယင္းလမ္းသည္ ဗ်ဴဟာအရလည္း အေရး ပါေသာ လမ္းပိုင္းတစ္ခုျဖစ္ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
" အဲဒီဘက္မွာ တပ္ဖက္က သင္တန္း ေက်ာင္းလည္းရွိတယ္။ ၿပီးေတာ့ နယ္စပ္ေဒသလို ျဖစ္ေနေတာ့ သံေတာင္တို႔၊ ေတာင္ငူတို႔ဘက္ေတြက ခ်ိတ္ေနတာေလ။ စီးပြားေရးလမ္းသေဘာလိုလည္း ျဖစ္ေနတာေပါ့" ဟု ၎က ေျပာသည္။
ေခတ္ေကာင္းစဥ္က ယင္းလမ္းပိုင္းတြင္ သြားရ အဆင္ေျပေသာ္လည္း KNDF တို႔ ႀကီးစိုး လာေသာအခါ သြားလာရန္အတြက္ အခက္အခဲမ်ား ရွိလာသည္။ စစ္ေဆးေရး ထူေျပာသည္။ ျမန္မာ ႏိုင္ငံအတြင္းမွ အျခား သူပုန္တို႔ ရွိရာ လမ္းမ်ားနည္းတူ လုံၿခဳံစိတ္ခ်ရမႈ နည္းပါးသည္။
" အရပ္သားေတြကေတာ့ ဒီလိုပဲ ၾကည့္ၿပီး သြားရတာေပါ့။ အစိုးရ ဝန္ထမ္းေတြကေရာ သြားလို႔ အဆင္မေျပဘူး။ သြားတဲ့ ျပည္သူေတြကေတာ့ သြားရတာေပါ့။ မသြားလို႔ေတာ့ မရဘူး။ ေမာ္ခ်ီးဘက္ အလုပ္သြားလုပ္ၾကတာေလ။ စြန႔္စြန႔္စားစားေတာ့ သုံးေနၾကတာေပါ့" ဟု အထက္ပါေဒသခံက ဆိုသည္။
ေဘာ္လခဲၿမိဳ႕သည္ လာမည့္ ဒီဇင္ဘာလ အတြင္း ျပဳလုပ္မည့္ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲ အပိုင္း (၁) ျပဳလုပ္မည့္ ကယားျပည္နယ္မွ ၿမိဳ႕ (၂ )ၿမိဳ႕အနက္ တစ္ၿမိဳ႕ျဖစ္ကာ ုျၤီ တို႔ သိမ္းပိုက္ ႏိုင္ျခင္း မရွိခဲ့ေပ။ ယင္းၿမိဳ႕တြင္ တပ္မေတာ္၏ စစ္ဗ်ဴ ဟာအေျခခ် (စဗခ) ႏွင့္ ခမရ(၃၃၇)၊ ခမရ(၄၂၉) ၊ ခမရ (၄၃၀) တို႔ရွိသည္။ ထို႔ေၾကာင့္ တပ္မေတာ္ အေနျဖင့္ ေ႐ြးေကာက္ပြဲအမီ ယင္းလမ္းေၾကာင္းကို ျပန္လည္ဖြင့္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ား ရွိသည္။
ယင္းလမ္းတြင္ KNDF တို႔ ႀကီးစိုးထားစဥ္ အခ်ိန္က တပ္မေတာ္က စစ္ေၾကာင္းထိုးမည္ဟု ဆိုကာ လမ္းပိတ္ျခင္းမ်ား ျပဳလုပ္တတ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ကူးသန္းေရာင္းဝယ္ေရး အတြက္လည္း အခက္အခဲမ်ား ျဖစ္ၾကရသည္။
ယခင္က အဆိုပါလမ္းပိုင္းကို KNDF တို႔က ရက္အကန႔္အသတ္မရွိ ပိတ္ခဲ့ဖူးၿပီး မၾကာခဏ လည္း ပိတ္တတ္သည္။ ထိုသို႔ ပိတ္သည့္ အခါမ်ိဳးတြင္ ျပည္သူမ်ားအေနျဖင့္ ေရွာင္ကြင္းလမ္းမ်ားမွ သြားၾကရသည္ျဖစ္ေသာေၾကာင့္ အခက္အခဲမ်ား ျဖစ္ၾကရသည္။ စာနပ္ရိကၡာကို ပိတ္ပင္ျခင္းမ်ားလည္း ျပဳလုပ္ခဲ့ဖူးသည္။
သို႔ေသာ္ လက္ရွိတြင္ လြိဳင္ေကာ္ - ဖ႐ူဆို - ေဘာ္လခဲလမ္းပိုင္းမွ လြိဳင္ေကာ္ - ဖ႐ူဆို၊ လမ္းပိုင္းကို တပ္မေတာ္က ဖြင့္ႏိုင္ၿပီးေနာက္ ဖ႐ူဆို၊ - ေဘာ္လခဲလမ္းပိုင္းကိုလည္း တပ္မေတာ္ စစ္ေၾကာင္းမ်ားက ရရွိၿပီဟုသိရေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
" လြိဳင္ေကာ္ - ေဘာ္လခဲ လမ္းပိုင္းက ပြင့္သြားၿပီ လို႔ေတာ့ ကနဦး သိရတယ္။ ဒါေပမဲ့ အရပ္သားေတြကေတာ့ ဒီးေမာ့ဆို အထိပဲ ရေသး တယ္" ဟု ၎က ဆိုသည္။
ယင္းလမ္းေၾကာင္းရရွိေရးအတြက္က တပ္မေတာ္ အေနျဖင့္ ခက္ခက္ခဲခဲ ရယူခဲ့ျခင္း ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
လက္ရွိ တပ္မေတာ္ဘက္က နည္းပညာ ႏွင့္ စိတ္ဓာတ္အရ အေရးသာေနၿပီး ကယားျပည္နယ္ မွ လက္နက္ကိုင္မ်ား ဘက္တြင္ ခဲယမ္း ျပတ္ေတာက္ ျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
" တပ္မေတာ္ဘက္က အခုေနာက္ပိုင္းမွာ နည္းပညာအရလည္း အားသာခ်က္ရွိတယ္။ ဒ႐ုန္း ကို အသုံးျပဳတာလည္း အားေကာင္းလာတယ္။ သူပုန္ဘက္ကေတာင္ အသိအမွတ္ ျပဳလာရတယ္ ေလ။ သူတို႔ ဘက္ကေတာ့ ဆုတ္မယ္၊ ခံစစ္ဆင္မယ္။ သူပုန္ေတြဘက္က ဒီလိုျဖစ္လာတယ္} ဟု ႏိုင္ငံေရး သုံးသပ္ေလ့လာသူတစ္ဦးက ဆိုသည္။
လက္ရွိ ေဘာ္လခဲနယ္ေျမဘက္တြင္ KNDF တို႔ ရွိေနရာ တပ္မေတာ္အေနျဖင့္ နယ္ေျမ ရွင္းလင္းမႈမ်ားကို ဆက္လက္ လုပ္ေဆာင္ရမည့္ အေနအထား ျဖစ္ေၾကာင္း ၎ကဆိုသည္။ " အဲဒီဘက္က မိုးၿဗဲတို႔ ဘက္က ဆုတ္လာတဲ့ သူေတြလည္း ရွိတယ္။ နယ္ေျမေတာ့ ရွင္းရဦးမယ္။ ဒါေပမဲ့ ေဘာ္လခဲမွာ ေ႐ြးေကာက္ပြဲေတာ့လုပ္ႏိုင္မယ္။ ဒါေတာ့ ေသခ်ာတယ္" ဟု ေဒသခံတစ္ဦးက ဆိုသည္။ အဆိုပါလမ္းပိုင္း ပြင့္ပါက ေဒသခံမ်ား အတြက္ ပိုမိုအဆင္ေျပမည့္ အျပင္ အုပ္ခ်ဳပ္ေရး ယႏၲရားလည္ပတ္ရန္အတြက္လည္း တစ္ဆင့္ ျမႇင့္ သြားေစမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။
" လြိဳင္ေကာ္ - ေဘာ္လခဲ လမ္းပြင့္ရင္ ပိုအဆင္ေျပသြားမွာေပါ့။ လမ္းပြင့္သြားရင္ ေဒသခံေတြအတြက္ အရင္ဆုံး အဆင္ေျပမယ္။ လမ္း ပြင့္သြားရင္ အစိုးရ အက်ိဳးခံစားရသလို ေဒသခံ ေတြက ပိုအက်ိဳး ခံစားရေတာ့မွာေပါ့။ ေၾကာက္စရာ မလိုေတာ့ဘူး ဆိုတာက အျမတ္ပဲ" ဟု ၎က ေျပာ သည္။ လြိဳင္ေကာ္ - ေဘာ္လခဲ လမ္းပြင့္ပါက KNDF အပါအဝင္ ယင္းႏွင့္ အေပါင္းအပါ လက္ နက္ကိုင္မ်ားအေနျဖင့္ ပိုမိုအက်ပ္အတည္း ေတြ႕ဖြယ္ရွိသည္။ လူသူၾကား စစ္ဆင္ေနရေသာ ၎တို႔ ေနရာေပ်ာက္သြားဖြယ္ရွိၿပီး ေတာ၊ ေတာင္ မ်ားဘက္ ေျခကုပ္ယူရန္သာ ရွိသည္။ ယင္းအခ်ိန္ကား မၾကာမီ ေရာက္လာေပလိမ့္မည္။

Related news

© 2021. All rights reserved.