ဆီစက်လုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများကို မျှခြေဖန်တီးပေးနိုင်ပါက (၃)နှစ်တွင်း ပြည်တွင်း ဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဟုဆို

 247

Pearl - (NP News) - အောက်တိုဘာ ၈

နိုင်ငံတော်မှ ဆီစက်လုပ်ငန်းနှင့် ဆက်စပ် ကဏ္ဍများကို မျှခြေဖန်တီးပေးနိုင်ပါက (၃)နှစ်အ တွင်း ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်ကြီးတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြော ကြားထားသည်။ ပြည်တွင်းစားသုံးဆီလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၆)သိန်းမှ (၉)သိန်းကျော်ရှိပြီး ပြည်တွင်းရှိဆီစက်များအနေဖြင့် စားအုန်းဆီနှင့် ဈေး နှုန်းကွာဟမှုများကြောင့် တစ်နှစ်လျှင် ဈေးကွက်လို အပ်ချက်ရှိသည့် ဆီတန်ချိန် (၁)သိန်းကျော်ခန့် ကြိတ်ခွဲနေရကြောင်းသိရသည်။
“ပြည်တွင်းမှာ တန်ချိန် (၁)သိန်းလောက်ပဲ ရောင်းခွင့်ရလို့ ရောင်းခွင့်ရသလောက်ပဲကြိတ်နေရ တာပေါ့ဗျာ။ ကြိတ်ခွဲခွင့်ရရင် တစ်ပြည်လုံးစားဖို့ ဖူလုံ အောင်ကြိတ်ပေးနိုင်တယ်။ ဒါပေမဲ့ ဆီဈေးက ကွာနေ တယ်။ စားအုန်းဆီမှောင်ခိုဈေးကွက် ကျပ်(၁၁၀ဝဝ)၊ (၁၂၀ဝဝ)တောင် ကျွန်တော်တို့ မြေပဲဆီ၊ နှမ်းဆီ ယှဉ်မရောင်းနိုင်ဘူး။ ကျွန်တော်တို့က (၁၆၀ဝဝ)၊ (၁၇၀ဝဝ) ဖြစ်နေတာကိုး။ ဈေးပေါတာက နေရာဝင် ယူတော့ လည်မှမလည်ရတာ။ မလည်ရလို့မကြိတ်နိုင် တာ။ ဆီစက်တွေက ဈေးကွက်ရဲ့လိုအပ်ချက်ရသ လာက်ကို၊ ဈေးကွက်ကတောင်းဆိုတာကိုပဲ ကြိတ်နေ ရတာ။ အဓိကက စိုက်ပျိုးရေးက ယုံကြည်စိတ်ချစွာ မြှင့်တင်လာဖို့လိုတယ်။ ကုန်ကြမ်းမပြတ်ရင် ဆီစက် တွေကလည်ပတ်နိုင်တယ်။ အခုက စိုက်ပျိုးရေးက စိုက်လိုက်၊ ပေါ်ခါနီးရင် စားအုန်းဆီသွင်းလိုက်၊ ဆီ ဈေးကကျလိုက်၊ လယ်သမားတွေကရှုံးလိုက်။ အဲဒီလို ဖြစ်နေတယ်။ ဆီမလုံလောက်လို့ စားအုန်းဆီသွင်း တာမဟုတ်ဘဲ စားအုန်းဆီသွင်းလို့ ဆီမလုံလောက် တာဖြစ်သွားတာ။ သွင်းရင်းနဲ့ မလုံလောက်တဲ့ဘဝ ရောက်သွားတာ။ စားသုံးဆီကတော့ လိုအပ်ချက်ရှိ တယ်။ လိုအပ်ချက်ကို စားအုန်းဆီပဲသွင်းနေရင် ပြည် တွင်းလိုအပ်ချက်ကရှိနေဦးမှာပဲ”ဟု ဆီစက်လုပ်ငန်း ရှင်ကြီးတစ်ဦးကပြောသည်။
လက်ရှိတွင် စားသုံးဆီလိုအပ်ချက်ရှိနေ သည့်အတွက် ပြည်ပမှ နှစ်စဉ် စားအုန်းဆီတန်ချိန် (၅)သိန်းထက်မနည်းတင်သွင်းနေရပြီး အမေရိကန် ဒေါ်လာ သန်း(၅၀ဝ)ကျော်ကုန်ကျနေကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်တွင်းစားသုံးဆီလိုအပ် ချက်ကို ပြည်တွင်းဆီစက်လုပ်ငန်းရှင်များက ဖြည့် ဆည်းပေးနိုင်ရန်အတွက် ဆီစက်နှင့်ဆက်စပ်နေ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် ကဏ္ဍ (၆)ခုကို မျှခြေတစ်ခုဖန်တီးပေးရန်လိုအပ်ပြီး ဖန်တီးမ ပေးဘဲ ပြည်ပမှ နှစ်စဉ် စားအုန်းဆီတင်သွင်းနေပါက အဆိုပါကဏ္ဍများ မှေမှိန်သွားနိုင်ကြောင်းလည်း ၎င်းကပြောသည်။
“ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက်က တော့ လုပ်နေတာပေါ့ဗျာ။ လုပ်နေတဲ့အချိန်မှာ တိုင် ပင်ကိုက်ပေါ့နော်။ ဟာမိုနီဖြစ်မှ ဒီလုပ်ငန်းက အောင် မြင်မှာပေါ့။ အဓိကက ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေလည်း စဉ်ဆက်မပြတ်စိုက်ပျိုးနိုင် အောင်လည်း ထိုက်သင့်တဲ့အကျိုးအမြတ်ပေးရမယ်။ စိုက်ပြီးတော့မှ ပေါ်လာတဲ့အချိန် ရှုံးနေလို့မဖြစ်ဘူး လေ။ မျှခြေတစ်ခုဖန်တီးပေးရမယ်။ ဆီစက်လုပ်ငန်း တစ်ခုတည်းကို ပြင်လို့မရဘူး။ အဲဒါမှာ ဆက်စပ်နေ တဲ့ကဏ္ဍကြီး (၆)ခုရှိတယ်။ စိုက်ပျိုးရေးကဏ္ဍ၊ မွေး မြူရေးကဏ္ဍ၊ ဆီစက်ကဏ္ဍ၊ နောက်တစ်ခါ အလုပ်အ ကိုင်အခွင့်အလမ်းတွေရဲ့ အလုပ်သမားကဏ္ဍ။ နောက်Trade ကဏ္ဍ။ ပြည်တွင်းဆီစက်တွေကနေ ကြိတ်ခွဲထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ ရောင်းဝယ်တဲ့ ွှမေိန နဲ့ ပြည်ပက စားအုန်းဆီတင် သွင်းရောင်းဝယ်တဲ့Trade ရယ်ပေါ့။ အဲဒီ Trade ကဏ္ဍကလည်း ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေး တွေလုပ်နိုင်အောင် Trade ကလည်း ထိုက်သင့်တဲ့ အကျိုးအမြတ်လေးနဲ့လုပ်ပေးနေမှရမှာ။ အဲဒီလိုမှမ ဟုတ်ဘဲ စားအုန်းဆီသွင်း ဈေးလျှော့ရောင်းဆိုတဲ့ပုံစံ မျိုးကတော့ ကျန်တဲ့ကဏ္ဍတွေမှေးမှိန်သွားမှာပဲ။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာလည်း ဘယ်တော့မှ ရမှာမဟုတ်ဘူး။ စားသုံးဆီဖူလုံဖို့အတွက် ဆက်စပ် နေတဲ့ကဏ္ဍကြီးတွေ မျှခြေတွေ ဟာမိုနစ်ဖြစ်မှ ထိုက် သင့်တဲ့အကျိုးအမြတ်ကိုပြည်သူတွေရနေမှ စဉ်ဆက် မပြတ်တိုးတက်ပြီးတော့ တိုင်းပြည် GDP လည်း တက်လာမှာပေါ့။ စားအုန်းဆီတစ်ခုတည်းရောင်းရရုံ နဲ့ ဈေးသက်သာတယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျန်တဲ့ကဏ္ဍတွေမှေးမှိန်သွားတာဟာ မှန်ကန်တဲ့ ဖြန့်ဖြူးမှုမဟုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြော သည်။
နိုင်ငံတော်အနေဖြင့် အထက်ပါကဏ္ဍများ ကို မျှခြေတစ်ခုဖန်တီးပေးနိုင်ပါက ပြည်တွင်းလိုအပ် ချက်ကို (၃)နှစ်အတွင်း ဖူလုံရန်ဆောင်ရွက်ပေးနိုင် ကြောင်းလည်းသိရသည်။ “လိုချင်တဲ့ပုံစံသာ နိုင်ငံ တော်ကသာ အဲဒီလိုတွေပံ့ပိုးပေးရင် (၃)နှစ်အတွင်း ကို ဖူလုံအောင်လုပ်ပေးလို့ရတယ်။ မြန်မာပြည်တစ် ပြည်လုံးစားတဲ့တန်ချိန်ကို (၃)နှစ်အတွင်း ဖူလုံအောင် လုပ်ပေးလို့ရတယ်။ ဘာမှ ရှည်ရှည်‌ဝေး‌ဝေးတွေ လျှောက်ပြောနေစရာမလိုဘူး”ဟု ၎င်းကပြောသည်။
ပြည်တွင်း၌ထွက်ရှိသည့် ဆီထွက်သီးနှံများ ကိုကြိတ်ခွဲနိုင်ပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက် ကို ဖူလုံနိုင်သော်လည်း ဆီစက်များက တန်ချိန် (၁)သိန်းကျော်သာ ကြိတ်ခွဲထုတ်လုပ်နိုင်ခြင်းကြောင့် ပြည် ပမှ စားအုန်းဆီတင်သွင်းနေရခြင်းဖြစ်ကြောင်းလည်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
“ပြည်တွင်းမှာ လက်ရှိ စိုက်ပျိုးထုတ်လုပ် တဲ့ ဆီထွက်သီးနှံကုန်ကြမ်းတွေအားလုံးကိုသာ ဆီ ကြိတ်နိုင်မယ်ဆိုရင် ပြည်တွင်းမှာ စားသုံးဖို့လိုအပ်တဲ့ ဆီတန်ချိန် (၅)သိန်းကျော်အတွက်ဖူလုံပေမယ့် ပြည် တွင်းမှာရှိတဲ့ဆီစက်တွေအနေနဲ့ သက်ဆိုင်ရာအသင်း အဖွဲ့တွေရဲ့အချက်အလက်တွေအရ လက်ရှိအချိန်မှာ တစ်နှစ်ကို ဆီတန်ချိန် (၁)သိန်းကျော်သာ ကြိတ်ခွဲ ထုတ်လုပ်နိုင်တယ်လို့သိရှိရပါတယ်”ဟု စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက NP News သို့ပြောသည်။
(၂၀၂၂) ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စား သုံးဆီများ လုံလောက်စွာထုတ်လုပ်နိုင်ရေး တိုက် တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံ လောက်မှုမရှိသေးသောကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ် နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်းနှင့် မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းပြည့်မီ အောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူ လုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက် သီးနှံ များစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန် လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားဖူးသည်။

Zawgyi Version:
ဆီစက္လုပ္ငန္းႏွင့္ ဆက္စပ္က႑မ်ားကို မွ်ေျခဖန္တီးေပးႏိုင္ပါက (၃)ႏွစ္တြင္း ျပည္တြင္း ဆီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဟုဆို
Pearl - (NP News) - ေအာက္တိုဘာ ၈
ႏိုင္ငံေတာ္မွ ဆီစက္လုပ္ငန္းႏွင့္ ဆက္စပ္ က႑မ်ားကို မွ်ေျခဖန္တီးေပးႏိုင္ပါက (၃)ႏွစ္အ တြင္း ျပည္တြင္း စားသုံးဆီလိုအပ္ခ်က္ကို ျဖည့္ဆည္း ေပးႏိုင္ေၾကာင္း ဆီစက္လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာ ၾကားထားသည္။ ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္မွာ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၆)သိန္းမွ (၉)သိန္းေက်ာ္ရွိၿပီး ျပည္တြင္းရွိဆီစက္မ်ားအေနျဖင့္ စားအုန္းဆီႏွင့္ ေဈး ႏႈန္းကြာဟမႈမ်ားေၾကာင့္ တစ္ႏွစ္လွ်င္ ေဈးကြက္လို အပ္ခ်က္ရွိသည့္ ဆီတန္ခ်ိန္ (၁)သိန္းေက်ာ္ခန႔္ ႀကိတ္ခြဲေနရေၾကာင္းသိရသည္။
“ျပည္တြင္းမွာ တန္ခ်ိန္ (၁)သိန္းေလာက္ပဲ ေရာင္းခြင့္ရလို႔ ေရာင္းခြင့္ရသေလာက္ပဲႀကိတ္ေနရ တာေပါ့ဗ်ာ။ ႀကိတ္ခြဲခြင့္ရရင္ တစ္ျပည္လုံးစားဖို႔ ဖူလုံ ေအာင္ႀကိတ္ေပးႏိုင္တယ္။ ဒါေပမဲ့ ဆီေဈးက ကြာေန တယ္။ စားအုန္းဆီေမွာင္ခိုေဈးကြက္ က်ပ္(၁၁၀ဝဝ)၊ (၁၂၀ဝဝ)ေတာင္ ကြၽန္ေတာ္တို႔ ေျမပဲဆီ၊ ႏွမ္းဆီ ယွဥ္မေရာင္းႏိုင္ဘူး။ ကြၽန္ေတာ္တို႔က (၁၆၀ဝဝ)၊ (၁၇၀ဝဝ) ျဖစ္ေနတာကိုး။ ေဈးေပါတာက ေနရာဝင္ ယူေတာ့ လည္မွမလည္ရတာ။ မလည္ရလို႔မႀကိတ္ႏိုင္ တာ။ ဆီစက္ေတြက ေဈးကြက္ရဲ႕လိုအပ္ခ်က္ရသ လာက္ကို၊ ေဈးကြက္ကေတာင္းဆိုတာကိုပဲ ႀကိတ္ေန ရတာ။ အဓိကက စိုက္ပ်ိဳးေရးက ယုံၾကည္စိတ္ခ်စြာ ျမႇင့္တင္လာဖို႔လိုတယ္။ ကုန္ၾကမ္းမျပတ္ရင္ ဆီစက္ ေတြကလည္ပတ္ႏိုင္တယ္။ အခုက စိုက္ပ်ိဳးေရးက စိုက္လိုက္၊ ေပၚခါနီးရင္ စားအုန္းဆီသြင္းလိုက္၊ ဆီ ေဈးကက်လိုက္၊ လယ္သမားေတြကရႈံးလိုက္။ အဲဒီလို ျဖစ္ေနတယ္။ ဆီမလုံေလာက္လို႔ စားအုန္းဆီသြင္း တာမဟုတ္ဘဲ စားအုန္းဆီသြင္းလို႔ ဆီမလုံေလာက္ တာျဖစ္သြားတာ။ သြင္းရင္းနဲ႔ မလုံေလာက္တဲ့ဘဝ ေရာက္သြားတာ။ စားသုံးဆီကေတာ့ လိုအပ္ခ်က္ရွိ တယ္။ လိုအပ္ခ်က္ကို စားအုန္းဆီပဲသြင္းေနရင္ ျပည္ တြင္းလိုအပ္ခ်က္ကရွိေနဦးမွာပဲ”ဟု ဆီစက္လုပ္ငန္း ရွင္ႀကီးတစ္ဦးကေျပာသည္။
လက္ရွိတြင္ စားသုံးဆီလိုအပ္ခ်က္ရွိေန သည့္အတြက္ ျပည္ပမွ ႏွစ္စဥ္ စားအုန္းဆီတန္ခ်ိန္ (၅)သိန္းထက္မနည္းတင္သြင္းေနရၿပီး အေမရိကန္ ေဒၚလာ သန္း(၅၀ဝ)ေက်ာ္ကုန္က်ေနေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ျပည္တြင္းစားသုံးဆီလိုအပ္ ခ်က္ကို ျပည္တြင္းဆီစက္လုပ္ငန္းရွင္မ်ားက ျဖည့္ ဆည္းေပးႏိုင္ရန္အတြက္ ဆီစက္ႏွင့္ဆက္စပ္ေန သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးအပါအဝင္ က႑ (၆)ခုကို မွ်ေျခတစ္ခုဖန္တီးေပးရန္လိုအပ္ၿပီး ဖန္တီးမ ေပးဘဲ ျပည္ပမွ ႏွစ္စဥ္ စားအုန္းဆီတင္သြင္းေနပါက အဆိုပါက႑မ်ား ေမွမွိန္သြားႏိုင္ေၾကာင္းလည္း ၎ကေျပာသည္။
“ျပည္တြင္းစားသုံးဆီဖူလုံဖို႔အတြက္က ေတာ့ လုပ္ေနတာေပါ့ဗ်ာ။ လုပ္ေနတဲ့အခ်ိန္မွာ တိုင္ ပင္ကိုက္ေပါ့ေနာ္။ ဟာမိုနီျဖစ္မွ ဒီလုပ္ငန္းက ေအာင္ ျမင္မွာေပါ့။ အဓိကက ဆီထြက္သီးႏွံစိုက္ပ်ိဳးတဲ့ ေတာင္သူေတြလည္း စဥ္ဆက္မျပတ္စိုက္ပ်ိဳးႏိုင္ ေအာင္လည္း ထိုက္သင့္တဲ့အက်ိဳးအျမတ္ေပးရမယ္။ စိုက္ၿပီးေတာ့မွ ေပၚလာတဲ့အခ်ိန္ ရႈံးေနလို႔မျဖစ္ဘူး ေလ။ မွ်ေျခတစ္ခုဖန္တီးေပးရမယ္။ ဆီစက္လုပ္ငန္း တစ္ခုတည္းကို ျပင္လို႔မရဘူး။ အဲဒါမွာ ဆက္စပ္ေန တဲ့က႑ႀကီး (၆)ခုရွိတယ္။ စိုက္ပ်ိဳးေရးက႑၊ ေမြး ျမဴေရးက႑၊ ဆီစက္က႑၊ ေနာက္တစ္ခါ အလုပ္အ ကိုင္အခြင့္အလမ္းေတြရဲ႕ အလုပ္သမားက႑။ ေနာက္Trade က႑။ ျပည္တြင္းဆီစက္ေတြကေန ႀကိတ္ခြဲထုတ္လုပ္တဲ့ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီ ေရာင္းဝယ္တဲ့ ႊေမိန နဲ႔ ျပည္ပက စားအုန္းဆီတင္ သြင္းေရာင္းဝယ္တဲ့Trade ရယ္ေပါ့။ အဲဒီ Trade က႑ကလည္း ျပည္တြင္းစိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ေတြလုပ္ႏိုင္ေအာင္ Trade ကလည္း ထိုက္သင့္တဲ့ အက်ိဳးအျမတ္ေလးနဲ႔လုပ္ေပးေနမွရမွာ။ အဲဒီလိုမွမ ဟုတ္ဘဲ စားအုန္းဆီသြင္း ေဈးေလွ်ာ့ေရာင္းဆိုတဲ့ပုံစံ မ်ိဳးကေတာ့ က်န္တဲ့က႑ေတြေမွးမွိန္သြားမွာပဲ။ အလုပ္အကိုင္အခြင့္အလမ္းဆိုတာလည္း ဘယ္ေတာ့မွ ရမွာမဟုတ္ဘူး။ စားသုံးဆီဖူလုံဖို႔အတြက္ ဆက္စပ္ ေနတဲ့က႑ႀကီးေတြ မွ်ေျခေတြ ဟာမိုနစ္ျဖစ္မွ ထိုက္ သင့္တဲ့အက်ိဳးအျမတ္ကိုျပည္သူေတြရေနမွ စဥ္ဆက္ မျပတ္တိုးတက္ၿပီးေတာ့ တိုင္းျပည္ GDP လည္း တက္လာမွာေပါ့။ စားအုန္းဆီတစ္ခုတည္းေရာင္းရ႐ုံ နဲ႔ ေဈးသက္သာတယ္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ က်န္တဲ့က႑ေတြေမွးမွိန္သြားတာဟာ မွန္ကန္တဲ့ ျဖန႔္ျဖဴးမႈမဟုတ္ဘူး”ဟု ၎က ဆက္လက္ေျပာ သည္။
ႏိုင္ငံေတာ္အေနျဖင့္ အထက္ပါက႑မ်ား ကို မွ်ေျခတစ္ခုဖန္တီးေပးႏိုင္ပါက ျပည္တြင္းလိုအပ္ ခ်က္ကို (၃)ႏွစ္အတြင္း ဖူလုံရန္ေဆာင္႐ြက္ေပးႏိုင္ ေၾကာင္းလည္းသိရသည္။ “လိုခ်င္တဲ့ပုံစံသာ ႏိုင္ငံ ေတာ္ကသာ အဲဒီလိုေတြပံ့ပိုးေပးရင္ (၃)ႏွစ္အတြင္း ကို ဖူလုံေအာင္လုပ္ေပးလို႔ရတယ္။ ျမန္မာျပည္တစ္ ျပည္လုံးစားတဲ့တန္ခ်ိန္ကို (၃)ႏွစ္အတြင္း ဖူလုံေအာင္ လုပ္ေပးလို႔ရတယ္။ ဘာမွ ရွည္ရွည္‌ေဝး‌ေဝးေတြ ေလွ်ာက္ေျပာေနစရာမလိုဘူး”ဟု ၎ကေျပာသည္။
ျပည္တြင္း၌ထြက္ရွိသည့္ ဆီထြက္သီးႏွံမ်ား ကိုႀကိတ္ခြဲႏိုင္ပါက ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္ ကို ဖူလုံႏိုင္ေသာ္လည္း ဆီစက္မ်ားက တန္ခ်ိန္ (၁)သိန္းေက်ာ္သာ ႀကိတ္ခြဲထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ ျပည္ ပမွ စားအုန္းဆီတင္သြင္းေနရျခင္းျဖစ္ေၾကာင္းလည္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာ ဝန္ရွိသူတစ္ဦးကေျပာသည္။
“ျပည္တြင္းမွာ လက္ရွိ စိုက္ပ်ိဳးထုတ္လုပ္ တဲ့ ဆီထြက္သီးႏွံကုန္ၾကမ္းေတြအားလုံးကိုသာ ဆီ ႀကိတ္ႏိုင္မယ္ဆိုရင္ ျပည္တြင္းမွာ စားသုံးဖို႔လိုအပ္တဲ့ ဆီတန္ခ်ိန္ (၅)သိန္းေက်ာ္အတြက္ဖူလုံေပမယ့္ ျပည္ တြင္းမွာရွိတဲ့ဆီစက္ေတြအေနနဲ႔ သက္ဆိုင္ရာအသင္း အဖြဲ႕ေတြရဲ႕အခ်က္အလက္ေတြအရ လက္ရွိအခ်ိန္မွာ တစ္ႏွစ္ကို ဆီတန္ခ်ိန္ (၁)သိန္းေက်ာ္သာ ႀကိတ္ခြဲ ထုတ္လုပ္ႏိုင္တယ္လို႔သိရွိရပါတယ္”ဟု စိုက္ပ်ိဳးေမြး ျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ ဦးက NP News သို႔ေျပာသည္။
(၂၀၂၂) ခုႏွစ္မွစတင္၍ ႏိုင္ငံအတြင္း စား သုံးဆီမ်ား လုံေလာက္စြာထုတ္လုပ္ႏိုင္ေရး တိုက္ တြန္းေျပာၾကားခဲ့ေသာ္လည္း ယခုအခ်ိန္အထိ လုံ ေလာက္မႈမရွိေသးေသာေၾကာင့္ စားသုံးဆီမ်ားကို ျပည္ပမွတင္သြင္းေနရၿပီး ႏွစ္စဥ္ ႏိုင္ငံျခားေငြမ်ား ကုန္က်လ်က္ရွိေၾကာင္းႏွင့္ မိမိတို႔ႏိုင္ငံမွထြက္ရွိသည့္ ဆီထြက္သီးႏွံမ်ားကို တစ္ဧက အထြက္ႏႈန္းျပည့္မီ ေအာင္ စိုက္ပ်ိဳးႏိုင္မည္၊ ေနၾကာစိုက္ပ်ိဳးေရးကို တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္မည္ဆိုပါက ျပည္တြင္းစားသုံးဆီမ်ား ဖူ လုံမႈရွိလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆီထြက္ သီးႏွံ မ်ားစိုက္ပ်ိဳးသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီး ခ်ဳပ္မ်ားအေနျဖင့္ အေလးထားေဆာင္႐ြက္သြားရန္ လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.