ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ခန့်အပ်

635

စော(NP News)- အောက်တိုဘာ ၈
၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ၏ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အချက်အလက်များအရ သိရသည်။
ဦးဇော်ဇော်အနေဖြင့် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့်အတွက် (၂၀၂၅)ခုနှစ်မှ (၂၀၂၉)ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မည်ဖြစ်ကာ ကော်မတီတွင် အဖွဲ့ဝင်(၂၁)ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြန်ချက်အရ သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ် AFC အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် (၂၀၂၃)မှ (၂၀၂၇)ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်သော AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ လူမႈအက်ိဳးျပဳလုပ္ငန္းေကာ္မတီ၏ ဥကၠ႒အျဖစ္ ဦးေဇာ္ေဇာ္ကို ခန႔္အပ္
ေစာ(NP News)- ေအာက္တိုဘာ ၈
၂၀၂၅ခုႏွစ္ ေအာက္တိုဘာလတြင္ က်င္းပေသာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာေကာင္စီအစည္းအေဝးတြင္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ လူမႈအက်ိဳးျပဳလုပ္ငန္းေကာ္မတီ (FIFA Football Social Responsibilty Committee) ၏ ဥကၠ႒အျဖစ္ ဦးေဇာ္ေဇာ္ကို ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ဦးေဇာ္ေဇာ္အေနျဖင့္ ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည့္အတြက္ (၂၀၂၅)ခုႏွစ္မွ (၂၀၂၉)ခုႏွစ္အထိ တာဝန္ယူေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ဒုတိယဥကၠ႒အျဖစ္ အာဂ်င္တီးနား ဂႏၴဝင္ကစားသမား တစ္ဦးျဖစ္သူ Javier Zanetti က ေဆာင္႐ြက္မည္ျဖစ္ကာ ေကာ္မတီတြင္ အဖြဲ႕ဝင္(၂၁)ဦးျဖင့္ ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပန္ခ်က္အရ သိရသည္။
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ AFC အႀကီးတန္းဒုတိယဥကၠ႒ျဖစ္သူ ဦးေဇာ္ေဇာ္သည္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ လူမႈေရးရာေကာ္မတီ ဥကၠ႒ႏွင့္ AFC Dream Asia Foundation ၏ Board of Trustees တစ္ဦးအျဖစ္ (၂၀၂၃)မွ (၂၀၂၇)ခုႏွစ္အထိ တာဝန္ယူေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၊ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္တို႔က ခ်ီးျမႇင့္ေသာ AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) တို႔ကို ခ်ီးျမႇင့္ျခင္းခံခဲ့ရေၾကာင္း သိရသည္။