မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မိလ္လာစွန့်ပစ်မော်တော်ယာဉ် တစ်စီးအား PDF အဖွဲ့က လုယက်ယူဆောင်

 2829

Pearl (NP News) - အောက်တိုဘာ ၉

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မိလ္လာစွန့်ပစ်မော်တော်ယာဉ် တစ်စီးအား PDF အဖွဲ့က လုယက်ယူဆောင်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ (၇) ရက် ၊ မွန်းလွဲ ၁၂ နာရီ ခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ရွှေဘိုမြို့အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဥသျှစ်ကန်သုသာန် အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်မောင်း-၄ ဖြစ်သူ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးထွေးသိန်း(၅၂)နှစ်သည် တစ်ရပ်ကွက်တည်းနေ စက်မောင်းအကူဖြစ်သူ ဦးကျော်အေး(၄၆)နှစ်နှင့်အတူ ဌာနပိုင်မိလ္လာစွန့်ပစ်မော်တော်ယာဉ်၊ ယာဉ်အမှတ် 5Q-XXXX နံပါတ်ပါ DONGFENG ခြောက်ဘီး မော်တော်ယာဉ်ဖြင့် အမှတ်(၁၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ မိလ္လာများ စုပ်ယူကာ စွန့်ပစ်ရန်အတွက် ရွှေဘိုမြို့အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဥသျှစ်ကန်သုသာန်ဘက်သို့ မောင်းနှင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာစဉ် သုသာန်အနီးအရောက်၌ PDF အဖွဲ့ဝင် အင်အား(စိစစ်ဆဲ) ရောက်ရှိလာသဖြင့် မော်တော်ယာဉ်အား ခေတ္တရပ်တန့်ထား၍ ၎င်းတို့ နှစ်ဦးမှ နီးစပ်ရာ ချုံပုတ်အတွင်းသို့ ထွက်ပြေးပုန်းအောင်းနေစဉ် ၎င်းအကြမ်းဖက်အဖွဲ့မှ မော်တော်ယာဉ်အား လုယက်မောင်းနှင် ယူဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဌာနဆိုင်ရာမော်တော်ယာဉ်များအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ပိုင္ မိလႅာစြန႔္ပစ္ေမာ္ေတာ္ယာဥ္ တစ္စီးအား PDF အဖြဲ႕က လုယက္ယူေဆာင္
Pearl (NP News) - ေအာက္တိုဘာ ၉

ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ပိုင္ မိလႅာစြန႔္ပစ္ေမာ္ေတာ္ယာဥ္ တစ္စီးအား PDF အဖြဲ႕က လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။


ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၇) ရက္ ၊ မြန္းလြဲ ၁၂ နာရီ ခြဲခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ေ႐ႊဘိုၿမိဳ႕အေနာက္ေတာင္ဘက္ ႏွစ္မိုင္ခန႔္အကြာ ဥသွ်စ္ကန္သုသာန္ အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေ႐ႊဘိုၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ စက္ေမာင္း-၄ ျဖစ္သူ ေ႐ႊဘိုၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ေန ဦးေထြးသိန္း(၅၂)ႏွစ္သည္ တစ္ရပ္ကြက္တည္းေန စက္ေမာင္းအကူျဖစ္သူ ဦးေက်ာ္ေအး(၄၆)ႏွစ္ႏွင့္အတူ ဌာနပိုင္မိလႅာစြန႔္ပစ္ေမာ္ေတာ္ယာဥ္၊ ယာဥ္အမွတ္ 5Q-XXXX နံပါတ္ပါ DONGFENG ေျခာက္ဘီး ေမာ္ေတာ္ယာဥ္ျဖင့္ အမွတ္(၁၀)ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွ မိလႅာမ်ား စုပ္ယူကာ စြန႔္ပစ္ရန္အတြက္ ေ႐ႊဘိုၿမိဳ႕အေနာက္ေတာင္ဘက္ ႏွစ္မိုင္ခန႔္အကြာ ဥသွ်စ္ကန္သုသာန္ဘက္သို႔ ေမာင္းႏွင္ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ထြက္ခြာလာစဥ္ သုသာန္အနီးအေရာက္၌ PDF အဖြဲ႕ဝင္ အင္အား(စိစစ္ဆဲ) ေရာက္ရွိလာသျဖင့္ ေမာ္ေတာ္ယာဥ္အား ေခတၱရပ္တန႔္ထား၍ ၎တို႔ ႏွစ္ဦးမွ နီးစပ္ရာ ခ်ဳံပုတ္အတြင္းသို႔ ထြက္ေျပးပုန္းေအာင္းေနစဥ္ ၎အၾကမ္းဖက္အဖြဲ႕မွ ေမာ္ေတာ္ယာဥ္အား လုယက္ေမာင္းႏွင္ ယူေဆာင္သြားေၾကာင္း သိရသည္။

ထိုသို႔ ဌာနဆိုင္ရာေမာ္ေတာ္ယာဥ္မ်ားအား လုယက္ယူေဆာင္သြားခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံ ေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.