မြန်မာ - ရုရှား - ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်

 369

သန့်ဇင်(NP News)-အောက်တိုဘာ ၉
မြန်မာ - ရုရှား - ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင်ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(အောက်တိုဘာ ၈ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ၊ ပြန်ကြားရေးဝန်ကြီးရုံးဧည့်ခန်းမ၌ ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေး အဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr Vladimir Sukolinsky ဦးဆောင်သည့်အဖွဲ့နှင့် ရုရှား- မြန်မာချစ် ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskyတို့အား လက်ခံတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်၍ ယခုကဲ့သို့ ဂီတဖျော် ဖြေပွဲများ ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ရင်းနှီးမှုကိုတိုးမြှင့်ရရှိ မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယခုလာရောက် ဖျော်ဖြေပေးသည့် အဖွဲ့၏တင်ဆက်မှုကို MRTV သတင်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်လွှင့်ပြီး အကျယ်တဝင့် ဖော်ပြပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာ - ရုရှား - ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် ဆက်လက်ကျင်းပပြုလုပ် သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးနှင့် ပြင်ဦးလွင်တို့၌ ဖျော်ဖြေခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ - ႐ုရွား - ဘယ္လာ႐ုစ္ (၃) ႏိုင္ငံပူးေပါင္း၍ ဂီတေဖ်ာ္ေျဖပြဲကို ရန္ကုန္ႏွင့္ ေနျပည္ေတာ္တြင္ က်င္းပမည္
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၉
ျမန္မာ - ႐ုရွား - ဘယ္လာ႐ုစ္ (၃) ႏိုင္ငံပူးေပါင္း၍ ဂီတေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕ႏွင့္ ေနျပည္ေတာ္ တို႔တြင္က်င္းပမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ေအာက္တိုဘာ ၈ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ၊ ျပန္ၾကားေရးဝန္ႀကီး႐ုံးဧည့္ခန္းမ၌ ဘယ္လာ႐ုစ္ႏိုင္ငံမွ ေဖ်ာ္ေျဖေရး အဖြဲ႕ေခါင္းေဆာင္ ေတးဂီတပညာရွင္ႏွင့္ ေတးေရး/ေတးဆို Mr Vladimir Sukolinsky ဦးေဆာင္သည့္အဖြဲ႕ႏွင့္ ႐ုရွား- ျမန္မာခ်စ္ ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr. Alexander Ostrovskyတို႔အား လက္ခံေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဘယ္လာ႐ုစ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြက္ မိတ္ေဆြေကာင္းႏိုင္ငံ ျဖစ္ၿပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈရွိၿပီးျဖစ္၍ ယခုကဲ့သို႔ ဂီတေဖ်ာ္ ေျဖပြဲမ်ား ျပဳလုပ္ျခင္းျဖင့္ ႏွစ္ႏိုင္ငံ ျပည္သူအၾကား ေပါင္းကူးတံတားသဖြယ္ ရင္းႏွီးမႈကိုတိုးျမႇင့္ရရွိ မည္ဟု ယုံၾကည္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယခုလာေရာက္ ေဖ်ာ္ေျဖေပးသည့္ အဖြဲ႕၏တင္ဆက္မႈကို MRTV သတင္းမ်ားတြင္ ျပည့္စုံစြာ ထည့္သြင္းထုတ္လႊင့္ၿပီး အက်ယ္တဝင့္ ေဖာ္ျပေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာ - ႐ုရွား - ဘယ္လာ႐ုစ္ သုံးႏိုင္ငံပူးေပါင္း၍ ဂီတေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕ႏွင့္ ေနျပည္ေတာ္ တို႔တြင္ ဆက္လက္က်င္းပျပဳလုပ္ သြားမည္ ျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဖ်ာ္ေျဖေရးအဖြဲ႕သည္ မႏၲေလးႏွင့္ ျပင္ဦးလြင္တို႔၌ ေဖ်ာ္ေျဖခဲ့ၾကၿပီး ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.