တာမွေမြို့နယ်တွင် သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး စာတစ်စောင်ရေးကာ ရေချိုးခန်းအတွင်း အဆုံးစီရင်

4675
သန့်ဇင်(NP News)-အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး စာတစ်စောင်ရေးကာ ရေချိုးခန်းအတွင်း ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း မျှဝေဂရုဏာ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)ထံမှ သိရသည်။
အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယမန်နေ့(အောက်တိုဘာ ၈ရက်)၊ မွန်းလွဲပိုင်းက တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ မြလေးရုံလမ်း၊ အထပ်မြင့်တိုက် (၂)လွှာ၊ နေအိမ်တိုက်ခန်း၏ ရေချိုးခန်းအတွင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်ကို မေတ္တာညွှန့်လူမှုကူညီရေးအသင်းက လှမ်းခေါ်တာ။ ရောက်သွားတော့ ရေချိုးခန်းထဲမှာ တွဲလောင်းကြီးဆုံးနေတာ။ သူအိတ်ထဲမှာ စာလေး တစ်စောင်ရေးထား တာတွေ့တယ်လို့ မေတ္တာညွှန့်ကပြောတာ။ အဲဒီစာကိုတော့ မိသားစုက သိမ်းသွားတာ။ မိသားစုအရေးကိစ္စကြောင့် လို့ယူဆ ရပါတယ်”ဟု မျှဝေဂရုဏာ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)က တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားမှာ အသက် (၇၄) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းအား သက်ဆိုင်ရာက စစ်ဆေးကာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံရေခဲတိုက်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
တာေမြၿမိဳ႕နယ္တြင္ သက္ႀကီးပိုင္းအ႐ြယ္အမ်ိဳးသားတစ္ဦး စာတစ္ေစာင္ေရးကာ ေရခ်ိဳးခန္းအတြင္း အဆုံးစီရင္
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္တြင္ သက္ႀကီးပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦး စာတစ္ေစာင္ေရးကာ ေရခ်ိဳးခန္းအတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း မွ်ေဝဂ႐ုဏာ ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕ (MMRO)ထံမွ သိရသည္။
အဆိုပါအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ယမန္ေန႔(ေအာက္တိုဘာ ၈ရက္)၊ မြန္းလြဲပိုင္းက တာေမြၿမိဳ႕နယ္၊ ေမတၱာၫႊန္႔ရပ္ကြက္၊ ျမေလး႐ုံလမ္း၊ အထပ္ျမင့္တိုက္ (၂)လႊာ၊ ေနအိမ္တိုက္ခန္း၏ ေရခ်ိဳးခန္းအတြင္း၌ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ့္ကို ေမတၱာၫႊန႔္လူမႈကူညီေရးအသင္းက လွမ္းေခၚတာ။ ေရာက္သြားေတာ့ ေရခ်ိဳးခန္းထဲမွာ တြဲေလာင္းႀကီးဆုံးေနတာ။ သူအိတ္ထဲမွာ စာေလး တစ္ေစာင္ေရးထား တာေတြ႕တယ္လို႔ ေမတၱာၫႊန႔္ကေျပာတာ။ အဲဒီစာကိုေတာ့ မိသားစုက သိမ္းသြားတာ။ မိသားစုအေရးကိစၥေၾကာင့္ လို႔ယူဆ ရပါတယ္”ဟု မွ်ေဝဂ႐ုဏာ ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕ (MMRO)က တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားမွာ အသက္ (၇၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ႐ုပ္အေလာင္းအား သက္ဆိုင္ရာက စစ္ေဆးကာ သဃၤန္းကြၽန္းျပည္သူ႔ေဆး႐ုံေရခဲတိုက္သို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။