ဖားကန့်နှင့်မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးထက်ပို၍ မစုဝေးကြရန်နှင့်ညမထွက်ရ အမိန့်ထုတ်

623

သက်ပိုင် ( NP News) - အောက်တိုဘာ ၉
ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးနှင့်အထက် စုဝေးခြင်းမပြုကြရန်နှင့် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း အပြင်မထွက်မထွက်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးထားကြောင်း ဒေသခံများထံမှသိရသည်။
လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောလူများသည် ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများ ပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၁၀)နာရီအချိန်မှ နံနက်(၄)နာရီ အချိန်အတွင်း ညမထွက်ရအမိန့်ကို အောက်တိုဘာလ (၈) ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်နယ်နှင့် မြစ်ကြီးနားမြို့နယ် နိမိတ်အတွင်း လူအချို့သည် အများပြည်သူ့တို့၏လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူ ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု အသိပေးထုတ်ပြန်ရာတွင်ပါဝင်ကြောင်း ဒေသခံများကဆိုသည်။
ထိုသို့ သို့ပြုမူဆောင်ရွက်ခြင်းသည်တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင်ရုန်းရင်းဆန်ခတ် မှုများဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု/ကျေးရွာများတွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုး အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်ကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္ႏွင့္ျမစ္ႀကီးနားၿမိဳ႕နယ္တို႔တြင္ လူ(၅)ဦးထက္ပို၍ မစုေဝးၾကရန္ႏွင့္ညမထြက္ရ အမိန႔္ထုတ္
သက္ပိုင္ ( NP News) - ေအာက္တိုဘာ ၉
ကခ်င္ျပည္နယ္အတြင္းရွိ ဖားကန႔္ၿမိဳ႕နယ္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕နယ္တို႔တြင္ လူ(၅)ဦးႏွင့္အထက္ စုေဝးျခင္းမျပဳၾကရန္ႏွင့္ ည(၁၀)နာရီမွ နံနက္(၄)နာရီအတြင္း အျပင္မထြက္မထြက္ၾကရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အသိေပးထားေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
လူ(၅)ဦး သို႔မဟုတ္ (၅)ဦးထက္ပိုေသာလူမ်ားသည္ ဖားကန႔္ၿမိဳ႕နယ္အတြင္း လမ္းမႀကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္ သို႔မဟုတ္ အမ်ား ျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ စုေဝးျခင္းမျပဳရန္ႏွင့္ ည(၁၀)နာရီအခ်ိန္မွ နံနက္(၄)နာရီ အခ်ိန္အတြင္း ညမထြက္ရအမိန႔္ကို ေအာက္တိုဘာလ (၈) ရက္ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္နယ္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕နယ္ နိမိတ္အတြင္း လူအခ်ိဳ႕သည္ အမ်ားျပည္သူ႔တို႔၏လုံၿခဳံေရး ႏွင့္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ပ်က္ျပားေစရန္ ျပဳမူ ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသည္ဟု အသိေပးထုတ္ျပန္ရာတြင္ပါဝင္ေၾကာင္း ေဒသခံမ်ားကဆိုသည္။
ထိုသို႔ သို႔ျပဳမူေဆာင္႐ြက္ျခင္းသည္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္အမ်ားျပည္သူတို႔၏ လုံၿခဳံေရး တရားဥပေဒစိုးမိုးေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးကို ထိခိုက္ေစသည့္အျပင္႐ုန္းရင္းဆန္ခတ္ မႈမ်ားျဖစ္ပြားေစႏိုင္သည္ဟု ယုံၾကည္ယူဆရသျဖင့္ ဖားကန႔္ၿမိဳ႕နယ္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕နယ္ အတြင္းရွိ ရပ္ကြက္/ေက်း႐ြာ အုပ္စု/ေက်း႐ြာမ်ားတြင္ စုေဝးျခင္း၊ ေဟာေျပာျခင္း၊ ယာဥ္တစ္မ်ိဳးမ်ိဳး အသုံးျပဳ၍ျဖစ္ေစ၊ လူကိုယ္တိုင္ ျဖစ္ေစ၊ စီတန္းလွည့္လည္ျခင္း၊ ႏႈိးေဆာ္ျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္းရင္းဆန္ခတ္ျပဳမူျခင္းမ်ားကို တားျမစ္လိုက္ေၾကာင္း သိရသည္။