အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးပြော

1057

သုတကျော် (NP News) - အောက်တိုဘာ ၉
အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံစဥ် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးH.E. Dato' Seri Utama Haji Mohamad Bin Haji Hasan က ပြောကြားသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan အား ယနေ့ (အောက်တိုဘာလ ၉ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ ၌ လက်ခံတွေ့ဆုံ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ကိုလည်းစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဦးစွာဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့မိမိတို့နိုင်ငံသို့လာရောက်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများ ကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ရှိပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင် ၍ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက် လုပ် ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင် လာနိုင်ရေးအတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုး ထား သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ် မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံ တကာမှအသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြန်မာနိုငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းများဆောင်ရွက် သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်း ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘော ဆောင်သော ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

zawgyi version
အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ပူးေပါင္း ေဆာင္႐ြက္ေပးသြားမည္ ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံစဥ္ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးေျပာ
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၉
အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ပူးေပါင္း ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ေတြ႕ဆုံစဥ္ မေလးရွားႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးH.E. Dato' Seri Utama Haji Mohamad Bin Haji Hasan က ေျပာၾကားသည္။
ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan အား ယေန႔ (ေအာက္တိုဘာလ ၉ ရက္)နံနက္ပိုင္းက ေနျပည္ေတာ္ရွိ တပ္မေတာ္ဧည့္ေဂဟာ ၌ လက္ခံေတြ႕ဆုံ သည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ ႏွင့္အတူ ေကာ္မရွင္အတြင္းေရးမႉး တြဲဖက္အမႈေဆာင္ ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ေကာ္မရွင္အဖြဲ႕ဝင္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးသန္းေဆြတို႔ တက္ေရာက္ၾကၿပီး မေလးရွားႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္အတူ အာဆီယံအလွည့္က် ဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူး ကိုယ္စားလွယ္ H.E. Tan Sri Othman Hashim ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ ၾကသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ မေလးရွားႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံ၏ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ရန္ ျပင္ဆင္ေနမႈမ်ားအား ေတြ႕ရသည့္အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္မိပါေၾကာင္း၊ အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ပူးေပါင္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ အားလုံးပါဝင္သည့္ ေ႐ြးေကာက္ပြဲျဖစ္ေစရန္ အႀကံျပဳေျပာၾကားလိုပါေၾကာင္း၊ ေ႐ြးေကာက္ပြဲေလ့လာ ေစာင့္ၾကည့္ေရးအဖြဲ႕မ်ား ကိုလည္းေစလႊတ္ေပးသြားမည္ျဖစ္ေၾကာင္း ဦးစြာေဆြးေႏြးေျပာၾကားသည္။
ယင္းေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ဥကၠ႒က ေဆြးေႏြးေျပာၾကားရာတြင္ ယခုကဲ့သို႔မိမိတို႔ႏိုင္ငံသို႔လာေရာက္ေတြ႕ဆုံမႈအတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ရန္အတြက္ ၂၀၂၄ ခုႏွစ္ကပင္ စတင္အသိေပးေျပာၾကားခဲ့ ပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံေရးအရသေဘာထားကြဲလြဲသူမ်ား၊ ႏိုင္ငံေရးပါတီမ်ား ကို ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ခ်ိန္ရရွိေအာင္ ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ခြင့္ကိုလည္း ဥပေဒႏွင့္အညီ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခု ေ႐ြးေကာက္ပြဲတြင္ ဥပေဒႏွင့္ကိုက္ညီသည့္ ႏိုင္ငံေရးပါတီ ၅၇ ပါတီ ဝင္ေရာက္ယွဥ္ ၿပိဳင္မည္ျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္း ၅ ေထာင္ေက်ာ္ရွိပါေၾကာင္း၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ႏိုင္ငံေရးလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ဖိတ္ေခၚေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၈ ခုႏွစ္မွစတင္ ၍ယေန႔အခ်ိန္အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ ၂၇ ႀကိမ္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ႏိုင္ငံေရးအရသေဘာထားကြဲလြဲမႈမ်ားေၾကာင့္ အၾကမ္းဖက္ လုပ္ ရပ္မ်ားလုပ္ေဆာင္ေနသူမ်ားကိုလည္း ႏိုင္ငံေရးလမ္းေၾကာင္းေပၚတြင္ပါဝင္ လာႏိုင္ေရးအတြက္ ၃ ႀကိမ္ဖိတ္ေခၚခဲ့ေၾကာင္း၊ ယခုလ ၁၅ ရက္ေန႔တြင္ NCA ႏွစ္ပတ္ လည္ေန႔အခမ္းအနားကို က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး NCA လက္မွတ္ေရးထိုး ထား သည့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ေခါင္းေဆာင္မ်ား၊ NCA လက္မွတ္ မေရး ထိုးထားရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ေခါင္းေဆာင္အခ်ိဳ႕ႏွင့္ ႏိုင္ငံ တကာမွအသိသက္ေသမ်ား တက္ေရာက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြး ေျပာၾကားသည္။
ထို႔ေနာက္ ျမန္မာႏိုငံ၏ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ား၊ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး ျမန္မာအီလက္ ထေရာနစ္ မဲေပးစက္(MEVM)မ်ားျဖင့္ ဆႏၵမဲေပးျခင္းမ်ားေဆာင္႐ြက္ သြားမည့္အေျခအေနမ်ား၊ ေ႐ြးေကာက္ပြဲအား အပိုင္းလိုက္စနစ္ျဖင့္ က်င္းပျပဳလုပ္သြားမည့္အေျခအေနမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာမွေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာ ေရးအဖြဲ႕မ်ား ဖိတ္ေခၚထားရွိမႈ အေျခအေနမ်ား၊ ေ႐ြးေကာက္ပြဲက်င္းပၿပီးခ်ိန္တြင္ ျမန္မာႏိုင္ငံ အေနျဖင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ဆက္လက္ေလွ်ာက္လွမ္း ေဆာင္႐ြက္ သြားမည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕အတြင္း အျပဳသေဘာ ေဆာင္ေသာ ေကာင္းမြန္သည့္ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္ လ်က္ရွိမႈအေျခ အေနမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပး ေရးလုပ္ငန္းမ်ား အား ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားျမႇင့္တင္ ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားႏွင့္ပတ္သက္၍ ရင္းႏွီး ပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။