မလေးရှားနိုင်ငံကို နိုင်ငံခြား ခရီးသွားဝင်ရောက်မှု ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ၂၈.၂၄ သန်းအထိ တိုးလာ

129

ရောင်နီ (NP News) - အောက်တိုဘာ ၁ဝ
၂၀၂၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ ၂၀၂၄ ခုနှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း တိုးလာတယ်လို့ နိုင်ငံ ခရီးသွား၊ အနုပညာနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။
ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိအတွင်း မလေးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၂၈,၂၄၂,၈၀၄ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် အလားတူကာလက ၂၄,၆၆၅,၃ဝ၆ ဦးထက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်ဟာ နိုင်ငံခြားခရီးသွားဧည့်သည် ၂၄၂၅၈၄၁၃ ဦး စံချိန်တင်ထားတဲ့ ကိုဗစ်မဖြစ်မီ ၂၀၁၉ ခုနှစ်ထက်က ထက်တောင် ၁၆.၄ ရာခိုင်နှုန်း တိုးလာတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
"ဒါက မလေးရှားနိုင်ငံကို နိုင်ငံခြားခရီးသွားဝင်ရောက်မှု အပြုသဘောဆောင်တဲ့တိုးတက်မှုကို ထင်ဟပ်နေပါ တယ်” လို့ ဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်က ပါလီမန်မှာ စာနဲ့ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ နိုင်ငံခြား ခရီးသွားတိုးပွားလာတာနဲ့အမျှ Visit Malaysia 2026 ကမ်ပိန်းနဲ့ စျေးကွက် ရှာဖွေရေး၊ ပရိုမိုးရှင်းတွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ဆက်လက်လုပ်ဆောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။ အဲဒီကမ်ပိန်းမှာ အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိကကဏ္ဍနဲ့ နိုင်ငံတစ်ဝှမ်းရှိ ခရီးသွားအသင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှုဆိုင်ရာဆွေးနွေးပွဲတွေ ပါဝင်ပါတယ်။ ခရီးသွားတွေနဲ့မီဒီယာကို ဆွဲဆောင်ဖို့အတွက် ယဉ်ကျေးမှု၊ ခရီး သွားလာရေး၊ အားကစားနဲ့ ပွဲတော်ပွဲတွေအတွက် ထောက်ပံ့ကြေးတွေလည်း ပေးအပ်ထားတယ်လို့ သိရပါ တယ်။

Zawgyi Version:
မေလးရွားႏိုင္ငံကို ႏိုင္ငံျခား ခရီးသြားဝင္ေရာက္မႈ ၂၀၂၅ ခုႏွစ္ ပထမ ၈ လအတြင္း ၂၈.၂၄ သန္းအထိ တိုးလာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁ဝ
၂၀၂၅ ခုႏွစ္အတြင္း မေလးရွားႏိုင္ငံကို ႏိုင္ငံျခားခရီးသြားဝင္ေရာက္မႈဟာ ၂၀၂၄ ခုႏွစ္ကထက္ ၁၄.၅ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ ႏိုင္ငံ ခရီးသြား၊ အႏုပညာနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ေျပာၾကားခဲ့ပါတယ္။
ယခုႏွစ္ ဇန္နဝါရီမွ ၾသဂုတ္လအထိအတြင္း မေလးရွားႏိုင္ငံမွာ ကမာၻလွည့္ခရီးသည္ စုစုေပါင္း ၂၈,၂၄၂,၈၀၄ ဦး ဝင္ေရာက္ခဲ့ၿပီး ၂ဝ၂၄ ခုႏွစ္ အလားတူကာလက ၂၄,၆၆၅,၃ဝ၆ ဦးထက္ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၂၅ ခုႏွစ္ဟာ ႏိုင္ငံျခားခရီးသြားဧည့္သည္ ၂၄၂၅၈၄၁၃ ဦး စံခ်ိန္တင္ထားတဲ့ ကိုဗစ္မျဖစ္မီ ၂၀၁၉ ခုႏွစ္ထက္က ထက္ေတာင္ ၁၆.၄ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။
"ဒါက မေလးရွားႏိုင္ငံကို ႏိုင္ငံျခားခရီးသြားဝင္ေရာက္မႈ အျပဳသေဘာေဆာင္တဲ့တိုးတက္မႈကို ထင္ဟပ္ေနပါ တယ္” လို႔ ဝန္ႀကီးဌာနက ေအာက္တိုဘာ ၈ ရက္က ပါလီမန္မွာ စာနဲ႔ေျပာၾကားခဲ့ပါတယ္။
မေလးရွားႏိုင္ငံဟာ ႏိုင္ငံျခား ခရီးသြားတိုးပြားလာတာနဲ႔အမွ် Visit Malaysia 2026 ကမ္ပိန္းနဲ႔ ေစ်းကြက္ ရွာေဖြေရး၊ ပ႐ိုမိုးရွင္းေတြကို ျပည္တြင္းမွာသာမက ႏိုင္ငံတကာမွာပါ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ၎က ဆိုပါတယ္။ အဲဒီကမ္ပိန္းမွာ အစိုးရေအဂ်င္စီမ်ား၊ ပုဂၢလိကက႑နဲ႔ ႏိုင္ငံတစ္ဝွမ္းရွိ ခရီးသြားအသင္းေတြနဲ႔ ထိေတြ႕ ဆက္ဆံမႈဆိုင္ရာေဆြးေႏြးပြဲေတြ ပါဝင္ပါတယ္။ ခရီးသြားေတြနဲ႔မီဒီယာကို ဆြဲေဆာင္ဖို႔အတြက္ ယဥ္ေက်းမႈ၊ ခရီး သြားလာေရး၊ အားကစားနဲ႔ ပြဲေတာ္ပြဲေတြအတြက္ ေထာက္ပံ့ေၾကးေတြလည္း ေပးအပ္ထားတယ္လို႔ သိရပါ တယ္။