(၁၀)နှစ်အတွင်း AA အဖွဲ့နှင့်ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ ကျပ်ဘီလျံ (၁၂၀၀)ကျော်အထိရှိခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

203

သန့်ဇင် (NP News) -အောက်တိုဘာ ၁၀
၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ (၁၀)နှစ်အတွင်း AA အဖွဲ့နှင့်ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ ကျပ်ဘီလျံ (၁၂၀၀)ကျော် အထိရှိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(အောက်တိုဘာ ၉ ရက်) က AA လက်နက်ကိုင်အဖွဲ့ဆောင်ရွက်နေသော မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရောင်းချနေသည့်လုပ်ငန်းများနှင့်ပတ်သက်ကာ မီဒီယာများထံ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AA လက်နက်ကိုင်အဖွဲ့သည် (၂၀၁၃) ခုနှစ်ခန့်က စတင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ထုပ်ပိုးမှုပုံစံ မျိုးစုံနဲ့ သယ်ဆောင်တဲ့နေရာမှာလည်း ဆီဘောက်ဆာကားကို အံဝှက်လုပ်ပြီး သယ်ဆောင်တဲ့ အထိ လုပ်ဆောင်ခဲ့ ကြပါတယ်။ မူးယစ်ဆေးဝါးကို အဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏ နည်းနည်းလေးကနေပြီး ကြီးမားတဲ့ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေ တာမျိုးတွေ့ရပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် ဒီမူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကို လုပ်နေရတာဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့ဝင်တွေရဲ့ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် AA လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သည့် မူးယစ်ဆေးဝါးများအား (၂၀၁၅) ခုနှစ်တွင် (၁)ကြိမ်၊ (၂၀၁၉)ခုနှစ်တွင် (၄)ကြိမ်၊ (၂၀၂၀) ခုနှစ်တွင် (၁)ကြိမ်၊ (၂၀၂၃)ခုနှစ်တွင် (၂)ကြိမ်၊ (၂၀၂၄) ခုနှစ်တွင် (၂)ကြိမ်နှင့် (၂၀၂၅) ခုနှစ်တွင် (၆) ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံခန့်၊ ၂၀၁၉ ခုနှစ်မှာ လေးကြိမ် ကာလတန်ဖိုးငွေကျပ် ၅၉ ဘီလီယံခန့်၊ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀ ဘီလီယံ၊ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈၇ ဘီလီယံ၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၂ ဘီလီယံခန့် နဲ့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀၀၃ ဒသမ ၉၃ ဘီလီယံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ယခုအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်တိတိရှိခဲ့ပါတယ်။ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလီယံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကိုကြည့်ရင် ဘယ်လောက်အန္တရာယ်များ ကြောင်းတွေ့နိုင်မှာ ဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ် ထားတဲ့ နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါး တွေ ပို့ဆောင်နေခဲ့ကြောင်း ထင်ရှားစွာတွေ့ ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။
၂၀၂၃ ခုနှစ်တွင် AA အဖွဲ့နှင့်ဆက်စပ်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် AA အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်၏ တာဝန်ပေးချက်အရ ယင်းအဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းကဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“၂၀၂၃ ခုနှစ်က AA သောင်းကျန်း သူအဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုမှာဆိုရင် AA သောင်းကျန်းသူအဖွဲ့ဝင် ဗိုလ်အဆင့်ရှိတဲ့ ထွန်းလင်း(ခ)ပြုံးချို၊ ဒုတိယဗိုလ်အဆင့်ရှိတဲ့ နေလင်းထွန်း(ခ) နောနော်(ခ) ကျော်စိုးနဲ့ ဒုတိယဗိုလ်အဆင့်ရှိသူ စိုးထွန်း၊ တပ်ကြပ်ကြီး အဆင့်ရှိသူ ကျော်ဟန်၊ တပ်သား အဆင့်ရှိတဲ့ ကျော်လင်းဆန်းနဲ့ တပ်သားအဆင့်ရှိတဲ့ ဦးထွန်းနုတို့ ခြောက်ဦး ပါဝင်ခဲ့ပါတယ်။ သူတို့ကို ကျွန်တော်တို့ စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းကဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာသိရှိရပါတယ်။ ဒီလိုပါပဲ နောက်ပိုင်း ဖမ်းမိတဲ့ကိစ္စတွေမှာလည်း AA သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်တဲ့သူတွေ၊ AA သောင်းကျန်းသူအဖွဲ့ဦးစီးပြီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version:
(၁၀)ႏွစ္အတြင္း AA အဖြဲ႕ႏွင့္ဆက္စပ္ေသာ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမွ က်ပ္ဘီလ်ံ (၁၂၀၀)ေက်ာ္အထိရွိခဲ့ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာ
သန႔္ဇင္ (NP News) -ေအာက္တိုဘာ ၁၀
၂၀၁၅ ခုႏွစ္မွ လက္ရွိအခ်ိန္အထိ (၁၀)ႏွစ္အတြင္း AA အဖြဲ႕ႏွင့္ဆက္စပ္ေသာ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမွ က်ပ္ဘီလ်ံ (၁၂၀၀)ေက်ာ္ အထိရွိခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ေအာက္တိုဘာ ၉ ရက္) က AA လက္နက္ကိုင္အဖြဲ႕ေဆာင္႐ြက္ေနေသာ မူးယစ္ေဆးဝါး သယ္ယူပို႔ေဆာင္ေရာင္းခ်ေနသည့္လုပ္ငန္းမ်ားႏွင့္ပတ္သက္ကာ မီဒီယာမ်ားထံ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
AA လက္နက္ကိုင္အဖြဲ႕သည္ (၂၀၁၃) ခုႏွစ္ခန႔္က စတင္ကာ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းခ်မႈမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ထုပ္ပိုးမႈပုံစံ မ်ိဳးစုံနဲ႔ သယ္ေဆာင္တဲ့ေနရာမွာလည္း ဆီေဘာက္ဆာကားကို အံဝွက္လုပ္ၿပီး သယ္ေဆာင္တဲ့ အထိ လုပ္ေဆာင္ခဲ့ ၾကပါတယ္။ မူးယစ္ေဆးဝါးကို အဓိကကုန္ကူးေရာင္းခ်ႏိုင္ဖို႔အတြက္ ပမာဏ နည္းနည္းေလးကေနၿပီး ႀကီးမားတဲ့ပမာဏအထိ သယ္ေဆာင္လုပ္ကိုင္ေန တာမ်ိဳးေတြ႕ရပါတယ္။ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ရဲ႕ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္ ကိုယ္တိုင္က တာဝန္ေပးေစခိုင္းတဲ့အတြက္ ဒီမူးယစ္ေဆးဝါးသယ္ေဆာင္ျဖန႔္ျဖဴးေရာင္းခ်တဲ့လုပ္ငန္းေတြကို လုပ္ေနရတာျဖစ္ေၾကာင္းကိုလည္း ဖမ္းဆီးရမိတဲ့ AA ေသာင္းက်န္းသူအဖြဲ႕ဝင္ေတြရဲ႕ထြက္ဆိုခ်က္ေတြမွာ ေတြ႕ႏိုင္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ AA လက္နက္ကိုင္အဖြဲ႕ႏွင့္ဆက္စပ္သည့္ မူးယစ္ေဆးဝါးမ်ားအား (၂၀၁၅) ခုႏွစ္တြင္ (၁)ႀကိမ္၊ (၂၀၁၉)ခုႏွစ္တြင္ (၄)ႀကိမ္၊ (၂၀၂၀) ခုႏွစ္တြင္ (၁)ႀကိမ္၊ (၂၀၂၃)ခုႏွစ္တြင္ (၂)ႀကိမ္၊ (၂၀၂၄) ခုႏွစ္တြင္ (၂)ႀကိမ္ႏွင့္ (၂၀၂၅) ခုႏွစ္တြင္ (၆) ႀကိမ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
“AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ရဲ႕ ၂၀၁၅ ခုႏွစ္မွာ တစ္ႀကိမ္ ဖမ္းမိခဲ့တဲ့ ကာလတန္ဖိုးေငြက်ပ္ ၁ ဒသမ ၆၅ ဘီလီယံခန႔္၊ ၂၀၁၉ ခုႏွစ္မွာ ေလးႀကိမ္ ကာလတန္ဖိုးေငြက်ပ္ ၅၉ ဘီလီယံခန႔္၊ ၂၀၂၀ ျပည့္ႏွစ္မွာ တစ္ႀကိမ္ ကာလတန္ဖိုးေငြက်ပ္ ၁၀ ဘီလီယံ၊ ၂၀၂၃ ခုႏွစ္မွာ ႏွစ္ႀကိမ္ ကာလတန္ဖိုးေငြက်ပ္ ၁၅၅ ဒသမ ၈၇ ဘီလီယံ၊ ၂၀၂၄ ခုႏွစ္မွာ ႏွစ္ႀကိမ္ ကာလတန္ဖိုးေငြက်ပ္ ၃ ဒသမ ၂၂ ဘီလီယံခန႔္ နဲ႔ အခု ၂၀၂၅ ခုႏွစ္အတြင္းမွာ ၆ ႀကိမ္ ကာလတန္ဖိုးေငြက်ပ္ ၁၀၀၃ ဒသမ ၉၃ ဘီလီယံခန႔္ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကေန ယခုအခ်ိန္အထိ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕နဲ႔ဆက္စပ္ေနတဲ့ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈ စုစုေပါင္း ၁၆ ႀကိမ္တိတိရွိခဲ့ပါတယ္။ စုစုေပါင္းကာလ တန္ဖိုးေငြက်ပ္ ၁၂၃၃ ဒသမ ၆၇ ဘီလီယံအထိ ဖမ္းဆီးရမိခဲ့ပါတယ္။ ဒီပမာဏကိုၾကည့္ရင္ ဘယ္ေလာက္အႏၲရာယ္မ်ား ေၾကာင္းေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာ သူတို႔ထိန္းခ်ဳပ္ ထားတဲ့ ေနရာေတြကေနတစ္ဆင့္ ေဒသတြင္းေနရာမ်ားကို ဘယ္ေလာက္အထိ မူးယစ္ေဆးဝါး ေတြ ပို႔ေဆာင္ေနခဲ့ေၾကာင္း ထင္ရွားစြာေတြ႕ ရမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္ေျပာသည္။
၂၀၂၃ ခုႏွစ္တြင္ AA အဖြဲ႕ႏွင့္ဆက္စပ္သည့္ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈတြင္ AA အဖြဲ႕ေခါင္းေဆာင္ထြန္းျမတ္ႏိုင္၏ တာဝန္ေပးခ်က္အရ ယင္းအဖြဲ႕မွ ဗိုလ္မႉးႀကီးအဆင့္ရွိသူ ေက်ာ္ျမတ္ဦး(ခ) သားသား(ခ) ေဝသာထြန္းကဦးစီးၿပီး စီမံခန႔္ခြဲလုပ္ေဆာင္ေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“၂၀၂၃ ခုႏွစ္က AA ေသာင္းက်န္း သူအဖြဲ႕နဲ႔ ဆက္စပ္ေနတဲ့ မူးယစ္ေဆးဝါးဖမ္းဆီး ရမိမႈမွာဆိုရင္ AA ေသာင္းက်န္းသူအဖြဲ႕ဝင္ ဗိုလ္အဆင့္ရွိတဲ့ ထြန္းလင္း(ခ)ၿပဳံးခ်ိဳ၊ ဒုတိယဗိုလ္အဆင့္ရွိတဲ့ ေနလင္းထြန္း(ခ) ေနာေနာ္(ခ) ေက်ာ္စိုးနဲ႔ ဒုတိယဗိုလ္အဆင့္ရွိသူ စိုးထြန္း၊ တပ္ၾကပ္ႀကီး အဆင့္ရွိသူ ေက်ာ္ဟန္၊ တပ္သား အဆင့္ရွိတဲ့ ေက်ာ္လင္းဆန္းနဲ႔ တပ္သားအဆင့္ရွိတဲ့ ဦးထြန္းႏုတို႔ ေျခာက္ဦး ပါဝင္ခဲ့ပါတယ္။ သူတို႔ကို ကြၽန္ေတာ္တို႔ စနစ္တက်စစ္ေဆးေဖာ္ထုတ္တဲ့အခါမွာ AA ေသာင္းက်န္းသူအဖြဲ႕ ေခါင္းေဆာင္ထြန္းျမတ္ႏိုင္ရဲ႕ တာဝန္ေပးခ်က္အရ AA ေသာင္းက်န္းသူ ဗိုလ္မႉးႀကီးအဆင့္ရွိ ေက်ာ္ျမတ္ဦး(ခ) သားသား(ခ) ေဝသာထြန္းကဦးစီးၿပီး စီမံခန႔္ခြဲလုပ္ေဆာင္ေနေၾကာင္း ထြက္ဆိုခ်က္ေတြအရ တိက်စြာသိရွိရပါတယ္။ ဒီလိုပါပဲ ေနာက္ပိုင္း ဖမ္းမိတဲ့ကိစၥေတြမွာလည္း AA ေသာင္းက်န္းသူအဖြဲ႕နဲ႔ ပတ္သက္တဲ့သူေတြ၊ AA ေသာင္းက်န္းသူအဖြဲ႕ဦးစီးၿပီးလုပ္ကိုင္ေနတဲ့ မူးယစ္ေဆးဝါး လုပ္ငန္းမွာ ပါဝင္ေဆာင္႐ြက္ေနသူေတြသာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။