တောင်ကိုရီးယားသရုပ်ဆောင် ကင်ဂျောင်ဟွန်း ၆ နှစ်အတွင်း ပထမဆုံး ဒရာမာ ရိုက်ကူးမယ်လို့ အတည်ပြု

 422

ရောင်နီ (NP News) - အောက်တိုဘာ ၁၁

"Princess Hours" ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် ကင်ဂျောင်ဟွန်ဟာ ၆ နှစ်ကြာ သရုပ်ဆောင်လောက က ပျောက်ကွယ်ခဲ့ပြီးနောက် ဒရာမာအသစ်တစ်ခုနဲ့ ပရိသတ်ရှေ့ရောက်ရှိလာ မယ်လို့ သိရပါတယ်။
သူ့ရဲ့အေဂျင်စီ Management Yul မှ ကိုယ်စားလှယ်တစ်ဦးက "ကင်ဂျောင်ဟွန် ဟာ Marital Scandal: Pandora's Secret' လို့ အမည်ရှိတဲ့ ဇာတ်ကားသစ်မှာ ပါဝင်မယ်လို့ အောက်တိုဘာ ၁ဝ ရက်မှာ အတည်ပြုခဲ့ပါ တယ်။ ဇာတ်ကားဟာ အဆင့်မြင့်လူနေရပ်ကွက်တစ်ခုရဲ့ "အိမ်ထောင်ရေးအရှုပ်တော်ပုံ၊ လျှို့ဝှက်ချက်၊ အရေးကိစ္စ တွေနဲ့ ကလဲ့စားချေမှုတို့အကြောင်း ရိုက်ကူးမှာဖြစ်ပြီး ကင်ဂျောင်ဟွန်က အဲဒီရပ်ကွက်ထဲကို ပြောင်းရွှေ့ လာတဲ့ စိတ်ပညာရှင် ဝူဂျင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။
ကင်ဂျောင်ဟွန် ဟာ ရည်းစားဟောင်းကို ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနဲ့ငွေကြေးအငြင်းပွားမှုတစ်ခု ကြောင့် ၂၀၁၉ ခုနှစ်က အလုပ်တွေ ရပ်ဆိုင်းကာ ပရိသတ်ရှေ့က ပျောက်ကွယ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ကား မတော်တဆမှုတစ်ခုကြောင့် ဝမ် ၁၀ သန်း (ဒေါ်လာ ၇,၀၀၀ ခန့်) ဒဏ်ရိုက်ခံခဲ့ရပါတယ်။ လက်ရှိ "Marital Scandal: Pandora's Secret" ဒရာမာကို စတင်ရိုက်ကူးနေပြီဖြစ်ပြီး နောက်ပိုင်း Wavve နဲ့ GTV အပါအဝင် ပလက်ဖောင်းတွေမှ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ကင္ေဂ်ာင္ဟြန္း ၆ ႏွစ္အတြင္း ပထမဆုံး ဒရာမာ ႐ိုက္ကူးမယ္လို႔ အတည္ျပဳ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁
"Princess Hours" ဇာတ္ကားနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ကင္ေဂ်ာင္ဟြန္ဟာ ၆ ႏွစ္ၾကာ သ႐ုပ္ေဆာင္ေလာက က ေပ်ာက္ကြယ္ခဲ့ၿပီးေနာက္ ဒရာမာအသစ္တစ္ခုနဲ႔ ပရိသတ္ေရွ႕ေရာက္ရွိလာ မယ္လို႔ သိရပါတယ္။
သူ႔ရဲ႕ေအဂ်င္စီ Management Yul မွ ကိုယ္စားလွယ္တစ္ဦးက "ကင္ေဂ်ာင္ဟြန္ ဟာ Marital Scandal: Pandora's Secret' လို႔ အမည္ရွိတဲ့ ဇာတ္ကားသစ္မွာ ပါဝင္မယ္လို႔ ေအာက္တိုဘာ ၁ဝ ရက္မွာ အတည္ျပဳခဲ့ပါ တယ္။ ဇာတ္ကားဟာ အဆင့္ျမင့္လူေနရပ္ကြက္တစ္ခုရဲ႕ "အိမ္ေထာင္ေရးအရႈပ္ေတာ္ပုံ၊ လွ်ိဳ႕ဝွက္ခ်က္၊ အေရးကိစၥ ေတြနဲ႔ ကလဲ့စားေခ်မႈတို႔အေၾကာင္း ႐ိုက္ကူးမွာျဖစ္ၿပီး ကင္ေဂ်ာင္ဟြန္က အဲဒီရပ္ကြက္ထဲကို ေျပာင္းေ႐ႊ႕ လာတဲ့ စိတ္ပညာရွင္ ဝူဂ်င္အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။
ကင္ေဂ်ာင္ဟြန္ ဟာ ရည္းစားေဟာင္းကို ကိုယ္ဝန္ဖ်က္ခ်ခိုင္းျခင္းနဲ႔ေငြေၾကးအျငင္းပြားမႈတစ္ခု ေၾကာင့္ ၂၀၁၉ ခုႏွစ္က အလုပ္ေတြ ရပ္ဆိုင္းကာ ပရိသတ္ေရွ႕က ေပ်ာက္ကြယ္ခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္မွာလည္း ကား မေတာ္တဆမႈတစ္ခုေၾကာင့္ ဝမ္ ၁၀ သန္း (ေဒၚလာ ၇,၀၀၀ ခန႔္) ဒဏ္႐ိုက္ခံခဲ့ရပါတယ္။ လက္ရွိ "Marital Scandal: Pandora's Secret" ဒရာမာကို စတင္႐ိုက္ကူးေနၿပီျဖစ္ၿပီး ေနာက္ပိုင္း Wavve နဲ႔ GTV အပါအဝင္ ပလက္ေဖာင္းေတြမွ ထုတ္လႊင့္ျပသဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.