မြောက်ကိုရီးယားအာဏာရပါတီတည်ထောင်မှု နှစ်(၈၀)ပြည့်ကို နိုင်ငံတကာအခမ်းအနားအဖြစ် ကျင်းပ

258

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏အာဏာရပါတီဖြစ်သော အလုပ်သမားပါတီ တည်ထောင် မှု နှစ် (၈ဝ) ပြည့်ကို နိုင်ငံတကာအဆင့်ကျင်းပနိုင်ခဲ့ခြင်းအပေါ် ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားအလုပ်သမားပါတီတည်ထောင်မှု နှစ်(၈၀)ပြည့်အခမ်းအနားကို တရုတ်ဝန်ကြီးချုပ် အပြင် ရုရှားသမ္မတဟောင်းမက်ဗီဒက်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားအလုပ်သမားပါတီတည်ထောင်မှုနှစ်ပြည့်အခမ်းအနားများကို ယခင်က ပြည်တွင်းခေါင်းဆောင် များနှင့်တူ ကျင်းပခဲ့သော်လည်း လက်ရှိအချိန်တွင် အခြားနိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။
အလုပ်သမားပါတီတည်ထောင်မှု နှစ် (၈ဝ) ပြည့်အခမ်းအနားကို အခြားပွဲတော်များအတိုင်း မီးရှူးမီးပန်းများ ဖောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ဗီယက်နမ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ၊ လာအိုသမ္မတတို့ အပါအဝင် ဆိုရှယ်လစ်နိုင်ငံတို့မှ သမ္မတများ အာဏာရပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိအချိန်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခြင်း ခံထားရသော်လည်း လက်နက်များ စမ်းသပ်လျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် Hwasong-20 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကိုလည်း ပြီးခဲ့သည့်လ တွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ၎င်းတို့သည် လျိုဝှက် လက်နက်အသစ်အဆန်းများ ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ပိတ်ဆို့မှုအမျိုးမျိုးကို ရင်ဆိုင်နေရသော်လည်း တရုတ်၊ ရုရှား အပါအဝင် မဟာမိတ်နိုင်ငံများနှင့်မိတ်ဆွေဖြစ်မှု တိုးချဲ့ရန်လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်သည် ပြီးခဲ့သည့်လက တရုတ်နိုင်ငံတွင်ကျင်းပခဲ့သော ဒုတိယကမ္ဘာစစ်နိုင်ပွဲ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကိုတက်ရောက်မှုသည် ကင်ဂျုံအမ်အတွက် ကမ္ဘာ့ခေါင်းဆောင်များ စုရုံးတက်ရောက်သော ပွဲကိုပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းနှင့်ရုရှားနိုင်ငံ စစ်ပွဲတွင်လည်း ရုရှားဘက်မှ ရပ်တည်ကူညီပေးနေပြီး ရုရှားနိုင်ငံသို့ စစ်သား ၁၅၀၀၀ ကျော် စေလွှတ်ထားကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုစာချုပ်များလက်မှတ်ရေးထိုးထားပြီး စာချုပ်ထဲတွင် ကျူးကျော် တိုက်ခိုက်ခံရပါက ပါဝင်ကူညီပေးရမည်ဆိုသောအချက်များ ပါဝင်ကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ကိုရီးယားအာဏာရပါတီတည္ေထာင္မႈ ႏွစ္(၈၀)ျပည့္ကို ႏိုင္ငံတကာအခမ္းအနားအျဖစ္ က်င္းပ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၁
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္သည္ ႏိုင္ငံ၏အာဏာရပါတီျဖစ္ေသာ အလုပ္သမားပါတီ တည္ေထာင္ မႈ ႏွစ္ (၈ဝ) ျပည့္ကို ႏိုင္ငံတကာအဆင့္က်င္းပႏိုင္ခဲ့ျခင္းအေပၚ ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားအလုပ္သမားပါတီတည္ေထာင္မႈ ႏွစ္(၈၀)ျပည့္အခမ္းအနားကို တ႐ုတ္ဝန္ႀကီးခ်ဳပ္ အျပင္ ႐ုရွားသမၼတေဟာင္းမက္ဗီဒက္တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားအလုပ္သမားပါတီတည္ေထာင္မႈႏွစ္ျပည့္အခမ္းအနားမ်ားကို ယခင္က ျပည္တြင္းေခါင္းေဆာင္ မ်ားႏွင့္တူ က်င္းပခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အျခားႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားကို ဖိတ္ၾကားခဲ့ေၾကာင္း သိရသည္။
အလုပ္သမားပါတီတည္ေထာင္မႈ ႏွစ္ (၈ဝ) ျပည့္အခမ္းအနားကို အျခားပြဲေတာ္မ်ားအတိုင္း မီးရႉးမီးပန္းမ်ား ေဖာက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားကို ဗီယက္နမ္ကြန္ျမဴနစ္ပါတီဥကၠ႒၊ လာအိုသမၼတတို႔ အပါအဝင္ ဆိုရွယ္လစ္ႏိုင္ငံတို႔မွ သမၼတမ်ား အာဏာရပါတီေခါင္းေဆာင္မ်ားလည္း တက္ေရာက္ခဲ့သည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ျခင္း ခံထားရေသာ္လည္း လက္နက္မ်ား စမ္းသပ္လ်က္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ Hwasong-20 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကိုလည္း ၿပီးခဲ့သည့္လ တြင္ စမ္းသပ္ခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ၎တို႔သည္ လ်ိဳဝွက္ လက္နက္အသစ္အဆန္းမ်ား ပိုင္ဆိုင္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။
ေျမာက္ကိုရီးယားသည္ ႏိုင္ငံတကာ၏ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ေနရေသာ္လည္း တ႐ုတ္၊ ႐ုရွား အပါအဝင္ မဟာမိတ္ႏိုင္ငံမ်ားႏွင့္မိတ္ေဆြျဖစ္မႈ တိုးခ်ဲ႕ရန္လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္သည္ ၿပီးခဲ့သည့္လက တ႐ုတ္ႏိုင္ငံတြင္က်င္းပခဲ့ေသာ ဒုတိယကမာၻစစ္ႏိုင္ပြဲ အခမ္းအနားကိုတက္ေရာက္ခဲ့ၿပီး အဆိုပါအခမ္းအနားကိုတက္ေရာက္မႈသည္ ကင္ဂ်ဳံအမ္အတြက္ ကမာၻ႔ေခါင္းေဆာင္မ်ား စု႐ုံးတက္ေရာက္ေသာ ပြဲကိုပထမဆုံးအႀကိမ္ တက္ေရာက္ျခင္းလည္းျဖစ္သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံ စစ္ပြဲတြင္လည္း ႐ုရွားဘက္မွ ရပ္တည္ကူညီေပးေနၿပီး ႐ုရွားႏိုင္ငံသို႔ စစ္သား ၁၅၀၀၀ ေက်ာ္ ေစလႊတ္ထားေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားသည္ ႐ုရွားႏွင့္ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈစာခ်ဳပ္မ်ားလက္မွတ္ေရးထိုးထားၿပီး စာခ်ဳပ္ထဲတြင္ က်ဴးေက်ာ္ တိုက္ခိုက္ခံရပါက ပါဝင္ကူညီေပးရမည္ဆိုေသာအခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။