မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားပြုလုပ်

 4482

ပီယ (NP News) - အောက်တိုဘာ ၁၁

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ (အောက်တိုဘာလ ၁ဝ ရက်) က ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
မင်္ဂလာအချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controler အသုံးပြု၍ ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကွန်ကရစ်သွန်းလောင်းတံတားဆက်ထားသည့်နေရာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကြောင်း သိရသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်း ၁ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်စဉ်ကာလအတွင်း ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် လုပ်ငန်းအခက်အခဲများကို လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူထားသည့်အချိန်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးရန် နိုင်ငံတော်ဘဏ္ဍာငွေ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားမှာ သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကြောင်း၊ ပင်မတံတားအရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ဖြစ်ကြောင်း၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်အမြင့်ဆုံးတံတားဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ်အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ နည်းစနစ်များနှင့် အတွေ့အကြုံများကို ရရှိခဲ့ကြောင်း၊ ယခုတံတားကြီး အချောသတ်တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့ပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့လည်းကောင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆိုမှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားစေမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ်(Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Version:
ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး(ဒလ)တံတား ကြန္ကရစ္သြန္းေလာင္းတံတားဆက္ျခင္း မဟာမဂၤလာအခမ္းအနားျပဳလုပ္
ပီယ (NP News) - ေအာက္တိုဘာ ၁၁
ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး(ဒလ)တံတား ကြန္ကရစ္သြန္းေလာင္းတံတားဆက္ျခင္း မဟာမဂၤလာအခမ္းအနားကို ယမန္ေန႔ (ေအာက္တိုဘာလ ၁ဝ ရက္) က ျပဳလုပ္ခဲ့သည္။
အဆိုပါအခမ္းအနားသို႔ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ႏွင့္အတူ ေကာ္မရွင္အတြင္းေရးမႉး တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးျမထြန္းဦး၊ ေဒါက္တာ ခ်ာလီသန္းႏွင့္ ဦးမ်ိဳးသန႔္၊ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။
မဂၤလာအခ်ိန္တြင္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒က ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး(ဒလ)တံတားဆက္ျခင္း မဟာမဂၤလာအခမ္းအနားကို စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး Controler အသုံးျပဳ၍ ကြန္ကရစ္သြန္းေလာင္းတံတားဆက္ျခင္းကို ေဆာင္႐ြက္ေပးသည္။ ယင္းေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေကာ္မရွင္ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ား က ကြန္ကရစ္သြန္းေလာင္းတံတားဆက္ထားသည့္ေနရာအား အေမႊးနံ႔သာရည္မ်ား ပက္ျဖန္းေပးၾကေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားက ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး(ဒလ)တံတား တည္ေဆာက္ၿပီးစီးမႈအေျခအေနမ်ားကို လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က လိုအပ္သည္မ်ား မွာၾကားသည္။
အဆိုပါ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး(ဒလ)တံတား တည္ေဆာက္ေရးစီမံကိန္းကို ၂၀၁၂ ခုႏွစ္ ႏိုင္ငံေတာ္သမၼတဦးသိန္းစိန္၏ ကိုရီးယားႏိုင္ငံခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ျမန္မာႏိုင္ငံတြင္ ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးစီမံကိန္း ၁ ခု အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၿပီး ၂၀၁၃ ခုႏွစ္တြင္ စီမံကိန္းအား စတင္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ခဲ့ရာ ၂၀၁၅ ခုႏွစ္တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ႏိုင္ရန္အတြက္ အႀကိဳအင္ဂ်င္နီယာလုပ္ငန္းမ်ား၊ ပုံစံထုတ္ျခင္းလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တံတားတည္ေဆာက္စဥ္ကာလအတြင္း ကိုဗစ္-၁၉ကပ္ေရာဂါျဖစ္ပြားျခင္းႏွင့္ ေႏွာင့္ေႏွးေတြ႕ႀကဳံခဲ့ရသည့္ လုပ္ငန္းအခက္အခဲမ်ားကို လက္ရွိအစိုးရအေနျဖင့္ ႏိုင္ငံေတာ္တာဝန္ယူထားသည့္အခ်ိန္တြင္ တံတားတည္ေဆာက္ေရးလုပ္ငန္းၿပီးစီးရန္ ႏိုင္ငံေတာ္ဘ႑ာေငြ ျဖည့္တင္းေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ လုပ္ငန္းၿပီးစီးခဲ့ျခင္းျဖစ္ေၾကာင္း၊ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး(ဒလ)တံတားမွာ သံမဏိႀကိဳးဆိုင္းတံတား Cable-Stayed Bridge အမ်ိဳးအစားျဖစ္ၿပီး ေလးလမ္းသြားတံတားျဖစ္ေၾကာင္း၊ ပင္မတံတားအရွည္မွာ ၂၂၆၄ ေပ၊ ရန္ကုန္ဘက္ခ်ဥ္းကပ္တံတား အရွည္မွာ ၁၈၉၁ ေပ၊ ဒလဘက္ကမ္း ခ်ဥ္းကပ္တံတားအရွည္မွာ ၁၉၇၂ ေပ၊ ရန္ကုန္ဘက္ကမ္းႏွင့္ ဒလဘက္ကမ္းခ်ဥ္းကပ္လမ္းအရွည္မွာ ၃၄၅၃ ေပျဖစ္ၿပီး တံတားတစ္စင္းလုံး၏ စုစုေပါင္းအရွည္မွာ ၆၁၂၇ ေပ ျဖစ္ေၾကာင္း၊ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး(ဒလ)တံတားသည္ ျမန္မာႏိုင္ငံရွိ တည္ေဆာက္ၿပီးစီးခဲ့သည့္ သံမဏိႀကိဳးဆိုင္းတံတားမ်ားအနက္ ေရလမ္းကင္းလြတ္အျမင့္ဆုံးတံတားျဖစ္ၿပီး တံတားေအာက္မွတန္ခ်ိန္ ၁၅၀၀၀ ရွိသည့္ ႏိုင္ငံတကာပင္လယ္ကူးသေဘၤာႀကီးမ်ားႏွင့္ ျပည္တြင္းေရေၾကာင္းသြားသေဘၤာႀကီးမ်ား ျဖတ္သန္းအသုံးျပဳႏိုင္ရန္ တံတားကင္းလြတ္အျမင့္ေပ ၁၆၀၊ အက်ယ္ ၉၉၀ ရွိေၾကာင္း၊ တံတား၏ ခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ၇၅ တန္ျဖစ္ၿပီး ျမန္မာအင္ဂ်င္နီယာမ်ားအေနျဖင့္ သံမဏိႀကိဳးဆိုင္းတံတားဆိုင္ရာပုံစံထုတ္ျခင္း၊ တည္ေဆာက္ျခင္း၊ ေခတ္မီနည္းပညာမ်ား နည္းစနစ္မ်ားႏွင့္ အေတြ႕အႀကဳံမ်ားကို ရရွိခဲ့ေၾကာင္း၊ ယခုတံတားႀကီး အေခ်ာသတ္တည္ေဆာက္ၿပီးစီးဖြင့္လွစ္ခဲ့ပါက ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕မွ ဒလ၊ တြံေတး၊ ေကာ့မူး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားသို႔လည္းေကာင္း၊ ေဒးဒရဲမွတစ္ဆင့္ ေဒးဒရဲ၊ ဖ်ာပုံ၊ ဘိုကေလးၿမိဳ႕ႏွင့္ ကမ္းေျခေဒသမ်ား အပါအဝင္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မ်ားသို႔လည္းေကာင္း လြယ္ကူလ်င္ျမန္စြာ သြားလာႏိုင္မည္ျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနသည့္ ရန္ကုန္ၿမိဳ႕ယာဥ္ေၾကာပိတ္ဆိုမႈမ်ားသည္လည္း အတိုင္းအတာတစ္ခုအထိ ေလ်ာ့ပါးသက္သာသြားေစမည္ျဖစ္ေၾကာင္း၊ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးက႑ ဖြံ႕ၿဖိဳးတိုးတက္မႈအပါအဝင္ က႑ေပါင္းစုံ၌ ဖြံ႕ၿဖိဳးတိုးတက္လာၿပီး ရန္ကုန္ၿမိဳ႕၏ အထင္ကရျပယုဂ္(Landmark) တစ္ခုလည္း ျဖစ္လာမည္ျဖစ္ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.