ပြင်ဦးလွင်မြို့ရှိ ခေတ်မီအဆင့်မြင့်သုမင်္ဂလာဈေး(ညံတောဈေး) မှ ဆိုင်ခန်းများ ငှားရမ်းရန်အတွက် တင်ဒါတင်သွင်းရမည့်ရက်ကို တိုးမြှင့်

 425

သုတကျော် (NP News) - အောက်တိုဘာ ၁၁

ပြင်ဦးလွင်မြို့ရှိ ခေတ်မီအဆင့်မြင့်သုမင်္ဂလာဈေး(ညံတောဈေး) မှ ဆိုင်ခန်းများ ငှားရမ်းရန်အတွက် တင်ဒါ တင်သွင်းရမည့်ရက်ကို တိုးမြှင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံက သိရသည်။
ခေတ်မီအဆင့်မြင့်သုမင်္ဂလာဈေး(ညံတောဈေး) တွင် မြေညီထပ် နေရာအတွက် ဘဏ်များ ၅ နေရာ၊ Branded ဆိုင် ၁၇ ဆိုင်၊ သားငါး နှင့် ကုန်စိမ်း(အအေးခန်း) ၂၆ ခန်း၊ စားသောက်ဆိုင်ခန်း ၃ နေရာ၊ စူပါမားကတ် (Shopping Mall) ၁ နေရာ၊ ပထမထပ်တွင် Branded ဆိုင် ၅၀၊ စတုတ္ထထပ်၊ ပဉ္စမထပ်နှင့် ခေါင်မိုးထပ်တွင် စားသောက်ဆိုင် နှင့် Snack Shop ၁၅ ဆိုင်၊ အခြားဆိုင်ခန်း ၈၅ ဆိုင်၊ ပဉ္စမထပ် လူ(၃၀၀) ဆံ့ မင်္ဂလာခန်းမ (၁) နေရာ နှင့် ခေါင်းမိုး ထပ် ဆိုင်ခန်းများ စသည်ဖြင့် ပါဝင်သည်။
ဆိုင်ခန်းများအား အမျိုးအစားအလိုက်၊ နေရာအလိုက် တင်ဒါစနစ်ဖြင့် ငှားရမ်းပေးရန် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးတွင် တင်ဒါတင်သွင်းရန် နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာခဲ့သည်။
ယင်းနောက် ဆိုင်ခန်းများကို တစ်ဦးချင်းသော်လည်းကောင်း၊ အထပ်လိုက်သော် လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ငှားရမ်းနိုင်ရေး - တင်ဒါ တင်သွင်းမည့်ရက်အား အောက်တိုဘာလ ၁၇ ရက် အထိ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ပြင်ဦးလွင်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ၿမိဳ႕ရွိ ေခတ္မီအဆင့္ျမင့္သုမဂၤလာေဈး(ညံေတာေဈး) မွ ဆိုင္ခန္းမ်ား ငွားရမ္းရန္အတြက္ တင္ဒါတင္သြင္းရမည့္ရက္ကို တိုးျမႇင့္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၁
ျပင္ဦးလြင္ၿမိဳ႕ရွိ ေခတ္မီအဆင့္ျမင့္သုမဂၤလာေဈး(ညံေတာေဈး) မွ ဆိုင္ခန္းမ်ား ငွားရမ္းရန္အတြက္ တင္ဒါ တင္သြင္းရမည့္ရက္ကို တိုးျမႇင့္ထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ထံက သိရသည္။
ေခတ္မီအဆင့္ျမင့္သုမဂၤလာေဈး(ညံေတာေဈး) တြင္ ေျမညီထပ္ ေနရာအတြက္ ဘဏ္မ်ား ၅ ေနရာ၊ Branded ဆိုင္ ၁၇ ဆိုင္၊ သားငါး ႏွင့္ ကုန္စိမ္း(အေအးခန္း) ၂၆ ခန္း၊ စားေသာက္ဆိုင္ခန္း ၃ ေနရာ၊ စူပါမားကတ္ (Shopping Mall) ၁ ေနရာ၊ ပထမထပ္တြင္ Branded ဆိုင္ ၅၀၊ စတုတၳထပ္၊ ပၪၥမထပ္ႏွင့္ ေခါင္မိုးထပ္တြင္ စားေသာက္ဆိုင္ ႏွင့္ Snack Shop ၁၅ ဆိုင္၊ အျခားဆိုင္ခန္း ၈၅ ဆိုင္၊ ပၪၥမထပ္ လူ(၃၀၀) ဆံ့ မဂၤလာခန္းမ (၁) ေနရာ ႏွင့္ ေခါင္းမိုး ထပ္ ဆိုင္ခန္းမ်ား စသည္ျဖင့္ ပါဝင္သည္။
ဆိုင္ခန္းမ်ားအား အမ်ိဳးအစားအလိုက္၊ ေနရာအလိုက္ တင္ဒါစနစ္ျဖင့္ ငွားရမ္းေပးရန္ စက္တင္ဘာ ၁၉ ရက္မွ ေအာက္တိုဘာလ ၁၀ ရက္အထိ ျပင္ဦးလြင္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ ႐ုံးတြင္ တင္ဒါတင္သြင္းရန္ ႏိုင္ငံပိုင္ သတင္းစာမ်ားတြင္ ေၾကာ္ျငာခဲ့သည္။
ယင္းေနာက္ ဆိုင္ခန္းမ်ားကို တစ္ဦးခ်င္းေသာ္လည္းေကာင္း၊ အထပ္လိုက္ေသာ္ လည္းေကာင္း၊ စုေပါင္း၍ ေသာ္လည္းေကာင္း ငွားရမ္းႏိုင္ေရး - တင္ဒါ တင္သြင္းမည့္ရက္အား ေအာက္တိုဘာလ ၁၇ ရက္ အထိ တိုးျမႇင့္ သတ္မွတ္ခဲ့ျခင္းျဖစ္ကာ ျပင္ဦးလြင္ၿမိဳ႕နယ္ စည္ပင္ သာယာေရးအဖြဲ႕႐ုံးသို႔ တင္သြင္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.