မဲစာရင်း ကြေညာမှုများကို (၇)ရက် ထပ်မံတိုးမြှင့်

 253

Pearl (NP News) - အောက်တိုဘာ ၁၂

မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ ကန့်ကွက်လွှာ၊ ပြင်ဆင် လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက် မဲစာရင်းကြေညာမှုများကို (၇) ရက် ထပ်မံတိုးမြှင့်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထား သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ (၅) အရ မဲစာရင်း ပုံစံ(၁) ၏ ပူးတွဲ (၁)ပါဇယားအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် ပုံစံ(၁)၏ ပူးတွဲ (၂) ပါဇယား အတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး မဲစာရင်းပြုစုခြင်း ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်များက မဲစာရင်းလာရောက် ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင် မည်ဖြစ်၍အဆိုပါ မဲစာရင်းကို ပြီးခဲ့သည့်စက်တင်ဘာ (၃၀)ရက်မှ အောက်တိုဘာလ(၁၃) ရက်အထိ ပထမအကြိမ်ကပ်၍ ကြေညာခဲ့ ကြောင်းလည်း သိရသည်။ ‘မဲစာရင်းရှာမတွေ့ဘူးဆိုတော့ အိမ်ထောင်စုယူပြီး စာရေးမတော့ မလာသေးဘူး လာတဲ့အချိန် လာလုပ်လိုက်ပါတဲ့။ သူတို့ကတော့ လုပ်ထုံးလုပ် နည်းအရ မဲစာရင်းပြင်ဆင်ချက်အရ သူတို့ဆီကို သွားပြီး အိမ်ထောင်စုယူပြီး သွားတင်ရမယ်ပေါ့။ ကျွန်တော်တို့ကတော့သွားလုပ်မှာပေါ့။ နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန် ယူတဲ့အနေနဲ့လုပ်မှာ ပေါ့} ဟု မဲစာရင်း၌ အမည်မပါဝင်သူ ကော့သောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ ကန့်ကွက်လွှာ၊ ပြင်ဆင် လွှာများတင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက်လည်း မဲစာရင်းကို အောက်တို ဘာ (၁၄)ရက် မှ (၂၀)ရက်ထိ ( ၇ ) ရက် ထပ်မံ တိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်းလည်း UEC က ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့် သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ ( ၄ ) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်း ပါအချက်အလက်များ မှားယွင်း နေပါက ပုံစံ ( ၄ - ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို အောက်တိုဘာ (၂၀) ရက်ထိ ဆက်လက်ဆောင် ရွက်နိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း မဲစာရင်းများ မှန်ကန် တိကျမှုရှိ စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ ဖြည့်စွက်ပြင်ဆင်ပြုစုထားသည့် ဒုတိယအကြိမ်မဲ စာရင်းကို မဲဆန္ဒရှင်များ ထပ်မံစိစစ်ကြည့်ရှုနိုင်ရန်အတွက် နိုဝင်ဘာလ ဒုတိယပတ်ခန့်တွင် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၈) ရက်တွင် ပြောထားသည်။

Zawgyi Version:
မဲစာရင္း ေၾကညာမႈမ်ားကို (၇)ရက္ ထပ္မံတိုးျမႇင့္
Pearl (NP News) - ေအာက္တိုဘာ ၁၂
မဲစာရင္းမ်ားျပည့္စုံမွန္ကန္ေစရန္ႏွင့္ မဲဆႏၵရွင္မ်ားက လိုအပ္သည့္ေတာင္းဆိုလႊာ ကန႔္ကြက္လႊာ၊ ျပင္ဆင္ လႊာမ်ား တင္ျပရာတြင္ အခ်ိန္ပိုမို ရရွိေစရန္အတြက္ မဲစာရင္းေၾကညာမႈမ်ားကို (၇) ရက္ ထပ္မံတိုးျမႇင့္ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ (UEC) က ထုတ္ျပန္ထား သည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အေနျဖင့္ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒ (၅) အရ မဲစာရင္း ပုံစံ(၁) ၏ ပူးတြဲ (၁)ပါဇယားအတိုင္း ျပည္ထဲေရးဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ျပဳစုထားသည့္ လူဦးေရစာရင္းႏွင့္ ပုံစံ(၁)၏ ပူးတြဲ (၂) ပါဇယား အတိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးက ျပဳစုထားသည့္ အိမ္ေထာင္စု လူဦးေရစာရင္း ပုံစံ (၆၆/၆) ပါ လူဦးေရစာရင္းမ်ားကို ရယူအေျခခံၿပီး မဲစာရင္းျပဳစုျခင္း ျဖစ္ေၾကာင္း သိရသည္။
မဲဆႏၵရွင္မ်ားက မဲစာရင္းလာေရာက္ ၾကည့္ရႈမွသာ ျပည့္စုံမွန္ကန္ေသာ မဲစာရင္းရရွိႏိုင္ မည္ျဖစ္၍အဆိုပါ မဲစာရင္းကို ၿပီးခဲ့သည့္စက္တင္ဘာ (၃၀)ရက္မွ ေအာက္တိုဘာလ(၁၃) ရက္အထိ ပထမအႀကိမ္ကပ္၍ ေၾကညာခဲ့ ေၾကာင္းလည္း သိရသည္။ ‘မဲစာရင္းရွာမေတြ႕ဘူးဆိုေတာ့ အိမ္ေထာင္စုယူၿပီး စာေရးမေတာ့ မလာေသးဘူး လာတဲ့အခ်ိန္ လာလုပ္လိုက္ပါတဲ့။ သူတို႔ကေတာ့ လုပ္ထုံးလုပ္ နည္းအရ မဲစာရင္းျပင္ဆင္ခ်က္အရ သူတို႔ဆီကို သြားၿပီး အိမ္ေထာင္စုယူၿပီး သြားတင္ရမယ္ေပါ့။ ကြၽန္ေတာ္တို႔ကေတာ့သြားလုပ္မွာေပါ့။ ႏိုင္ငံသား တစ္ေယာက္အေနနဲ႔ တာဝန္ ယူတဲ့အေနနဲ႔လုပ္မွာ ေပါ့} ဟု မဲစာရင္း၌ အမည္မပါဝင္သူ ေကာ့ေသာင္း ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
မဲစာရင္းမ်ား ျပည့္စုံမွန္ကန္ေစရန္ႏွင့္ မဲဆႏၵရွင္မ်ားက လိုအပ္သည့္ေတာင္းဆိုလႊာ ကန႔္ကြက္လႊာ၊ ျပင္ဆင္ လႊာမ်ားတင္ျပရာတြင္ အခ်ိန္ပိုမို ရရွိေစရန္အတြက္လည္း မဲစာရင္းကို ေအာက္တို ဘာ (၁၄)ရက္ မွ (၂၀)ရက္ထိ ( ၇ ) ရက္ ထပ္မံ တိုးျမႇင့္ ကပ္ထားေၾကညာသြားမည္ျဖစ္ေၾကာင္းလည္း UEC က ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ မိမိအမည္ မဲစာရင္းတြင္ မပါဝင္ပါက ပုံစံ ( ၃ ) ျဖင့္ မဲစာရင္းတြင္ အမည္ထည့္ သြင္းေပးရန္ ေတာင္းဆိုျခင္း၊ မပါဝင္သင့္သူမ်ား ပါဝင္ေနပါက ပုံစံ ( ၄ ) ျဖင့္ ကန႔္ကြက္ျခင္း၊ မဲစာရင္း ပါအခ်က္အလက္မ်ား မွားယြင္း ေနပါက ပုံစံ ( ၄ - ဂ) ျဖင့္ ျပင္ဆင္လႊာ တင္သြင္းျခင္းတို႔ကို ေအာက္တိုဘာ (၂၀) ရက္ထိ ဆက္လက္ေဆာင္ ႐ြက္ႏိုင္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္လည္း မဲစာရင္းမ်ား မွန္ကန္ တိက်မႈရွိ ေစရန္အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ပူးေပါင္းေဆာင္ ႐ြက္လ်က္ရွိၿပီး ဥပေဒႏွင့္အညီ ျဖည့္စြက္ျပင္ဆင္ျပဳစုထားသည့္ ဒုတိယအႀကိမ္မဲ စာရင္းကို မဲဆႏၵရွင္မ်ား ထပ္မံစိစစ္ၾကည့္ရႈႏိုင္ရန္အတြက္ ႏိုဝင္ဘာလ ဒုတိယပတ္ခန႔္တြင္ ကပ္ထားေၾကညာေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ (၈) ရက္တြင္ ေျပာထားသည္။

Related news

© 2021. All rights reserved.