“မီးပိုးကောင်အန္တရာယ် သတိပြုဖို့ M ဆိုင်းလူ အသိပေး”

 442

အိဖြူ (NP News) - အောက်တိုဘာ ၁၂

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မီးပိုးကောင်ကြောင့် မျက်နှာ တစ်ပြင်လုံးနီးပါး မီးလောင်ဒဏ်ရာပမာ ထိခိုက်ခံစားခဲ့ရသူ၊ JK Sophia ရဲ့ Miss Grand International ပြိုင်ပွဲ” စတဲ့ အနုပညာဆက်စပ်သတင်းတွေကိုဖော်ပြပေးသွားပါမယ်။

မီးပိုးကောင်ကြောင့် မျက်နှာတစ်ပြင်လုံး မီးလောင်ဒဏ်ရာပမာ ထိခိုက်ခံစားခဲ့ရသူ

မြန်မာနိုင်ငံရဲ့စူပါမော်ဒယ်စာရင်းဝင် မော်ဒယ် M ဆိုင်းလူက အောက်တိုဘာလ ပထမပတ်အတွင်း မျက်နှာပြင် တစ်ခုလုံးနီးပါး မီးလောင်ဒဏ်ရာပမာ ဖြစ်ပေါ်ခံစားခဲ့ရပါတယ်။ M ဆိုင်းလူက မျက်လုံးအနီးတစ်ဝိုက်ယားယံ လာတာ ကြောင့် လက်နဲ့ပွတ်ခဲ့မိပေမယ့် နောက်တစ်နေ့မှာ အရည်ကြည်ဖုတွေနဲ့ရောင်းရမ်းလာတဲ့မျက်နှာပြင်ကိုတွေ့ မြင်ခဲ့ရတဲ့ အတွက် ထိတ်လန့်ခဲ့ရကြောင်း ရင်ဖွင့်ထားပါတယ်။
သူ့အနေနဲ့ မျက်နှာအစိတ်အပိုင်းဖြစ်တာကြောင့် ပိုမိုထိတ်လန့်မိခဲ့ပြီး၊ ဆေးကုသမှုခံယူခဲ့ရာ နှစ်ရက်မြောက်မှာ သူရဲ့ပရိသတ် တွေကိုအသိပေးခဲ့ပါတယ်။ “ဆိုင်းလူ သတိမထားမိလိုက်တဲ့အချိန်မှာဖြစ်သွားတဲ့အတွက်ကြောင့် အားလုံး သတိထားလို့ရအောင် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ အကောင်က ကိုက်တတ်တာမဟုတ်ပေမယ့် သူရဲ့ခန္ဓာကိုယ်က အဆိပ်ရည်နဲ့ လူ့အရေပြားနဲ့ထိမိရင် မီးလောင်ထားသလို ရဲပြီးနာကျင်တာပါ။ ဆိုင်းလူက မျက်လုံးနဲ့မျက်နှာမှာ ဖြစ်သွားတဲ့အတွက် အခြေအနေတော်တော်ဆိုးပါတယ်”လို့ မော်ဒယ် M ဆိုင်းလူက မျှဝေခဲ့တာဖြစ်ပါတယ်။ (၃)ရက် မြောက်နေ့မှာ ဖော်ပြပါပုံအတိုင်း ညာဘက်မျက်လုံးက ဖွင့်မရတဲ့အထိဖြစ်ခဲ့ရကာ မျက်နှာတစ်ပြင်လုံးက မီးအပူလောင် ဒဏ်ရာပမာ ခံစားခဲ့ရတယ်လို့သိရပါတယ်။
M ဆိုင်းလူရဲ့မျက်နှာပြင်ဒဏ်ရာဟာ Rove beetle (ခ)မီးပိုးကောင်ကြောင့် အရေပြားဓာတ်မတည့်မှုဖြစ်နိုင် ခြေများကြောင်း ဆရာဝန်က မှတ်ချက်ပြုခဲ့တယ်လို့သိရပါတယ်။ Rove beetle (ခ) မီးပိုးကောင်ဆိုတာ အဆိုပါသတ္တဝါရဲ့ ခန္ဓာကိုယ်အရည် (hemolymph) မှာ pederin လို့ခေါ်တဲ့အဆိပ်ဓာတ်ပါဝင်ပြီး လူ့ခန္ဓာကိုယ်အရေပြားနဲ့ထိတွေ့မိပါက ပြင်းထန်ရောင်ရမ်းမှုကိုဖြစ်စေနိုင်တယ်လို့ လေ့လာဖတ်ရှုမိပါတယ်။ မြန်မာအခေါ်အဝေါ်အရ မီးပိုးကောင်ကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ရောဂါ လက္ခဏာကို Paederus Dermatitis (ပီဒရပ်စ် အရေပြားရောင်ရမ်းခြင်း)လို့ခေါ်ဆိုပြီး၊ ပီဒရပ်စ် မျိုးစု (Paederus)မှ အင်းဆက်ပိုးတစ်မျိုးကြောင့်ဖြစ်ပွားတဲ့ ထူးခြားဓာတ်မတည့်မှု အရေပြားရောဂါဖြစ်ပွား စေတတ်ပါ တယ်။ မီးပိုးကောင်ကထုတ်လွှတ်တဲ့အဆိပ်ရည်(Pederin)က အရေပြားနဲ့ထိတွေ့ပြီး (၂၄)နာရီအတွင်း ပြင်းထန်တဲ့တုံ့ ပြန်မှုကိုဖြစ်စေကာ ရောဂါလက္ခဏာတွေက လူတစ်ဦးချင်းစီရဲ့တုံ့ပြန်မှုပေါ်မှာမူတည်တယ်လို့သိရပါတယ်။ Paederus (ခေါ်)မီးပိုးကောင်ကို မတော်တဆဖိမိခြင်း(ဥပမာ အရေပြားပေါ်မှာ ပိုးကောင်ရှိနေမှန်းမသိချိန်ရိုက်မိခြင်း) စတဲ့လုပ်ရပ် တွေကြောင့် ပိုးကောင်ရဲ့အဆိပ်ရည်ဟာ အရေပြားပေါ်ထိတွေ့ပြီး ဓာတ်မတည့်မှု တွေဖြစ်နိုင်ကြောင်းသိရှိရကာ M ဆိုင်း လူအနေနဲ့လည်း အခုလိုမျက်နှာပြင်မှာ ကူးစက်ခံစားခဲ့ရခြင်းဖြစ်နိုင်ကြောင်းဆိုထားပါတယ်။
မီးပိုးကောင်ကြောင့်ဖြစ်ပေါ်တတ်တဲ့ရောဂါလက္ခဏာများမှာ - အဆိပ်ရည်နဲ့ထိတွေ့ပြီး (၂၄-၄၈) နာရီအတွင်း ယားယံခြင်း၊ ပူလောင်ခြင်း၊ အနီကွက်များ ပေါ်လာခြင်းများဖြစ်ပေါ်လေ့ရှိကာ (၂ )ရက်(၃) ရက်ကြာပါက အရည်ကြည် ဖုများ(blisters)ထွက်ခြင်း၊ နာကျင်မှု၊ အရေပြားခြောက်သွေ့ကာကွာကျခြင်း၊ ပြင်းထန်အခြေအနေဖြစ်ပေါ်လာပါက အဖျားတက်ခြင်း၊ အာရုံကြောနာခြင်း၊ အဆစ်နာခြင်း၊ အန်ခြင်း အစရှိတဲ့လက္ခဏာတွေလည်းဖြစ်ပေါ်တတ်ပြီး၊ မျက်လုံး နဲ့ နီးစပ်တဲ့နေရာမှာထိခိုက်မိပါက မျက်စိအမြှေးပါးရောင်ရမ်း ခြင်း(နိုင်ရိုဘီမျက်စိရောဂါ)လက္ခဏာများ ဖြစ်ပေါ် ခံစား ရတတ်ကြောင်း လေ့လာဖတ်ရှုမိပါတယ်။
မီးပိုးကောင်ကြောင့် အရေးပြားရောဂါဖြစ်ပေါ်ပြီဆိုပါက အဆိပ်ထိတွေ့ရာနေရာကို ဆပ်ပြာ၊ ရေနဲ့ ချက်ချင်း ဆေးကြောကာ အရည်ကြည်ဖုတွေကို ရေခဲဝတ်ကပ်ခြင်း၊ စတီးရွိုက်လိမ်းဆေးသုံးခြင်းဖြင့်ကုသနိုင်ပါတယ်။ M ဆိုင်းလူက ကိုယ်တိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်ကို သူရဲ့ဖေ့စ်ဘွတ်အကောင့်မှာမျှဝေခဲ့ပြီးနောက် အားပေးစကား များစွာပြောပေးခဲ့ကြပြီး ထပ်တူကြုံတွေခဲ့ရသူတွေကလည်း ၎င်းတို့ရဲ့အတွေ့အကြုံတွေကိုမျှဝေပေးခဲ့ကြကာ လူတိုင်း မီးပိုးကောင်အန္တရာယ်မှ သတိထားကြဖို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

JK Sophia ရဲ့ 2025 Miss Grand International
Miss Grand Myanmar (2025) မြန်မာကိုယ်စားပြုအလှမယ် JK Sophia က အနုပညာမီဒီယာအများစုနဲ့ မြန်မာပရိသတ်တချို့ရဲ့အားပေးမှုကိုမရရှိထားပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပလျက်ရှိတဲ့ Miss Grand International (2025) ပြိုင်ပွဲကို အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်လျက်ရှိတာကို တွေ့မြင်နေရပါတယ်။
မြန်မာအလှမယ်လောကကို အားပေးသူပရိသတ်တချို့နဲ့ အလှမယ်သဲစုညိမ်း Fan ဆိုသူတွေက ပြီးခဲ့တဲ့နှစ် Miss Grand Myanmar (2024) မှာ အလှမယ်သဲစုညိမ်း နိုင်ငံတကာစင်မြင့်ထက်မှာ ဆုကြေညာမှုရလဒ်အပေါ် ခံစားချက်မထိန်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံအရှက်ကွဲခဲ့ရတဲ့လုပ်ရပ်ကို လျစ်လျူရှု နိုင်ကြပေမယ့် Miss Grand International ပြိုင်ပွဲစီစဉ်သူ Nawat Itsaragrisil စီစဉ်မှုအောက်မှာ မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss Grand Myanmar (2025) အလှမယ် JK Sophia ကို နိုင်ငံတကာပြိုင်ပွဲ မစတင်ခင်ကတည်းက အပြင်းအထန်ဝေဖန်ခဲ့ကြတာပါ။ အသက် (၂၂) နှစ်အရွယ် ရှမ်းတိုင်းရင်းသူ JK Sophia က Myanmar Star ကမွေးထုတ်ပေးခဲ့တဲ့ ဝါသနာရှင်အဆိုတော် တစ်ဦးဖြစ်ပြီး၊ အဆို အကပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ရုံမက တူရိယာနှစ်ခုထက်မနည်းတီးခတ်နိုင်သူဖြစ်ကာ၊ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် စတဲ့ ဘာသာစကား (၃)မျိုးထက်မနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင် သူဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ Miss Grand International 2025 ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်စဉ် ပြိုင်ပွဲ ပွဲစဉ်တိုင်းမှာ တက်ကြွစွာ ပါဝင်ဆောင် ရွက်လျက်ရှိတာကို Miss Grand Myanmar Organization Page မှာဖော်ပြလျက်ရှိပြီး Talent Show ထုတ်ဖော်ပြသမှုမှာလည်း အဆို အကအပြင် Black Pink အဖွဲ့ဝင် Jennie Kim ရဲ့ ကမ္ဘာကျော်သီချင်းဖြစ်တဲ့ Like Jennie သီချင်းကို ကိုယ်တိုင်စာသားပြောင်းလဲ ရေးသားကာ ဖျော်ဖြေတင်ဆက်ခဲ့မှုက ဒိုင်တွေကို အံ့အားသင့်စေခဲ့ပြီး ရလဒ်ကောင်းများစွာရရှိစေခဲ့ပါတယ်။
သူရဲ့ဆောင်ပုဒ်မှာ “Yesterday is history, tomorrow is a mystery, today is a present”လို့ဆိုထားပါတယ်။ သူ့အနေနဲ့ Miss Grand International ကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ “နိုင်ငံတွင်း စစ်ပွဲနဲ့အကြမ်းဖက်မှုတွေကိုရပ် တန့်ပြီး မျှော်လင့်ချက်၊ စည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးကိုလှုံ့ဆော်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်တယ်”လို့ အကြွေးကြော်ထား ပါတယ်။

မိခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကို နာရေးယာဉ်ကိုယ်တိုင်မောင်းပို့ခဲ့သူ
အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာရဲ့မိခင် ‌ဒေါ်မြရွှေ (၇၂) နှစ်ဟာ အောက်တိုဘာလ (၈) ရက် မနက်ပိုင်းက (၉၆)ပါးရောဂါနဲ့ ကွယ်လွန်ဆုံးပါးသွားခဲ့ပါပြီ။ နန်းခင်ဇေယျာက မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် အနီးကပ် ပြုစုလျက်ရှိကြောင်း၊ အသက်ကယ်တင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း လွန်ခဲ့တဲ့လပိုင်းက အသိပေးဖြေကြား ခဲ့ဖူးပြီး၊ မိခင်ကို ဆေးရုံတင်ကာ ဆေးကုသမှုခံယူထားရပေမယ့် တာဝန်ယူထားတဲ့အလုပ်တွေကိုလည်း မပျက်ကွက် အောင်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးပြောပြခဲ့ဖူးပါတယ်။ နန်းခင်ဇေယျာက ‘ဒီတစ်ခါ နာရေးကားကို ကိုယ်တိုင် မောင်းပြီး အမိုးရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ရတာ ဝမ်းအနည်းဆုံးပဲအမိုးရေ။ ဒါပေမဲ့ သမီးမငိုဘူးသိလား။ အမိုး နောက်ဆုံးထွက်သက်လေးမှာ သမီးရဲ့လက်လေးပေါ်မှာပဲနော်။ စိတ်အေးချမ်းသာစွာသွားပါ အမိုး။ ကောင်းရာဘုံဘဝမှာ အနားယူပါအမိုးရေ’လို့ ဝမ်းနည်းဆုတောင်းစကားဆိုခဲ့ပါတယ်။
သူ့အနေနဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ရေဝေးသုသာန်သို့ ကိုယ်တိုင် နာရေးယာဉ်မောင်းနှင်ကာ ပို့ဆောင်ခဲ့ ခြင်းဖြစ်ပြီး၊ မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပေမယ့် မျက်ရည်ကိုထိန်းထားနိုင်ခဲ့ကြောင်း၊ မိခင်ရုပ်အလောင်း ကိုတင်ဆောင်ကာမောင်းနှင်ရမှုက ဝမ်းအနည်းဆုံးဖြစ်ကြောင်းရင်ဖွင့်ထားပါတယ်။ နန်းခင်ဇေယျာရဲ့မိခင် ‌ဒေါ်မြရွှေက သွေးလေးဖက်နာ ရောဂါဖြစ်ပွားမှုကတစ်ဆင့် အဆုတ်ရောဂါဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လနဲ့ချီ Grand Hantha International Hospital ရဲ့ ICU ထဲမှာ ဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်ကာ နောက်ဆုံးထွက်သက်အချိန်ကိုလည်း အဆိုပါ ဆေးရုံမှာသာ သက်တမ်းကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။ ‌ နန်းခင်ဇေယျာရဲ့အမိုး ‌ဒေါ်မြရွှေ ကောင်းရာသုဂတိလားပါစေ ကြောင်း ဆုတောင်းမေတ္တာပြုအပ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“မီးပိုးေကာင္အႏၲရာယ္ သတိျပဳဖို႔ M ဆိုင္းလူ အသိေပး”

The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “မီးပိုးေကာင္ေၾကာင့္ မ်က္ႏွာ တစ္ျပင္လုံးနီးပါး မီးေလာင္ဒဏ္ရာပမာ ထိခိုက္ခံစားခဲ့ရသူ၊ JK Sophia ရဲ႕ Miss Grand International ၿပိဳင္ပြဲ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကိုေဖာ္ျပေပးသြားပါမယ္။

မီးပိုးေကာင္ေၾကာင့္ မ်က္ႏွာတစ္ျပင္လုံး မီးေလာင္ဒဏ္ရာပမာ ထိခိုက္ခံစားခဲ့ရသူ

ျမန္မာႏိုင္ငံရဲ႕စူပါေမာ္ဒယ္စာရင္းဝင္ ေမာ္ဒယ္ M ဆိုင္းလူက ေအာက္တိုဘာလ ပထမပတ္အတြင္း မ်က္ႏွာျပင္ တစ္ခုလုံးနီးပါး မီးေလာင္ဒဏ္ရာပမာ ျဖစ္ေပၚခံစားခဲ့ရပါတယ္။ M ဆိုင္းလူက မ်က္လုံးအနီးတစ္ဝိုက္ယားယံ လာတာ ေၾကာင့္ လက္နဲ႔ပြတ္ခဲ့မိေပမယ့္ ေနာက္တစ္ေန႔မွာ အရည္ၾကည္ဖုေတြနဲ႔ေရာင္းရမ္းလာတဲ့မ်က္ႏွာျပင္ကိုေတြ႕ ျမင္ခဲ့ရတဲ့ အတြက္ ထိတ္လန႔္ခဲ့ရေၾကာင္း ရင္ဖြင့္ထားပါတယ္။
သူ႔အေနနဲ႔ မ်က္ႏွာအစိတ္အပိုင္းျဖစ္တာေၾကာင့္ ပိုမိုထိတ္လန႔္မိခဲ့ၿပီး၊ ေဆးကုသမႈခံယူခဲ့ရာ ႏွစ္ရက္ေျမာက္မွာ သူရဲ႕ပရိသတ္ ေတြကိုအသိေပးခဲ့ပါတယ္။ “ဆိုင္းလူ သတိမထားမိလိုက္တဲ့အခ်ိန္မွာျဖစ္သြားတဲ့အတြက္ေၾကာင့္ အားလုံး သတိထားလို႔ရေအာင္ မွ်ေဝလိုက္ျခင္းျဖစ္ပါတယ္။ အေကာင္က ကိုက္တတ္တာမဟုတ္ေပမယ့္ သူရဲ႕ခႏၶာကိုယ္က အဆိပ္ရည္နဲ႔ လူ႔အေရျပားနဲ႔ထိမိရင္ မီးေလာင္ထားသလို ရဲၿပီးနာက်င္တာပါ။ ဆိုင္းလူက မ်က္လုံးနဲ႔မ်က္ႏွာမွာ ျဖစ္သြားတဲ့အတြက္ အေျခအေနေတာ္ေတာ္ဆိုးပါတယ္”လို႔ ေမာ္ဒယ္ M ဆိုင္းလူက မွ်ေဝခဲ့တာျဖစ္ပါတယ္။ (၃)ရက္ ေျမာက္ေန႔မွာ ေဖာ္ျပပါပုံအတိုင္း ညာဘက္မ်က္လုံးက ဖြင့္မရတဲ့အထိျဖစ္ခဲ့ရကာ မ်က္ႏွာတစ္ျပင္လုံးက မီးအပူေလာင္ ဒဏ္ရာပမာ ခံစားခဲ့ရတယ္လို႔သိရပါတယ္။
M ဆိုင္းလူရဲ႕မ်က္ႏွာျပင္ဒဏ္ရာဟာ Rove beetle (ခ)မီးပိုးေကာင္ေၾကာင့္ အေရျပားဓာတ္မတည့္မႈျဖစ္ႏိုင္ ေျခမ်ားေၾကာင္း ဆရာဝန္က မွတ္ခ်က္ျပဳခဲ့တယ္လို႔သိရပါတယ္။ Rove beetle (ခ) မီးပိုးေကာင္ဆိုတာ အဆိုပါသတၱဝါရဲ႕ ခႏၶာကိုယ္အရည္ (hemolymph) မွာ pederin လို႔ေခၚတဲ့အဆိပ္ဓာတ္ပါဝင္ၿပီး လူ႔ခႏၶာကိုယ္အေရျပားနဲ႔ထိေတြ႕မိပါက ျပင္းထန္ေရာင္ရမ္းမႈကိုျဖစ္ေစႏိုင္တယ္လို႔ ေလ့လာဖတ္ရႈမိပါတယ္။ ျမန္မာအေခၚအေဝၚအရ မီးပိုးေကာင္ေၾကာင့္ ျဖစ္ေပၚေလ့ရွိတဲ့ေရာဂါ လကၡဏာကို Paederus Dermatitis (ပီဒရပ္စ္ အေရျပားေရာင္ရမ္းျခင္း)လို႔ေခၚဆိုၿပီး၊ ပီဒရပ္စ္ မ်ိဳးစု (Paederus)မွ အင္းဆက္ပိုးတစ္မ်ိဳးေၾကာင့္ျဖစ္ပြားတဲ့ ထူးျခားဓာတ္မတည့္မႈ အေရျပားေရာဂါျဖစ္ပြား ေစတတ္ပါ တယ္။ မီးပိုးေကာင္ကထုတ္လႊတ္တဲ့အဆိပ္ရည္(Pederin)က အေရျပားနဲ႔ထိေတြ႕ၿပီး (၂၄)နာရီအတြင္း ျပင္းထန္တဲ့တုံ႔ ျပန္မႈကိုျဖစ္ေစကာ ေရာဂါလကၡဏာေတြက လူတစ္ဦးခ်င္းစီရဲ႕တုံ႔ျပန္မႈေပၚမွာမူတည္တယ္လို႔သိရပါတယ္။ Paederus (ေခၚ)မီးပိုးေကာင္ကို မေတာ္တဆဖိမိျခင္း(ဥပမာ အေရျပားေပၚမွာ ပိုးေကာင္ရွိေနမွန္းမသိခ်ိန္႐ိုက္မိျခင္း) စတဲ့လုပ္ရပ္ ေတြေၾကာင့္ ပိုးေကာင္ရဲ႕အဆိပ္ရည္ဟာ အေရျပားေပၚထိေတြ႕ၿပီး ဓာတ္မတည့္မႈ ေတြျဖစ္ႏိုင္ေၾကာင္းသိရွိရကာ M ဆိုင္း လူအေနနဲ႔လည္း အခုလိုမ်က္ႏွာျပင္မွာ ကူးစက္ခံစားခဲ့ရျခင္းျဖစ္ႏိုင္ေၾကာင္းဆိုထားပါတယ္။
မီးပိုးေကာင္ေၾကာင့္ျဖစ္ေပၚတတ္တဲ့ေရာဂါလကၡဏာမ်ားမွာ - အဆိပ္ရည္နဲ႔ထိေတြ႕ၿပီး (၂၄-၄၈) နာရီအတြင္း ယားယံျခင္း၊ ပူေလာင္ျခင္း၊ အနီကြက္မ်ား ေပၚလာျခင္းမ်ားျဖစ္ေပၚေလ့ရွိကာ (၂ )ရက္(၃) ရက္ၾကာပါက အရည္ၾကည္ ဖုမ်ား(blisters)ထြက္ျခင္း၊ နာက်င္မႈ၊ အေရျပားေျခာက္ေသြ႕ကာကြာက်ျခင္း၊ ျပင္းထန္အေျခအေနျဖစ္ေပၚလာပါက အဖ်ားတက္ျခင္း၊ အာ႐ုံေၾကာနာျခင္း၊ အဆစ္နာျခင္း၊ အန္ျခင္း အစရွိတဲ့လကၡဏာေတြလည္းျဖစ္ေပၚတတ္ၿပီး၊ မ်က္လုံး နဲ႔ နီးစပ္တဲ့ေနရာမွာထိခိုက္မိပါက မ်က္စိအေျမႇးပါးေရာင္ရမ္း ျခင္း(ႏိုင္႐ိုဘီမ်က္စိေရာဂါ)လကၡဏာမ်ား ျဖစ္ေပၚ ခံစား ရတတ္ေၾကာင္း ေလ့လာဖတ္ရႈမိပါတယ္။
မီးပိုးေကာင္ေၾကာင့္ အေရးျပားေရာဂါျဖစ္ေပၚၿပီဆိုပါက အဆိပ္ထိေတြ႕ရာေနရာကို ဆပ္ျပာ၊ ေရနဲ႔ ခ်က္ခ်င္း ေဆးေၾကာကာ အရည္ၾကည္ဖုေတြကို ေရခဲဝတ္ကပ္ျခင္း၊ စတီး႐ြိဳက္လိမ္းေဆးသုံးျခင္းျဖင့္ကုသႏိုင္ပါတယ္။ M ဆိုင္းလူက ကိုယ္တိုင္ႀကဳံေတြ႕ေနရတဲ့အျဖစ္အပ်က္ကို သူရဲ႕ေဖ့စ္ဘြတ္အေကာင့္မွာမွ်ေဝခဲ့ၿပီးေနာက္ အားေပးစကား မ်ားစြာေျပာေပးခဲ့ၾကၿပီး ထပ္တူႀကဳံေတြခဲ့ရသူေတြကလည္း ၎တို႔ရဲ႕အေတြ႕အႀကဳံေတြကိုမွ်ေဝေပးခဲ့ၾကကာ လူတိုင္း မီးပိုးေကာင္အႏၲရာယ္မွ သတိထားၾကဖို႔ ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

JK Sophia ရဲ႕ 2025 Miss Grand International
Miss Grand Myanmar (2025) ျမန္မာကိုယ္စားျပဳအလွမယ္ JK Sophia က အႏုပညာမီဒီယာအမ်ားစုနဲ႔ ျမန္မာပရိသတ္တခ်ိဳ႕ရဲ႕အားေပးမႈကိုမရရွိထားေပမယ့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာက်င္းပလ်က္ရွိတဲ့ Miss Grand International (2025) ၿပိဳင္ပြဲကို အစြမ္းကုန္ ႀကိဳးစားယွဥ္ၿပိဳင္လ်က္ရွိတာကို ေတြ႕ျမင္ေနရပါတယ္။
ျမန္မာအလွမယ္ေလာကကို အားေပးသူပရိသတ္တခ်ိဳ႕နဲ႔ အလွမယ္သဲစုညိမ္း Fan ဆိုသူေတြက ၿပီးခဲ့တဲ့ႏွစ္ Miss Grand Myanmar (2024) မွာ အလွမယ္သဲစုညိမ္း ႏိုင္ငံတကာစင္ျမင့္ထက္မွာ ဆုေၾကညာမႈရလဒ္အေပၚ ခံစားခ်က္မထိန္းႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံအရွက္ကြဲခဲ့ရတဲ့လုပ္ရပ္ကို လ်စ္လ်ဴရႈ ႏိုင္ၾကေပမယ့္ Miss Grand International ၿပိဳင္ပြဲစီစဥ္သူ Nawat Itsaragrisil စီစဥ္မႈေအာက္မွာ ျမန္မာကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ Miss Grand Myanmar (2025) အလွမယ္ JK Sophia ကို ႏိုင္ငံတကာၿပိဳင္ပြဲ မစတင္ခင္ကတည္းက အျပင္းအထန္ေဝဖန္ခဲ့ၾကတာပါ။ အသက္ (၂၂) ႏွစ္အ႐ြယ္ ရွမ္းတိုင္းရင္းသူ JK Sophia က Myanmar Star ကေမြးထုတ္ေပးခဲ့တဲ့ ဝါသနာရွင္အဆိုေတာ္ တစ္ဦးျဖစ္ၿပီး၊ အဆို အကပိုင္းကို ကြၽမ္းက်င္ပိုင္ႏိုင္႐ုံမက တူရိယာႏွစ္ခုထက္မနည္းတီးခတ္ႏိုင္သူျဖစ္ကာ၊ ရွမ္း၊ ျမန္မာ၊ အဂၤလိပ္၊ တ႐ုတ္ စတဲ့ ဘာသာစကား (၃)မ်ိဳးထက္မနည္းကို ကြၽမ္းက်င္ပိုင္ႏိုင္စြာေျပာဆိုႏိုင္ သူျဖစ္ပါတယ္။
လက္ရွိက်င္းပေနတဲ့ Miss Grand International 2025 ၿပိဳင္ပြဲမွာလည္း ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ထိုင္းႏိုင္ငံမွာ သြားေရာက္ယွဥ္ၿပိဳင္စဥ္ ၿပိဳင္ပြဲ ပြဲစဥ္တိုင္းမွာ တက္ႂကြစြာ ပါဝင္ေဆာင္ ႐ြက္လ်က္ရွိတာကို Miss Grand Myanmar Organization Page မွာေဖာ္ျပလ်က္ရွိၿပီး Talent Show ထုတ္ေဖာ္ျပသမႈမွာလည္း အဆို အကအျပင္ Black Pink အဖြဲ႕ဝင္ Jennie Kim ရဲ႕ ကမာၻေက်ာ္သီခ်င္းျဖစ္တဲ့ Like Jennie သီခ်င္းကို ကိုယ္တိုင္စာသားေျပာင္းလဲ ေရးသားကာ ေဖ်ာ္ေျဖတင္ဆက္ခဲ့မႈက ဒိုင္ေတြကို အံ့အားသင့္ေစခဲ့ၿပီး ရလဒ္ေကာင္းမ်ားစြာရရွိေစခဲ့ပါတယ္။
သူရဲ႕ေဆာင္ပုဒ္မွာ “Yesterday is history, tomorrow is a mystery, today is a present”လို႔ဆိုထားပါတယ္။ သူ႔အေနနဲ႔ Miss Grand International ကို ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းမွာ “ႏိုင္ငံတြင္း စစ္ပြဲနဲ႔အၾကမ္းဖက္မႈေတြကိုရပ္ တန႔္ၿပီး ေမွ်ာ္လင့္ခ်က္၊ စည္းလုံးမႈနဲ႔ ၿငိမ္းခ်မ္းေရးကိုလႈံ႕ေဆာ္ဖို႔ စိတ္ပိုင္းျဖတ္ထားတာျဖစ္တယ္”လို႔ အေႂကြးေၾကာ္ထား ပါတယ္။

မိခင္ျဖစ္သူရဲ႕ေနာက္ဆုံးခရီးကို နာေရးယာဥ္ကိုယ္တိုင္ေမာင္းပို႔ခဲ့သူ
အလွမယ္ သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာရဲ႕မိခင္ ‌ေဒၚျမေ႐ႊ (၇၂) ႏွစ္ဟာ ေအာက္တိုဘာလ (၈) ရက္ မနက္ပိုင္းက (၉၆)ပါးေရာဂါနဲ႔ ကြယ္လြန္ဆုံးပါးသြားခဲ့ပါၿပီ။ နန္းခင္ေဇယ်ာက မိခင္ျဖစ္သူ က်န္းမာေရးမေကာင္းတာေၾကာင့္ အနီးကပ္ ျပဳစုလ်က္ရွိေၾကာင္း၊ အသက္ကယ္တင္ႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားလ်က္ရွိေၾကာင္း လြန္ခဲ့တဲ့လပိုင္းက အသိေပးေျဖၾကား ခဲ့ဖူးၿပီး၊ မိခင္ကို ေဆး႐ုံတင္ကာ ေဆးကုသမႈခံယူထားရေပမယ့္ တာဝန္ယူထားတဲ့အလုပ္ေတြကိုလည္း မပ်က္ကြက္ ေအာင္လုပ္ေဆာင္လ်က္ရွိေၾကာင္း အသိေပးေျပာျပခဲ့ဖူးပါတယ္။ နန္းခင္ေဇယ်ာက ‘ဒီတစ္ခါ နာေရးကားကို ကိုယ္တိုင္ ေမာင္းၿပီး အမိုးရဲ႕ေနာက္ဆုံးခရီးကိုလိုက္ပို႔ရတာ ဝမ္းအနည္းဆုံးပဲအမိုးေရ။ ဒါေပမဲ့ သမီးမငိုဘူးသိလား။ အမိုး ေနာက္ဆုံးထြက္သက္ေလးမွာ သမီးရဲ႕လက္ေလးေပၚမွာပဲေနာ္။ စိတ္ေအးခ်မ္းသာစြာသြားပါ အမိုး။ ေကာင္းရာဘုံဘဝမွာ အနားယူပါအမိုးေရ’လို႔ ဝမ္းနည္းဆုေတာင္းစကားဆိုခဲ့ပါတယ္။
သူ႔အေနနဲ႔ မိခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို ေရေဝးသုသာန္သို႔ ကိုယ္တိုင္ နာေရးယာဥ္ေမာင္းႏွင္ကာ ပို႔ေဆာင္ခဲ့ ျခင္းျဖစ္ၿပီး၊ မိခင္ျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္ရေပမယ့္ မ်က္ရည္ကိုထိန္းထားႏိုင္ခဲ့ေၾကာင္း၊ မိခင္႐ုပ္အေလာင္း ကိုတင္ေဆာင္ကာေမာင္းႏွင္ရမႈက ဝမ္းအနည္းဆုံးျဖစ္ေၾကာင္းရင္ဖြင့္ထားပါတယ္။ နန္းခင္ေဇယ်ာရဲ႕မိခင္ ‌ေဒၚျမေ႐ႊက ေသြးေလးဖက္နာ ေရာဂါျဖစ္ပြားမႈကတစ္ဆင့္ အဆုတ္ေရာဂါျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ လနဲ႔ခ်ီ Grand Hantha International Hospital ရဲ႕ ICU ထဲမွာ ေဆးကုသမႈခံယူခဲ့ရျခင္းျဖစ္ကာ ေနာက္ဆုံးထြက္သက္အခ်ိန္ကိုလည္း အဆိုပါ ေဆး႐ုံမွာသာ သက္တမ္းကုန္ဆုံးခဲ့ရတာျဖစ္ပါတယ္။ ‌ နန္းခင္ေဇယ်ာရဲ႕အမိုး ‌ေဒၚျမေ႐ႊ ေကာင္းရာသုဂတိလားပါေစ ေၾကာင္း ဆုေတာင္းေမတၱာျပဳအပ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.