အင်းစိန်မြို့နယ်ရှိ “မြင့်မိုရ်” တည်းခိုခန်းမီးလောင်မှုမှာ ဂတ်စ်မီးဖို အပူလွန်ကဲမှုကြောင့်ဖြစ်

 1773

သန့်ဇင် (NP News) - အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ “မြင့်မိုရ်” တည်းခိုခန်းတွင် ဂတ်စ်မီးဖို အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားရာ အပေါ်တစ်ထပ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)၊ ည ၇ နာရီ ၂၅ မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းရှိ “မြင့်မိုရ်” တည်းခိုခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂတ်စ်မီးဖိုကနေပြီးတော့ အပူလွန်ကဲပြီးတော့ လောင်တာလို့ ပြောတယ်။ လောင်ကျွမ်းမှုဧရိယာလည်းများတယ်ပေါ့နော်။ တည်းခိုခန်းအပေါ် တစ်ထပ်လုံး အကုန်လောင်သွားတာ။ တည်းခိုခန်းကတော့ ဟောင်းနေပြီ။ ပြင်ဆင်မှုလည်း မရှိဘူးလို့ သိရတယ်” ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တည်းခိုခန်း၏ အပေါ်တစ်ထပ်လုံးနှင့် အောက်ထပ်ရှိ အတွင်းပစ္စည်းများစွာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“လူ ထိခိုက်မှု မရှိပါဘူး။ မီးကတော့ Level 1 နဲ့ပဲငြှိမ်းလိုက်နိုင်ခဲ့တယ်။ အဲဒီမှာ မီးလောင်တဲ့အချိန်မှာပဲ ပိုင်ရှင်တွေရှိတယ်။ ပျက်စီးဆုံး ရှုံးမှုများနိုင်တယ်။ တည်းခိုခန်းက နောက်ဘက်ကို ပေ(၂၀၀)လောက်ရှိတဲ့ အဆောက်အဦးဆိုတော့ အကုန်လောင်တာ။ အောက်တွေပါ သုံးမရတော့ပါဘူး။ အကုန်လုံး လှိုက်လောင်တာ။ ပြိုမကျရုံပဲရှိတော့တာ” ဟု ၎င်းက ဆိုသည်။

ယင်းမီးလောာင်မှုအား မီးသတ်တပ်ဖွဲ့များ၊ ပရဟိတအသင်းများက (၁) နာရီခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး လက်ရှိတွင် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ “မြင့်မိုရ်” တည်းခန်းပိုင်ရှင်အား အရေးယူနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အင္းစိန္ၿမိဳ႕နယ္ရွိ “ျမင့္မိုရ္” တည္းခိုခန္းမီးေလာင္မႈမွာ ဂတ္စ္မီးဖို အပူလြန္ကဲမႈေၾကာင့္ျဖစ္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၂

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ “ျမင့္မိုရ္” တည္းခိုခန္းတြင္ ဂတ္စ္မီးဖို အပူလြန္ကဲ၍ မီးေလာင္မႈျဖစ္ပြားရာ အေပၚတစ္ထပ္လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၁ ရက္)၊ ည ၇ နာရီ ၂၅ မိနစ္အခ်ိန္ခန္႔က အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္၊ လမ္းသစ္လမ္းရွိ “ျမင့္မိုရ္” တည္းခိုခန္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဂတ္စ္မီးဖိုကေနၿပီးေတာ့ အပူလြန္ကဲၿပီးေတာ့ ေလာင္တာလို႔ ေျပာတယ္။ ေလာင္ကြၽမ္းမႈဧရိယာလည္းမ်ားတယ္ေပါ့ေနာ္။ တည္းခိုခန္းအေပၚ တစ္ထပ္လုံး အကုန္ေလာင္သြားတာ။ တည္းခိုခန္းကေတာ့ ေဟာင္းေနၿပီ။ ျပင္ဆင္မႈလည္း မရွိဘူးလို႔ သိရတယ္” ဟု သြားေရာက္ကူညီခဲ့သူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း တည္းခိုခန္း၏ အေပၚတစ္ထပ္လုံးႏွင့္ ေအာက္ထပ္ရွိ အတြင္းပစၥည္းမ်ားစြာ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
“လူ ထိခိုက္မႈ မရွိပါဘူး။ မီးကေတာ့ Level 1 နဲ႔ပဲျငႇိမ္းလိုက္ႏိုင္ခဲ့တယ္။ အဲဒီမွာ မီးေလာင္တဲ့အခ်ိန္မွာပဲ ပိုင္ရွင္ေတြရွိတယ္။ ပ်က္စီးဆုံး ရႈံးမႈမ်ားႏိုင္တယ္။ တည္းခိုခန္းက ေနာက္ဘက္ကို ေပ(၂၀၀)ေလာက္ရွိတဲ့ အေဆာက္အဦးဆိုေတာ့ အကုန္ေလာင္တာ။ ေအာက္ေတြပါ သုံးမရေတာ့ပါဘူး။ အကုန္လုံး လႈိက္ေလာင္တာ။ ၿပိဳမက်႐ုံပဲရွိေတာ့တာ” ဟု ၎က ဆိုသည္။

ယင္းမီးေလာာင္မႈအား မီးသတ္တပ္ဖြဲ႕မ်ား၊ ပရဟိတအသင္းမ်ားက (၁) နာရီခန႔္အၾကာ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ၿပီး လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ “ျမင့္မိုရ္” တည္းခန္းပိုင္ရွင္အား အေရးယူႏိုင္ေရးလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.