မဲဆွယ်စည်းရုံးရေးအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အခက်အခဲအမျိုးမျိုးရှိနေဟု သိရ

 459

Pearl(NP News)-အောက်တိုဘာ ၁၂
လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများရှိနေပြီး တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ထည့်သွင်းမစဉ်းစားပေးကြောင်း တစ်သီးပုဂ္ဂဝင်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများကို NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရသိရသည်။
တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မြေပြင် မဲဆွယ်စည်းရုံးရာတွင် လူအင်အားနည်း သည့်အတွက် အန္တရာယ်ရှိပြီး သတိ ထားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း TV Channel များမှတစ်ဆင့် ပါတီကြီးများကို မဲဆွယ်စည်းရုံးခွင့်ပြုထားသော်လည်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ထည့်သွင်းပြောကြားခြင်းမျိုးမရှိကြောင်း ဇမ္ဗူသီရိမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ အောင်မျိုးကပြောသည်။
“တစ်သီးပုဂ္ဂလအနေနဲ့က သူ့ကို ရပ်ကွက်ထဲမှာ မဲဆွယ်ပေးမယ့်လူမရှိဘူး။ သူကိုယ်တိုင်သွားရတယ်။ ပါတီကြီး တွေက ကိုယ်စားလှယ်ကြီးတွေကတော့ ကိုယ်တိုင်မသွားဘူး။ သူတို့ကိုဆွယ်ပေးမယ့်လူရှိတော့ အဆင်ပြေတာပေါ့။ သွားတဲ့လာတဲ့အခါကျရင်လည်း လူနည်းတယ်လေ။ သတိထားရတယ်လေ။ အန္တရာယ်တွေဘာတွေ။ တစ်သီး ပုဂ္ဂလ အနေနဲ့က ကိုယ့်ဘက်က နည်းနည်း popularity Rate ရှိတယ်ဆိုရင် ပြိုင် သင့်တာပေါ့နော်။ Rate နည်းရင်တော့ တစ်သီးပုဂ္ဂလက ခက်တယ်။ နောက်တစ်ခုက တစ်သီးပုဂ္ဂလအတွက်ကို တော်ရုံတန်ရုံ ထည့်မစဉ်းစားကြဘူးပေါ့။ နိုင်ငံတော်က ရုပ်မြင်သံကြားကနေ မဲဆွယ်မယ်ပေါ့။ ဆွယ်မယ်ဆိုရင် နိုင်ငံရေးပါတီတွေပဲ မဲဆွယ်လို့ရတာလေ။ တစ်သီးပုဂ္ဂလ ကိုဆွယ်ပါလို့ ရေးလည်းမရေးဘူး။ တစ်သီးပုဂ္ဂလက Mix PR ပေါ့နော်။ PR ဆိုရင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုပါမလဲဆိုတာ တိတိကျကျလည်းမတွေ့ရဘူး။ အဲဒါကြောင့်မို့ သွားလျှောက်ရင်တော့ ဘယ်လိုလုပ်ရမလဲ တော့ပြောချင်ပြောမှာပေါ့။ ရှင်းရှင်းလင်းလင်းရှိတဲ့ ပြည်သူ့လွှတ်တော်ပဲရွေးလိုက်ရတာပေါ့နော်”ဟု ဒေါက်တာ အောင်မျိုးကပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများကိုသာ မဲဆွယ်စည်းရုံးခြင်းများ၊ ဆိုင်းဘုတ်ထောင်ခြင်းများကို့ UEC ကခွင့်ပြု ထားပြီး တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ် ပြိုင်သူများကို ခွင့်မပြုထားသေးသည့်အပြင် မဲစာရင်းတွင် ၎င်း၏မိသားစုများ မပါသည့်အတွက် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများရှိနေကြောင်း တစ်သီး ပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ခရမ်းမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေ လင်းထွန်းကပြောသည်။
“ကျွန်တော်တို့ကလည်း ရှုံးဖို့အတွက် အလုပ်လုပ်တာမဟုတ်ဘူး။ နိုင်ဖို့အတွက် အလုပ်လုပ်တာ။ ပုဂ္ဂိုလ် ရေးမုန်းတီးမှုကြောင့်တော့ မဟုတ်ဘူး။ နောက်ပြီးတော့ အခုဆိုရင် ဆိုင်းဘုတ်တင်လို့မရဘူး။ ကိုယ်ပိုင် တစ်သီး ပုဂ္ဂလပြိုင်တာ ကိုယ်ပိုင်ဆိုင်းဘုတ် လေးထားချင်တာ။ ကြံ့ခိုင်ရေးပါတီက ဆိုင်းဘုတ် ထောင်တယ်။ ကျွန်တော်တို့ တစ်သီးပုဂ္ဂလကျတော့ ဘာမှမထောင်ရဘူး။ အဲဒီတော့ ငုတ်တုတ်ထိုင်နေရတယ်။ စိတ်ဓာတ်ကျတယ်။ ဘာ တတ်နိုင် မှာလဲ တစ်ယောက်ရတစ်ယောက်၊ နှစ်ယောက်ရ နှစ်ယောက်ပေါ့။ ကြံ့ခိုင်ရေး၊ PPP က ဆိုင်းဘုတ်ထောင်ထားတယ်။ ကျွန်တော့်မှာ မိသားစုမဲဆိုတာလည်း (၂၀)၊ (၃၀)ပဲ။ အခုကျ ဘာမှလုပ်ခွင့်မပေးတာ။ ငုတ်တုတ်ထိုင်နေရတယ်။ စည်းရုံးရေးလည်းမဆင်းရ။ ဆိုင်းဘုတ် လည်းမထောင်ရနဲ့။ အဲဒီလိုဖြစ်နေတယ်”ဟု ဦးနေ လင်းထွန်းက NP News ဂျာနယ်သို့ပြောသည်။
ထို့ပြင် လာမည့် အောက်တိုဘာလ(၂၉) ရက်မှစတင်ကာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စား လှယ်လောင်း များကို မဲဆွယ်စည်းရုံးခွင့်ရရှိမည်ဖြစ်ရာ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီး အချို့ကျေးရွာများတွင် အကြမ်းဖက်အဖွဲ့ဝင်များရှိနေတတ်သည့်အတွက် လုံခြုံရေးအတွက်လည်း ကြိုတင်ကာကွယ်ထားရကြောင်း လယ်‌ဝေး မြို့နယ်တွင် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိန်ဝင်း ကပြောသည်။
“မဲဆွယ်စည်းရုံးတယ်ဆိုတဲ့အနေအထားက တကယ့်တရားဝင်ပေးတာ (၂၉)ကစပြီး ရက် (၆၀)ပေးထား တယ်လေ။ ဒီကြားထဲ အသံချဲ့စက်နဲ့ လှည့်တာတွေ၊ အင်နဲ့အားနဲ့ မဲဆွယ်စည်းရုံးတာတွေ မရသေးဘူး။ အခက်အခဲ တွေကတော့ရှိနေဆဲပဲ။ အခက်အခဲတွေကြားထဲကပဲ အန်ကယ်က ဘာလုပ်လဲ ဆိုတော့ အောင်နိုင်ရေးရုံးဖွင့်တယ်။ နောက် အောင်နိုင်ရေးနဲ့ပတ်သက်တဲ့တာဝန်ခွဲဝေမှုတွေ၊ ရုံးပိုင်းဆိုင် ရာတွေလျာထားနေပြီပေါ့။ ကျေးလက်တွေအထိ စည်း ရုံးဖို့ကျတော့ (၂၉)ရက်လောက်မှစမှာဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ၊ ကျေးရွာရဲ့စည်းရုံးရေးတာ ဝန်ခံတွေ လျာထားဆောင်ရွက်နေတာပေါ့လေ။ ပြည်သူတွေက အကြောက်တရားတွေရှိနေတယ်။ မဲပေးရမှာလည်း ကြောက်တယ်။ မဲစာရင်းတောင်သွားမကြည့် ဘူး။ အကြောက်တရားတွေ လွန်ကဲတဲ့အတွက် အမှန် တရားအတွက် တော်တော်ခဲရာခဲဆစ်လုပ်ရမယ့် အနေအထားမှာရှိတယ်။ နံပါတ်(၂) လုံခြုံရေးကိစ္စက။ တချို့ရွာတွေမှာ အကြမ်း ဖက်တွေရှိတယ်။ ရှိတော့ အန်ကယ်တို့ရွာတွေကိုသွားဖို့အတွက်က တော်တော်လေး ကြိုတင်ကာကွယ် ပြီးမှသွားလို့ ရမယ်။ မဟုတ်ရင်တော့ သတ်ကွင်းထဲဝင်ရသလိုဖြစ်သွားနိုင်တယ်။ (၃)ကတော့ တောင်သူ လယ်သမားတွေက စားဝတ်နေ ရေးကို မနည်းရုန်းကန်ရတာဖြစ်တဲ့အတွက် သူတို့က နိုင်ငံရေးကိုတော်တော်စိတ်ကုန်နေပြီ။ ဘာလို့စိတ် ကုန်နေလဲဆိုရင် ပါတီတွေကိုအားကိုးပြီး မဲပေးတော့လည်း ပါတီတွေက အာဏာလည်းရရော သူတို့ရဲ့ အ ခက်အခဲအကျပ်တည်းတွေကို မဖြေရှင်းနိုင်။ ဥပမာ အသိမ်းခံရတဲ့လယ်ယာမြေတွေကို တက်လာတဲ့အစိုး ရကို သူတို့မဲပေးတဲ့ပါတီကို အားကိုးတကြီးနဲ့ အစိုးရဖြစ်ပြီဆိုပြီး အားရဝမ်းသာဖြစ်တဲ့အချိန်မှာ သက်တမ်း နည်းနည်းကြာလာတော့ သူတို့လိုချင်တဲ့အတိုင်း ဖြစ် မလာတော့ သူတို့ပါတီတွေကိုလည်း ကြောက်နေ ကြပြီ}}ဟု ဦးစိန်ဝင်းက NP News သို့ပြောသည်။
လာမည့်ရွေးကောက်ပွဲအပေါ် ပြည်သူလူ ထုအနေဖြင့် စိတ်ဝင်စားမှုအားနည်းပါက အဆင်သင့် သေချာစွာ တည်ဆောက်ထားသည့် အင်အားကြီးပါတီ ကြီးများသာ အသာရဖွယ်ရှိနေကြောင်း နိုင်ငံရေးသမားနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူအချို့က ပြောကြားထားဖူးသည်။

Zawgyi Version:
မဲဆြယ္စည္း႐ုံးေရးအတြက္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းမ်ား အခက္အခဲအမ်ိဳးမ်ိဳးရွိေနဟု သိရ
Pearl(NP News)-ေအာက္တိုဘာ ၁၂
လာမည့္ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးရာတြင္ အခက္အခဲမ်ားရွိေနၿပီး တစ္သီးပုဂၢလ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားကို ထည့္သြင္းမစဥ္းစားေပးေၾကာင္း တစ္သီးပုဂၢဝင္ေရာက္ယွဥ္ၿပိဳင္ မည့္ လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းမ်ားကို NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရသိရသည္။
တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေျမျပင္ မဲဆြယ္စည္း႐ုံးရာတြင္ လူအင္အားနည္း သည့္အတြက္ အႏၲရာယ္ရွိၿပီး သတိ ထားရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္လည္း TV Channel မ်ားမွတစ္ဆင့္ ပါတီႀကီးမ်ားကို မဲဆြယ္စည္း႐ုံးခြင့္ျပဳထားေသာ္လည္း တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ ထည့္သြင္းေျပာၾကားျခင္းမ်ိဳးမရွိေၾကာင္း ဇမၺဴသီရိၿမိဳ႕နယ္တြင္ တစ္သီးပုဂၢလ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒါက္တာ ေအာင္မ်ိဳးကေျပာသည္။
“တစ္သီးပုဂၢလအေနနဲ႔က သူ႔ကို ရပ္ကြက္ထဲမွာ မဲဆြယ္ေပးမယ့္လူမရွိဘူး။ သူကိုယ္တိုင္သြားရတယ္။ ပါတီႀကီး ေတြက ကိုယ္စားလွယ္ႀကီးေတြကေတာ့ ကိုယ္တိုင္မသြားဘူး။ သူတို႔ကိုဆြယ္ေပးမယ့္လူရွိေတာ့ အဆင္ေျပတာေပါ့။ သြားတဲ့လာတဲ့အခါက်ရင္လည္း လူနည္းတယ္ေလ။ သတိထားရတယ္ေလ။ အႏၲရာယ္ေတြဘာေတြ။ တစ္သီး ပုဂၢလ အေနနဲ႔က ကိုယ့္ဘက္က နည္းနည္း popularity Rate ရွိတယ္ဆိုရင္ ၿပိဳင္ သင့္တာေပါ့ေနာ္။ Rate နည္းရင္ေတာ့ တစ္သီးပုဂၢလက ခက္တယ္။ ေနာက္တစ္ခုက တစ္သီးပုဂၢလအတြက္ကို ေတာ္႐ုံတန္႐ုံ ထည့္မစဥ္းစားၾကဘူးေပါ့။ ႏိုင္ငံေတာ္က ႐ုပ္ျမင္သံၾကားကေန မဲဆြယ္မယ္ေပါ့။ ဆြယ္မယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြပဲ မဲဆြယ္လို႔ရတာေလ။ တစ္သီးပုဂၢလ ကိုဆြယ္ပါလို႔ ေရးလည္းမေရးဘူး။ တစ္သီးပုဂၢလက Mix PR ေပါ့ေနာ္။ PR ဆိုရင္ ဘယ္လိုလုပ္ရမလဲ ဘယ္လိုပါမလဲဆိုတာ တိတိက်က်လည္းမေတြ႕ရဘူး။ အဲဒါေၾကာင့္မို႔ သြားေလွ်ာက္ရင္ေတာ့ ဘယ္လိုလုပ္ရမလဲ ေတာ့ေျပာခ်င္ေျပာမွာေပါ့။ ရွင္းရွင္းလင္းလင္းရွိတဲ့ ျပည္သူ႔လႊတ္ေတာ္ပဲေ႐ြးလိုက္ရတာေပါ့ေနာ္”ဟု ေဒါက္တာ ေအာင္မ်ိဳးကေျပာသည္။
လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားကိုသာ မဲဆြယ္စည္း႐ုံးျခင္းမ်ား၊ ဆိုင္းဘုတ္ေထာင္ျခင္းမ်ားကို႔ UEC ကခြင့္ျပဳ ထားၿပီး တစ္သီးပုဂၢလ ဝင္ေရာက္ယွဥ္ ၿပိဳင္သူမ်ားကို ခြင့္မျပဳထားေသးသည့္အျပင္ မဲစာရင္းတြင္ ၎၏မိသားစုမ်ား မပါသည့္အတြက္ မဲဆြယ္စည္း႐ုံးရာတြင္ အခက္အခဲမ်ားရွိေနေၾကာင္း တစ္သီး ပုဂၢလ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းအျဖစ္ ခရမ္းၿမိဳ႕နယ္မွဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေန လင္းထြန္းကေျပာသည္။
“ကြၽန္ေတာ္တို႔ကလည္း ရႈံးဖို႔အတြက္ အလုပ္လုပ္တာမဟုတ္ဘူး။ ႏိုင္ဖို႔အတြက္ အလုပ္လုပ္တာ။ ပုဂၢိဳလ္ ေရးမုန္းတီးမႈေၾကာင့္ေတာ့ မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အခုဆိုရင္ ဆိုင္းဘုတ္တင္လို႔မရဘူး။ ကိုယ္ပိုင္ တစ္သီး ပုဂၢလၿပိဳင္တာ ကိုယ္ပိုင္ဆိုင္းဘုတ္ ေလးထားခ်င္တာ။ ႀကံ့ခိုင္ေရးပါတီက ဆိုင္းဘုတ္ ေထာင္တယ္။ ကြၽန္ေတာ္တို႔ တစ္သီးပုဂၢလက်ေတာ့ ဘာမွမေထာင္ရဘူး။ အဲဒီေတာ့ ငုတ္တုတ္ထိုင္ေနရတယ္။ စိတ္ဓာတ္က်တယ္။ ဘာ တတ္ႏိုင္ မွာလဲ တစ္ေယာက္ရတစ္ေယာက္၊ ႏွစ္ေယာက္ရ ႏွစ္ေယာက္ေပါ့။ ႀကံ့ခိုင္ေရး၊ PPP က ဆိုင္းဘုတ္ေထာင္ထားတယ္။ ကြၽန္ေတာ့္မွာ မိသားစုမဲဆိုတာလည္း (၂၀)၊ (၃၀)ပဲ။ အခုက် ဘာမွလုပ္ခြင့္မေပးတာ။ ငုတ္တုတ္ထိုင္ေနရတယ္။ စည္း႐ုံးေရးလည္းမဆင္းရ။ ဆိုင္းဘုတ္ လည္းမေထာင္ရနဲ႔။ အဲဒီလိုျဖစ္ေနတယ္”ဟု ဦးေန လင္းထြန္းက NP News ဂ်ာနယ္သို႔ေျပာသည္။
ထို႔ျပင္ လာမည့္ ေအာက္တိုဘာလ(၂၉) ရက္မွစတင္ကာ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း မ်ားကို မဲဆြယ္စည္း႐ုံးခြင့္ရရွိမည္ျဖစ္ရာ လက္ရွိတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္ေနၿပီး အခ်ိဳ႕ေက်း႐ြာမ်ားတြင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားရွိေနတတ္သည့္အတြက္ လုံၿခဳံေရးအတြက္လည္း ႀကိဳတင္ကာကြယ္ထားရေၾကာင္း လယ္‌ေဝး ၿမိဳ႕နယ္တြင္ တစ္သီးပုဂၢလဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးစိန္ဝင္း ကေျပာသည္။
“မဲဆြယ္စည္း႐ုံးတယ္ဆိုတဲ့အေနအထားက တကယ့္တရားဝင္ေပးတာ (၂၉)ကစၿပီး ရက္ (၆၀)ေပးထား တယ္ေလ။ ဒီၾကားထဲ အသံခ်ဲ႕စက္နဲ႔ လွည့္တာေတြ၊ အင္နဲ႔အားနဲ႔ မဲဆြယ္စည္း႐ုံးတာေတြ မရေသးဘူး။ အခက္အခဲ ေတြကေတာ့ရွိေနဆဲပဲ။ အခက္အခဲေတြၾကားထဲကပဲ အန္ကယ္က ဘာလုပ္လဲ ဆိုေတာ့ ေအာင္ႏိုင္ေရး႐ုံးဖြင့္တယ္။ ေနာက္ ေအာင္ႏိုင္ေရးနဲ႔ပတ္သက္တဲ့တာဝန္ခြဲေဝမႈေတြ၊ ႐ုံးပိုင္းဆိုင္ ရာေတြလ်ာထားေနၿပီေပါ့။ ေက်းလက္ေတြအထိ စည္း ႐ုံးဖို႔က်ေတာ့ (၂၉)ရက္ေလာက္မွစမွာဆိုေတာ့ ႀကိဳတင္ျပင္ဆင္မႈေတြ၊ ေက်း႐ြာရဲ႕စည္း႐ုံးေရးတာ ဝန္ခံေတြ လ်ာထားေဆာင္႐ြက္ေနတာေပါ့ေလ။ ျပည္သူေတြက အေၾကာက္တရားေတြရွိေနတယ္။ မဲေပးရမွာလည္း ေၾကာက္တယ္။ မဲစာရင္းေတာင္သြားမၾကည့္ ဘူး။ အေၾကာက္တရားေတြ လြန္ကဲတဲ့အတြက္ အမွန္ တရားအတြက္ ေတာ္ေတာ္ခဲရာခဲဆစ္လုပ္ရမယ့္ အေနအထားမွာရွိတယ္။ နံပါတ္(၂) လုံၿခဳံေရးကိစၥက။ တခ်ိဳ႕႐ြာေတြမွာ အၾကမ္း ဖက္ေတြရွိတယ္။ ရွိေတာ့ အန္ကယ္တို႔႐ြာေတြကိုသြားဖို႔အတြက္က ေတာ္ေတာ္ေလး ႀကိဳတင္ကာကြယ္ ၿပီးမွသြားလို႔ ရမယ္။ မဟုတ္ရင္ေတာ့ သတ္ကြင္းထဲဝင္ရသလိုျဖစ္သြားႏိုင္တယ္။ (၃)ကေတာ့ ေတာင္သူ လယ္သမားေတြက စားဝတ္ေန ေရးကို မနည္း႐ုန္းကန္ရတာျဖစ္တဲ့အတြက္ သူတို႔က ႏိုင္ငံေရးကိုေတာ္ေတာ္စိတ္ကုန္ေနၿပီ။ ဘာလို႔စိတ္ ကုန္ေနလဲဆိုရင္ ပါတီေတြကိုအားကိုးၿပီး မဲေပးေတာ့လည္း ပါတီေတြက အာဏာလည္းရေရာ သူတို႔ရဲ႕ အ ခက္အခဲအက်ပ္တည္းေတြကို မေျဖရွင္းႏိုင္။ ဥပမာ အသိမ္းခံရတဲ့လယ္ယာေျမေတြကို တက္လာတဲ့အစိုး ရကို သူတို႔မဲေပးတဲ့ပါတီကို အားကိုးတႀကီးနဲ႔ အစိုးရျဖစ္ၿပီဆိုၿပီး အားရဝမ္းသာျဖစ္တဲ့အခ်ိန္မွာ သက္တမ္း နည္းနည္းၾကာလာေတာ့ သူတို႔လိုခ်င္တဲ့အတိုင္း ျဖစ္ မလာေတာ့ သူတို႔ပါတီေတြကိုလည္း ေၾကာက္ေန ၾကၿပီ}}ဟု ဦးစိန္ဝင္းက NP News သို႔ေျပာသည္။
လာမည့္ေ႐ြးေကာက္ပြဲအေပၚ ျပည္သူလူ ထုအေနျဖင့္ စိတ္ဝင္စားမႈအားနည္းပါက အဆင္သင့္ ေသခ်ာစြာ တည္ေဆာက္ထားသည့္ အင္အားႀကီးပါတီ ႀကီးမ်ားသာ အသာရဖြယ္ရွိေနေၾကာင္း ႏိုင္ငံေရးသမားႏွင့္ ႏိုင္ငံေရး ေလ့လာသုံးသပ္သူအခ်ိဳ႕က ေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.