ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခံထားရသည့် သမီးဆိုး(ခ)သက်ကိုကို ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်း

2261

Pearl (NP News) - အောက်တိုဘာ ၁၂
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခံထားရသည့် သမီးဆိုး(ခ)သက်ကိုကို ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နေ ဒေါ်အေသင်ကိုမှ ၎င်း၏ မိသားစုအသိုင်းအဝိုင်းများ၊ လုပ်ငန်းများ၊ လူမှုရေးများပျက်စီးစေရန် လည်းကောင်း၊ စွပ်စွဲ ပြောဆိုခြင်း၊ ထောင်ကျပြစ်ဒဏ်ရရှိစေလိုကြောင်း နှုတ်မှ ထုတ်ဖော်၍လည်းကောင်း ပြောဆိုခဲ့ သည့် သမီးဆိုး(ခ)သက်ကိုကိုကို ပြီးခဲ့သည့် အောက်တိုဘာ (၆)ရက်က ပြင်ဦးလွင်မြို့မရဲစခန်း၌ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
“ကျွန်မအနေနဲ့ ကျွန်မအပါ ကျွန်မပတ်ဝန်းကျင် ကျွန်မမိသားစု အားလုံး ထိခိုက်နစ်နာမှုအတွက် ရည်ရွယ်ကြံစည်ပြောဆိုခဲ့သော သူအားကျွန်မ စွမ်းနိုင်သလောက် ဥပဒေနဲ့အညီ တရားဝင်လုပ်သင့်လုပ်ထိုက်တာ ကို လုပ်ပြီးသားမလို့ တဖက်သူဖမ်းစီးရမိရေးနဲ့အတွက်တော့ သက်ဆိုင်ရာဌာနက လုပ်ပါလိမ့်မယ် ။ ကျွန်မအနေနဲ့သက်ဆိုင်ရာဌာနကို ကိုယ်ဖြစ်ချင်တာကို ခိုင်းပိုင်ခွင် အခွင့်အာဏ ကျွန်မမှာ ရှိမနေပါဘူးရှင် ။ကိစ္စရပ်တိုင်းအားမြန်မာနိုင်ငံတည်ဆဲ ဥပဒေများနှင့်အညီ တရားဝင်အတိုင်းသာ ဆောင်ရွက်ထားပါသည်” ဟု အေသင်ကိုက ၎င်း၏ ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ရေးသားဖြန့်ဝေထားသည်။
ထိုသို့ အမှုဖွင့်တိုင်ကြားထားဖြင့် ယနေ့ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရသည်။
အေသင်ကိုအနေဖြင့် PDFကို ထောက်ပို့လုပ်ငန်းများလုပ်ဆောင်နေကြောင်း ၊ တပ်မှ အရာရှိကြီးများနှင့် လူမှုရေးအရှုပ်အရှင်းများရှိကြောင်းအပါအဝင် ပုဂ္ဂိုလ်ရေးရာများ ကို သမီးဆိုး(ခ)သက်ကိုကို က ၎င်း၏ ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖြင့် ပြောဆိုဖြန့်ဝေမှုများဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္ၾကားခံထားရသည့္ သမီးဆိုး(ခ)သက္ကိုကို ကို သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္း
Pearl (NP News) - ေအာက္တိုဘာ ၁၂
ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္ၾကားခံထားရသည့္ သမီးဆိုး(ခ)သက္ကိုကို ကို သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ေန ေဒၚေအသင္ကိုမွ ၎၏ မိသားစုအသိုင္းအဝိုင္းမ်ား၊ လုပ္ငန္းမ်ား၊ လူမႈေရးမ်ားပ်က္စီးေစရန္ လည္းေကာင္း၊ စြပ္စြဲ ေျပာဆိုျခင္း၊ ေထာင္က်ျပစ္ဒဏ္ရရွိေစလိုေၾကာင္း ႏႈတ္မွ ထုတ္ေဖာ္၍လည္းေကာင္း ေျပာဆိုခဲ့ သည့္ သမီးဆိုး(ခ)သက္ကိုကိုကို ၿပီးခဲ့သည့္ ေအာက္တိုဘာ (၆)ရက္က ျပင္ဦးလြင္ၿမိဳ႕မရဲစခန္း၌ (ပ)၂၁၅/၂၀၂၅၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
“ကြၽန္မအေနနဲ႔ ကြၽန္မအပါ ကြၽန္မပတ္ဝန္းက်င္ ကြၽန္မမိသားစု အားလုံး ထိခိုက္နစ္နာမႈအတြက္ ရည္႐ြယ္ႀကံစည္ေျပာဆိုခဲ့ေသာ သူအားကြၽန္မ စြမ္းႏိုင္သေလာက္ ဥပေဒနဲ႔အညီ တရားဝင္လုပ္သင့္လုပ္ထိုက္တာ ကို လုပ္ၿပီးသားမလို႔ တဖက္သူဖမ္းစီးရမိေရးနဲ႔အတြက္ေတာ့ သက္ဆိုင္ရာဌာနက လုပ္ပါလိမ့္မယ္ ။ ကြၽန္မအေနနဲ႔သက္ဆိုင္ရာဌာနကို ကိုယ္ျဖစ္ခ်င္တာကို ခိုင္းပိုင္ခြင္ အခြင့္အာဏ ကြၽန္မမွာ ရွိမေနပါဘူးရွင္ ။ကိစၥရပ္တိုင္းအားျမန္မာႏိုင္ငံတည္ဆဲ ဥပေဒမ်ားႏွင့္အညီ တရားဝင္အတိုင္းသာ ေဆာင္႐ြက္ထားပါသည္” ဟု ေအသင္ကိုက ၎၏ ေဖ့ဘုတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ ယခုရက္ပိုင္းအတြင္း ေရးသားျဖန႔္ေဝထားသည္။
ထိုသို႔ အမႈဖြင့္တိုင္ၾကားထားျဖင့္ ယေန႔ ေအာက္တိုဘာလ (၁၂) ရက္ေန႔တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္းခဲ့ ေၾကာင္း သိရသည္။
ေအသင္ကိုအေနျဖင့္ PDFကို ေထာက္ပို႔လုပ္ငန္းမ်ားလုပ္ေဆာင္ေနေၾကာင္း ၊ တပ္မွ အရာရွိႀကီးမ်ားႏွင့္ လူမႈေရးအရႈပ္အရွင္းမ်ားရွိေၾကာင္းအပါအဝင္ ပုဂၢိဳလ္ေရးရာမ်ား ကို သမီးဆိုး(ခ)သက္ကိုကို က ၎၏ ေဖ့ဘုတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ ႐ုပ္သံျဖင့္ ေျပာဆိုျဖန႔္ေဝမႈမ်ားေဆာင္႐ြက္ခဲ့ဖူးေၾကာင္း သိရသည္။