ဝဇီရာရုပ်ရှင်ရုံကို ပြင်ဆင်ရေးလုပ်ငန်းတွင် မူလဗိသုကာလက်ရာပုံစံများ မပျက်ယွင်းစေရန် ပြင်ဆင်မည်

170

စော(NP News)- အောက်တိုဘာ ၁၂
ဝဇီရာရုပ်ရှင်ရုံကို ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် မူလဗိသုကာလက်ရာ၊ မူလပုံစံများ မပျက်ယွင်းစေရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ကို ယမန်နေ့ (အောက်တိုဘာ ၁၁ရက်)က နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာ အဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မူလ ဗိသုကာလက်ရာများ၊ မူလပုံစံများ မပျက်ယွင်းစေဘဲ ပြင်ဆင်ရမည် ဖြစ်ပါကြောင်း ဝန်ကြီးက ပြောသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ပေးစေလိုပြီး ပြင်ဆင်ရေးလုပ်ငန်း များကို စဉ်းစားဆောင်ရွက်ရာတွင် ရေတိုလုပ်ငန်းများ သာမက ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုပါ ထည့်သွင်းတွက်ဆ ဆောင်ရွက်ရန် လိုကြောင်း ဆက်လက်ပြောကြားသည်။
ဝဇီရာရုပ်ရှင်ရုံသည် ရန်ကုန်မြို့ လယ်ကောင်တွင် တည်ရှိသည့် အတွက် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံကြီးတစ်ခု ဖြစ်ပေါ်လာ စေရန် ဆောင်ရွက်ကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ဝဇီရာ႐ုပ္ရွင္႐ုံကို ျပင္ဆင္ေရးလုပ္ငန္းတြင္ မူလဗိသုကာလက္ရာပုံစံမ်ား မပ်က္ယြင္းေစရန္ ျပင္ဆင္မည္
ေစာ(NP News)- ေအာက္တိုဘာ ၁၂
ဝဇီရာ႐ုပ္ရွင္႐ုံကို ျပင္ဆင္ေရးလုပ္ငန္းေဆာင္႐ြက္ရာတြင္ မူလဗိသုကာလက္ရာ၊ မူလပုံစံမ်ား မပ်က္ယြင္းေစရန္ ျပင္ဆင္ရမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚရွိ ဝဇီရာ႐ုပ္ရွင္ကို ယမန္ေန႔ (ေအာက္တိုဘာ ၁၁ရက္)က ႏိုင္ငံတကာအဆင့္မီဂုဏ္ျပဳခံ ကဇာတ္႐ုံအျဖစ္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေရးလုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးၿပီးေနာက္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ဝဇီရာ႐ုပ္ရွင္႐ုံအား ႏိုင္ငံတကာ အဆင့္မီ ဂုဏ္ျပဳခံကဇာတ္႐ုံ အျဖစ္ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ အဆင့္ ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပင္ဆင္ေရးလုပ္ငန္း မ်ား ေဆာင္႐ြက္ရာတြင္ မူလ ဗိသုကာလက္ရာမ်ား၊ မူလပုံစံမ်ား မပ်က္ယြင္းေစဘဲ ျပင္ဆင္ရမည္ ျဖစ္ပါေၾကာင္း ဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ၂၀၂၆ ခုႏွစ္၊ မတ္လ ဒုတိယပတ္တြင္ ၿပီးစီးေအာင္ ျပင္ဆင္ေဆာင္႐ြက္ေပးေစလိုၿပီး ျပင္ဆင္ေရးလုပ္ငန္း မ်ားကို စဥ္းစားေဆာင္႐ြက္ရာတြင္ ေရတိုလုပ္ငန္းမ်ား သာမက ေရရွည္ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားကိုပါ ထည့္သြင္းတြက္ဆ ေဆာင္႐ြက္ရန္ လိုေၾကာင္း ဆက္လက္ေျပာၾကားသည္။
ဝဇီရာ႐ုပ္ရွင္႐ုံသည္ ရန္ကုန္ၿမိဳ႕ လယ္ေကာင္တြင္ တည္ရွိသည့္ အတြက္ ႏိုင္ငံတကာအဆင့္မီ ကဇာတ္႐ုံႀကီးတစ္ခု ျဖစ္ေပၚလာ ေစရန္ ေဆာင္႐ြက္ၾကေစလိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။