အခကြေးငွေပေး၍ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ယူကာ မသမာမှုတွင် အသုံးချခံရသောဖြစ်စဉ်များ တွင်ကျယ်လာ

870

သက်ပိုင် (NP News) - အောက်တိုဘာ ၁၃
အခကြေးငွေ ပေး၍ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ယူကာ မသမာမှုတွင် အသုံးချခံရသော ဖြစ်စဉ်များ တွင်ကျယ်လာကြောင်း NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ထိုသို့ မှတ်ပုံတင်ကို ဓာတ်ပုံ ရယူရန်အတွက် အခကြေးငွေ ပေးရာတွင် ၎င်းတို့ ပေးသော စျေးနှုန်း အစားစား ရှိနေရာ ကျပ်ငါးထောင်မှ စတင်၍ သောင်းဂဏန်း အထိ ရှိကြောင်း သိရသည်။
ထို့နောက် အဆိုပါ မှတ်ပုံတင်ကို အသုံးပြုကာ Online banking အကောင့် ဖွင့်၍ တရားမဝင် အဖွဲ့အစည်းများကို ငွေကြေး ထောက်ပံ့ခြင်း၊ အွန်လိုင်း လိမ်လည်မှု အတွက် အသုံးချခြင်း ဖြစ်ကြောင်း သိရသည်။
“ငွေက သောင်းဂဏန်းလောက်နဲ့ လိုင်းပေါ်ကနေပြီး ဝယ်သွားတယ်။ရောင်းပြီးသိပ်မကြာဘူး။ ဝယ်သွားတဲ့သူက အခြားသူတွေရဲ့အကောင့်ကိုဟတ်၊ဒါမှမဟုတ် Online လိမ်လည်မှုတွေလုပ်ပြီးတော့ အဲဒီကငွေတွေကို အကောင့်ထဲ ပြောင်းထည့်လိုက်တယ်။ ရဲကလိုက်တော့ သူမလုပ်ပါဘူးလို့ ဘယ် လောက်ပဲငြင်းငြင်း K Pay မှာက သူ့နာမည်နဲ့သူမှတ်ပုံတင်နဲ့ ဖြစ်နေတော့ တော်တော်လေး ရှင်းရတာ ပေါ့။ ဒီလိုအမှုတွေက အခုနောက်ပိုင်း တော်တော်ကို များလာတယ်လို့ ပြောလို့ရတယ်” ဟု တရားလွှတ် တော် ရှေ့နေတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်များ အနက် မိတ္ထီလာမြို့နယ်မှ ကျေးရွာတစ်ရွာတွင် မှတ်ပုံတင် အရှေ့နှင့် အနောက်ကို ဓာတ်ပုံ ရိုက်ခွင့်ပြုလျှင် ငွေကျပ်(၅၀၀၀) ပေးမည်ဟု စည်းရုံးသည့်အတွက် လူ ၁၅ ဦး ခန့်က သဘောတူ ခဲ့ရာ အဆိုပါဓာတ်ပုံ အရိုက်ခံသူများ အနက် အမျိုးသမီးကြီး တစ်ဦး မှာ တရားမဝင် အဖွဲ့အစည်းကို ငွေကြေး ထောက်ပံ့သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရကြောင်း သိရသည်။ “ဖုန်းတောင် ကောင်းကောင်းမသုံးတက်တဲ့ အဖွားကြီးကတရားမဝင် လက်နက်ကိုင်တွေအတွက် ငွေကြေးစီမံပေး တယ်ဆိုပြီး တရားစွဲခံရတာ။ငွေငါးထောင်ကို မက်ပြီး မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ဖို့ပေးလိုက်တော့ ဟိုက အဲဒါနဲ့ K Pay ဖွင့်ပြီး လုပ်ချင်တာလုပ်သွားတာ။ ခံရတော့ မှတ်ပုံတင်ပိုင်ရှင်ပဲ ခံရတာပေါ့။ ဒါနဲ့ပတ် သက် ပြီးတော့လည်း ဘဏ်ဖက်က ဘာတာဝန်ယူမှုတာဝန်ခံမှုမှ မရှိဘူး” ဟု အဆိုပါ အမျိုးသမီးကြီး နှင့် ပတ် သက်၍ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ အွန်လိုင်း လိမ်လည်သူများသည် မသိနားမလည်သော ပြည်သူများကို ပစ်မှတ်ထားပြီး အချက်အလက် စုဆောင်းခြင်းမျိုး ရှိလာကြောင်း ကျားဖြန့် တိုက်ဖျက်ရေး ဆောင်ရွက်နေသော အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။ “နယ်က လူတွေကို ပစ်မှတ်ထားပြီး ခုနက မှတ်ပုံတင် စုသလိုပေါ့။ နယ်က လူတွေက မသိတော့ ရယ်တောင် ရယ်နေဦးမှာ။ ငါတို့ မှတ်ပုံတင်ကိုများ ကြံကြံဖန်ဖန် ပိုက်ဆံ အလကားပေးတယ်ပေါ့။ တကယ်တော့ ဒါက အန္တရာယ်ရှိ တယ်ဆိုတာ သိဖို့ လိုတယ်။ အယုံမလွယ်ဖို့ လိုတယ်။ ပြီးတော့ သိရသလောက် အချက်အလက်က ဒီမှာ တင် ရပ်မနေဘူး။ သူတို့ နာမည်နဲ့ မှတ်ပုံတင် အတုလုပ်ပြီး အသုံးချတာမျိုးလည်း ရှိလာနိုင်တယ်။ ပြီးရင် ဒီအချက်အလက်တွေကို ရောင်းစားတာမျိုးအထိ ဖြစ်နိုင်တယ်။ ကိုယ့် အချက်အလက်က ပါသွားပြီးရင် ဘယ်ကျမှ ခရီးဆုံးမယ် ဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
အခေၾကးေငြေပး၍ မွတ္ပုံတင္ကို ဓာတ္ပုံ႐ိုက္ယူကာ မသမာမႈတြင္ အသုံးခ်ခံရေသာျဖစ္စဥ္မ်ား တြင္က်ယ္လာ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၃
အခေၾကးေငြ ေပး၍ မွတ္ပုံတင္ကို ဓာတ္ပုံ႐ိုက္ယူကာ မသမာမႈတြင္ အသုံးခ်ခံရေသာ ျဖစ္စဥ္မ်ား တြင္က်ယ္လာေၾကာင္း NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ထိုသို႔ မွတ္ပုံတင္ကို ဓာတ္ပုံ ရယူရန္အတြက္ အခေၾကးေငြ ေပးရာတြင္ ၎တို႔ ေပးေသာ ေစ်းႏႈန္း အစားစား ရွိေနရာ က်ပ္ငါးေထာင္မွ စတင္၍ ေသာင္းဂဏန္း အထိ ရွိေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါ မွတ္ပုံတင္ကို အသုံးျပဳကာ Online banking အေကာင့္ ဖြင့္၍ တရားမဝင္ အဖြဲ႕အစည္းမ်ားကို ေငြေၾကး ေထာက္ပံ့ျခင္း၊ အြန္လိုင္း လိမ္လည္မႈ အတြက္ အသုံးခ်ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေငြက ေသာင္းဂဏန္းေလာက္နဲ႔ လိုင္းေပၚကေနၿပီး ဝယ္သြားတယ္။ေရာင္းၿပီးသိပ္မၾကာဘူး။ ဝယ္သြားတဲ့သူက အျခားသူေတြရဲ႕အေကာင့္ကိုဟတ္၊ဒါမွမဟုတ္ Online လိမ္လည္မႈေတြလုပ္ၿပီးေတာ့ အဲဒီကေငြေတြကို အေကာင့္ထဲ ေျပာင္းထည့္လိုက္တယ္။ ရဲကလိုက္ေတာ့ သူမလုပ္ပါဘူးလို႔ ဘယ္ ေလာက္ပဲျငင္းျငင္း K Pay မွာက သူ႔နာမည္နဲ႔သူမွတ္ပုံတင္နဲ႔ ျဖစ္ေနေတာ့ ေတာ္ေတာ္ေလး ရွင္းရတာ ေပါ့။ ဒီလိုအမႈေတြက အခုေနာက္ပိုင္း ေတာ္ေတာ္ကို မ်ားလာတယ္လို႔ ေျပာလို႔ရတယ္” ဟု တရားလႊတ္ ေတာ္ ေရွ႕ေနတစ္ဦးက ေျပာသည္။
အဆိုပါ ျဖစ္စဥ္မ်ား အနက္ မိတၳီလာၿမိဳ႕နယ္မွ ေက်း႐ြာတစ္႐ြာတြင္ မွတ္ပုံတင္ အေရွ႕ႏွင့္ အေနာက္ကို ဓာတ္ပုံ ႐ိုက္ခြင့္ျပဳလွ်င္ ေငြက်ပ္(၅၀၀၀) ေပးမည္ဟု စည္း႐ုံးသည့္အတြက္ လူ ၁၅ ဦး ခန႔္က သေဘာတူ ခဲ့ရာ အဆိုပါဓာတ္ပုံ အ႐ိုက္ခံသူမ်ား အနက္ အမ်ိဳးသမီးႀကီး တစ္ဦး မွာ တရားမဝင္ အဖြဲ႕အစည္းကို ေငြေၾကး ေထာက္ပံ့သည္ဟုဆိုကာ တရားစြဲဆို ခံခဲ့ရေၾကာင္း သိရသည္။ “ဖုန္းေတာင္ ေကာင္းေကာင္းမသုံးတက္တဲ့ အဖြားႀကီးကတရားမဝင္ လက္နက္ကိုင္ေတြအတြက္ ေငြေၾကးစီမံေပး တယ္ဆိုၿပီး တရားစြဲခံရတာ။ေငြငါးေထာင္ကို မက္ၿပီး မွတ္ပုံတင္ကို ဓာတ္ပုံ႐ိုက္ဖို႔ေပးလိုက္ေတာ့ ဟိုက အဲဒါနဲ႔ K Pay ဖြင့္ၿပီး လုပ္ခ်င္တာလုပ္သြားတာ။ ခံရေတာ့ မွတ္ပုံတင္ပိုင္ရွင္ပဲ ခံရတာေပါ့။ ဒါနဲ႔ပတ္ သက္ ၿပီးေတာ့လည္း ဘဏ္ဖက္က ဘာတာဝန္ယူမႈတာဝန္ခံမႈမွ မရွိဘူး” ဟု အဆိုပါ အမ်ိဳးသမီးႀကီး ႏွင့္ ပတ္ သက္၍ လိုက္ပါ ကူညီ ေဆာင္႐ြက္ေပးေနသူ တစ္ဦးက ေျပာသည္။ အြန္လိုင္း လိမ္လည္သူမ်ားသည္ မသိနားမလည္ေသာ ျပည္သူမ်ားကို ပစ္မွတ္ထားၿပီး အခ်က္အလက္ စုေဆာင္းျခင္းမ်ိဳး ရွိလာေၾကာင္း က်ားျဖန႔္ တိုက္ဖ်က္ေရး ေဆာင္႐ြက္ေနေသာ အမည္မေဖာ္လိုသူတစ္ဦးက ဆိုသည္။ “နယ္က လူေတြကို ပစ္မွတ္ထားၿပီး ခုနက မွတ္ပုံတင္ စုသလိုေပါ့။ နယ္က လူေတြက မသိေတာ့ ရယ္ေတာင္ ရယ္ေနဦးမွာ။ ငါတို႔ မွတ္ပုံတင္ကိုမ်ား ႀကံႀကံဖန္ဖန္ ပိုက္ဆံ အလကားေပးတယ္ေပါ့။ တကယ္ေတာ့ ဒါက အႏၲရာယ္ရွိ တယ္ဆိုတာ သိဖို႔ လိုတယ္။ အယုံမလြယ္ဖို႔ လိုတယ္။ ၿပီးေတာ့ သိရသေလာက္ အခ်က္အလက္က ဒီမွာ တင္ ရပ္မေနဘူး။ သူတို႔ နာမည္နဲ႔ မွတ္ပုံတင္ အတုလုပ္ၿပီး အသုံးခ်တာမ်ိဳးလည္း ရွိလာႏိုင္တယ္။ ၿပီးရင္ ဒီအခ်က္အလက္ေတြကို ေရာင္းစားတာမ်ိဳးအထိ ျဖစ္ႏိုင္တယ္။ ကိုယ့္ အခ်က္အလက္က ပါသြားၿပီးရင္ ဘယ္က်မွ ခရီးဆုံးမယ္ ဆိုတာ မသိႏိုင္ဘူး” ဟု ၎က ဆိုသည္။