ပြင်ဦးလွင်ရှိအခြေခံကောင်းများကို ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိအောင်အသုံးချရန် ပြည်ထောင်စုဝန်ကြီး မှာကြား

158

သန့်ဇင် (NP News) - အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိအခြေခံကောင်းများကို ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိအောင် အသုံးချရန် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်)၊ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ပြင်ဦးလွင်ဇုန်) မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားသည့် တောင်ပေါ် အပန်းဖြေခရီးစဉ်နေရာတစ်ခုဖြစ်သည့်အပြင် အေးမြသောရာသီဥတုနှင့်အတူ ပွင့်လန်းနေသည့် ပန်းမန်များ၊ သာယာလှပသည့် တောတောင်ရေမြေသဘာဝ အလှအပများ၊ တန်ခိုးကြီးသမိုင်းဝင်စေတီများ၊ ဒေသအစားအစာ အမှတ်တရလက်ဆောင်ပစ္စည်းများသည် ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ခရီးသွားဆွဲဆောင်မှုများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism)၊ ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်း(Cultural Tourism)၊ ဘာသာရေးခရီးသွားလုပ်ငန်း(Religious Tourism)၊ အနုပညာနှင့်ခရီးသွားလုပ်ငန်း(Art and Education)၊ အပန်းဖြေခရီးသွားလုပ်ငန်း(Leisure Tourism) များကို ပြင်ဦးလွင်တွင် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ထို့ပြင် အားကစားခရီးသွားလုပ်ငန်း(Sport Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း(Adventure Tourism)၊ ကျန်းမာရေးနှင့် အနားယူ ခရီးသွားလုပ်ငန်း(Health and Wellness Tourism)၊ သမိုင်းအမွေအနှစ် ခရီးသွား လုပ်ငန်း (Heritage Tourism)၊ လယ်ယာနှင့် တောင် သူဦးကြီး အခြေပြုခရီးသွားလုပ်ငန်း (Agro Tourism) များ ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထိုသို့ အခြေခံကောင်းများကို မိမိတို့ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိအောင် အသုံးချရန်လိုအပ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ရွိအေျခခံေကာင္းမ်ားကို ခရီးသြားလုပ္ငန္းအတြက္ အက်ိဳးရွိေအာင္အသုံးခ်ရန္ ျပည္ေထာင္စုဝန္ႀကီး မွာၾကား
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၃
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ရွိအေျခခံေကာင္းမ်ားကို ခရီးသြားလုပ္ငန္းအတြက္ အက်ိဳးရွိေအာင္ အသုံးခ်ရန္ အားကစားႏွင့္ လူငယ္ ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး Jeng Phang ေနာ္ေတာင္က တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၁၂ ရက္)၊ နံနက္ပိုင္းက ျပင္ဦးလြင္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆိုင္ရာ ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္း (ျပင္ဦးလြင္ဇုန္) မွ တာဝန္ရွိသူမ်ား၊ ဟိုတယ္လုပ္ငန္းရွင္မ်ားႏွင့္ ျပင္ဦးလြင္ၿမိဳ႕ ေ႐ႊနန္းထိုက္ဟိုတယ္၌ ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ျပင္ဦးလြင္ေဒသသည္ ျမန္မာႏိုင္ငံ၏ ထင္ရွားသည့္ ေတာင္ေပၚ အပန္းေျဖခရီးစဥ္ေနရာတစ္ခုျဖစ္သည့္အျပင္ ေအးျမေသာရာသီဥတုႏွင့္အတူ ပြင့္လန္းေနသည့္ ပန္းမန္မ်ား၊ သာယာလွပသည့္ ေတာေတာင္ေရေျမသဘာဝ အလွအပမ်ား၊ တန္ခိုးႀကီးသမိုင္းဝင္ေစတီမ်ား၊ ေဒသအစားအစာ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားသည္ ျပင္ဦးလြင္ၿမိဳ႕၏ ထူးျခားသည့္ ခရီးသြားဆြဲေဆာင္မႈမ်ားျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သဘာဝအေျခခံခရီးသြားလုပ္ငန္း (Ecotourism)၊ ယဥ္ေက်းမႈ အေျခခံခရီးသြားလုပ္ငန္း(Cultural Tourism)၊ ဘာသာေရးခရီးသြားလုပ္ငန္း(Religious Tourism)၊ အႏုပညာႏွင့္ခရီးသြားလုပ္ငန္း(Art and Education)၊ အပန္းေျဖခရီးသြားလုပ္ငန္း(Leisure Tourism) မ်ားကို ျပင္ဦးလြင္တြင္ ေဆာင္႐ြက္ႏိုင္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ အားကစားခရီးသြားလုပ္ငန္း(Sport Tourism)၊ စြန႔္စားခရီးသြားလုပ္ငန္း(Adventure Tourism)၊ က်န္းမာေရးႏွင့္ အနားယူ ခရီးသြားလုပ္ငန္း(Health and Wellness Tourism)၊ သမိုင္းအေမြအႏွစ္ ခရီးသြား လုပ္ငန္း (Heritage Tourism)၊ လယ္ယာႏွင့္ ေတာင္ သူဦးႀကီး အေျချပဳခရီးသြားလုပ္ငန္း (Agro Tourism) မ်ား ေဆာင္႐ြက္ႏိုင္သည့္ ေဒသတစ္ခုလည္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထိုသို႔ အေျခခံေကာင္းမ်ားကို မိမိတို႔ခရီးသြားလုပ္ငန္းအတြက္ အက်ိဳးရွိေအာင္ အသုံးခ်ရန္လိုအပ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။