လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမှတစ်ဆင့် ရှမ်းပြည်နယ်ဘက်သို့ ပို့ဆောင်ရောင်းချနေဟုဆို

 407

Pearl (NP News) - အောက်တိုဘာ ၁၄

လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမှ တစ်ဆင့် ရှမ်းပြည်နယ်ဘက်သို့ ပို့ဆောင်ရောင်းချနေ ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက NP News သို့ပြောသည်။ ပြီးခဲ့သည့် မေလက နေပြည်တော်တွင် ပြု လုပ်သည့်အစည်းအဝေး၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုကို ဖော်ထုတ်သွားရန်၊ နံပါတ်ပြား အတုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းတို့ တွေ့ရှိရပြီး တာဝန်ရှိသူများက ပါဝင်ပတ်သက်သူ အားလုံးကို ဖော်ထုတ်အရေးယူသွားရန်နှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုသည် နိုင်ငံတော်အနေဖြင့် အခွန်အခ နစ်နာမှု ရှိသည့်အပြင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု ယာယီ သမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြော ဆိုခဲ့သည်။
ထို့နောက် နိုင်ငံအနှံ့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုများပြားလာကာ အရေးယူမှုများလည်း ဆက်တိုက် ဆောင်ရွက်ခဲ့သည့်အတွက် လိုင်စင်မဲ့ယာဉ်များနှင့် သွားလာမောင်းနှင်မှုများ၊ ရောင်းဝယ်မှု များ နည်းပါးသွားခဲ့သော်လည်း လက်ရှိတွင် လိုင်စင်မဲ့ယာဉ်များရောင်းဝယ်မှုများ ပြန်လည်တွေ့ရှိလာရ ကြောင်း သိရသည်။
“ Without ကားတွေက မြဝတီဘက်ကနေပြီးတော့ လာပြီးတော့ (၃၉) မိုင် အမြန်လမ်းက နေပြီး တော့ တောင်ကြီးကို တက်တာများတယ်။ ဟိုက်ဂျက်တို့၊ ဝှစ်တို့၊ ပရိုဘောက်တို့ကားမျိုးတွေ များတယ်။ အရင်က ခဏ ငြိမ်သွားလိုက်သေးတယ်။ အခုနောက်ပိုင်းပြန်ဖြစ်လာတာ။ ကျန်တဲ့ကုန်စည်တွေသာ တင်းကြပ်နေတာ။ တခြားနယ်တွေကိုလည်း ရောက်လေ့ရောက်ထရှိတယ်။ ရှားတယ်။ ကျောက်ပန်း တောင်းတို့ ပုဂံ ညောင်ဦးတို့ဘာတို့ဘက်တွေပို့ တာဘာညာလည်းရှိတယ်။ ရှားတယ်” ဟု ဖြစ်စဉ် သိရှိသူ တစ်ဦးက NP News သို့ပြောသည်။
အဆိုပါ လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမြို့မှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့အပါအဝင် မြို့နယ်အချို့သို့ ပို့ဆောင် ရောင်းဝယ်ခြင်းဖြစ်ပြီး အညာဒေသများသို့လည်း ပို့ဆောင် ရောင်းဝယ်မှုများရှိနေကြောင်း သိရသည်။
“Without ကားတွေကို ကယ်ရီမောင်း တဲ့လူတွေရှိတယ်။ သူ့ရက်နဲ့သူ သွားနေတာပဲ။ (၄) ယောက်တစ်ဖွဲ့၊ (၅)ယောက်တစ်ဖွဲ့တွေပေါ့။ တောင်ပေါ်ဒေသဆိုတော့ Without က စီးလို့ကောင်းတယ် လေ။ မြေပြန့်သာ စီးလို့မကောင်းတာ။ ဒါပေမဲ့ မြေပြန့်တွေလည်း အဲဒီကားတွေ ရောက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ျမဝတီမွတစ္ဆင့္ ရွမ္းျပည္နယ္ဘက္သို႔ ပို႔ေဆာင္ေရာင္းခ်ေနဟုဆို
Pearl (NP News) - ေအာက္တိုဘာ ၁၄
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ျမဝတီမွ တစ္ဆင့္ ရွမ္းျပည္နယ္ဘက္သို႔ ပို႔ေဆာင္ေရာင္းခ်ေန ေၾကာင္း ျဖစ္စဥ္သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။ ၿပီးခဲ့သည့္ ေမလက ေနျပည္ေတာ္တြင္ ျပဳ လုပ္သည့္အစည္းအေဝး၌ လိုင္စင္မဲ့ကားႏွင့္ ဆိုင္ကယ္မ်ား စီးနင္းေနမႈကို ေဖာ္ထုတ္သြားရန္၊ နံပါတ္ျပား အတုလုပ္ျခင္း၊ လိုင္စင္အတုျပဳလုပ္ျခင္းတို႔ ေတြ႕ရွိရၿပီး တာဝန္ရွိသူမ်ားက ပါဝင္ပတ္သက္သူ အားလုံးကို ေဖာ္ထုတ္အေရးယူသြားရန္ႏွင့္ လိုင္စင္မဲ့ယာဥ္မ်ား စီးနင္းမႈသည္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္အခ နစ္နာမႈ ရွိသည့္အျပင္လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ား၌လည္း အခက္အခဲမ်ား ျဖစ္ေပၚႏိုင္သည္ဟု ယာယီ သမၼတ၊ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ေျပာ ဆိုခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံအႏွံ႔တြင္ လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးမႈမ်ားျပားလာကာ အေရးယူမႈမ်ားလည္း ဆက္တိုက္ ေဆာင္႐ြက္ခဲ့သည့္အတြက္ လိုင္စင္မဲ့ယာဥ္မ်ားႏွင့္ သြားလာေမာင္းႏွင္မႈမ်ား၊ ေရာင္းဝယ္မႈ မ်ား နည္းပါးသြားခဲ့ေသာ္လည္း လက္ရွိတြင္ လိုင္စင္မဲ့ယာဥ္မ်ားေရာင္းဝယ္မႈမ်ား ျပန္လည္ေတြ႕ရွိလာရ ေၾကာင္း သိရသည္။
“ Without ကားေတြက ျမဝတီဘက္ကေနၿပီးေတာ့ လာၿပီးေတာ့ (၃၉) မိုင္ အျမန္လမ္းက ေနၿပီး ေတာ့ ေတာင္ႀကီးကို တက္တာမ်ားတယ္။ ဟိုက္ဂ်က္တို႔၊ ဝွစ္တို႔၊ ပ႐ိုေဘာက္တို႔ကားမ်ိဳးေတြ မ်ားတယ္။ အရင္က ခဏ ၿငိမ္သြားလိုက္ေသးတယ္။ အခုေနာက္ပိုင္းျပန္ျဖစ္လာတာ။ က်န္တဲ့ကုန္စည္ေတြသာ တင္းၾကပ္ေနတာ။ တျခားနယ္ေတြကိုလည္း ေရာက္ေလ့ေရာက္ထရွိတယ္။ ရွားတယ္။ ေက်ာက္ပန္း ေတာင္းတို႔ ပုဂံ ေညာင္ဦးတို႔ဘာတို႔ဘက္ေတြပို႔ တာဘာညာလည္းရွိတယ္။ ရွားတယ္” ဟု ျဖစ္စဥ္ သိရွိသူ တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ျမဝတီၿမိဳ႕မွတစ္ဆင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ ႀကီးၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕သို႔ ပို႔ေဆာင္ ေရာင္းဝယ္ျခင္းျဖစ္ၿပီး အညာေဒသမ်ားသို႔လည္း ပို႔ေဆာင္ ေရာင္းဝယ္မႈမ်ားရွိေနေၾကာင္း သိရသည္။
“Without ကားေတြကို ကယ္ရီေမာင္း တဲ့လူေတြရွိတယ္။ သူ႔ရက္နဲ႔သူ သြားေနတာပဲ။ (၄) ေယာက္တစ္ဖြဲ႕၊ (၅)ေယာက္တစ္ဖြဲ႕ေတြေပါ့။ ေတာင္ေပၚေဒသဆိုေတာ့ Without က စီးလို႔ေကာင္းတယ္ ေလ။ ေျမျပန႔္သာ စီးလို႔မေကာင္းတာ။ ဒါေပမဲ့ ေျမျပန႔္ေတြလည္း အဲဒီကားေတြ ေရာက္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.