ဂါဇာစစ်ပွဲက ပြီးဆုံးသွားပြီး ဒေါ်နယ်ထရမ့်ကြေညာ

 242

Pika (NP News) - အောက်တိုဘာ ၁၄

ဂါဇာစစ်ပွဲက ပြီးဆုံးသွားပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးနိုင်ငံကို သွားရောက်ဖို့အတွက် လေယာဉ်ပေါ်မတက်ခင် ယခုလိုထုတ်ပြန်ကြေညာခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောကြားသွားမှာဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအပြင် ဓါးစာခံတွေရဲ့မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အီဂျစ်မှာ ကျင်းပမယ့် ဂါဇာ ကမ်းမြောင်ဒေသအနာဂါတ်အတွက် ထိပ်သီးဆွေးနွေးပွဲကို ဒေါ်နယ်ထရမ့်နဲ့အတူ နိုင်ငံပေါင်း(၂၀)ကျော်က ခေါင်းဆောင်တွေ တက်ရောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီထိပ်သီးဆွေးနွေးပွဲကို အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ရဲ့ကိုယ်စားလှယ်တွေ တက်ရောက်မှမဟုတ်ဘူးလို့တော့ သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ဂါဇာစစ်ပွဲက အဆုံးသတ်သွားပါပြီ။ ဒါကို အားလုံးလည်းနားလည်ကြမှာပါ” လို့ ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခက ပြီးဆုံးသွားပြီလို့ ယုံကြည်သလားဆိုတဲ့ သတင်းထောက် တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီခရီးစဉ် မှာ ဒေါ်နယ်ထရမ့်နဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို၊ ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်နဲ့ အခြားအဆင့်မြင့်အစိုးရအရာရှိတွေ လိုက်ပါသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာစစ္ပြဲက ၿပီးဆုံးသြားၿပီး ေဒၚနယ္ထရမ့္ေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၁၄
ဂါဇာစစ္ပြဲက ၿပီးဆုံးသြားၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အစၥေရးႏိုင္ငံကို သြားေရာက္ဖို႔အတြက္ ေလယာဥ္ေပၚမတက္ခင္ ယခုလိုထုတ္ျပန္ေၾကညာခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ အစၥေရးလႊတ္ေတာ္မွာ မိန႔္ခြန္းေျပာၾကားသြားမွာျဖစ္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုအျပင္ ဓါးစာခံေတြရဲ႕မိသားစုဝင္ေတြနဲ႔ေတြ႕ဆုံဖို႔စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ အီဂ်စ္မွာ က်င္းပမယ့္ ဂါဇာ ကမ္းေျမာင္ေဒသအနာဂါတ္အတြက္ ထိပ္သီးေဆြးေႏြးပြဲကို ေဒၚနယ္ထရမ့္နဲ႔အတူ ႏိုင္ငံေပါင္း(၂၀)ေက်ာ္က ေခါင္းေဆာင္ေတြ တက္ေရာက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီထိပ္သီးေဆြးေႏြးပြဲကို အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ကိုယ္စားလွယ္ေတြ တက္ေရာက္မွမဟုတ္ဘူးလို႔ေတာ့ သိရပါတယ္။ ေဒၚနယ္ထရမ့္က “ဂါဇာစစ္ပြဲက အဆုံးသတ္သြားပါၿပီ။ ဒါကို အားလုံးလည္းနားလည္ၾကမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား ပဋိပကၡက ၿပီးဆုံးသြားၿပီလို႔ ယုံၾကည္သလားဆိုတဲ့ သတင္းေထာက္ ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီခရီးစဥ္ မွာ ေဒၚနယ္ထရမ့္နဲ႔အတူ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအို၊ ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္နဲ႔ အျခားအဆင့္ျမင့္အစိုးရအရာရွိေတြ လိုက္ပါသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.