သင်္ဘောတိုက်မိမှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့ အပြန်အလှန် ဝေဖန်ပြစ်တင်

 217

Pika (NP News) - အောက်တိုဘာ ၁၄

အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်သင်္ဘောတစ်စီးက ဖိလစ်ပိုင်သင်္ဘောတစ်စီးကို တမင်တကာ ဝင်တိုက်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ကို တရုတ်အစိုးရဘက်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတို့ကြား ထိပ်တိုက်တွေ့ဆုံမှုတွေဟာ မကြာခဏ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆို ထားတာလည်း ဖြစ်ပါတယ်။
တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးဟာ ဖိလစ်ပိုင်သင်္ဘောတစ်စီးကို မီးသတ်ပိုက်နဲ့ထိုးမှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တရုတ်ကမ်းခြေစောင့်သင်္ဘောဟာ ဖိလစ်ပိုင်သင်္ဘောရဲ့ ဦးပိုင်းကို တမင်တကာဝင်တိုက်ခဲ့ပေမယ့် သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင် အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ စပရက်တလီကျွန်းစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Thitu ကျွန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
သေဘၤာတိုက္မိမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ အျပန္အလွန္ ေဝဖန္ျပစ္တင္
Pika (NP News) - ေအာက္တိုဘာ ၁၄
အျငင္းပြားေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္သေဘၤာတစ္စီးက ဖိလစ္ပိုင္သေဘၤာတစ္စီးကို တမင္တကာ ဝင္တိုက္ခဲ့တယ္လို႔ ဖိလစ္ပိုင္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ကို တ႐ုတ္အစိုးရဘက္က ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္နဲ႔ ဖိလစ္ပိုင္သေဘၤာတို႔ၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြဟာ မၾကာခဏ ျဖစ္ပြားေနတာလည္းျဖစ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆို ထားတာလည္း ျဖစ္ပါတယ္။
တ႐ုတ္ကမ္းေျခေစာင့္သေဘၤာတစ္စီးဟာ ဖိလစ္ပိုင္သေဘၤာတစ္စီးကို မီးသတ္ပိုက္နဲ႔ထိုးမႈေတြ လုပ္ေဆာင္ခဲ့ တယ္လို႔ ဖိလစ္ပိုင္အစိုးရက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာဟာ ဖိလစ္ပိုင္သေဘၤာရဲ႕ ဦးပိုင္းကို တမင္တကာဝင္တိုက္ခဲ့ေပမယ့္ သေဘၤာသားေတြ ထိခိုက္ဒဏ္ရာရရွိတာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ ဖိလစ္ပိုင္ အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ စပရက္တလီကြၽန္းစုရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ Thitu ကြၽန္းအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.