ထိခိုက်စေတာမျိုးတွေမရှိဘဲ အမေရိကန်က တရုတ်ကို ကူညီလိုတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 241

Pika (NP News) - အောက်တိုဘာ ၁၄

တရုတ်နိုင်ငံကို ထိခိုက်စေတာမျိုးမရှိဘဲ ကူညီမှုတွေ လုပ်ဆောင်ပေးလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့သွင်းကုန်တွေအပေါ် နောက်ထပ်(၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာ ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ထိခိုက်စေတာမျိုးတွေမရှိဘဲ တရုတ်ကို အမေရိကန်က ကူညီချင်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင့်ဟာ သူ့နိုင်ငံအတွက် ဖိအားတွေကို လိုချင်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ရှားပါးမြေထွက်သတ္တုတွေ တင်ပို့မှုအပေါ် တရုတ်ရဲ့ ထိန်းချုပ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ(၁) ရက်ကနေ စတင်ကာ တရုတ်အပေါ် အခွန်စည်းကြပ်မှုအသစ်ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ယခုလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ထိပ်သီးအစည်းအဝေးတွေလုပ်ဆောင်ဖို့ မလိုအပ်တော့ဘူးလို့ ခံစားမိ တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါ တယ်။ ဒေါ်နယ်ထရမ့်က “(၂၀၂၅)ခုနှစ် နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ တရုတ်ရဲ့နောက်ထပ် လုပ်ဆောင်မှု တွေ ဒါမှမဟုတ် အပြောင်းအလဲတွေအပေါ်မူတည်ပြီး အမေရိကန်ဟာ တရုတ်အပေါ် (၁၀၀) ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမဟုတ်ရင်တောင် တရုတ်ကလက်ရှိပေးနေတဲ့ အခွန်ထက် ပိုများတဲ့ အခွန်စည်းကြပ်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ထိခိုက္ေစတာမ်ိဳးေတြမရွိဘဲ အေမရိကန္က တ႐ုတ္ကို ကူညီလိုတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၄
တ႐ုတ္ႏိုင္ငံကို ထိခိုက္ေစတာမ်ိဳးမရွိဘဲ ကူညီမႈေတြ လုပ္ေဆာင္ေပးလိုတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕သြင္းကုန္ေတြအေပၚ ေနာက္ထပ္(၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္ အၾကာမွာ ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ထိခိုက္ေစတာမ်ိဳးေတြမရွိဘဲ တ႐ုတ္ကို အေမရိကန္က ကူညီခ်င္ပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ဟာ သူ႔ႏိုင္ငံအတြက္ ဖိအားေတြကို လိုခ်င္မွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ရွားပါးေျမထြက္သတၱဳေတြ တင္ပို႔မႈအေပၚ တ႐ုတ္ရဲ႕ ထိန္းခ်ဳပ္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ လာမယ့္ ႏိုဝင္ဘာလ(၁) ရက္ကေန စတင္ကာ တ႐ုတ္အေပၚ အခြန္စည္းၾကပ္မႈအသစ္ကို လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ယခုလအတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ထိပ္သီးအစည္းအေဝးေတြလုပ္ေဆာင္ဖို႔ မလိုအပ္ေတာ့ဘူးလို႔ ခံစားမိ တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုၿခိမ္းေျခာက္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါ တယ္။ ေဒၚနယ္ထရမ့္က “(၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလ(၁)ရက္ကေန စတင္ကာ တ႐ုတ္ရဲ႕ေနာက္ထပ္ လုပ္ေဆာင္မႈ ေတြ ဒါမွမဟုတ္ အေျပာင္းအလဲေတြအေပၚမူတည္ၿပီး အေမရိကန္ဟာ တ႐ုတ္အေပၚ (၁၀၀) ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈကို လုပ္ေဆာင္သြားမွာပါ။ အဲဒီလိုမဟုတ္ရင္ေတာင္ တ႐ုတ္ကလက္ရွိေပးေနတဲ့ အခြန္ထက္ ပိုမ်ားတဲ့ အခြန္စည္းၾကပ္မႈေတြကို လုပ္ေဆာင္သြားမွာပါ” လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.